" My  terrible dream  !!!  Episode ( 2 )

in #myanmar6 years ago (edited)

Episode (1) ပြန်လည်ဖတ်ရှုနိုင်ပါသည်။။
https://steemit.com/myanmar/@winko/my-terrible-dream-episode-1-8613d3d4a1fce
imageCrd-org-source
Episode ( 2 )
အဲ့ဒီ့လို အိပ်မက်ထဲမှာ သူငယ်ချင်းက ပေရှည်နေတော့ (သူပြောတာ ဘာမှ နားမလည် တာလား မကြားနိုင်တာလားမသိ) ထိတ်လန့် လာသလို ဖြစ်လာတော့ ကျွန်တော်က "အမေ အိပ်နေပြီလား လာပါဦး ဒီမှာ ------ရောက်နေ တယ်" ဆိုပြီး ရယ်ချင်သလိုလို ငိုချင် လိုလို လုပ်ပြီးလှမ်းအော်, အော် ပြောလိုက်တယ်ထင်မိတာပဲ ကိုယ့်အသံကိုယ် ကြားနေရ ပေမယ့် စကားလုံးတွေမမှတ်မိဘူး ထူးဆန်းတယ် အမေ့ ကိုသုံးလေးခါလောက်အော်ခေါ် မှ အမေနိုးပြီး ကုတင်ကဆင်း လာတဲ့အသံ ကျွန်တော်ကြားမိလိုက်တယ် အခန်းကဘေး ချင်းကပ်ဆိုတော့ အမေကြားနိုင်တာပေါ့ ကျွန်တော်လည်း သူငယ်ချင်းပြောတာ ခေါင်းငုံ့ ပြီးနားထောင်နေမိတာ အမေလာပြီထင်လို့ မော့ ကြည့်လိုက်တော့ သူ မရှိတော့ဘူး အမေ လည်း ကျွန်တော့်ဆီရောက်လာခဲ့တယ် "သားဘာဖြစ်တာလဲ ယောင်ပြီး အော်နေတာလား " အဲ့လို မေးတယ်လို့ တော့ထင်မိတယ် အမေ့ကိုလည်း တစ်ခုခုပြောပြနေမိတယ် အမှန် တော့ အိပ်မက်ကနိုးနေပြီ အမေ့ ကိုပြောပြနေတာ အကုန်ရှင်းရှင်း လင်းလင်းမြင်ပြီ ကြား ပြီ သိနေပြီလေ အဲ့လိုအမေ့ ကို ပြောတုန်းခဏပဲ ပြတင်းပေါက်ကို တစ်ယောက်ယောက် တံခါးလာထုတော့ ရုတ်တရက် လန့် သွားတယ် သြော် ဈေးများလာဝယ်လားပေါ့ (အိမ်က ဈေးလည်းရောင်းတာကိုး တစ်ခါတစ်လေ လာဝယ်တတ်ကြတယ် သိပ်ညနက်နေရင်တော့ ဖွင့်မပေးတော့ဘူး အိပ်ရာထဲအိပ်ဖို့ ရောက်နေတုန်းတံခါးခေါက်ရင်တော့ " ဘယ်သူလဲ"ဆို ပြီးဖွင့်ရောင်းပေးပါတယ်)အဲ့ဒါနဲ့ " ဒုန်းဒုန်း "ဆိုတော့ " ဘယ်သူလဲ "ဆိုပြီးကျွန်တော်လည်း မာန်ပါပါနဲ့ ကြောက်ကြောက်နဲ့ ပြန်ပြောလိုက်တာ "ကျွန်တော်ပါ ကိုRကြီး" တဲ့(ကျွန်တော် ဂစ်တာ တီးရင် Rဇာနည်သီချင်းတွေ အများကြီးတီး/ဆိုတတ်တော့ သူခေါ်တာက ကျွန် တော့်ကို "ကိုRကြီး"တဲ့ သူဘယ်သူလည်း ကျွန်တော်တန်းသိသွားတယ်) "သြော် ညီလေး အောင်စိုးဦးလား " ဆို တော့ "ဟုတ် " တဲ့ " အေး ညီလေးပြော " ဆိုတော့ " တံခါးဖွင့်ပါဦး" "ကျွန်တော် ဘယ်သူ့ ခေါ်လာတယ်ထင်လဲ "တဲ့ ကိုယ်ကလည်း တစ်ခြားဘာမှ မတွေးမိတာ နဲ့  " အေး…လာပြီ "ဆိုပြီး ပြတင်းပေါက် ဖွင့်ကြည့်လိုက်တာ ကျွန်တော်လည်း တော်တော် လန့် ဖြန့် သွားတယ်……

