သိမှတ်ဖွယ်ရာ လူမှုဥပဒေသများ(၂၉)steemCreated with Sketch.

in #myanmar6 years ago (edited)

သိမှတ်ဖွယ်ရာ လူမှုဥပဒေသများ(၂၉)

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
image
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ။
ဘုရား တရား သံဃာ ရတနာ မြတ်သုံးပါးနှင့် မိဘ ဆရာတို့ကို ဦးထိပ်ထား၍ ရေးသားခြင်းဖြစ်ပါသည်။

ဒီတစ်ပတ်ကတော့ ဥပဒေသလေးတွေရေးပြီး အသိပညာတွေပေးချင်တယ်။ဒါကြောင့် သိမှတ်ဖွယ်ရာ လူမှုဥပဒေသလို့ ခေါင်းစဉ်ပေးထားပါတယ်။ထိုဥပဒေသလေ့တွေကို လေ့လာပြီး စာဖတ်သူအားလုံးအတွက် အသိပညာတိုးပါစေ။ဝေဖန်အကြံပေးကြပါ။ သိမှတ်ဖွယ်ရာ လူမှုဥပဒေသလို့ ခေါင်းစဉ်ပေးထားပါတယ်။ထိုဥပဒေသလေ့တွေကို လေ့လာပြီး စာဖတ်သူအားလုံးအတွက် အသိပညာတိုးပါစေ။ဝေဖန်အကြံပေးကြပါ။

#စားချင်ရင် မချန်နဲ့ ချန်ချင်ရင် မစားနဲ့။
image
လူတိုင်း မိမိတို့စားချင်တာတွေ နောက်နေ့ထပ်စားချင်လို့ ချန်တတ်တဲ့အကျင့်လေးတွေ အနည်း အများတော့ ရှိကောင်းရှိလိမ့်မည်။မိမိတို့အနေနဲ့ စားလည်း စားချင် ချန်လည်းချန်ထားချင်နဲ့ စိတ်ဒွိဟဖြစ်နေတတ်ကြသည်။ထိုသို့မဖြစ်ရလေအောင် စားချင်ရင် မချန်နဲ့ ချန်ချင်ရင် မစားနဲ့လို့ စကားလေးမျှဝေပေးချင်တယ်။ဒါမှမဟုတ် တစ်ဝက်စားပြီးတစ်ဝက်ချန်ပေါ့။ဒါလည်း အဆင်ပြေမည်ထင်တယ်နော်။တစ်ချို့ဥပမားလေးပေးချင်တယ်ဗျာ။တစ်ချို့သောသူတွေဟာ ပစ္စည်းတစ်ခုဝယ်ရင် ပျက်တာ လက်သင့်မခံချင်ဘူး။ပျက်စီးမှာကြောက်နေရင် မိမိဝယ်ထားသောပစ္စည်းကို အလှထိုင်ကြည့်နေရင် အချိန်ကြာကြာ ပျက်စီးမှုဒဏ်ကိုခံနိင်ပါလိမ့်မည်။ထိုအတူ မိမိက စားချင်ရင် မချန်ပါနဲ့။ချန်ချင်ရင်တော့ မစားဘဲနေတာ အကောင်းဆုံးပါ။နောက်စားလည်းစားချင် ချန်လည်းထားချင်တယ်ဆိုရင် တစ်ဝက်စား တစ်ဝက်ချန်လို့ပြောပါရစေ။

#သေခြင်းတရားမှာ ပြက္ခဒိန်မရှိ။
image
သေခြင်း ရှင်ခြင်းဆိုတာ ပြက္ခဒိန်မရှိပါဘူး။သို့သော် ကပ်တီးကပ်ဖဲ့ကြံဖန်တွေးတတ်ရင်တော့ ပြက္ခဒိန်ရှိပါတယ်။ဘယ်လိုကြောင့်ဆို ခုခေတ်မှာ ကလေးတစ်ယောက်မွေးရင် မိမိတို့အနေနဲ့ဘယ်နေ့ ဘယ်ရက် ဘယ်နှစ်နာရီမှာ မွေးချင်သည်ဆိုတာ လုပ်လို့ရသလို သေမဲ့သူကိုလည်း ဘယ်နေ့သေရမလဲဆိုတာ ပြောလို့ရပါတယ်။ဒါတွေဟာ ကြံဖန်တွေးတတ်တဲ့သူတွေအတွက် အတွေးလေးပါ။သေခြင်းတရားမှာ ပြက္ခဒိန်မရှိပါ။မိမိဘယ်အချိန်သေမလဲ။ဘယ်မှာသေမလဲဆိုတာ သိရင် ပြောပြနိင်ပါတယ်။ဒါကြောင့်ဘုရားရှင်က တရားတော်တွေထဲမှာ မသေခင် ပြုလုပ်ရမဲ့အရာတွေဟောကြားခဲ့ပါတယ်။မိမိတို့လည်း သတိယှဉ်ကာ မသေခင် ဘာလုပ်မလဲဆိုတာ သတိထားနိင်ပါစေ။

