သာယာလှပ ဝါဆိုလ
သာယာလှပ ဝါဆိုလ
ဝါဆိုလရဲ့ရာသီပန်းကတော့ ကျွန်တော်တို့ငယ်ငယ်က ဝါဆိုပန်းဟုကြားဘူးပါသည်။သိုသော် ဝါဆိုလ၏ရာသီပန်းကိုခုချိန်မှာတော့အများကြီးကြားနေရပါသည်။ နယုန်မိုးသေး မြက်သားမွေးဆိုသည့်အတိုင်း မိုးမရွာလို့အပင်မပေါက်ရတဲ့ မြက်စေ့လေးများ မိုးဦးကျ မိုးရေပက်ဖျန်းလိုက်သဖြင့် မြက်ပင်လေးများ အညှောင့်ထိုးအပင်ပေါက်လာချိန်၊နွေရာသီရိုးတံကျဲကျဲ သစ်ကိုင်းအခြောက်များကလည်း သစ်ရွက်အစိန်းလေးတွေနဲ့အတူပန်းအဖူးလေးတွေကလဲပြူစထိုးလာကြပါသည်။ ဝါဆိုလမိုးဖြိုင်ဖြိုင်ရွာတဲ့အချိန်မှာတော့ ပန်အဖူးလေးများကမြိုင်မြိုင်ဆိုင်ဆိုင်ပွင့်လာခဲ့ကြပါတော့တယ်။ ထိုကြောင့်ဝါဆိုလသည်ပန်းပေါင်းစုံအတော်များများပွင့်သောလဖြစ်လေသည်။ဝါဆိုလသည် သဘာဝရာသီအလှအပများတွင်အလွန်တရာလှပသောလတလဖြစ်လေသည်။
ဝါဆိုလရဲ့ရာသီပန်းများမှာ ပုန်းညှက်ပန်း မြတ်လေးပန်း ဝါဆိုပန်း အစရှိသဖြင့်သတ်မှတ်ကြသလို တခြားပန်းအလှများလည်းမြှောက်များစွာရှိပါသေးသည်။ ကျွန်တော်တိုကလေးဘဝက ဝါဆိုလရောက်တဲ့အချိန် ဆရာမင်းသုဝဏ်ရဲ့ ဝါဆိုဝါခေါင်ရေတွေကြီးလို့ သပြေသီးမှည့်ကောက်စို့ကွယ်။ဆိုတဲ့ကဗျာလေးကိုအော်ဆိုရင်း မိုးရေထဲမှာပြေးလွှားရင်းဆော့ကစားခဲ့ဖူးပါသည်။ အိမ်နောက်ဖေးကချောင်းရိုးလေးထဲမှာ ကျွန်တော်တို့ကလေးတသိုက် ကျီးသီးများကိုခူး ဝါးဆစ်ကလေးထဲထည့်ကာ စစ်တိုက်တမ်းကစားကြတာယခုအထိမှတ်မိနေပါသည်။ မိုးလေးများတဖွဲဖွဲနဲ့စွေနေမယ်ဆိုရင်တော့ လွမ်းစရာလဲရှိ အလွမ်းဓတ်ခံများလည်းရှိနေမယ်ဆို မျက်ရည်ဝဲအောင်လွမ်းမိကြပါလိမ့်မည်။
ကျွန်တော်ဝါဆိုလအကြောင်းရေးနေလို့လားမသိပါဘူးဗျာဘေးနားက လ္ဘက်ရည်ဆိုင်လည်း "ပုန်းညှက်တို့ရောက်ရှိကြောင်းကိုကြော်ညာကာ ငွေမှူံစတွေရွာတော့ကွယ်..ဝါဆိုရယ်သိတ်သတိယမိတယ်..."ဆိုတဲ့သီချင်းသံလေးကလည်းဆွပ်ပျံဘွယ်ကြားနေရပါတယ်။ အဲ့ဒီသီချင်းက အရင် မာမာအေးဆိုထားတာကြားဖူးပါတယ်။တေးရေးကနိုင်မြန်မာလို့သိရပါတယ်။ ယခုဆိုတဲ့အသံက ခေတ်လူငယ်တယောက် ဂစ်တာနဲ့ဆိုထားတဲ့အသံ ဘယ်သူလဲတော့ကျွန်တော်မသိပါဘူး။ဒါပေမဲ့သီချင်းလေးက ဝါဆိုလကိုပီပြင်စွာဖွဲ့ထားတဲ့သီချင်းလေးဆိုတော့ ဘယ်နှစ်ယောက်ပြန်ဆိုဆိုအတော်လေးနားထောင်ကောင်းပါတယ်။ "တိုင်းရှစ်ခွင် မှိုင်းညို့ဆိုင်းကာမှောင်ရီချယ်......
မိုးချိမ်းသံ သဲ့သဲ့ကြားနေရပြီ ဝါဆိုရယ်......"
Post writer=@yuzana(shineshine)
MSC=146
You got a 20.00% upvote from @sleeplesswhale courtesy of @yuzana!
ဗညားဟန် သီချင်းလေးတောင် လွမ်းသွားပြီ
ဟုပ်ပါ့ ဝါဆိုလအကြောင်းဖွဲ့တဲ့သီချင်းမှန်သမျှ ဘယ်သူပြန်ဆိုဆိုနားထောင်လို့ကောင်းတယ်။
မိုးအုံ့လို့ သစ်ရွက်လေးတွေ ငြိမ်နေရင် တိမ်တွေပြိုတော့မှာ ကြိုသိတယ်... ၀ါဆိုရယ် သိပ်သတိရမိတယ် ပုန်းညက်တို့ရောက်ရှိကြောင်းကို ကြေညာကာ ငွေမှုန်ငွေစတွေရွာတော့ကွယ် ... ၀ါဆိုရယ် သိပ်သတိရမိတယ် ☺ ☺ ဘာာာ ဟုတ်ဘူး သီချင်းဆိုကြည့်တာ
အရမ်းချစ်တယ် ဝါဆိုရယ် အယ်လေ မတော်ရတဲ့ စော်ကို သတိရမိလိုက်သလိုဘဲ့ ခ်ခ်