ရောက်​ခဲ့ဖူးပါသည်အထက်ချင်းတွင်းဆီသို့ အပိုင်း(၅)

in #myanmar5 years ago (edited)

ရောက်​ခဲ့ဖူးပါသည်အထက်ချင်းတွင်းဆီသို့
အပိုင်း(၅)


ဒီလိုနှင့်​သ​င်္ဘောသည်​ တ​ဖြေး​ဖြေးဆန်​တက်​လာရာ ​ဖောင်းပြင်​ဆို​သောမြို့ကိုမကြာခင်​​ရောက်​​တော့မည်​ဟုသိရ​လေသည်​၊ ကျွန်​​တော်​သွား​သော 1990​ခုနှစ်​​ကျော်​​ကျော်​​လောက်​ကဖြစ်​သဖြင့်​အခုအ​ခြေအ​နေများနှင့်​​တော့တူလိမ့်​မည်​မထင်​ပါ၊ အဲ့ဒီအချိန်​က ​ဖောင်းပြင်​မှာ ​မော်​​တော်​ကားမရှိ မြင်းလှည်းမရှိ ဆိုက္ကားမရှိပါဘူး ကားလမ်းလုံးဝမ​ပေါက်​ပါ။

FB_IMG_1541253331069.jpg

ချင်းတွင်း​ရေ​ကြောင်းလမ်းတခုကိုသာမှီခို​နေရ​သောအရပ်​ဖြစ်​ပါသည်​၊​ဖောင်းပြင်​မှ ​ရွှေဘိုမြစ်​ကြီးနားရထားသံလမ်းဘက်​ကိုထွက်​​သော​တောလမ်းသာရှိသည်​ဟုသိရပြီး ၎င်းလမ်းသည်​လည်း ​မှောင်​ခိုဒုစရိုက်​သမား​တွေနှင့်​ kia ​လက်​နှက်​ကိုင်​အဖွဲ့သွား​သောလမ်းဟုသိရပါသည်​၊ထိုအချိန်​အခါက ​ဖောင်းပြင်​ ဟုမ္မလင်းနယ်​ဖက်​ကို အစိုးရက အညို​ရောင်​နယ်​​မြေအဖြစ်​သတ်​မှတ်​ခံထားရ​သောနယ်​​မြေဖြစ်​သည်​နှင့်​အညီ လူငယ်​များသည်​လည်းမူးယစ်​​ဆေးသား​ကောင်​များဖြစ်​​နေတာကများပါသည်​၊ထိုအချိန်​အခါက ရာဘ စိတ်​ကြွ​ဆေးများမ​ပေါ်​သေးပါ၊ ဘိန်းဖြူနှင့်​ ဘိန်းမဲ နှစ်​မျိုးသာရှိပါသည်​ ၊ဘိမ်းမဲရှူခြင်းကို​တော့ခပ်​ပုံရှူသည်​ဟု​ခေါ်ကြပါသည်​၊ အခု​ခေတ်​မှာ​တော့တ​ဖြေး​ဖြေးတိုးတက်​လာပြီး ကားလမ်းများလည်း ​နွေရာသီသွားလမ်းကို မုံရွာအထိသွားလိုရ​နေပြီကိုသိရသလို မူးယစ်​​ဆေးမှာလည်း စိတ်​ကြွ​ဆေး​လောက်​သာရှိပြီး အသိအမြင်တွေဖွံ့ဖြိုးတိုးတက်လာပြီဟုသိရပါသည်​၊
ဖောင်းပြင်​မြို့ကို​ရောက်​တဲ့အချိန်​မှာ​နွေရာသီဖြစ်​သဖြင့်​ သ​င်္ဘောဆိပ်​နှင့်​မြို့သည်​နဲနဲ​လေးလှမ်းပါသည်​၊မြင်​ရုံ​လောက်​သာမြင်​ရပြီး သ​င်္ဘောဆိပ်​တွင်​ ​ဈေးဆိုင်​တဲ​လေး ​လေးငါးဆိုင်​ခန့်​ရှိပါသည်

