သိမှတ်ဖွယ်ရာ ရိုးရာစကားထာများ(၅)

in #myanmar6 years ago (edited)

သိမှတ်ဖွယ်ရာ ရိုးရာစကားထာများ(၅)_
image
_နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊_
_ဓမ္မံ သရဏံ ဂစ္ဆာမိ၊

_သံဃံ သရဏံ ဂစ္ဆာမိ။_
ဘုရား တရား သံဃာ ရတနာ မြတ်သုံးပါးနှင့် မိဘ ဆရာတို့ကို ဦးထိပ်ထား၍ ရေးသားခြင်းဖြစ်ပါသည်။

ဒီတစ်ပတ်ကတော့ သိမှတ်ဖွယ်ရာ ရိုးရာစကားထာများလေးတွေရေးပြီး အသိပညာတွေပေးချင်တယ်။ဒါကြောင့် သိမှတ်ဖွယ်ရာ ရိုးရာစကားထာများလို့ ခေါင်းစဉ်ပေးထားပါတယ်။ထိုသိမှတ်ဖွယ်ရာ ရိုးရာစကားထာများကို လေ့လာပြီး စာဖတ်သူအားလုံးအတွက် အသိပညာတိုးပါစေ။ဝေဖန်အကြံပေးကြပါ။ သိမှတ်ဖွယ်ရာ စကားထာများလို့ ခေါင်းစဉ်ပေးထားပါတယ်။ထိုစကားထာတွေကို လေ့လာပြီး စာဖတ်သူအားလုံးအတွက် အသိပညာတိုးပါစေ။ဥာဏ်များထက်မြတ်ပါစေ။

ကျွန်တော်တို့ ခုခေတ်လူငယ်တွေအနေနဲ့ စကားထားတွေ စကားပုံ စကားလိမ် စကားဝှက် အမျိုးအမည်တွေ အများကြီးရှိကြသည်။ကျွန်တော်တို့ ခေတ်လူငယ်တွေအတွက် များပြားလှသော စကားပုံ စကားလိမ် စကားဝှက်တွေ သိသူနည်းပါလာကြသည်။နောက် စကားပုံမှာ အမျိုးအမည် အများကြီး ရှိပြန်သည်။သင်္ချာနဲ့ဆိုင်သော စကားထား၊ပုစ္ဆာနဲ့ဆိုသော အချစ်နဲ့ဆိုင်သော စကားထားများ ရှိပြန်သည်။စကားလိမ်များတွင် ရိုးရိုးစကားလိမ် ၊ သစ်ဆိမ့်ဆရာတော် စကားလိမ်၊စကားလိမ်ပေးစာဟု အများကြီး ရှိသည်။စကားဝှက်မှာ ရိုးရိုး စကားဝှက်၊တစ်ဆယ့်ခြောက်ချက် စကားဝှက်များ ရှိလေသည်။

ထိုအတူ သင်္ချာစကားထာမှာ အုန်းသီး ဝယ်ရရောင်းရအောင်၊အလေး ၃ လုံး၊ဖားကလေးကုန်းပေါ်ရောက်ဖို့ ရက်ကိုမျော်၊ဘဲဥကိုစစ်ကြရအောင်၊စာနှင့်ကြာ၊အလေးတိုက်ရအောင်၊ဆေးလိပ်ဝှက်ကြစို့ ၊လွယ်အိတ်ထဲ မည်မျှပါ၊အဝေရခက်သော ဆီ၊ခိုခွဲ ဝမ်းဘဲငါးကျပ် စာတစ်မတ်၊ဆင်ကောင်ရေ ဘယ်လောက်လဲ၊ရေတွင်းနှင့် ရေပုံးကြိုး၊ထရာဇာ ၆ ၊နှင်းဆီပန်းပွင့်၊မရမ်းသီးချိုချို၊မုန့်ပုဇွန်၊စာကလေးတွေ မိုးပေါ်ပြန်ဆိုပြီး အတွက်အချက်ဆိုင်ရာ သင်္ချာစကားထားများ ရေးသားသွားမည်။

မီးရထား ၂ စင်၊ဆွတ်ချူရန် ခက်ပါဘိ၊မင်းသား ၃ ယောက် ဘီလူး ၃၀ တိုက်ပွဲ၊ဝါးတစ်ရာ မှ ကိုးခေါင်၊နန်းဓလေ့၊ရှင်အောင် ရှင်ယျ ရှင်ဦး စသော ပုစ္ဆာစကားထာများ တင်ပြပြီး ပုံပြင်စကားထားတွင် သစ္စာရှင် မည်သူနည်း၊ကျေးဇူးရှင် မည်သူနည်း၊ဖူးစာရှင် မည်သူနည်း၊အကြီးဆုံး မည်သူနည်း၊သင် မည်သို့ ဆုံးဖြတ်မည်နည်း၊ယာခင်းရှင်၏ပြဿနာ၊ခရီးသည်ကြီးနှင့် စကားထာမြိုတော်၊ရွှေအိုးမြုပ်ထားသော ကျေးသား၊ဆရာမှာထား ၃ ခွန်းစကားတို့ဖြစ်ပါသည်။

