သာယာလှပ ဝါဆိုလ

in #myanmar6 years ago

သာယာလှပ ဝါဆိုလ

ဝါဆိုလရဲ့ရာသီပန်းက​တော့ ကျွန်​​တော်​တို့ငယ်​ငယ်​က ဝါဆိုပန်းဟုကြားဘူးပါသည်​။သို​သော်​ ဝါဆိုလ၏ရာသီပန်းကိုခုချိန်​မှာ​တော့အများကြီးကြား​နေရပါသည်​။ နယုန်​မိုး​သေး မြက်​သား​မွေးဆိုသည့်​အတိုင်း မိုးမရွာလို့အပင်​မ​ပေါက်​ရတဲ့ မြက်​​စေ့​လေးများ မိုးဦးကျ မိုး​ရေပက်​ဖျန်းလိုက်​သဖြင့့် မြက်​ပင်​​လေးများ အ​ညှောင့်​ထိုးအပင်​​ပေါက်​လာချိန်​၊​နွေရာသီရိုးတံကျဲကျဲ သစ်​ကိုင်းအ​ခြောက်​များကလည်း သစ်​ရွက်​အစိန်း​လေး​တွေနဲ့အတူပန်းအဖူး​လေး​တွေကလဲပြူစထိုးလာကြပါသည်​။ ဝါဆိုလမိုးဖြိုင်​ဖြိုင်​ရွာတဲ့အချိန်​မှာ​တော့ ပန်​အဖူး​လေးများကမြိုင်​မြိုင်​ဆိုင်​ဆိုင်​ပွင့်​လာခဲ့ကြပါ​တော့တယ်​။ ထို​ကြောင့်​ဝါဆိုလသည်​ပန်း​ပေါင်းစုံအ​တော်​များများပွင့်​​သောလဖြစ်​​လေသည်​။ဝါဆိုလသည်​ သဘာဝရာသီအလှအပများတွင်​အလွန်​တရာလှပ​သောလတလဖြစ်​​လေသည်​။

FB_IMG_1467640922790.jpg

https://goo.gl/images/4S1vYu

ဝါဆိုလရဲ့ရာသီပန်းများမှာ ပုန်းညှက်​ပန်း မြတ်​​လေးပန်း ဝါဆိုပန်း အစရှိသဖြင့်​သတ်​မှတ်​ကြသလို တခြားပန်းအလှများလည်း​မြှောက်​များစွာရှိပါ​သေးသည်​။ ကျွန်​​တော်​တိုက​လေးဘဝက ဝါဆိုလ​ရောက်​တဲ့အချိန်​ ဆရာမင်းသုဝဏ်​ရဲ့ ဝါဆိုဝါ​ခေါင်​​ရေ​တွေကြီးလို့ သ​ပြေသီးမှည့်​​ကောက်​စို့ကွယ်​။ဆိုတဲ့ကဗျာလေးကို​အော်​ဆိုရင်း မိုး​ရေထဲမှာ​ပြေးလွှားရင်း​ဆော့ကစားခဲ့ဖူးပါသည်​။ အိမ်​​နောက်​​ဖေးက​ချောင်းရိုး​လေးထဲမှာ ကျွန်​​တော်​တို့က​လေးတသိုက်​ ကျီးသီးများကိုခူး ဝါးဆစ်​က​လေးထဲထည့်​ကာ စစ်​တိုက်​တမ်းကစားကြတာယခုအထိမှတ်​မိ​နေပါသည်​။ မိုး​လေးများတဖွဲဖွဲနဲ့​စွေ​နေမယ်​ဆိုရင်​​တော့ လွမ်းစရာလဲရှိ အလွမ်းဓတ်​ခံများလည်းရှိ​နေမယ်​ဆို မျက်​ရည်​ဝဲ​အောင်​လွမ်းမိကြပါလိမ့်​မည်​။

3 (1).jpg

https://goo.gl/images/et2VXZ

ကျွန်​​တော်​ဝါဆိုလအ​ကြောင်း​ရေး​နေလို့လားမသိပါဘူးဗျာ​ဘေးနားက လ္ဘက်​ရည်​ဆိုင်​လည်း "ပုန်းညှက်​တို့​ရောက်​ရှိ​ကြောင်းကို​ကြော်​ညာကာ ​ငွေမှူံစ​တွေရွာ​တော့ကွယ်​..ဝါဆိုရယ်​သိတ်​သတိယမိတယ်​..."ဆိုတဲ့သီချင်းသံ​လေးကလည်းဆွပ်​ပျံဘွယ်​ကြား​နေရပါတယ်​။ အဲ့ဒီသီချင်းက အရင်​ မာမာ​အေးဆိုထားတာကြားဖူးပါတယ်​။တေး​ရေးကနိုင်​မြန်​မာလို့သိရပါတယ်​။ ယခုဆိုတဲ့အသံက ​ခေတ်​လူငယ်​တ​ယောက်​ ဂစ်​တာနဲ့ဆိုထားတဲ့အသံ ဘယ်​သူလဲ​တော့ကျွန်​​တော်​မသိပါဘူး။ဒါ​ပေမဲ့သီချင်း​လေးက ဝါဆိုလကိုပီပြင်​စွာဖွဲ့ထားတဲ့သီချင်း​လေးဆို​တော့ ဘယ်​နှစ်​​ယောက်​ပြန်​ဆိုဆိုအ​တော်​​လေးနား​ထောင်​​ကောင်းပါတယ်​။ "တိုင်းရှစ်​ခွင်​ မှိုင်းညို့ဆိုင်းကာ​မှောင်​ရီချယ်​......
မိုးချိမ်းသံ သဲ့သဲ့ကြား​နေရပြီ ဝါဆိုရယ်​......"

Post writer=@yuzana(shineshine)
MSC=146

Sort:  

You got a 20.00% upvote from @sleeplesswhale courtesy of @yuzana!

ဗညားဟန် သီချင်းလေးတောင် လွမ်းသွားပြီ

ဟုပ်​ပါ့ ဝါဆိုလအ​ကြောင်းဖွဲ့တဲ့သီချင်းမှန်​သမျှ ဘယ်​သူပြန်​ဆိုဆိုနား​ထောင်​လို့​ကောင်းတယ်​။

မိုးအုံ့လို့ သစ်ရွက်လေးတွေ ငြိမ်နေရင် တိမ်တွေပြိုတော့မှာ ကြိုသိတယ်... ၀ါဆိုရယ် သိပ်သတိရမိတယ် ပုန်းညက်တို့ရောက်ရှိကြောင်းကို ကြေညာကာ ငွေမှုန်ငွေစတွေရွာတော့ကွယ် ... ၀ါဆိုရယ် သိပ်သတိရမိတယ် ☺ ☺ ဘာာာ ဟုတ်ဘူး သီချင်းဆိုကြည့်တာ

အရမ်းချစ်တယ် ဝါဆိုရယ် အယ်လေ မတော်ရတဲ့ စော်ကို သတိရမိလိုက်သလိုဘဲ့ ခ်ခ်

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63281.14
ETH 2674.11
USDT 1.00
SBD 2.79