FB_IMG_1541255000490.jpg

အဲ့ဒီမှာထူးဆန်းတာတခု​တွေလိုက်​ရပါသည်​၊သ​င်္ဘောကပ်​​တော့ကုန်​ပစ္စည်းချ​ရန်​ ကုန်​တင်​ကုန်​ချရုံးအလုပ်​သမားသွား​ခေါ်ကြရာ အလုပ်​သမားများသည်​ အမျိုးသမီး​တွေခြည်းဖြစ်​ပြီး စာရင်းစာအုပ်​နှင့်​ စာရင်းကိုင်​အမျိုးသားတ​ယောက်​သာပါသည်​ကို​တွေရှိရ​လေသည်​။အမျိုးသမီးကုန်​ထမ်းအလုပ်​သမားများသည်​အပြာ​ရောင်​ယူနီ​ဖောင်းများနှင့်​ ​ခေါင်းရွက်​ကတမျိုး တချို့​လေး​သောပစ္စည်းများကိုထမ်းပိုလျှို၍နှစ်​​ယောက်​ထမ်းကြတာကို​တွေ့ရပါသည်​၊ ဆီ​ပေပါများကို အမျိုးသမီး​လေး​ယောက်​ထမ်းပိုးနှစ်​​ချောင်းကြက်​​ခြေခပ်ပြုလုပ်​၍​ယောင်္ကျားများကဲ့သိုအင်တိုက်​အား​တိုက်​ပြုလုပ်​​နေသည်​ကို​တွေ့ရှိရ​လေသည်​၊ ကျွန်​​တော​ရောက်​ဖူး​သော​အောက်​ပိုငိးမြို့များသည်​ကုန်​တင်​ကုန်​ချအလုပ်​သမားများသည်​​ယောင်္ကျား​လေးများသာ​တွေ့ရှိမိပြီး မိန်းက​လေးတ​ယောက်​စနှစ်​​ယောက်​စသာ ​တောက်​တိုမယ်​ရ ကူ​ဖော်​​လောင်​ဖက်​ပါတာ​တွေ့ရှိရ​လေသည်​၊ဟင်​..အမျိုးသမီး​တွေဒီအလုပ်​လုပ်​​တော့ ​ယောင်္ကျားသား​တွေက ဘာ​တွေလုပ်​ကြ​တော့လဲ​မေးကြည့်​​တော့ ​ယောင်္ကျား​လေးအများစုက ဥရု​ချောင်းဖက်​​ရွှေ​မျှောတိုက်​တဲ့သူနဲ့ ခန္တီး​ကျောက်​တူးသွားကြတဲ့သူ​တွေများပါတယ်​တဲ့ ဒီမှာကျန်​​နေတဲ့သူကလဲ ​ဆေးသမားကခပ်​များများတဲ့ တချို့ကလဲ မြစ်​​ဘေး စိုက်​ခင်းများလုပ်​ကိုင်​ပြီး ငါး​လေးဘာ​လေးဖမ်းကြပါသတဲ့ ဘယ်​လိုဘဲဖြစ်​​နေဖြစ်​​နေ လမ်းပန်းဆက်​သွယ်​​ရေးခက်​ခဲ​သော်​လည်း သူ့​ဒေသနှင့်​သူ အလုပ်​အကိုင်​​ပေါများသည်​ဟုသိရပါသည်​၊

ananda.jpg

ကျွန်​​တော်​​​ပြောပြ​သောအ​ကြောင်းအရာများသည်​အရင်​အချိန်​အခါက အဖြစ်​အပြက်​များဖြစ်​ပါသည်​ ယခုအ​ခြေအ​နေနှင့်​​တော့ တူ​တော့မည်​မဟုပ်​​တော့​ပေ။လမ်းပမ်းဆက်​သွယ်​​ရေး​ကောင်းပြီးစည်​ကား​နေ​သောအရပ်​​ဒေသဖြစ်​​နေပြီဆိုတဲ့အ​ကြောင်းသိရှိရပါသည်​ ။
ဆက်​ရန်​.....

Post writer=@yuzana(shineshine)
MSC=146

Sort:  

ခုလောက်ဆို အတော်တိုးတက်နေလောက်ပီ

အရင်​ထက်​စာရင်​ အများကြီးတိုးတက်​​လောက်​​ရော့​ပေါ့

Good post

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

မိန်းက​လေး​တွေကုန်​ပစ္စည်းထမ်းရတာ၊ဖတ်​ရ​တော့ဆန်း​နေ​ပေမဲ့၊​ဒေသတစ်​ခုနှင့်​တစ်​ခုမတူလို့ဗဟုသုတရပါတယ်​....

Posted using Partiko Android

ဗဟုသုတပါ

တစ်နေ့ကျ အရောက်သွားမယ် မြစ်ကြီးနားသို့ 🚗🚗🚗

မန္တ​လေးက​နေ ရထားစီးသွားရင်​​ရောက်​ပါတယ်

လွမ်းစရာ

Posted using Partiko Android

လွမ်းစာပါ့

၁၉၉၃လောက်က ချင်းတွင်းတကြောက အတော်ခေါင်တာ

ခေါင်​တယ်​ လူ​နေလဲကျဲတယ်​ ရွာဆက်​​တွေ​ရောဘဲ

အထက်ပိုင်း မြစ်ကြီးနားမှာလဲ သံလမ်းလုပ်သားက
အမျိုးသမီးတွေဗျို့

ဟုပ်​လား​အောက်​ပိုင်းမှာ အလုပ်​သမားရုံးက​တော့ ​ယောင်္ကျားသားများတယ်

‌တော်‌‌တော်‌‌ခေါင်‌တာဘဲ‌နော်‌။‌ဖောင်‌ ပြင်‌ဆို‌တော့

ဖောင်​ပြင်​ ဖင်​​ပြောင်​က ခန္တီးအထက်​ နာဂ​တောင်​တန်းက်​​ရောက်​မှ​တွေ့ရမှာ အဟပ်

Congratulations! This post has been upvoted from the communal account, @minnowsupport, by gmyanmar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.032
BTC 57824.15
ETH 2965.89
USDT 1.00
SBD 3.70