" အရိန္ဒမာလှံ "

in #myanmar7 years ago (edited)

ကျွန်တော့်စိတ်ထဲ ရေးသားဖော်ပြချင်တဲ့အကြောင်းအရာလေးတစ်ခုရှိပါတယ်…
မပြည်စုံတာများ…လိုအပ်တာများရှိလည်း…(ထုံးစံအတိုင်း)နားလည်ခွင့်လွှတ်…
ပေးစေလိုပါတယ်…ပုဂံရာဇဝင်ထဲက…အရိန္ဒမာလှံ အကြောင်းဟာ…
မသိသူမရှိကြပါဘူး…အထူးသဖြင့်တော့…အရိန္ဒမာလှံ ဟာ…အနော်ရထာမင်းကြီးနဲ့ 
သူ့ သားတော်ကျန်စစ်သားမင်းကြီးလက်ထက်မှာ…ပိုပြီး လူသိများ…
ထင်ရှားလှပါတယ်…အရိန္ဒမာလှံ ဟာ…ဘုန်းတန်ခိုးကြီးမားသော…
မင်းကောင်းမင်းမြတ်တို့ သာ…ကိုင်ဆောင်ရတဲ့လှံအဖြစ်…
သမိုင်းမှာဖော်ပြထားကြောင်းလည်း…လေ့လာသိရှိနိုင်ပါတယ်…
အရိန္ဒမာလှံရဲ့ မူလဇစ်မြစ်ကို နည်းနည်းပြောပါရစေ…

အရိန္ဒမာလှံ ဟာ…သိကြားမင်းကြီးကိုင်ဆောင်တဲ့လှံဖြစ်တယ်လို့ လည်းသိရပါတယ်…
သိကြားမင်းကြီး…ပထမဆုံး…ဆက်သချီးမြှင့်ခဲ့တဲ့သူကတော့…ကွမ်းဆော်လုလင်…
(ကြောင်ဖြူမင်း)ပဲဖြစ်ပါတယ်…ပုဂံပြည်မှာ…မင်းလောင်းပေါ်ထွန်းမယ်လို့ 
သိရတာကြောင့်…ကွမ်းဆော်လုလင်ဟာ…သွားရောက်ကြည့်ရှု့ ဖို့ …
ထွက်လာခဲ့ပါတယ်…လမ်းခရီးတစ်ဝက်လောက်မှာပဲ…သိကြားမင်းဟာ…
အဘိုးအိုအဖြစ်…ဟန်ဆောင်ပြီး
ကွမ်းဆော်လုလင်နဲ့ တွေ့ ဆုံလိုက်ပါတယ် …သိကြားမင်းကလုလင်ကို
ခရီးကြန့် ကြာမှာစိုးတာကြောင့်မြင်းကိုပေးပြီး မြင်းနဲ့ ခရီးနှင်ဖို့ပြောပါတယ်…
အရိန္ဒာလှံကိုပါ…ချီးမြှင့်လို့ ပုဂံမြိုကိုဝင်စေတော်မူခိုင်းခဲ့ပါတယ်…
ကွမ်းဆော်လုလင်လည်းပုဂံပြည်နန်းတော်ထဲဝင်စဉ်မှာပင်…ထီးနန်းရရှိခဲ့ပါတယ်…
ဘုန်းတန်ခိုးကြီးမားပြီးသူကိုယ်တိုင်မင်းလောင်းဖြစ်မည်ကိုကြိုသိသောကြောင့်…
သိကြားမင်း က ကွမ်းဆော်လုလင်အား…အရိန္ဒမာလှံ ကို ချီးမြှင့်ခဲ့ခြင်း ဖြစ်နိုင်ပါတယ်…
ပုဂံမှာကွမ်းဆော်လုလင်ဟာ…အရိန္ဒမာလှံ ပိုင်ဆိုင်ပြီး…
ကြောင်ဖြူမင်းအဖြစ်ထီးနန်းစိုးစံခဲ့ပါတယ်…


