အတ္တကြီးလွန်းသူ...!

in #myanmar6 years ago

အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေခင်ဗျာ...
ဒီအပတ်တော့ စက်ရုံနဲ့ပတ်သက်တဲ့ စက်ရုံထဲကလူကြီးတစ်ယောက်၏ အတ္တကြီးပုံလေးကို ဗဟုသုတအဖြစ် မျှဝေပေးလိုက်ပါတယ်။
image.jpeg
Crd-org-source
လွန်ခဲ့တဲ့ (၆)လလောက်တုန်းက ကျွန်တော်တို့စက်ရုံ လူကြီးအပြောင်းအလဲ လုပ်ပါတယ်။များသောအားဖြင့် General Manager level (G.M) ရာထူးဖြင့် စက်ရုံ၏ကိစ္စအားလုံးကို တာဝန်ယူ စီမံခန့်ခွဲရပြီး ကျွန်တော်တို့အလွယ်ခေါ်ကြတာတော့ စက်ရုံမှူးပေါ့။
ဒီတစ်ကြိမ် ပြောင်းလဲမှုမှာ အရင်နဲ့မတူပဲ (G.M)ရာထူးစက်ရုံမှူးနေရာအား M.D ရာထူးအဆင့်ထိပေးပြီး စက်ရုံတွင်တာဝန်ယူအုပ်ချုပ်စေပါသည်။မည်သည့်ရာထူးပေးသည်ဖြစ်စေ ကျွန်တော်တို့ လက်အောက်ဝန်ထမ်းတွေအနေနှင့် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုလျက်ပါ။ထိုသူသည် ပိုက်ဆံရှိတဲ့ အသိုင်းအဝိုင်းမှဖြစ်၍ အမေရိကမှာ အိမ်ဝယ်ထားပြီး အမေရိကမှာ မိသားစုရှိသည်ဟုသိရပါသည်။
စက်ရုံကို သူတာဝန်ထမ်းဆောင်ရန် စတင်ရောက်ရှိလာသောနေ့၏ ပုံစံကို ပြောပြချင်ပါတယ်။
စက်ရုံကို စရောက်တဲ့နေ့မှာ စက်ရုံမှ ဒုစက်ရုံမှူး.. မန်နေဂျာချုပ်  တို့နဲ့စတင်မိတ်ဆက်ပြောဆိုပြီး နေ့လည်ပိုင်း မန်နေဂျာ..ဒုမန်နေဂျာ များနှင့် တွေ့ဆုံရန် Meeting ခေါ်ပါသည်။အစည်းအဝေးခန်းမထဲမှာ တစ်ယောက်ချင်း မိတ်ဆက်ခိုင်းပြီး မိမိဘယ်အပိုင်းတာဝန်ယူလုပ်ဆေင်ရတယ်ဆိုတာပြောရပါသည်။
သူက လုပ်ငန်းပိုင်းတော်တော်များများ နှံ့စပ်တဲ့သူဆိုတော့ ဒီလိုမိတ်ဆက်ရင်းတစ်ချို့အပိုင်းတွေဆို ပညာရပ်မေးခွန်းလေးတွေတောင် ပြန်မေးနေပါသေးသည်။သူ့သဘောက သူ့ကို ညာ၍မရ သူအကုန်သိတယ်ဆိုတဲ့သဘောပေါ့။လက်ခံပါတယ်။အရမ်းတော်တဲ့ သူနဲ့ လက်တွဲပြီး အတူတကွကြိုးစားလုပ်ဆောင်ရင်း လုပ်ငန်းတွေတိုးတက်အောင်မြင်ရင် အားလုံးပျော်ရွှင်ကြရမှာပါ။
Bad-leadership (1).jpg
Crd-org-source
ဒါပေမဲ့ ဒုတိယမြောက်နေ့လောက်မှာ သူ၏အကျင့်များစတင်တွေ့ရှိရပါပြီ။ထိုနေ့တွင် စက်ရုံထဲလှည့်ပြီး လိုအပ်တာတွေ လက်ညိုးထိုးပြောပြီး ဒုစက်ရုံမှူးနှင့်မန်နေဂျာချုပ်များကို အော်ငေါက်နေတဲ့ အခြေအနေ စတင်လုပ်ဆောင်ပါပြီ။နောက်ပြီး Admin ဌာန..stock ဌာန..ငွေစာရင်းဌာန များရှိ Computer ဝန်ထမ်းများမှာ သူတို့၏ကွန်ပျူတာများကို password များထားပြီး အသုံးပြုသော်လည်း သူရောက်သောနေ့တွင်ပင် နင်တို့ကဘာတွေမိုလို့ password ခံပြီးသုံးတာလဲ အားလုံးဖြုတ်ပစ်ဆိုတဲ့ အမိန့်တွေပေးပြီး မောက်မာစွာ သူ၏အကျင့်စရိုက်ကို စတင်လုပ်ဆောင်ခဲ့ပါသည်။
