လေဖြတ်ခြင်းအကြောင်း (၄)
လေဖြတ်ခြင်းအကြောင်း (၄)
ူလူတယောက်ကျမ်းမာရေးကောင်းဖို့အတွက်အကောင်းဆုံးဆရာဝန်က မိမိကိုယ်မိမိပါဘဲတဲ့၊အကောင်းဆုံးဆေးကတော့ မီဖိုချောင်ပါဘဲတဲ့ အစားစုံရင်ဆေးစုံကုရတပ်တယ်လို့ရှေးလူကြီးတွေပြောစကားကြားဘူးပါတယ်ခင်ဗျာ ။ဒါကြောင့်သွေးတိုးခြင်းလေဖြတ်ခြင်းမဖြစ်အောင် ဖြစ်ပြီးမှကုသခြင်းထက် မဖြစ်ခင်က ကာကွယ်တာအကောင်းဆုံးဖြစ်မည်ထင်ပါသည်၊ အဘယ်ကြောင့်ဆိုသော်တခြားရောဂါများနှင့်မတူဘဲ ကုသရန်ခဲရင်းသောကြောင့်ဖြစ်ပါသည်၊ ဒီရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ဘို့ရန်အတွက်ကတော့ အနေအထိုင် လှူပ်ရှာမူများပြုလုပ်ခြင်း အစားအသောက်များဆင်ခြင်စာသောက်ခြင်းဖြင့်ကာကွယ်နိုင်ပါသည်၊
ကျွန်တော်တို့မြန်မာလူမျိုးများသည် ငွေကျေးအတော်အတန်ပြည့်စုံလာရင် သိပ်အလုပ်မလုပ်ချင်ကြ လူပ်ရှားမှူလဲနည်းလာကြသည်၊တချိုဆိုရင်ရှိတဲ့ငွေကိုဘဏ်အပ် ပြီးအတိုးလေးနဲ့ထိုင်စားတဲ့သူရှိသလို တချို့ကအိမ်ဝန်းခြံများဝယ်ပြီးဘာမျှမလုပ်ဘဲငှားစားနေကြသည်၊ တခြားလူမျိုးများသည်အဲ့လိုမဟုပ် ဒေါ်လာ သန်းပေါင်းများစွာချမ်းသာသော်လည်း အလုပ်ကိုတော့လုပ်နေကြသည်၊ထိုင်စားပြီးနေတဲ့သူဆိုတာကျမ်းမာရေးမကောင်းးသူလောက်ဘဲရှိသည်ဟုသိရပါသည်၊ဥပမာတခုခု ကိုသုတေသနပြုလေ့လာနေခြင်းဖြင့်၎င်း တခုခုကိုတီထွင်နေခြင်းဖြင့်၎င်း လုပ်ကိုင်နေကြသလို အရင်းမရူံးရင်ပြီးရောအမြတ်မရခြင်နေသဘောမျိုးနဲ့ ကိုယ့်လူမျိုးတွေအလုပ်အကိုင်မရှာပါးရန်အလုပ်ရပြီးရော့ဆိုပြီးစက်ရုံအလုပ်ရုံများတည်ထောင်၍ လူလေးငါးရာကိုအလုပ်အကိုင်များဖန်တီးပေး ခန့်ထားပေကြလေသည်၊ ဒီလိုလုပ်ခြင်းသည် ဘဏ်မှာပိုက်ဆံအပ် အိမ်ခြံဝန်းဝယ် အိမ်လခဖြင့်ထိုင်စားနေသူထက်များစွာအကျိုးရှိလေသည်၊ အများအကျိုး တိုင်းပြည်အကျိုးလည်းရှိသလိုကိုယ့်အကျိုးလည်းများစွာရှိလေသည်၊ကိုယ်ကအလုပ်လုပ်ပြီးလှူပ်ရှားမူရှိနေသဖြင့် ခန္တာကိုယ့်မှထွက်ရှိသောအပူသည် ခန္တာကိုယ်မှအဆီပိုများကိုခြေဖြက်၍ ကြွက်သားအဖြစ်သို့ပြောင်းလဲပေးသဖြင့် သွေးတိုးခြင်းလေဖြတ်ခြင်းကိုများစွာကာကွယ်လေသည်၊
