ခရီးစဉ်များအကြောင်း...!(အပိုင်း-၂)
အပိုင်း(၁)
https://steemit.com/myanmar/@uthantzin/khyais-undefinedaeyakang-4e52e592e03e4
အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေခင်ဗျာ...
အပိုင်း(၁)တွင် ခရီးစဉ်နှစ်ခုရေးပြီးသွားပြီဖြစ်၍ ကျန်သောခရီးစဉ်နှစ်ခုအား ဆက်လက်ရေးသားမျှဝေပေးခဲ့ချင်ပါသည်။
Crd-org-source
တတိယမြောက် ခရီးစဉ် -----!
တတိယမြောက်ခရီးစဉ်အဖြစ် ကျိုက်ထီးရိုးဘုရားဖူး ခရီးစဉ်လေးကို ရွေးချယ်ထားပါသည်။
အောက်မြန်မာပြည်ဘုရားဖူးခရီးစဉ်လို့ ပြောလိုက်တာနဲ့ ကျိုက်ထီးရိုးဘုရားဖူးခရီးစဉ်က မပါမဖြစ်
ပါရမည့်ခရီးစဉ်ဖြစ်ပါသည်။
ဒီကျိုက်ထီးရိုးခရီးစဉ်ကိုတော့ ချောင်းသာကမ်းခြေသွားအပြီး နှစ်ပတ်ခန့်အကြာ 8.12.2018 ရက်နေ့ဟု အကြမ်းမျဉ်းသတ်မှတ်ထားသော်လည်း ရက်အပြောင်းအလဲရှိနိုင်ပါသည်။
တောင်တက်ခရီးစဉ်လေးဖြစ်ပြီး ဘုရားဖူးကုသိုလ်ယူကြခြင်း ဖြစ်တဲ့အတွက် အရမ်းစိတ်အေးချမ်းပြီး ပျော်ရွှင်စရာကောင်းတဲ့ ခရီးစဉ်လေးတစ်ခုဖြစ်ပါသည်။
ဒီခရီးစဉ်အား သီးသန့်တစ်ခုအနေဖြင့် စီစဉ်ရခြင်းမှာ မိမိတို့၏ဆွေမျိုးမိသားစုများတင်မကပဲ ရပ်ကွက်အနီးအနားပတ်ဝန်းကျင်မှ မရောက်ဖူးသောသူများကိုလည်း လိုက်လံပို့ဆောင်ကုသိုလ်ယူမည့်ခရီးစဉ်ဖြစ်ပါ၍ သီးခြားစီစဉ်ထားခြင်းဖြစ်ပါသည်။
ရာသီချိန်ရောက်လာရင် နှစ်တိုင်းနီးပါးသွားရောက်ဖူးမျှော်ချင်ကြပြီး စိတ်အေးချမ်းပျော်ရွှင်စရာကောင်းသော တန်ခိုးကြီးသမိုင်းဝင် အထင်ကရ နေရာတစ်ခုလည်းဖြစ်ပါ၍ ဒီဇင်ဘာလထဲတွင် စီစဉ်ထားခြင်းဖြစ်ပါသည်။
Crd-org-source
စတုတ္ထခရီးစဉ် -----!
အောက်မြန်မာပြည်ဘုရားဖူးခရီးစဉ်အတွက် ကျိုက်ထီးရိုးဘုရားဖူးပြီးဖြစ်၍ ကျန်သော သထုံ ဘားအံ မော်လမြိုင် ကျိုက်ခမီ စက်စဲ ခရီးစဉ်ဆိုပြီး ရွေးချယ်ထားပါသည်။
ဒီစတုတ္ထမြောက်ခရီးစဉ်အတွက်ကိုတော့ ခရီးစဉ်သုံးခုအပြီးတွင် အားလုံး အဆင်ပြေတဲ့ရက်ရွေးပြီးသွားမယ်လို့ ဆုံးဖြတ်ထားပါသည်။ဒီခရီးစဉ်ကိုတော့ မိသားစုဆွေမျိုးများသီးသန့်သာ သွားမည်ဖြစ်ပါသည်။
သထုံမှရွှေစာရံဘုရား..ဘားအံမှ ဇွဲကပင်တောင်..ရွှေရင်မျှော်ဘုရား.. ကျုံထော်ရေတံခွန်..ချစ်သူမြိုင်ပန်းခြံ.. မော်လမြိုင်..ကျိုက်ခမီ..စက်စဲကမ်းခြေ စသည်ဖြင့် စုံစုံလင်လင်သွားရောက်လည်ပတ်ကြမည်ဟု အားလုံးက ဆုံးဖြတ်ထားကြပါသည်။
ထိုသို့သွားချင်သောနေရာများ စုံလင်အောင် အနည်းဆုံး သုံးရက် လေးရက်ခန့်လည်ပတ်ရမည်ဖြစ်ပါ၍ ရုံးပိတ်ရက်နှင့်တွဲပြီး ရွေးချယ်စီစဉ် လည်ပတ်သွားရောက်ကြမည်ဖြစ်ပါသည်။
အထက်ပါခရီးစဉ်များအားလုံးသည် ပွင့်လင်းရာသီအချိန် ကျွန်တော်တို့မိသားစုဆွေမျိုးများ၏ ဘုရားဖူးအပန်းဖြေခရီးစဉ်များဖြစ်ပြီး အားလုံး စိတ်တူကိုယ်တူ 2018ခုနှစ်အတွက် အပန်းဖြေအနားယူရန် စီစဉ်ထားရှိခြင်းဖြစ်ပါသည်။
ထိုခရီးစဉ်များအားလုံး ရက်အပြောင်းအလဲရှိနိုင်တာကလွဲ၍ ခရီးစဉ်အားလုံး စုံအောင် သွားမည်ဟု တိုင်ပင်ဆုံးဖြတ်ထားပြီးဖြစ်ပါသည်။
Crd-org-source
