အရိန္ဒမာလှံ အပိုင်း ( ၂ )

in #myanmar7 years ago (edited)

https://steemit.com/myanmar/@winko/ayai-malwan-21ad0418df597
ပထမပိုင်းအား အပေါ်link တွင် ပြန်လည်ဖတ်ရှု နိုင်ပါသည်


အရိန္ဒမာလှံဟာ…သဲလွန်စပျောက်သွားတယ်ဆိုပေမယ့်လည်း…
တွေးစရာလေးတော့ကျန်ရှိနေပါသေးတယ်…ကျန်စစ်သားမင်းကြီးဟာ…
သူ့ မြေးတော်(အလောင်းစည်သူမင်းကြီးဖြစ်လာမည့်သူ )ကို …
ဘိသိက်သွန်းပေးတဲ့ပွဲမှာ…သိကြားမင်းကိုယ်တိုင်…သူ့ မြေးကို…
ဘိသိက်သွန်းပေးခဲ့ရတယ်လို့ သိရပါတယ်…
ဒါကိုကြည့်ခြင်းအားဖြင့်…သိကြားမင်းဟာ…အလောင်းစည်သူ
မင်းလောင်းလေးအပေါ်…အများကြီး…အားကိုးယုံကြည်အလေးထားမှန်း…သိမြင်နိုင်ပါတယ်…
ဘုန်းတန်းခိုးကြီးမားလာမယ့်…အလောင်းစည်သူမင်းကြီးထံမှ…
အရိန္ဒမာလှံကို…သိကြားမင်း ပြန်လည်ယူဆောင်သွားမည်လည်းမထင်ပါ……
ကျန်စစ်သားမင်းကြီးသည်လည်း……သူ့ မြေးတော်ကို…အရိန္ဒမာလှံ…
ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ …စာပေသမိုင်းတွေမှာ…မဖော်ပြထားပေမယ့်…
အလောင်းစည်မင်းကြီးကပဲဆက်လက်ကိုင်ဆောင်…ထိန်းသိမ်းမယ်လို့ 
ပဲယူဆမိပါတယ်…
(ကျန်စစ်သားမင်းကြီးဟာ…သားတော်ရာဇကုမာရ်ကိုလည်း…
အရိန္ဒမာလှံအကြောင်း…ပြောဆိုမိန့် ကြားထားခြင်းမတွေ့ ရပါ…)


ပုဂံသမိုင်းရာဇဝင်များတွေက…အထောက်အထားများတာတစ်မျိုး…
တိကျသေချာဖို့ …တပ်အပ်ပြောလို့ မရတာကတစ်မျိုး…
အများကြီးကွဲပြားနေလို့ …တစ်ချို့ အကြောင်းအရာတွေဟာ…
ထင်မြင်ယူဆပြီး…ရေသားခန့် မှန်းရတာပါ…ဆရာကြီးဦးဖေမောင်တင်…
ပြောခဲ့သလိုပေါ့…"ပုဂံရာဇဝင်အကြောင်းပြောရင်…
တုတ်ထမ်းပြီးပြောရလိမ့်မယ် တဲ့ …
တစ်ယောက်နဲ့ တစ်ယောက်…ရေးသားလေ့လာထားမှုတွေဟာ…
သူ့ အထောက်အထားနဲ့ သူဆိုတော့…သဘောထားကွဲလွဲမှု တော့ …
ရှိကြမှာပါပဲ…လို့ ထင်မိပါတယ်…

ဟုတ်ကဲ့ …ကျွန်တော်…ဆက်ပြီးဆွေးနွေးတင်ပြပါ့မယ်…
ပုဂံပြည်ဟာ…ပင်းယခေတ်…အင်းဝခေတ်……စတဲ့ခေတ်တွေသာ
ပြောင်းလဲလာတယ်…အနော်ရထာမင်း…ကျန်စစ်သားမင်းတို့ နဲ့ အတူ…
ထင်ရှားလှတဲ့…အရိန္ဒမာလှံဟာ…ဘယ်ရောက်သွားလဲ…ဘယ်သူ့ ဆီမှာလည်း…
ဘယ်သူမှ…မဖော်ပြထားတော့ပါဘူး……စာပေအထောက်အထားကလည်း…
ဘာမှမချန်ခဲ့တော့…ဘဝင်မကျဖြစ်နေရတယ်ဗျာ…

ဒါပေမယ့်…ကံကောင်းချင်တော့လည်း…(အမှတ်မထင်လေး)…
တွေ့ မိတာတစ်ခုတော့ရှိခဲ့တယ်…အရိန္ဒမာလှံဟာ
ပုဂံမှာပဲ…အဆုံးသတ်ပျောက်ကွယ်ခဲ့ပြီပဲထင်ထားခဲ့တာ…

