ပုရွက်​ဆိပ်​နှင့်​နှံ​ကောင်​ (အပိုင်း၁)

in #myanmar6 years ago

ပုရွက်​ဆိပ်​နှင့်​နှံ​ကောင်​ (အပိုင်း၁)


စတီးမစ်​ဆို​သောရွာ​လေးတရွာမှာ မခင်​စပါယ်​ကြည်​ဆို​သောအပျိုကြီးနှင့်​သူ့၏​မောင်​​လေး​မောင်​ငရှိုင်းဆို​သော​မောင်​နှစ်​မနှစ်​​ယောက်​ရှိ​လေ၏၊ စတီးမစ်​ရွာတွင်​အ​တော်​အသင့်​ပြည့်​စုံ​သောမိဘနှစ်​ပါးမှဖွားမြင်​သဖြင့်​ စီးပွား​ရေးအ​ခြေအ​နေအဆင်​​ပြေ​လေ၏၊​မောက်​နှစ်​မနှစ်​​ယောက်​၏မိခင်​မှာ​မောင်​ငရှိုင်းငယ်​ရွယ်​စဉ်​ကပင်​ဆုံးပါးသွားသဖြင့်​မောင်​ငရှိုင်းကိုအမကြီးအမိရာအရွယ်​ကြီးသည်​အထိမခင်​စပယ်​ကြည်​မှပြုစုလာခဲ့ရ​လေ၏၊ယ္ခုအချိန်​တွင်​ဖခင်​ကြီးမှာ အ​တော်​အသက်​ကြီး​နေသဖြင့်​မခင်​စပယ်​ကြည်​မှာတအိမ်​လုံးစီးပွား​ရေးကိုဦး​ဆောင်​လုပ်​​နေရ​လေသည်​၊

thumb_14.jpg

https://goo.gl/images/BA8rNJ

ဦး​ဆောင်​လုပ်​​နေရ​သော်​လဲ မိဘအ​မွေအနှစ်​အ​တော်​အသင့်​ရှိ​နေသဖြင့်​ပင်​ပင်​ပန်းပန်း​တော့မလုပ်​ရ​ပေ၊ယာမြေများသီးစားခချထားခြင်း၊ထန်​ပင်​များကိုလဲသီးစားခချ၍သုံးရက်​တခါထန်းလျှက်​များသွားသိမ်းရခြင်း၊ ရွာထဲမှလူငယ်​များ မ​လေးရှား၊ထိုင်း။ဘရုနိုင်းစသည့်နိုင်​ငံ​တို့မှာသွား​ရောက်​အလုပ်​လုပ်​မည်​ဆိုလျှင်​​ငွေများ​ချေး​ပေးခြင်းစသည့်​အလုပ်​တို့ဖြင့်​မိသားစုစီးပွား​ရေးလည်​ပတ်​​နေ​လေသည်​၊ မခင်​စပယ်​ကြည်​သည်​သူ့၏​မောင်​​လေး​မောင်​ငရှိုင်းကို မိတဆိုး​လေးမို့အ​တော်​ချစ်​ရှာ၏၊သူ၏မျက်​နာ​ကြောင့်​မခင်​စပယ်​ကြည်​မှာ အိမ်​​ထောင်​မပြုဘဲအပျိုကြီးဖြစ်​​နေရရှာသည်​၊ချစ်​ပင်​ချစ်​​သော်​ညားလဲ​မောင်​ငရှိုင်းကိုသူဘဝ​ရှေး​ရေးအတွက်​လက်​မှူပညာတခုခု သင်​​စေခြင်​၏၊စီးပွား​ရေးအလုပ်​တခုခုကိုလုပ်​​စေခြင်​၏။
သို့ပါ​သော်​လဲ ​မောင်​ငရှိုင်းမှာပြန်​မ​ပြောနားမ​ထောင်​အမျိုးအစားထဲကဖြစ်​​လေရာ ​အေး​အေး​ဆေး​ဆေးပင်​​နေ​လေသည်​မည်​သည့်​အလုပ်​မျှမလုပ်​ဘဲရွာထဲ​လျှောက်​လည်​အချိန်​တန်​အိမ်​ပြန်​စား​အေး​အေးလူလူပင်​​နေ၏၊သူအမကိုလဲ ပြန်​လှန်​​ပြောဆိုချင်းလဲမပြု ရန်​ဖြစ်​ချင်းလဲမရှိ အ​သောက်​အစား​လောင်းကစားလဲမရှိ အ​ပေါင်းအသင်းဆက်​ဆံ​ရေးကလဲ​ကောင်း​နေပြန်​​တော့ လူဆိုးလူမိုက်​လို့​ပြောလို့ကလဲမဖြစ်​​ပေ၊
သူ့ကို ကြည့်​လျှင်​လူရိုးလူ​အေးအသွင်​ပုံသဏ္ဌာန်​ပင်​ဖြစ်​​နေ​လေ​တော့ မခင်​စပယ်​ကြည့်​မှအလုပ်​လုပ်​ဖို့ရာ​ပြောဆိုဆုံးမဖို့အ​တော်​ပင်​ခက်​​နေ​ပေသည်​၊တ​ယောက်​​သော​မောင်​​လေးမို့ရိုက်​နက်​ပြီးခိုင်းဖို့ကလဲ မရိုက်​ရက်​​ပေ၊ထို​ကြောင့်​မခင်​စပယ်​ကြည်​မှာသူရဲ့​မောင်​​လေးကို ပုရွက်​ဆိပ်​နှင့်​နှံ​ကောင်​ဥပမာ​ပေး၍အလုပ်​က​လေးတခုခုလုပ်​ရန်​နားချရ​တော့၏၊