သို့ဖြစ်ပါ၍ အခုအချိန်မှစပြီး ဘယ်နေ့ကြရင် ဘာအဝတ်အစားဝတ်မယ်။ဘယ်ခရီးစဉ်ကြရင် ဘာဝတ်မယ် စသည်ဖြင့် ဝယ်ယူရေး (shopping)များ လုပ်ဆောင်နေကြပြီဖြစ်ပါသည်။
မိမိတို့မိသားစုမှ ဦးဆောင်ပြီး တစ်ခုခုစီစဉ်လိုက်လျှင် ကျန်သော ဆွေမျိုးများအားလုံးက ထောက်ခံကြပြီး စိတ်တူကိုယ်တူဖြစ်ကြသောကြောင့် စိတ်ကျေနပ် ဝမ်းသာပီတိဖြစ်ရခြင်းများနှင့်အတူ ဒီလိုအစီအစဉ်တွေဟာလည်း ဖြစ်မြောက်အောင်မြင်လေ့ရှိစေခဲ့ပါသည်။
ထို့ကြောင့် ဒီလိုမိသားစုဆွေမျိုးများ စည်းစည်းလုံးလုံးရှိနေတဲ့အတွက် မိမိတို့၏ခရီးစဉ်များဟာ ပျော်ရွှင်စရာကောင်းသောခရီးစဉ်များဖြစ်ပြီး နှစ်တိုင်းလိုလို သွားလေ့ရှိခြင်းဖြစ်ပါသည်။
ထို့ကြောင့် ခရီးစဉ်များအားလုံးအတွက် စိတ်အားထက်သန်လှပြီး ကြိုတင်စီစဉ်မှုများ ပြုလုပ်နေပြီဖြစ်ပါကြောင်း...
တစ်နှစ်တစ်ခါ ဒီလိုခရီးစဉ်လေးတွေလုပ်ပြီး ခရီးသွားရတာကို အရမ်းနှစ်သက်မိပါကြောင်း...
ခရီးထွက်ခြင်းအားဖြင့် စိတ်ရောကိုယ်ပါကျန်းမာပြီး ပျော်ရွှင်အေးချမ်းမှုနှင့် ဗဟုသုတတိုးပွားခြင်းတို့ကို ရရှိနိုင်ပါကြောင်း...
မိမိတို့မိသားစုဆွေမျိုးများ၏ ဒီနှစ်အတွက် အပန်းဖြေခရီးစဉ်များအား ပြန်လည်ရေးသားမျှဝေလိုက်ရပါတော့သည်။
Crd-org-source
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
@uthantzin
MSC-211
ခရီးထွက်ချင်စိတ်တောင်ပေါက်လာပြီ ☺
ဟုတ်ကဲ့ပါဦး ဒီရာသီကခရီးထွက်လို့ကောင်းပါတယ်။ကျေးဇူးပါ။
အစစအရာရာအဆင်ပြေအောင်မသွားမီဒီလိုအစီအစဉ်လုပ်တာအရမ်းကောင်းပါတယ်....ခရီးသွားပိုစ့်များလည်းမျော်နေပါ့မယ်...
Posted using Partiko Android
ဟုတ်ကဲ့အစ်မ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq
Thank you,too.
အမှန်အတိုင်းပြောရရင်
ကျိုက်ထီးရိုးနီးရက်သားနဲ့မသွားမိဘူး
အကုသိုလ်တွေများလားမသိ အဟီးး
တစ်ချိန်တော့ ရောက်အောင်သွားပေါ့အစ်ကို။
ကျိုက်ထီးရိုးမှာ ရေအတော်ရှားတာနော် ဘုရားတွေအလည်သွားတိုင်း ဘုရားမှာ စီးပွားရှာနေကျတဲ့ သူတွေ တစ်ချို့ကို စိတ်ပျက်မိတယ်
Posted using Partiko Android
ဟုတ်တယ်အစ်မရေ တောင်ပေါ်ဘက်ရောက်သွားတော့ အဲဒီသဘာဝလေးတော့ ရှိတာပေါ့လေ။
အော် သူတို့ ဘွနဲ့ သူတို့ကို ။
ကုသိုလ်နှင့်ပျော်စရာ တွဲဖက်လာ ဒီခရီး
Posted using Partiko Android
ဟုတ်ပါ့အစ်ကို အဲဒီလိုလေးပေါ့ဗျာ။
ကိုသန့်postဖတ်ရုံနဲ့တင် အပျော်တွေကူးစက်သွားသလိုခံစားရပါတယ် ။ပျော်ွှင်ပါစေအစ်ကိုရေ။
ဟုတ်ကဲ့ပါအစ်ကို ပေးတဲ့ဆုနဲ့ပြညါ့ပါစေ။ကျေးဇူးတင်ပါတယ်အစ်ကို
ဇွဲကပင်တောင်တော့ရောက်ဖူးချင်သဗျာ
ကျွန်တော်တို့နဲ့လိုက်မလားခင်ဗျာ။ဦးထွေးမရောက်ဖူးသေးရင် တစ်ခေါက်လောက်သွားပေါ့။
Thanks for using esteem app.
Thank you,too.
ကောင်းလိုက်တဲ့ အမျိုးတွေ မမတို့ သယ်ရင်းတေ တိုင်ပင်ရင် နောကိဆုံး ကိုယ်ပဲကျန်တာ😁😁
Posted using Partiko Android
ဟုတ်တယ်နော် တစ်ခါအစ်မ post တင်ဖူးတာလေး သတိသွားရတယ်။နောက်ဆုံးကိုယ်ပဲကျန်တယ်ဆိုတာလေ။