ဒီလိုနဲ့ တစ်ပတ် နှစ်ပတ်ခန့်ကြာတဲ့အခါ M&E ဌာန မှ ကျွန်တော်တို့ဆရာနဲ့ စက်တစ်လုံး ပြုပြင်ခြင်းအတွက် သူစိတ်တိုင်းမကျရာမှ သူရဲ့ အကျင့်အတိုင်း ဆဲဆိုပြီးပြောတဲ့ အဆင့်အထိ လုပ်ပါလေရော။ဒီလိုဖြစ်ရပ်မျိုးကို ဌာနအားလုံး နီးပါး ခံနေကြရပါသည်။
လုပ်ငန်း၏သဘာဝ အတော်များများကို နားလည်သိရှိပြီး ပြောနိုင် ဆိုနိုင် လုပ်ရဲ ကိုင်ရဲရှိ၍ အရမ်းတော်တယ်ဆိုတာကိုတော့ ဝန်ထမ်းအားလုံး ငြင်း၍မရပါ။ဒါပေမဲ့ ဒုစက်ရုံမှူးမှစ၍ မန်နေဂျာချုပ် မန်နေဂျာနှင့် ဒုမန်နေဂျာ ဝန်ထမ်းအားလုံးဟာ စိတ်ခံစားချက်တော့ ရရှိနေကြပါပြီ။သူ၏ အတ္တဆန်မှု ပြောဆိုရိုင်းဆိုင်းမှု လူသားမဆန်မှုတွေကို တစ်လ နှစ်လ သုံးလလောက်ကြာတဲ့အခါ စိတ်ဒဏ်ရာရသည်အထိဖြစ်လာခဲ့ပါသည်။
ဒီအတောအတွင်းမှာလည်း သူ၏အရင်ဖြတ်သန်းလာခဲ့သော နေရာများမှ သူ၏သမိုင်းကြောင်းများကိုလည်း ကြားသိလာရပါသည်။ကျွန်တော်တို့ဆရာ၏ သူငယ်ချင်းဖြစ်သူတစ်ယောက်က သာကြောင်း..မာကြောင်းဖုန်းဆက်ကြရင်းနဲ့ အလုပ်အကြောင်းပြောမိကြတာပေါ့။အခုလက်ရှိစက်ရုံမှူးက ဦးမိုးထွန်းဖြစ်ကြောင်း ပြောဆိုသောအခါ အဲဒီလူက မင်းတို့ဆီမှာစက်ရုံမှူးလား ငါတို့ဆီကို တစ်ခါလာဘူးတယ်ကွ။ Marketing ပိုင်းနဲ့ ပတ်သက်ပြီးရောက်လာတာ အစည်းအဝေးခန်းထဲမှာတင် စကားများပြီး အဆုံးသတ်သွားတယ်ကွာ။တော်တော်ရိုင်းတဲ့သူပဲ ဆိုတဲ့သတင်းကို ပြောပြလာပါတယ်။အခြား သူလုပ်ခဲ့တဲ့နေရာတွေမှာလည်း အရမ်းရိုင်းပြီး အတ္တကြီးလွန်းတယ်ဆိုတဲ့ နာမည်ဆိုးပဲ ရတယ်ဆိုတာ သတင်းတွေကြားလာရပါတော့တယ်။
eight-bad-habits-3-760x434.png
Crd-org-source
ယနေ့ခေတ်မှာ မိမိလုပ်ခဲ့တဲ့ မိမိ၏နောက်ခံသမိုင်းကြောင်းကို အလွယ်တကူ သိရှိနိုင်သောခေတ်ဖြစ်နေပါပြီ။အော်..ဒီလူက အရင်ကတည်းက ဒီလိုမောက်မာနေတဲ့သူပါလား သူက ဒီအကျင့်ကို အခုမှစသုံးနေတာမဟုတ်ပဲ အရင်ထဲက သူ့ဆီမှာ ဒီအကျင့်ဆိုးတွေရှိနေပါလားဆိုပြီး သိရှိခဲ့ကြပါတယ်။
ထိုသို့ ရိုင်းစိုင်းစွာပြောဆိုနေသောအချိန်တွင် ကျွန်တော်၏စိတ်ထဲ၌ အော်..ဒီလူ မှားနေပါလား..ဒီလိုရိုင်းဆိုင်းတာ မလုပ်သင့်ဘူးဆိုတာ သိသိကြီးနဲ့ မိုက်နေပါလား..အတ္တတွေ အရမ်းကြီးပြီး သတိမထားမိသလိုဖြစ်နေပါလားဆိုပြီး အတွေးတွေ ဖြစ်နေရပါသည်။
ဒုစက်ရုံးမှူး မန်နေဂျာချုပ် မန်နေဂျာများမှာ အသက်အားဖြင့်သော်လည်းကောင်း အတွေ့အကြုံအားဖြင့်သော်လည်းကောင်း အထိုက်အလျောက်  ရှိပြီးသားတွေဖြစ်တဲ့အတွက် မိမိအုပ်ချုပ်ရသောဌာနမှ ဝန်ထမ်းငယ်လေးများရှေ့တွင် ဆဲဆိုခံရ၍ အရှက်ရနေကြပါသည်။
stupid-is-1800x1032_c.jpg
Crd-org-source