image
Crd-org-source

လူနှစ်ယောက်ပါ တစ်ယောက်က တံခါးလာခေါက်တဲ့ "အောင်စိုးဦး" တစ်ယောက်ကတော့ ကျွန်တော့်သူငယ်ချင်း ( သေသွားတဲ့သူငယ်ချင်း ) အခုနအိပ်မက်ထဲက သူငယ်ချင်းလေ နည်းနည်းတော့ လန့် သွားတာတာပေါ့ ပြတင်းပေါက်တံခါးပေါက်ဖွင့်လိုက်တာနဲ့  သူတို့ နှစ်ယောက်ကို တန်းတွေ့ တာပဲ အပြင်မှာမိုးလေး ဖျောက်တောက် ဖျောက်တောက်ကျနေ တယ် မိုးစက်သံလေးတွေတောင် ကြားနေရတယ် အောင်စိုးဦးရုပ်ကတော့ ခပ်ပြုံးပြုံးလေး နဲ့ ပေါ့ သူကမိုးကာအင်္ကျီဝတ်ထားပေမယ့် မိုးနည်းနည်းစိုနေတယ် ခေါင်းကိုလည်း မိုးကာ ခေါင်းစွပ်အဖုံး မအုပ်ထားဘူး မိုးကာအင်္ကျီအတိုကိုရှေ့ ရင်ဘတ်ဇစ် (Zip)တောင် မဆွဲ ထားဘူး ကျွန်တော့်သူငယ်ချင်းရုပ်ကတော့ ခပ်တည်တည်ပါပဲ မိုးလည်းစိုထားပုံမရဘူး ဒါပေမယ့် မျက်နှာကတော့ ဖြူဖတ်ဖြူ ရော်ဖြစ်နေတယ် အခုနအိပ်မက်ထဲမှာ သူလာတွေ့ တဲ့ဝတ်စုံ နဲ့ ပဲ သူတို့ နှစ်ယောက်လုံး ဘေးချင်းယှဉ်ရပ်ပြီး ပြတင်းပေါက် ကာထားတဲ့ သစ်သားတန်းတွေကို ကိုင်ထားတယ် ပြီးတော့ ကျွန်တော့် ကိုကြည့်နေလိုက်ကြတာ သူတို့ ကအမှောင်ထဲဆိုပေမယ့် အခန်းမီးရဲ့ အလင်းရောင်ကြောင့် သူတို့  မျက်နှာကို ကျွန်တော် ရှင်းရှင်းလင်းလင်းမြင်နေရတယ် ကျွန်တော့်မှာ"အိပ်မက် လား တစ်ကယ်လား" ဆိုပြီး လန့် နေတာ "အခုပဲ အိပ်မက်မက်လို့  နိုးလာတာ အခုက "ဘာဖြစ်ပြန်တာလဲ " "သူကသေနေပြီ လေ ဟုတ်ရော ဟုတ်လို့ လားပေါ့ "ဟိုညီလေးကရော ဘာလို့ ခေါ်လာ တာလဲ " "ဒီကောင် ရော သေသွားလို့ လား " စသဖြင့် ကျွန်တော်လည်း တွေးတာတွေ မေးတာတွေအစုံပဲ ဖြတ်ခနဲ အမြန်တွေးရတာပေါ့ ခေါင်းထဲမှာလည်း မေးခွန်းတွေက အများကြီးပဲ သူငယ်ချင်းကို တွေ့ လို့  ကြောက်တာရော ဝမ်းနည်းမိတာရော ယုံလည်းယုံချင်တယ် မယုံလည်း မယုံချင် ဘူး အဲဒီ့လိုမျိုးခံစားချက်တွေ တစ်သက်မှာ တစ်ခါမှမဖြစ်ဖူးဘူး ရင်ထဲကို ခံစားချက်တွေ မေးခွန်းတွေအပြိုင် စီးဆင်းပြီး မွှေနှောက်ထားသလိုပါပဲဗျာ အဲ့ဒါက တစ်စက္ကန့် အတွင်းဖြစ် သွားသလိုပဲလို့  ထင်မိတယ် သူတို့ တံခါးခေါက်လို့  ပြ တင်းပေါက်ဖွင့်လိုက်တယ် သူတို့ ကိုကြည့်ရင်း အတွေးပေါင်းစုံ ထိတ်လန့် တုန်လှုပ်အံ့သြ မှုပေါင်းစုံက အပေါ်မှာရေးထား သလိုပါပဲ ဖြတ်ခနဲ ဖြတ်ခနဲ နဲ့  တွေးတာ မြန်ဆန်လွန်းပါတယ်

image
Photo by me
အောင်စိုးဦးနဲ့ သူငယ်ချင်းပြတင်းပေါက်အပြင်ဘက်နေတဲ့နေရာကိုအဝိုင်းလေးပြထားပါတယ်