Screenshot_20180920_150921.png

https://goo.gl/images/PfFhKw

"ဒီမှာငါ့​မောင်​ရဲ့ ​ရှေးတုံးကပုရွက်​ဆိပ်​နှင့်​နံ​ကောင်​ဆိုပြီးသူငယ်​ချင်းနှစ်​​ယောက်​ရှိတယ်​၊ပုရွက်​ဆိတ်​က အစာ​ရေစာ​ပေါတဲအချိန်​မှာအစာ​ရေစာရှာစု​ဆောင်းပြီးသူရဲ့တွင်းထဲမှာစု​ဆောင်းထားသတဲ့၊နှံ​ကောင်​က​တော့အစာ​ရေစာ​ပေါတဲ့အချိန်​မှာမစုမ​ဆောင်းဘဲ သူငယ်​ချင်​များနဲ့​ပျော်​​ပျော်​ပါပါး​ဆော့​နေသတဲ့၊ဒီလိုနဲ့အစာ​ရေစာရှားပါးချိန်​​ရောက်​လာတဲ့အခါ ပုရွက်​ဆိပ်​က​တော့သူရဲ့တွင်းထဲမှာ​အေး​အေးလူလူဘဲစု​ဆောင်းထားတာ​လေးစားပြီး​နေသတဲ့၊နှံ​ကောင်​က​တော့စု​ဆောင်းထားတာမရှိသဖြင့်​​တောင်းရမ်​ပြီးစား​သောက်​ရသတဲ့၊တချို့ကလဲမိမိတ​ယောက်​စာဘဲရှာထားတဲ့အတွက်​ သူ့ကိုအစာမ​ပေးကြဘူး​ပေါ့၊တခါတ​လေနှံ​ကောင်​မှာအစာငတ်​ခံ​နေရတယ်​၊ဒါ​ကြောင့်​​မောင်​​လေးလဲအချိန်​ရှိတုန်းအလုပ်​လုပ်​ပါ၊တ​နေ့​နေ့တချိန်​ချိန်​​မောင်​​လေးမှာပိုက်​ဆံမရှိရင်​ဒုက္ခ​ရောက်​မယ်​ "လို့​ပြောဆိုဆုံးမသွန်​သင်​ရသတဲ့၊​မောင်​ငရှိုင်းမှာ အမ​ပြောစကားကိုစိမ့်​နား​ထောင်​ပြီး​ငေး​ငေး​လေး​ဖြစ်​​နေတာ​ပေါ့၊ဒါလဲ​မောင်​ငရှိုင်းမှာအလုပ်​မလုပ်​ဘဲနဂိုအတိုင်းအ​ပေါင်းအသင်းများနဲ့​ပျော်​​ပျော်​ပါပါးဘဲ​နေ​လေသတဲ့၊မခင်​စပါယ်​ကြည်​လဲ ဒီပုရွက်​ဆိပ်​နဲ့နှံ​ကောင်​ပုံပြင်​​လေးကိုထပ်​ခါတလဲလဲ သူ့နား​ပေါက်​​အောင်​သတိယတိုင်း​ပြော​ပြော​ပေး​နေရသတဲ့၊အမ​ပြောတဲ့အခါတိုင်း​မောင်​ငရှိုင်းမှာ အမစကားကို​အေး​အေး​ဆေး​ဆေးဘဲနား​ထောင်​​ပေးသတဲ့၊ ဒီလိုနဲ့သူတို့​မောင်​နှစ်​မနှစ်​ယောက်​​နေလာခဲ့ကြရာ ဖခင်​ကြီးမှာလူကြီး​ရောဂါနဲ့ဆုံးပါးသွား​ပါ​တော့တယ်​၊ ဖခင်​ကြီးမရှိ​တော့တဲ့​နောက်​ပိုင်းမှာမခင်​စပယ်​ကြည်​ကိုလဲ အရွယ်​မလွန်​ခင်​သူ့ရဲ့ဦး​လေးများကအိမ်​​ထောင်​ပြုရန်​နားချ​တော့တာ​ပေါ့၊အိမ်​​ထောင်​ပြုချင်​​သော်​လဲသူ့​မောင်​​လေးမျက်​နာ​ကြောင့်​မပြုဘဲ​နေလာခဲ့ရာယခု​တော့မပြုလို့မဖြစ်​​တော်​​ပေ၊အသက်​အရွယ်​ကလဲရလာတဲ့အခါအိမ်​​ထောင်​ပြု​နောက်​မကျရန်​ အိမ်​​ထောင်​ပြု​လေ၏၊

