ပုရွက်​ဆိပ်​နှင့်​နှံ​ကောင်​ (အပိုင်း၃)
in #myanmar6 years ago
ပုရွက်​ဆိပ်​နှင့်​နှံ​ကောင်​(အပိုင်း၁)
https://steemit.com/myanmar/@yuzana/pu-yk-saip-nwng-nwan-ekang-apong-1
ပုရွက်​ဆိပ်​နှင့်​နှံ​ကောင်​ (အပိုင်း၂)
https://steemit.com/myanmar/@yuzana/pu-yk-saip-nwng-nwan-ekang-apong-2
ပုရွက်​ဆိပ်​နှင့်​နှံ​ကောင်​ (အပိုင်း၃)
ဒီအချိန်​မှာလူတ​ယောက်​​ရေချိုးမည်​လုပ်​​နေစဉ်​သံတံခါးအကြားထဲက​နေ ဒီအညာသူမက​လေး​ကျောပိုးနဲ့ဒီလမ်း​ကြားထဲဘာလုပ်​လာပါလိမ့်​ဟုစည်းစားရင်းမျက်​နာကိုလှမ်းကြည့်​မိ၏။
ထိုအခါရုပ်​တရက်​အံသြပြီး ဟာ"အမ"ဟုအော်​ပြီးလမ်း​ဖက်​ကို​အ​ပြေးထွက်​ခဲ့၏။၊မခင်​စပါယ်​ကြည်​လည်း"ဟယ်​...ငရှိုင်း"ဟု​အော်​ပြီး "မင့်​မလို့​နေနိုင်​တယ်​ကွယ်​အမတိုကိုမဆက်​မသွယ်​ဘဲ"ဟု ငိုသံပါကြီးနဲ့​ပြောကာငို​လေ​တော့၏။ "အမတို့ စိတ်​ဆင်းရဲမှာစိုးလို့မဆက်​သွယ်​တာပါအမရယ်​ လာ လာ လမ်း​ပေါ်မှာမ​ကောင်းဘူးခြံထဲဝင်​ရ​အောင်​"ဟု​ဆိုကာသူ့အမကိုခြံထဲ​ခေါ်ခဲ့​လေသည်​၊
11-get-rid-of-sugar-ant.jpg
https://goo.gl/images/wVKWmr
အိမ်​ကြီးသည်​သူ​ဌေးအိမ်​ဖြစ်​​နေ​​လေတော့ကားဂို​ထောင်​ထဲမှာအိမ်​စီးကားအ​ကောင်​စား တိုက်​ကြီးကလဲအပျံစား ဧည့်​ခန်းထဲမှာလဲဆိုဖာနဲ့ ​ခေတ်​မှီအသုံးအ​ဆောင်​ပစ္စည်း​တွေနဲ့ဖိတ်​ဖိတ်​​တောက်​​နေ​လေသည်​၊​မောင်​ငရှိုင်းသည်​အမခနထိုင်​အုန်း ကျွန်​​တော်​အင်္ကျီဝတ်​လိုက်​အုန်းမယ်​ဟုဆိုကာအင်္ကျီချွတ်​ထား​သော​ရေချိုးစဉ်​သို့သွား​လေ၏။မခင်​စပယ်​ကြည်​လဲ​ယောင်​ချာချာနဲ့ဧည့်​ခန်းထဲမှာဟိုဟိုဒီဒီ​ကြည်​​နေမိ၏။
ဘုရားစဉ်တွင်လည်းပန်းဆီမီသစ်သီးဝလံများဖြင့်ဆွမ်းကပ်ထားသည်မှာဘာသာရေးတအားကိုင်းရှိုင်း​သောမိသားစုဖြစ်​မည်​ထင်​၏။မောင်​ငရှိုင်းအင်္ကျီဝတ်​ပြီးပြန်​လာ​သောအခါ ဟဲ့ငရှိုင်းအိမ်​ရှင်​​တွေလဲမ​တွေ့ပါ့လားဘယ်​သွားကုန်​ကြတာလဲဟု​မေး​လေရာ၊အမကလဲ ဒါ ကျွန်​​တော့အိမ်​​လေတဲ့
"ဟမ်​.... ငရှိုင်းဒါနင့်​အိမ်​ နင့်​ဘာ​တွေလုပ်​​နေတာလဲဟမ်​ နင်​ဥပ​ဒေနဲ့​ရောလွတ်​ကင်းရဲ့လားနင်​အချိန်​တိုတိုအတွင်းမှာချမ်းသာသွား​အောင်​"လို့​ပြော​တော့ "အမကလဲ ကျွန်​​တော်​ဥပ​ဒေနဲ့မကင်းတာလုပ်​ရင်​ဒီလို​အေး​အေး​ဆေးဘယ်​​နေရမလဲ အဖမ်းခံရမှာ​ပေါ့ကျွန်​​တော်​မလုပ်​ရပါဘူး"လို့​ပြော​တော့ ​ပြောပြစမ်း​ဘာအုန်းနင့်​ဘဝအ​ကြောင်း​လေးဆိုပြီး​မေးပါ​တော့တယ်​၊
Screenshot_20180920_150921.png
https://goo.gl/images/716poh