ကြောင်ဖြူမင်းဟာ…နန်းသက် ၂၂မှာပဲ(အမိကွဲသား)စုက္ကတေးရဲ့ နန်းချခြင်း
ခံရတဲ့အတွက် သားတော်အနော်ရထာအား…အရိန္ဒမာလှံကိုပေးအပ်ပြီး
ထီးနန်းကိုပြန်လည်ရယူရန် …ကြိုးပမ်းစေခဲ့တယ်…
စုက္ကတေးမင်းဟာ…ညီတော်အနော်ရထာအားအထင်သေးစွာတိုက်ခိုက်ရာ…
အရိန္ဒမာလှံဖြင့်ဇီဝိန်ကြွေခဲ့ပါတယ်…ဖခင်အားနန်းပြန်တင်သော်လည်း…
မတက်တော့သည့်အတွက်…အနော်ရထာမင်းကြီးနန်းတက်တော်မူပါတယ်…
အရိန္ဒမာလှံဟာ ဘုန်းတန်ခိုးကြီးသော…
အနော်ရထာမင်းကြီးလက်ထဲရောက်ရှိခဲ့ပြန်တယ်…
အနော်ရထာမင်းနန်းတက်စဉ်ကာလ…(အမှုထမ်း ဆောင်ရွက်မှုတစ်ခုမှာ)…
သားတော်ကျန်စစ်သားမင်းကို …အမျက်တော်ရှပြီး…
တရားစီရင်ရာမှာ…အရိန္ဒမာလှံ ဖြင့်ပစ်လိုက်မိပါတယ်…
ကံကောင်းလို့ ပဲလား…ကျန်စစ်သားမင်းကြီးပဲ…ဘုန်းတန်ခိုးကြီးတာလားမသိပါ…
လူကိုမထိပဲ…တုတ်နှောင်ထားသော…ကြိုးကို…လှံကထိုးမိပြီး…
ကျန်စစ်သားမင်းကြီးလွတ်မြောက်သွားတယ်…သူဟာ
လှံကိုကိုင်ဆောင်ပြီး…ထွက်ပြေးသွားခဲ့ပါတယ်…လှံဟာ
ဘယ်လောက်ထိ…တန်ခိုးအာနုဘော်ကြီးမားသလဲဆိုတော့…
အတ်ာအတန်ကျယ်သော…မြစ်ချောင်းငယ်တို့ ကိုလည်း လှံထောက်ပြီး
ခုန်ကျော်သွားနိုင်တယ်… ဘယ်သူမှ ဖမ်းလို့ မမိနိုင်ဘူးလေ
ပြေးလွှားရင်းလမ်းမှာ…ဗိုက်ဆာလို့ အိမ်ရှင်ကိုခွင့်တောင်းပြီး
သံပုရာသီးကို လှံနဲ့ ထိုးချပြီးစားတာ…ချိုမြိန်နေတယ်တဲ့…
လှံကို မြေပေါ်လှဲမရလို့ …ဘေးတစ်နေရာက ချုံကို ထိုးစိုက်ပစ်လိုက်တာ.
သူ့ ကိုဖမ်းဖို့ ပုန်းအောင်းနေတဲ့ စစ်သည်တော်တော်များများ
သေကြေကုန်တယ်…အဲ့ဒီ့လိုနဲ့ …ဘုန်းတန်ခိုးကြီးမားတဲ့…
ကျန်စစ်သားမင်းကြီးလက်ထဲ…အရိန္ဒမာလှံဟာ…ရောက်ရှိခဲ့တယ်…

ဒါပေမယ့်…စိတ်မကောင်းတာတစ်ခုက… ကျန်စစ်သားမင်းကြီးပြီးလို့ 
နောက်ပိုင်းမင်းဆက်တွေမှာ.…အရိန္ဒမာလှံ အကြောင်းကို …သိပ်မသိရတော့ဘူး…
ပုဂံသမိုင်းတွေမှာလည်း ထည့်သွင်းဖော်ပြတာမျိုး…မတွေ့ ရတော့ဘူး…

ဆက်ရန်…

Credits Photos : From Google

Author >>> @winko

MSC : 234

Sort:  

ဆက်ရန်လေးကို မျှော်နေတယ်နော်အစ်ကို

ဟုတ်ကဲ့ပါဗျာ လာပါမယ်

အရိန္ဒမာလှံ ဘယ်​​ရောက်​​နေ သီကြားမင်းပြန်​သိမ်းသွားပြီလား။

ဖြစ်နိုင်ချေ ရှိတယ် လို့ တော့ ယူဆမိတယ်ဗျာ

ဟုတ်တယ်ဗျာနောက်မင်းဆက်တွေမှာ အရိန္ဒမာလှံအကြောင်းသိပ်မတွေ့တော့ဘူး

ဟုတ်တယ် bro ထူးဆန်းနေတာ ဗျ

ကောင်းတယ်​ဗျာ မသိရတာ​တွေသိရ​တော့

ဟုတ်ကဲ့ ပါ ဗဟုသုတပေါ့ဗျာ

ညီ သမိုင်းကို ‌ရေးရင်‌ ဂရုစိုက်‌ ။

ဟုတ် အကို လိုအပ်တာလေးတွေ စီစစ်ပ့မယ် ကိုကြီး

အရိန္ဒမာလှံအကြောင်း အခုမှပိုစိတ်ဝင်စားမိပါပြီဗျ

လှံဘယ်ရောက်နေလဲ မသိဘူး

ကြားဖူးတယ် ..
ကျန်စစ်သား ရဲ့ အရိန္ဒမာလှံ .. အစွမ်း

ဟုတ်တယ် အန်တီ လှံကစွမ်းတယ်

ဟုတယ် တကယ်ဆို အရိန္နမာ လှံက ပြတိုက်မှာ ရှိသင့်တာ ဘယ်နိုင်ငံခြား ရောက်သွားလဲဟင်😋

ဟုတ်တယ် မမကြည် ဘယ်ရောက်နေလဲသိချင်တာ

အင်းဟုတ်တယ် ကိုယ်တွေသတိတောင်မထားမိဘူး ညီရေးမှ သတိထားမိတယ်

ဟုတ်တယ် ကိုသက်ရေ

စိတ်​၀င်​စားပါတယ်​.. ...ဆက်​ဖတ်​ဖို့​စောင့်​​နေပါ့မယ်​...

ဟုတ် မမအက်စတာ ကျေးဇူးပါ

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 62227.11
ETH 2400.78
USDT 1.00
SBD 2.50