ဦးကုလား ရာဇဝင်ကျမ်းစာအုပ်(ပ)မှာ…ရေးသားထားတဲ့…
အလောင်းမင်းတရားကြီးရဲ့ …
အမိန့် တော်တွေထဲမှာ…အရိန္ဒမာလှံအကြောင်း…သိကြားမင်းကြီး…
စကားအဖြစ်ပြောထားတာတွေ…ရှာဖွေဖတ်ရှုမိလိုက်တယ်…
သိကြားမင်းက…စာလွှာအဖြစ်…အမိန့် ထုတ်ထားခဲ့တာကတော့…
"ငါ့ကိုလည်း ဘုရားသခင် ပရိနိဗ္ဗာန် ယူတော်မူခါနီး၌ သာသနာတော်မြတ်ကို
…စောင်မရမည် အမိန့် တော်ရှိ၍ ကုန်းဘောင်ပြည်မင်းကို ငါ စောင်မရသည်။
ဆင်ဖြူလည်း ၅စီးငါပေးပြီ။ အရိန္ဒမာလှံလည်း ငါ အပ်ပြီ "ဟူ၍ဖော်ပြထားပါတယ်

အလောင်းမင်းတရားကြီးကလည်း …အမိန့် တော်တွေထဲက,တစ်ခုမှာ…

" အရိန္ဒမာ စကြာရွှေလှံရ အဆောင်ဆောင်သော ပြဿဒ်သခင်ဖြစ်တော်မူသော "ဟူ၍
ရေးသားဖော်ပြထားတာတွေ…တွေ့ ရှိရပါတယ်…


အလောင်းမင်းတရားကြီးနောက်ပိုင်း…ကုန်းဘောင်မင်းဆက်,
လက်ထက်တွေမှာတော့…အရိန္ဒမာလှံတံအကြောင်း…
ရေးသားဖော်ပြထားတာမျိုး…ထပ်မတွေ့ ရတော့ဘူး…
အလောင်းမင်းတရားကြီး…ဘယ့်သူ့ ကိုထပ်ပြီးလွှဲအပ်ခဲ့လဲ…
သိကြားမင်းကြီးပဲ…ပြန်သိမ်းသွားတာလား…
ဒါမှ မဟုတ်…ပုဂံရဲ့ စေတီဘုရားတစ်ခုခုမှာ…
ငှာပနာအဖြစ်တည်ထားခဲ့တာလား…အဖြေရှာမရပါ…
အရိန္ဒမာလှံဟာ…ထင်ရှားစွာပေါ်ထွက်လာခဲ့ပြီး…ပဟေဋ္ဌိဆန်ဆန်…
ပျောက်ကွယ်တိမ်မြုပ်ခဲ့ရပါပြီတကား။ ။

ကိုးကားချက်များ
မဟာ ရာဇဝင်ကြီး ပအုပ်- ဦးကုလား
အလောင်းမင်းတရားအမိန့် တော်များ- ဒေါ်ခင်ခင်စိန်

Credits Photos : From Google

Authur >>> @winko

MSC : 234

Sort:  

ကျွန်တော့စာကို ဖတ်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ

You got a 18.05% upvote from @luckyvotes courtesy of @winko!

အ​လောင်းမင်းတရားကြီးက ခရာကျ​နေပြီ​နော်​...😀

ဟုတ်တယ် သူ့ မှာ သဲလွန်စ ပျောက်သွားတာ

သမိုင်းထဲကပျောက်ဆုံးမှု့ကိုယခုပခ်ျန်ပြန်တွေနိုင်မယ်ဆျုရင်အတော်လေးကိုထူဆန်းအံ့သြဖွယ်ဖြစ်ရပ်တွေဖြစ်လာနိုင်တာပေါ့နော်

အခုတော့ ဘယ်မှာလိုက်ရှာရမှန်း မသိဖြစ်ခဲ့ရပြီပေါ့ဗျာ

ဟုတ်တယ်ဗျာ bro

သမိုင်းကြောင်းလေးတွေ သိခွင့်ရလို့ ကျေးဇူးပါအစ်ကို

ဟုတ်ကဲ့ပါဗျာ ကျေးဇူးပါ

ဖတ်လို့ ကောင်း

ကျေးဇူးပဲ လျာရယ်

အရိန္ဒမာလှံ ဘယ်နေရာမှာရောက်နေတာလဲကိုသိချင်တာ
ရှာပေးပါဦး

ဆရာ သိနိုင်လားဗျာ ပြောပြပါဦး

အီဂျစ်ပြည်က ဘုရင်တူတန်ခမန်ရဲ့ ရွှေခေါင်းတလားကြီးကို ရေအဆုံး မိုးအဆုံးလိုက်ရှာကြသလို မြန်မာပြည်ရဲ့ သမိုင်းထဲက ပဟေဠိ ဆန်တဲ့ အရိန္ဒမာလှံကိုလည်း အဲ့လို ရှာကြရင်ကောင်းမယ်နော်။

သမိုင်း ထဲမှာပဲ တွေ့တော့တယ်ဓျာ

ဟုတ်တယ်အကို ဘယ်မှာမှန်းမသိရတော့ဘူး

စိတ်ဝင်စားစရာဘဲနော် ..

ဟုတ်တယ် အန်တီNang

Coin Marketplace

STEEM 0.22
TRX 0.28
JST 0.042
BTC 104621.15
ETH 3895.38
SBD 3.29