ဒီလို စကားထာတွေရေးပြီး တစ်ယောက်နဲ့တစ်ယောက် စာဖတ်ရင် မပျင်းရအောင် စကားထာလေတွေ သိသူများဖြေပေးကြပါ။အဖြေမှန်ကိုတော့ နောက်တစ်နေ့ သိမှတ်ဖွယ်ရာ ရိုးရာစကားထာများတွင် ဖော်ပြသွားပါမည်။အဖြေများကို မန့်တွင် မန့်ပေးကြပါ။ခုလိုဖတ်ပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါသည်။အသိပညာပွားပြီး သတိထားကာ ဖြေပေးကြပါ။

(၁)လေးထောင့်စပ်စပ်၊သူမျက်နှာငါမှာကပ်_
image
_(၂)အပင်နွဲ့နှောင်း ၊သူသီးမစားကောင်း

image
_(၃)ငါ့နွားနက်နက် ချုံပေါ်တတ်၊ချက်ချက်သံမျှ မကြားရ_
image

အစဉ်ကြိုးစားလျက်

Author tunnaingwin

Msc.100

မှီငြမ်းထားသောစာအုပ်နှင့် ကျမ်းများမှာ

ရှင် သီလဝံသ အမေး အဖြေ
မြန်မာဂုဏ်ရည်
ဦးကုလားရာဇဝင်
မြန်မာစွယ်စုံကျမ်း
သင်္ဂဇာစကားပုံပေါင်းချုပ်
မဃဒေဝလင်္ကာသစ် တို့မှရှာဖွေ ရေးသားထားခြင်းဖြစ်သည်။


Do you use eSteem?
eSteem is a Mobile📱& PC💻 app. for Steem with great features. Also, you get Incentives posting through eSteem apps.

eSteem Spotlight; eSteem provides rewards for it top users in Leader Board with most Posts, Comments and Highest Earners.

Sort:  

သုံးခုလုံးမ​ဖြေနိုင်​ပါဘူး...​စိတ်​၀င်​စားရာပါ..ဘာပါလိမ့်​???

Posted using Partiko Android

နောက်နေ့ postမှာ အဖြေ ရေးပေးပါမယ်

Posted using Partiko Android

အ​ဖြေသိဖို့ မ​ပြောနဲ့ ​ခေါင်း​တောင်​မူးသွားပြီ 😁

Posted using Partiko Android

ခေါင်းတော့မမှုးပါနဲ့

Posted using Partiko Android

ကောင်းပါ့ဗျာ တိမ်​မြုပ်​​နေ​သော စကားထာ​လေး​တွေ​ဖော်​ထုပ်​​ပေးတာ

ဟုတ်။ဖြေခဲ့ပေးအုံး

Posted using Partiko Android

စိတ်ဝင်စားစရာ

စိတ်ဝင်စားရင် ဖြေခဲ့အုံး

Posted using Partiko Android

မှန်‌

ဟုတ်တစ်ခုတော့ မှန်ပါတယ်အကို

Posted using Partiko Android

အဲ မှန် သလိုလိုပဲ သူမျက်နှာ ငါ့မှာ ကပ်လိုက်တော့လည်း

အပင်မည်းမည်း အသီးသေး နွဲ့နှောင်းလှတာ ----- ပါဗျာ မစားရဲပါဖူး အဲဒီနွားကလည်း သေးပေါက်လားမသိဘူး သိရင်ဖြေခဲ့အုံး

ီးဟီး သိဘူး

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

thank you support esteemapp

Posted using Partiko Android

မှန် တစ်ခုလောက်ကလွဲ၍ ကျန်သောနှစ်ခု အဖြေမသိပါခင်ဗျာ။ကောင်းလှပါတယ်။ဗဟုသုတရပါတယ်အစ်ကို။

ဟုတ်ကဲ့။မှန်ကတော့ မှန်ပါတယ်

Posted using Partiko Android

၃ ခုလုံး မသိပါဘူးအေ

Posted using Partiko Android

ဖြေကြည့်ပါမစု

Posted using Partiko Android

အချို့စကားပုံတွေခုမှသိရတာပါ

Posted using Partiko Android

ဟုတ်။နောက်အသစ်အဆန်းတွေ ရှာဖွေစုဆောင်းလျက်ပါ

Posted using Partiko Android

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 54016.63
ETH 2289.57
USDT 1.00
SBD 2.29