thumb_14.jpg
https://goo.gl/images/iDvjv6
သူတို့ကလည်းဘာပညာမှမတပ်​တဲ့ကျွန်​​တော့ကို သူ​ဌေးအိမ်​မှာခြံ​စောင့်​လို​ကြောင်းဘာမှမယ်​မယ်​ရရမလုပ်​ရ​ကြောင်း သူ​ဌေးပြန်​လာခြံတခါးဖွင့်​​ပေး၊သူ​ဌေးအပြင်​ထွက်​ခြံတံခါးဖွင့်​ပေးအိမ်​​စောင့်​​ပေးဒါ​လောက်​ပဲလုပ်​ရမှာ​ပြော​တော့ ကျွန်​​တော်​လဲအဲ့ဒီခြံ​စောင့်​အလုပ်​ကိုလုပ်​လိုက်​တယ်​၊ သူ​ဌေးကအလွန်​သ​ဘော​ကောင်း​ပြီးသူ့မှာမိခင်​တ​ယောက်​သာရှိ၍မိခင်​ကိုပြုစု​စောက်​​ရှောက်​​ရင်းအိမ်​​ထောင်​မပြု​သောလူပျိုကြီးတ​ယောက်​ဖြစ်​​​နေတယ်​၊ဒီလိုနဲ့ကျွန်​​တော်​​ရောက်​ပြီး​ခြောက်​လ​လောက်​ကြာ​တော့သူ​ဌေးမှာကားအက်​ဆီးဒင့်​ဖြစ်ပြီး​ဆုံးပါးသွား၊မိခင်​ကြီးမှာသားကိုစွဲလမ်းပြီးတိုက်​​ပေါ်​မှာ​မအိပ်​ရဲ​တော့ ကျွန်​​တော်​ကတိုက်​​ပေါ်မှာတက်အိပ်ရတာ​ပေါ့၊အဖွားမှာ​ကျော​ထောက်​​နောက်​ခံသားသမီးကမရှိ သူ့ကို့ပြုစုနေသောသားကလဲဆုံးသွားဆိုတော့သူ့ကိုကြည့်​သနား​မိကာနောက်​​တော့တရားဝင်​လက်​ထပ်​ယူပြီးသူ့ကိုပြုစု​စောက်​​ရှောက်​လာခဲ့ပါတယ်​"မခင်​စပယ်​ကြည်​သည်​ပါးစပ်​အ​ဟောင်းသားနှင့်
"ဟမ်​.....အဖွားကြီးကိုလက်​ထပ်​ယူလိုက်​တယ်​"​မောင်​ငရှိုင်းကဆက်​ပြီး "အဖွားလဲ ကျွန်​​တော်​နဲ့(၂)နှစ်​လောက်​​ပေါင်းပြီး​သွေးတိုးဆီးချိုရောဂါအခံနဲ့ဆေးရုံးမှာဆုံးသွား​ခဲ့တယ်​၊သိမ်​ကြီး​ဈေးကဆိုင်​ခန်းနှစ်​ခန်းနဲ့အတူဒီတိုက်​ကိုကျွန်​​တော့နံမယ်​နဲ့ရလိုက်​တယ်​အမ" ဒီအချိန်​မှာမခင်​စပယ်​ကြည်​မှ
"အမယ်​​လေး​မောင်​ငရှိုင်းရဲ့......နင့်​ကိုငါ​ပြောခဲ့တဲ့ပုရွက်​ဆိပ်​နှင့်​နှံ​ကောင်​ပုံပြင်​ဒီ​နေရာ​မှာတော့ မှားသွားပါပ​ကောလား​မောင်​ငရှိုင်းရဲ့"ဟုညည်းတွားလိုက်​​လေ​တော့သည်​.....
images (28).jpeg
https://goo.gl/images/Xfnfdw
(စာချစ်​သူအ​ပေါင်းတို့ခင်​ဗျာ ဒီ​နေရာမှာကျွန်​​တော်​​မေ့စစ်​​ပေးချင်​တာက လူ့ဘုံ လူ့ရွာလူ့ဌာ​နေမှ လူ​တွေအားလုံးကံဇတ်​ဆရာရဲ့ကကွက်​အတိုင်းက​နေကြရသဖြင့်​လူတ​ယောက်​ရဲ့ကံကြမ္မာကို​ပြောလို့မရပါဘူး ကံကိုယုံပြီးမိသားစုစားဝတ်​​နေ​ရေးအတွက်​အလုပ်​မလုပ်​လို့လဲမဖြစ်​ပါဘူးအဘယ်​​ကြောင့်​ဆို​သော်​ ကံကိုမမြင်​ရ​သော​ကြောင့်​ဖြစ်​ပါတယ်​၊ဒါ​ကြောင့်​လည်းလူသားအချင်းချင်းအဆင့်​အတန်းမခွဲ၊​တယောက်​နဲ့တ​ယောက်​အထင်​​​သေးအမြင်​သေးစိတ်​မရှိကြရန်​တိုက်​တွန်းရင်း​လောကကြီးမှာဒါမျိုး​တွေလဲရှိတပ်​ပါတယ်​ဆိုတာကိုတင်​ပြလိုက်​ရခြင်းဖြစ်​ပါတယ်​ခင်​ဗျာ..)