ကျွန်တော်ရောက်ခဲ့သောဟားခါမြို့သည်အလွန်အေးပါသည် တော်တန်ရုံစောင်ခြုံထဲကမထွက်ချင်ပါ၊ ဒါပေမဲ့ချင်းလူမျိုးများသည်မြန်မာလူမျိုးများနှင့်စာလျှင်အလုပ်တအားလုပ်ကြပါသည်၊ ကျွန်တော့သားရဲအိမ်နောက်ဖေးအကွက်ကလေးမှာ ဖရုံ မုံညှင်း ပြောင်းဖူး အစရှိသောသစ်သီးဝလံများအမြဲတမ်းရှိပါသည်၊ဤစိုက်ခင်းလေးကိုတော့ အသက်ရှစ်ဆယ်ကျော်အဘွားတယောက်သည်မနက်တိုင်း ချင်းပေါက်တူးလေးဖြင့်နေစဉ်လာရောက်တူးဆွ၍စိုက်ပျိုးနေသည်ကိုတွေ့ရှိရပါသည်၊ထိုအဖွားကိုကျွန်တော်သွားပြီးစကားပြောတော့ဗမာစကားမပြောတပ်ပါ၊ ဗမာစကားကိုတော့နားလည်ပါသည်၊အဘွားက ကျမ်းမာရေးတအားကောင်းတယ်နော်လို့ပြောတော့ ပြုံးပြုံးလေးနဲ့ခေါင်းငြိမ့်ပြပါသည် ချင်းပြည်နယ်မှာ သွေးတိုခြင်း လေဖြတ်ခြင်းရောဂါသည်၊မြန်မာတွေထက်းစာလျှင်ရာခိုင်နူန်းတအားနည်းပါသည် ရောဂါဖြစ်သူမရှိသလောက်ပင်ဖြစ်နေ၏၊ တချို့တလေ အလုပ်မလုပ်တဲ့ မြန်မာရေဝပြီးနေတဲ့သူဌေးတွေဘဲ အဖြစ်များသည်ဟုထင်ပါသည်၊တိုင်းရင်းသားများသည်အမြဲ့တမ်းအလုပ်လုပ်နေသဖြင့် ခန္တာကိုယ်ကအဆီများ ချပြီးသားဖြစ်သလို အစားအသောက်များမှာလည်း ကျွန်တော်တို့မြန်န်မာလို အဆီကိုတအားမစားကြပေ၊ထိုကြောင့်သွေးတိုးလေဖြတ်မဖြစ်စေရန်ခန္တာကိုယ်လှူပ်ရှားမူသည်လည်း အရေးကြီးသောနေထိုင်မူတခုဖြစ်ပေသည်။
အဓိက ကတော့ကိုယ့်ရဲ့ခန္တာသည် အမြဲလှူပ်ရှားနေဘို့လိုပါသည်။နောက်အပတ်များတွင်အစားအသောက်အပိုင်းကိုတင်ပြပါမည်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ...
Post writer=@yuzana(shineshine)
MSC=146
Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq
အသိတွေတော့ တိုးပီလေ😊
Posted using Partiko Android
ဖတ်ပေးတာ ကျေးဇူးပါ
အမြဲလှုပ်ရှားနေရင် ကာကွယ်ပြီးသား ဖြစ်တာပေါ့နော်။
လှူပ်ရှား နေတော့ ခန္တာကိုယ်အပူရှိန်ကြောင့်
အဆီတွေကို ပျော်စေတယ်လေ
အဆီရှောင်ပြီးတော့ ကိုယ်လက်လှုပ်ရှားမှုများရမှာပေါ့နော့
Posted using Partiko Android
အဲ့ ဒီလိုနေထိုင်ရင် ခန္တာကိုယ့် အဆီစုမှူသက်သာစေတာပေါ့
ကိုယ်ခန္ဓာကတော့ အငြိမ်ကိုမနေရရှာပါဘူးဗျာ အစားအသောက်အတွက် ဆောင်ရန် ရှောင်ရန်တွေကို စောင့်မျှော်နေပါတယ်
အဲ့ လိုနေရင် ခန္တာကိုယ်အဆီကျပြီးကြွက်သားအားကောင်းစေတာပေါ့
ကိုယ်လက်လှုပ်ရှားကစားသင့်ပါတယ်လို့....အမြဲထိုင်နေတာမျိုးမဟုတ်ဘဲလှုပ်ရှားနေရသူဆိုလေ့ကျင့်ခန်းလုပ်နေသလိုဘဲပေါ့နော့....
Posted using Partiko Android
ဟုပ်တာပေါ့ မယွန်းရယ် မန့်တွေသဘောကောင်းလိုက်တာ အဟီးးး
ကိုယ်လက်လှုပ်ရှားကစားသင့်ပါတယ်လို့....အမြဲထိုင်နေတာမျိုးမဟုတ်ဘဲလှုပ်ရှားနေရသူဆိုလေ့ကျင့်ခန်းလုပ်နေသလိုဘဲပေါ့နော့....
Posted using Partiko Android
ဟုတ်ကဲ့ပါဦးယု လှုတ်ရှားနိုင်သလောက် လှုတ်ရှားဖို့ ကြိုးစားဦးမယ် ။
လေဖြတ်တာတွေ ကြောက်ဖို့ကောင်းတယ်