ထိုအခြေအနေရဲ့ အမှားတစ်ခုကိုထောက်ပြပါမည်။ထိုသူသည် စက်ရုံ၏အကြီးဆုံး.. တာဝန်အရှိဆုံးပုဂ္ဂိုလ်ဖြစ်၍ မိမိအောက်မှ ဒုစက်ရုံမှူး..မန်နေဂျာချုပ်များကို မိမိစိတ်တိုင်းမကျပါက ပြောဆိုခွင့်ရှိပါသည်။သို့သော် မိမိပြောဆိုရမည့်သူ၏ level အဆင်အတန်းကိုကြည့်ပြီး မည်သို့မည်ပုံပြောဆိုရမည်ကို သတိထားရမည်ဖြစ်ပါသည်။ဒုစက်ရုံမှူး..မန်နေဂျာချုပ်နှင့် မန်နေဂျာများကို ပြောဆိုမည်ဆိုပါက မိမိအခန်းထဲသို့ခေါ်၍ မိမိစိတ်တိုင်းမကျကြောင်း ဒီလိုမလုပ်ကြရန် ပြောဆိုရမည်ဖြစ်ပါသည်။ထိုသို့မဟုတ်ပဲ လေးစားမှုမရှိ ရိုင်းဆိုင်းစွာပြောဆိုပါက နှစ်ဦးနှစ်ဖက် အကျိုးမရှိသော လုပ်ရပ်သာဖြစ်နေပေလိမ့်မည်။
ဒီလိုနဲ့သူက သူယုံကြည်ရတဲ့သူများကို ခေါ်လာပြီး ဌာနတော်တော်များများမှာ လူသစ်ထပ်ခန့်ပြီး အလုပ်လုပ်စေပါသည်။လက်ရှိလုပ်သက် (၁၅)နှစ်ခန့်ရှိပြီးသောသူများထက် ပိုမိုသောလစာ ရာထူးများပေး၍ခန့်ထားခဲ့ပါသည်။ဒီအချိန်မှာတော့ ဝန်ထမ်းတွေအတွက် အခါအခွင့် သင့်စေခဲ့ပါသည်။
ဒါကြောင့် အလုပ်သမားများမှာ မခံနိုင်တော့ပဲ လုပ်ခလစာညှိနိုင်းပေးပါရန် အလုပ်သမားသမဂ္ဂများဖွဲ့၍ အလုပ်သမားရုံးသို့တိုင်ကြားသည့်အဆင့်ထိ ရောက်ရှိလာပါသည်။
အချိန်ကြာလာတာနဲ့အမျှ အစိုင်အခဲတွေဖြစ်လာပြီး မန်နေဂျာချုပ်နှင့် မန်နေဂျာများဦးဆောင်ပြီး မိမိတို့ ဖြစ်ပျက်နေသော အကြောင်းစုံကို ကုမ္ပဏီသူဌေးထံသို့ လိပ်မူပြီး Human Resource (H.R)ဌာနမှတစ်ဆင့်  ညှိနိုင်းဖြေရှင်းပေးပါရန် တင်ပြခဲ့ပါသည်။ထိုတိုင်ကြားစာ သူဌေးဆီရောက်သွားသောအခါ တစ်ပတ် နှစ်ပတ်ခန့်အကြာမှာပဲ လုပ်ခလစာညှိနိုင်းပေးခြင်း..ထိုစက်ရုံမှူး ဦးမိုးထွန်းအားလည်း နောက်နောင် ရိုင်းဆိုင်းသောပြောဆိုမှုများ မပြုလုပ်ရန်နောက်ဆုံးအကြိမ် ပြင်းထန်စွာ သတိပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ထိုကဲ့သို့ဖြစ်ပြီး တစ်လပြည့်သောအခါ ထိုစက်ရုံမှူးမှာ သူကိုယ်တိုင်ပင် အလုပ်ထွက်သွားပါကြောင်း မိမိတို့၏စက်ရုံမှူးလူကြီးတစ်ဦး၏အဖြစ်အပျက်လေးအား သတိထားဆင်ခြင်နိုင်ကြစေရန် ဗဟုသုတအဖြစ် ပြန်လည်မျှဝေလိုက်ရပါတော့သည်။
26415701-rude-polite-signpost-meaning-good-bad-manners.jpg
Crd-org-source
ဤအချင်းအရာကိုကြည့်ခြင်းအားဖြင့် မိမိတို့သည် မည်သည့်ကိစ္စရပ်မဆို တစ်ဖက်စောင်းနင်းဖြစ်ခြင်း..အတ္တကြီးစွာ ပြောဆိုလုပ်ဆောင်ခြင်းများ မပြုလုပ်ကြရန် နှင့် ရိုင်းဆိုင်းစွာပြောဆိုဆက်ဆံခြင်းသည် ပေါင်းသင်းဆက်ဆံရေးကိုပါ ထိခိုက်စေပြီး စည်းလုံးညီညွတ်မှုကိုပျက်ပြားစေသဖြင့် အောင်မြင်မှုဆိုသော အရာကိုလည်း မရနိုင်တော့ပါ။ထိုကြောင့် အောင်မြင်မှုအတွက် အရေးပါလှသော ရိုင်းဆိုင်းစွာပြောဆိုပြုမူခြင်း.. အတ္တကြီးလွန်းခြင်း..စသောအချက်များသည်  တစ်ဖက်သတ်ဆန်သောအပြုအမူများသာဖြစ်၍ မပြုလုပ်မိကြစေရန် တိုက်တွန်းရေးသားလိုက်ရပါတော့သည်။
မြန်မာစတီးမစ်မိသားစုများ အားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်သောဘဝပိုင်ဆိုင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
@uthantzin
MSC-211