#ယုယလွန်းတဲ့ကလေး မသန်စွမ်း။
image
ဒါက ကလေးရှိတဲ့သူတွေ ပြောချင်ပါတယ်။ကျွန်တော်ဆို ကိုယ်တွေ့ကြုံဖူးတယ်ဗျာ။ကျွန်တော်နဲ့မွေးရက်တူတဲ့သယ်ရင်းဆို မိဘတွေက သူကို အရမ်းဂရုစိုက်တယ်ဗျ။သူငယ်ငယ်ထဲက သူကို သိုးမွေးသလို မွေးပြီး အရမ်းချစ်ကာ ယုယလွန်းတယ်။နောက်သူဘာဖြစ်သလဲဆို ယုယလွန်းလို့ထင်တယ်။သူဆီမှာ ရောဂါတွေက တစ်မျိုးပြီးတစ်မျိုး ဖြစ်လာတယ်။သူဘာကြောင့်ရောဂါရသလဲဆို မိဘတွေက မြေပေါ်တောင် သိပ်မနင်းခိုင်း အိမ်ပေါ်မှာဘဲအမြဲလိုလိုနေခိုင်းတတ်တယ်။နောက်တစ်ခြားကလေးတွေလို့ ဆော့ချင်သောလည်း မဆော့ရတဲ့အဖြစ် စားချင်တိုင်းလည်း မစားရဘူး။ဒါကြောင့်စိတ်ဓာတ်ကြံ့ခိုင်မှု မိမိကိုယ်ကိုယုံကြည်မှုက တစ်ခြားကလေးတွေထက် နိမ့်ကျလာတယ်။သူကြီးလာတော့ ဟိုနေရာ မသွားရဲဘဲ ကြောက်နေတတ်တယ်။တစ်ခုခုလုပ်ရင် မလုပ်ရဲဘဲ ကျော်တို့သူငယ်ချင်းတွေဘဲ သူအတွက် လုပ်ပေးရတယ်။ဒါတွေဟာ မိဘတွေက သားသမီးကို ချစ်ပုံ ယုယပုံတွေကြောင့် ကလေးတွေရဲ စိတ်တွေ ကြံ့ခိုင်မှုမရှိကြောင်းပြောပါရစေ။

(စကားလက်ဆောင်)

စားချင်ရင် မချန်နဲ့ ချန်ချင်ရင် မစားနဲ့။

သေခြင်းတရားမှာ ပြက္ခဒိန်မရှိ။

ယုယလွန်းတဲ့ကလေး မသန်စွမ်း။

အစဉ်ကြိုးစားလျက်
Author tunnaingwin
Msc.100

Sort:  

စကားလက်ဆောင်လေးတွေကိုတော့ ကြိုက်ပြီဗျာ

ဟုတ်ကဲ့ကြိုးစားရေးသားလျက်ပါ

PRICES HAVE CHANGED TO 0.150 and 0.151!!!
NEW TIER UPVOTES user guide



Current price is 0.150 or 0.151 SBD for 200%, 250%, or 300% upvote based on tier level.

200% ($0.30) - Bronze Level - No requirements
250% ($0.37) - Silver Level - SteemAuto Upvote of 100% or $0.02 (whichever is possible)
300% ($0.45) - Gold Level - SteemAuto Upvote of 100% or $0.02 AND 50 SP delegation

All delegators make a "striking" return on your investment!
50 SP --- 100 SP --- 200 SP --- 500 SP --- 1000 SP

That being said...

BOOOOOOOOOM!!!

The ground shakes as incredible power lights the sky. The thunder tests the quality of your post and deems it worthy, rewarding it with an upvote and comment from @thundercurator.

Investors who delegate SP to @thundercurator are entitled to 75% of @thundercurator income after curation. Get on-board early and grow with us!

ယုယလွန်းတဲ့ မသန်စွမ်း ဖြစ်တတ်တာ ဟုတ်ပ

အများအားဖြင့်တော့ ဟုတ်ပါတယ်

ချူချာလွန်းတယ်ဆိုတဲ့ ကလေးဖြစ်လာတာ ယုယလွန်းလို့ပဲ ဂရုစိုက်တာလွန်သွားတဲ့ကလေးတွေမှာ ဖြစ်တတ်ပါတယ်

ဟုတ်တယ်အကိုရေ

မှတ်‌သားထားပါတယ်‌ အစ်‌ကို။

ဟုတ်ကဲ့။အစဉ်ကြိုးစားလျက်ပါ ကိုမဟော်

ကလေးတွေကို ထိန်းကျောင်းတဲ့အခါ ကိုယ်ပိုင်တွေးခေါ်ခွင့်နဲ့ လုပ်ပိုင်ခွင့်လည်း ပေးဖို့လိုပါတယ် ဒါမှ သန်စွမ်းတဲ့ကလေးဖြစ်လာမယ်

မှန်တယ်မစု။ဒါတွေကို သိဖို့ မိဘတွေကလည်း အသိပညာတိုးနေမှဖြစ်မယ်

စားရတဲ့ကလေး ငတ်လေလေတဲ့
ယုယဂရုစိုက်တဲ့ကလေး ချူချာလေတဲ့

ဟုတ်တယ်အကိုရေ

You just planted 0.10 tree(s)!


Thanks to @tunnaingwin

We have planted already 3782.48 trees
out of 1,000,000


Let's save and restore Abongphen Highland Forest
in Cameroonian village Kedjom-Keku!
Plant trees with @treeplanter and get paid for it!
My Steem Power = 35535.42
Thanks a lot!
@martin.mikes coordinator of @kedjom-keku
treeplantermessage_ok.png

ယုယတဲ့က​လေးမသန်​စွမ်းသလို
ယုယလွန်းရင်​လဲ ဘုထလွန်းသတဲ့

ဟုတ်လား ဖြစ်နိင်ပါတယ်ကိုယုရေ

အမယ် ဒါဆို မွီးမရရင်လဲ ယုယလို့ ဖြစ်ဖု

ပုံမှန်​ဖတ်​ပါတယ်​...ဗဟုသုတအသိတိုးပါတယ်​....

ကျေးဇူးပါ@aster

Coin Marketplace

STEEM 0.17
TRX 0.14
JST 0.028
BTC 58083.18
ETH 2578.52
USDT 1.00
SBD 2.42