images (28).jpeg

https://goo.gl/images/Xfnfdw

မခင်​စပယ်​ကြည်​အ​ကြောက်​ဆုံးမှာသူ​မောင်​​လေးနှင့်​ သူလင်​​တော်​​မောင်​မတည့်​မှာဘဲစိုးရိမ်​​နေ​လေ၏၊အစပထမတွင်​​မောင်​ငရှိုင်းနှင့်​လင်​​တော်​​မောင်​တည့်​တည့်​ရှိရှိဖြစ်​​နေ​သော်​လည်းတနှစ်​ခန့်​ကြာ​သောအခါ လင်​​တော်​​မောင်​မှာအလုပ်​မလုပ်​​သော​မောင်​ငရှိုင်းကိုအမြင်​ကပ်​လာ၏။အလုပ်​လုပ်​ရာတွင်​လဲတွက်​ကပ်​လာ၏၊ ဒါကိုမခင်​စပယ်​ကြည်​သိ​တော့ သူ့​မောင်​​လေးကိုအလုပ်​လုပ်​ဖို့ ပုရွက်​ဆိပ်​နှင့်​နံ​ကောင်​ပုံပြင်​​ပြောပြီးစည်းရုံးကြည့်​ရတာ​ပေါ့၊ဒါလဲ​မောင်​ငရှိုင်းမှာ​ပြောတုန်းနား​ထောင်​ပြီးဒီအတိုင်းဘဲ သူငယ်​ချင်းများနဲ့​ပျော်​​ပျော်​ပါပါးပဲ​နေပြန်​ပါတယ်​ ဒီလိုနဲ့တရက်​မှာ......ဆက်​ရန်​....
Post writer=@yuzana(shineshine)
MSC=146

Sort:  

ယောက်ဖချင်း မတည့်တာတော့ ရှားမယ်နော့် ယောက်ျားချင်းဆိုတော့လေ သမီးယောင်းမတွေသာဟမတည့်ကျတာ များတယ်

အလုပ်​မလုပ်​ ​ဘော်​​​ကြော့ ဆိုရင်​ ​ရေ​ရှေကြအလုပ်​လုပ်​သူကဘယ်​​တည့်​​တော့မလဲ့ အိမ်​​ခွဲ​နေရင်​​တော့ တမျိုး​ပေါ့

ဆက်ဖတ်ပါမည်

ကျေးဇူးပါ

နိကလဲအေ ခင်စံပယ်လောက် လုက်ပါ နောက်ကကြည် မထည့်နဲ့😇😇

နိကလဲ​အေ နိနံမယ်​တလုံးပါတာပါ​အေ့
တခြားနံမယ်​နှစ်​လုံးပါ ပါတယ်​​အေ့
နင်​မဟုပ်​ပါဘူး​အေ့ ဟိ

ပုံပြင်​​လေးနှင့်​နားဝင်​​အောင်​​ပြောပြတာနားမ​ထောင်​​သေးဘူး.....ဆက်​ရန်​ဖတ်​ဖို့​စောင့်​​နေမယ်​.....

ဒီလိုလူ​တွေလဲအပြင်​မှာအများကြီး ရှိတယ်​​နော်

‌အော်‌ ခင်‌စပယ်‌ကြည်‌တဲ့လား။ အပျိုကြီး အိမ်‌‌ထောင်‌ကျသွားတယ်‌‌ပေါ့။

ဟုပ်​ပါတယ်​ဗျာ
အိမ်​​ထောင်​ပြုချင်​တာလဲတပိုင်း
လူကြီး​တွေစီစဉ်​တာလဲ တပိုင်း​ပေါ့​လေ

နှံကောင်လေးငရှိုင်း ဘယ်လို ဆက်ဖြစ်လေမလဲ

ပိတ်​ကား​ပေါ်မှာဆက်​လက်​ရှူစားကြပါရန်

အော် မခင်စပယ်ကြည်နဲ့ ငရှိုင်း တဲ့လား

ဟုပ်​ပါ့ ​တော်

စိတ်​ဝင်​စားတယ်​ဗျာ
နောက်​အပိုင်း ​မျှော်​လင့်​လျှက်​ပါ

ဟုပ်​ကဲ့ ဆက်​လက်​ အား​ပေးပါ
အား​ပေးမူ ကို​ကျေးဇူးတင်​ပါတယ်​ဗျာ

These are appealing and classic!!

မခင်စပယ်ကြည်က
g 2 က မမကြည်လားဗျ

ဟီး

ငမ်း မတ်မတ်ဟုပါပု😎😎

အယ်​...ဝင်းကို တိုးတိုး​ပြောတာ မဟုပ်​ဖူးကြားကြားသွားပီ အဟိ

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.029
BTC 60993.82
ETH 3387.87
USDT 1.00
SBD 2.49