Sort:  

တစ်ဖက်သတ်ဆန်ပြီး ရိုင်းစိုင်းတဲ့အပြုအမူမျိုးဟာ ကိုယ့်အတွက်လည်း
မကောင်းသလို ဘေးလူ မိတ်ဆွေတွေအပေါ်လည်း မကောင်းပါဘူး
နောက်ဆုံးတော့ ကိုယ့်စားရိတ်နဲ့ ကိုယ် အလုပ်ထွက်သွားတဲ့ဦးမိုးထွန်းလည်း
နောင်တရစေချင်ပါတယ် ဥပမာပေးပြောပြသွားတာ သင်ခန်းစာရပါတယ်

ဟုတ်ကဲ့ပါ ကျွန်တော်တို့ အတွက်တော့ သင်ခန်းစာယူစရာ ကောင်းတဲ့ အတွေ့အကြုံတစ်ခုပါပဲခင်ဗျာ

ဟုတ်ကဲ့ပါ

ငါ့ညီ
မန့် ရင်လည်း ထိရောက်တာလေးတော့ မန့် ပါ
ပြီးစလွယ်ရေးထားတဲ့ post မဟုတ်လို့ 
ပြီးစလွယ် မမန့် ပါနဲ့ 

(မှတ်ချက်။ ။စိတ်ဆိုးချင်လည်း ဆိုးလို့ ရတယ်)

တော်တယ် winko is the best😍@htetnainglinလဲ ဂရုစိုက်ပါ

😍😍😍😍😍

ဒီအဖြစ်​အပျက်​ကသင်​ခန်းစာရပါတယ်​...အ​တ္တကကိုယ်​တိုင်​လည်းပူ​လောင်​​စေသလို​ကောင်းကျိုးလည်းမ​ပေးပါဘူး....