အဲ့လို ဆွံအပြီးတွေးနေတုန်းမှာပဲ အောင်စိုးဦးဆိုတဲ့ညီလေးက "ကိုRကြီး အကိုမယုံလို့ လား" တဲ့ ကျွန်တော်ဖြေလည်း ဖြေချင်တယ် ဖြေလည်းမဖြေချင်ဘူး ဖြေရမှာ အားနာသ လို မဖြေချင်သလို ဖြစ်နေတော့ တစ်ဆက်တည်းမှာပဲ အောင်စိုးဦးက "အကို မယုံရင်သူ့ လက်ကိုင်ကြည့်လိုက်လေ "ဆိုပြီး ဆက်ပြောတယ် သူ့ စကားကြောင့် ကျွန်တော်နည်းနည်း တော့ သွေးပျက်သလို ဖြစ်သွားမိတယ်……

ဆက်ရန်

MSCး 234

Author >>> Winko (Maun Mou Nja)

Sort:  

တကယ်အခြောက်ခံရတော့ ကြောက်စရာကြီးနေမယ်

ဟုတ်တယ်အမရေ တစ်ကယ်လိုလို အိပ်မက်လိုလိုပါဆို ကြောက်စရာကြီး

ထိတ်လန့်ဖွယ်ရာ ပါပေကား...

သိပ်လည်း ကြောက်ဖို့ မကောင်းပါဘူးဗျာ ဟီး

ပ‌ဟေဠိ‌တော့ ‌ပေးပြီ‌ဟေ့ ၊အိမ်‌မက်‌ထဲက အိမ်‌မက်‌‌ပေါ့ ။အခုအလုပ်‌လာတာလည်း အိမ်‌မက်‌ဖြစ်‌‌နေဦးမယ်‌။စမ်းကြည့်‌ဦး ။‌အောက်‌‌တော့ မစမ်းနဲ့။

ဟီး အလုပ်လာတော့တစ်ကယ်ဗျ
အိပ်မက်က ထူးဆန်းလ်ု့ ပါ ကျွန်တော်လည်း နားမလည်တတ်တော့ဘူး တစ်ကယ်ဗျ ဟီး

ဟယ် ဘယ်လိုလုပ် အိပ်မက်ကနိုးပီး အိပ်မက်မက်နေတာပါလိမ့် ... ကြောက်စရာကြီး ။ ဟိုကလေးကလည်း ဘာလို့ လက်ကိုင်ခိုင်းရတာတုန်း အေးစက်ကြီးဖြစ်နေတော့မှာပဲ...။

ကျွန်တော် သူ့ လက်ကို ကိုင်လိုက်တယ်အမရေ အဲ့ဒီမှာ လေ >>>> နောက်တစ်ပိုင်းမှာရေးထားပါတယ် လာမယ်နော် အမ

ဖတ်ရတာကောင်းလည်းကောင်း လန့်စရာလည်းကောင်းပါလားနော်။ဘယ်လိုပဲဖြစ်ဖြစ် မေးခွန်းတွေအများကြီးဖြစ်နေတဲ့ ဟန်ချက်လေးကိုတော့ သရုပ်ပေါ်စေတယ်ဗျာ။ဆက်အားပေးမယ်ညီဝင်းကိုရေ။

ဟုတ်တ်ာအကိုသန့်  ရေ တစ်ခါမှ ဘဝမှာ ဒါမျိုးမမက်ဖူးဘူး တစ်ကယ်လိုလို အဟုတ်လိုလိုဗျာ ပြန်ဖတ်ပြီးကိယြ့်ကိုယ်တောင်လန့် တယ် မေးစရာတွေးစရာတွေက အစုံပါပဲ နောက်တစ်ပိုင်း က ပို ထူးဆန်းတယ် လာမယ်အကိုရေးနေပြီ

သူများ အသဲငယ်​ပါတယ်​ဆို...

ခိခ် အန်ကယ်ယု က အသည်းမာပါတယ်ဗျ

အောင်မလေး လက်ကိုင်ကြည့်တော့ အေးစက်စက်ကြီးလား ကြောက်စရာကြီး။

ဟုတ် ကျွန်တော် ကိုင်လိုက်ပါတယ်ဗျ သူ့ လက်ကလေ …ဟိုဟို……………ဆက်ရေးထားမယ်နော်ဦးညီ

ညအချိန်​မှဒီပိုစ့်​ဖတ်​​တော့လန့်​​တောင်​လန့်​တယ်​....

ဟီး
ဟုတ်လားအမ
ကြောက်ဖို့ ကောင်းလို့ လားဗျ

ငမ်း😁ဘယ်ချောင် ဝင်ပြေးရမလဲ😱😱

ထွက်ပြေးချင်တာ သူငယ်ချင်းမို့ အားနာနေတာ

တကယ်ကိုစိတ်ဝင်စားမိတယ် ဆက်ဖတ်ရအုံးမှာပေါ့

ကျေးဇူးအကိုစိုးရေ
နောက်တစ်ပိုင်းမှာရေးထားပါတယ် လာမယ်နော်

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 62763.51
ETH 2579.20
USDT 1.00
SBD 2.72