Post writer=@yuzana(shineshine)
MSC=146
Sort:  
#မေ့စစ် ပေးတာလေး သဘောကျသဗျာ
ကျေးဇူးပါဗျာ
ဘယ်မေ့ကို စစ်ပေးထာလဲ
အိုးးးးးး ဟုပ်​တယ်​ဖူးစာဆိုတာ​ပြောမရဘူး ဒါမျိုး​တွေလဲအပြင်​မှာရှိတပ်​တယ်​။
Posted using Partiko Android
လူတ​ယာက်​ရဲ့ကံကြမ္မာကိုဘယ်​သူမှမခန့်​မှန်းနိုင်​ပါဘူး
ကိုယ်​​တော့ ယူရဲပါဘူး သနားလို့ ပြုစုချင်​ပြုစုရပါ​စေ😁😁
သနားစိတ်​က ချစ်​ထာတဲ့ရူးမိုက်​တယ်
ကာမဂုဏ်​စိတ်​မပါဘဲ သနားလို့ယူတာ​တွေရှိတယ်
ပြုစုတာလဲ တစိမ်း​လိုပြုစုတာနဲ့ လင်​မယားအဖြစ်​ပြုစုတာမတူဘူး
ဘယ်​လိုဖြစ်​ ဖြစ်​ ဖူးစာ​ပေါ့ဗျာ
ဟုတ်​ပဗျာ ဖြစ်​ရမယ်​ဆို ဘာမှ တားလို့မှမရတာကိုဗျာ 😊
Posted using Partiko Android
ခ် ခ် မှတ်ရော😁😁အဖွားကြီးနဲ့ ရရော😁😁
သနားတဲ့စိတ်​ဆိုတာ အချစ်​ထက်​သံ​ယောဇဉ်​ပိုရှိတယ်
ရုပ်​​ချော​ချော ကျွန်​​တော့သူငယ်​ချင်းတ​ယောက်
သနားလို့ဆိုပြီး ​မွေးရာပါ မျက်​စိနှစ်​လုံးအကြားဘုကြီး
ပါတဲ့ ​ကောင်​မ​လေးနဲ့ရသွားတယ်​ သနာစိတ်​ကမလွယ်​ဘူး
ငှမ်းးး ဘီလိုကြီးလဲဗျာ... ဖွားကြီးနဲ့ ညားပေးလိုက်တာ... ဖြစ်တတ်တာတွေတော့ ရှိပေမယ့် အီလည်လည်ကြီးခံစားလိုက်ရတယ်...😞😞 ဒါမယ့် ဘယ်လိုပဲဖြစ်ဖြစ် စာရေးကောင်းပါ့
လူ​တွေရဲ့ ကံကြမ္မာကိုမမြင်​ရတဲ့အ​ကြောင်းနဲ့
လူတ​ယောက်​သနားစိတ်​ဝင်​ရင်​ ဘာမှမမြင်​​တော့တာ​လေးနဲ့
ပိုက်​ဆံမရှိလို့တ​​ယောက်​နဲ့တ​ယောက်​အထင်​​သေးစိတ်​မရှိဘို့နဲ့
အပြင်​မှာလဲ ဖြစ်​တပ်​တဲ့အ​​ကြောင်းတရား​လေးနဲ့
လူ​တွေမထင်​မှတ်​တဲ့ ဇာတ်​သိမ်းခန်း​လေးသိမ်း​ပေးလိုက်​တာပါ
ဒါကြောင့်ရှေးလူတွေက အမှာထားခဲ့ကျတာ ကံထမ်းလာတာ မမြင်ရဘူးလို့
လူ​တွေအားလုံး ကံဇာတ်​ဆရာကခိုင်းသလိုက​နေကြရတာပါ
မှန်ပ့ ကံဆိုဆိုတာဘယ်တော့မှထကောင်းမယ်မသိတဲ့ အမျိုး
မမြင်​ရတဲ့ကံယုံ​နေလို့ဖြစ်​ဖူး
အလုပ်​လုပ်​ရအူးမယ်
‌ဦးယု ဖြစ်‌ရပ်‌မှန်‌လားဟင်‌။
ဟုပ်​ပါဘူး ဇာတ်​လမ်းပါ ဒါမျိုးလဲရှိ
တပ်​ပါတယ်​ အပြင်​မှာ
ကိုယ်တွေ့လားနာမည်က ငရှိုင်းဆိုတော့လေ ဟေးဟေး
ဟုပ်​ရပါဘူးဗျာ့
တောသူအလှ
စာဖွဲ့ ပြတာပါ
😁😁ဖူးစာကဆန့်းကြယ်​ပုံ....​ကောင်းလိုက်​တဲ့ကံ...
Coin Marketplace
STEEM 0.18
TRX 0.15
JST 0.029
BTC 62952.44
ETH 2542.20
USDT 1.00
SBD 2.65