မှန်ပါတယ်အစ်မ သတိထားဆင်ခြင်ရမဲ့ အတွေ့အကြုံကောင်းတစ်ခု လိုက်တာပါပဲခင်ဗျာ

ဒီလိုလူတွေခူအချိန်ထိရှိနေတုံးပါပဲ
နောက်ဆုံးသူအကုသိုလ်နဲ့သူသွားတာပါပဲ
အဲလိုလူတွေက ပိုးဆိုးပက်စက်ပြောမှ လူတွေကအလုပ်လုပ်မယ်လို့ ထင်နေကြတာလေ

ဘယ့်သူ့ကိုပြောချင်တာလဲ သိတယ်နော် ငွင်း ငွင်း

ဟုတ်တယ်အစ်ကို သူက ပုံမှန်အနေအထားမှာကိုက ရိုင်းရိုင်းဆိုင်းဆိုင်းပဲ ပြောသလိုဖြစ်နေတယ်ခင်ဗျာ။ကျွန်တော်တို့လည်း လူကြီးတော်တော်များများ ကြုံဖူးပါတယ်။တစ်ခါတစ်ရံတော့ ဘယ်လူကြီးမျိုးမဆို စိတ်လိုက်မာန်ပါ ပြောတတ်ကြပါတယ်။သူကတော့ ဒီလိုမဟုတ်ဘူးဗျ အမြဲလိုကို ရိုင်းနေတော့တာပဲ။အဲဒါကျတော့ တစ်ယူသန် အတ္တကြီးလွန်းသူ ဖြစ်နေတော့ အများနဲ့ပေါင်းစည်းလုပ်ကိုင်ဖို့ မဖြစ်နိုင်တော့ပါ။

ဗဟုသုတ ရတယ်​ဗျာ

ဟုတ်ကဲ့ပါ မိမိ၏အတွေ့အကြုံလေးတစ်ခုကို သိရှိပြီး သတိထားစေနိုင်ရန် ဗဟုသုတအဖြစ် မျှဝေလိုက်တာပါ။

အစ်‌ကို‌ပြောတဲ့ လူကြီးမျိုး‌တွေ့ဘူးပါတယ်‌။အဓိက တရားခံက သူတို့ကိုယ်‌သူတို့ ဘုရင်‌လို မြင်‌သွားတျာ ။ဒီ‌နေရာမှာ ငါသာ အကြီးဆုံး ငါလုပ်‌ချင်‌သလို လုပ်‌လို့ရတယ်‌စိတ်‌မျိုး ဝင်‌သွားတာဗျ။လူဆိုတာ ကိုယ့်‌သမို‌င်း ကိုယ်‌‌ရေးကြတာပါ။

ဟုတ်လားအစ်ကို စိတ်ကြီးဝင်ပြီး အစွန်းရောက်သွားတာပေါ့နော်။ကိုယ့်သမိုင်း မရိုင်းဖို့ ကိုယ်တိုင်ကောင်းအောင် ကြိုးစားကြရမှာပေါ့အစ်ကို

ဥဥ😍😍😍

ဒလိုတေ မန့်ပြန်ပီလား

ကြောက်​စရာအ​ကောင်းဆုံး ရန်​သူသည်​ အတ္တပဲ ....မရှိ​လေ ​ကောင်း​လေ

လူကြီးဆိုတာ တခါတရံတော့ ဒေါသထွက်ပြီး ပြောလိုက်မိတာ ရှိတတ်ပါတယ်။ဒီအထိ လက်ခံပေးရမှာပါ။အချိန်တိုင်းလိုလို ရိုင်းရိုင်းဆိုင်းဆိုင်း ပြောဆိုပြုမူနေတယ်ဆိုရင်တော့ ရာထူးကြီးကြီး..ငယ်ငယ် ဒါမဖြစ်သင့်တဲ့ လူကျင့်ဝတ်တစ်ခုလို့ ယူဆမိပါတယ်ခင်ဗျာ

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.032
BTC 61185.73
ETH 3012.54
USDT 1.00
SBD 3.84