သိမှတ်ဖွယ်ရာ လူမှုဥပဒေသများ(၂၀)

in #myanmar6 years ago

#သိမှတ်ဖွယ်ရာ လူမှုဥပဒေသများ(၂၀)
image

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ။
ဘုရား တရား သံဃာ ရတနာ မြတ်သုံးပါးနှင့် မိဘ ဆရာတို့ကို ဦးထိပ်ထား၍ ရေးသားခြင်းဖြစ်ပါသည်။

ဒီတစ်ပတ်ကတော့ ဥပဒေသလေးတွေရေးပြီး အသိပညာတွေပေးချင်တယ်။ဒါကြောင့် သိမှတ်ဖွယ်ရာ လူမှုဥပဒေသလို့ ခေါင်းစဉ်ပေးထားပါတယ်။ထိုဥပဒေသလေ့တွေကို လေ့လာပြီး စာဖတ်သူအားလုံးအတွက် အသိပညာတိုးပါစေ။ဝေဖန်အကြံပေးကြပါ။

#ကြိုက်မရှက်။
image
ကြိုက်မရှက်ဆိုတဲ့ ဒီစကားလေးကို လူတိုင်းလည်း ကြားဖူးပါလိမ့်မည်။ရှက်သင့်သောအရာတွေ လောကမှာရှိသလို မရှက်သင့်တဲ့အရာတွေလည်း ရှိကြောင်းသတိပြုမိစေချင်တယ်။မိမိကြိုက်သောအရာပစ္စည်းအပေါ်လိုက်ပြီး ရှက်သင့်တာကို ရှက်ပြီး မရှက်သင့်တာကို မရှက်သင့်ပါ။အရာရာတိုင်းကိုရှက်နေလို့ မဖြစ်သလို အရာရာတိုင်းကို မရှက်ပြန်ရင်လည်း အဆင်မပြေဘူးနော်။ဒါလေးတွေကို ခွဲခြားလေ့လာပြီး မိမိဘာသာ ဆုံဖြတ်ချက်ကို မှန်မှန်ကန်ကန်ဆုံးဖြတ်ကြပါ။ဥပမာပြောရရင် မိမိက ကောင်းမလေးတစ်ယောက်ကို ကြိုက်ရင် ထိုကောင်းမလေးရဲ့အကြိုက် သူရဲ့အလိုကိုသိထားဖို့လိုတယ်။ဒါတွေကို လေ့လာပြီး မိမိတကယ်ကြိုက်ရင် ချစ်ရင်တော့ ဘာမှမပြောနေနဲ့။မိမိကြိုက်ကြောင်း ချစ်ကြောင်းကို မရှက်ဘဲ ဖွင့်ပြောပါ။မိမိတကယ်ကြိုက်ရင် ဒီလိုအရာတွေက မရှက်သင့်ပါ။သို့သော် မိန်းကလေးရဲ့သိက္ခာနဲ့ပတ်ဝန်းကျင်ကိုလေ့လာပြီးမှာ ပြောသင့်ပါတယ်။ဒါကြောင့် ကြိုက်မရှက်ဆိုတိုင်း နေရာတကာ မိမိကြိုက်တိုင်း မရှက်မကြောက်နဲ့ လိုက်မပြောနဲ့အုံးနော်။

#ငိုက်မရှက်။
image
ဟီးဟီး ကျွန်တော်ကတော့ ငိုက်မရှက်သောသူလို့ပြောရမည်။ဒီစကားက ကျွန်တော်နဲ့အရမ်းအံ့ကိုက်ဘဲလို့ထင်တယ်။ခုရန်ကုန်မှာ YBSစီးပြီး သင်တန်းသွားရင် အမြဲတမ်းအိပ်ငိုက်တတ်တယ်။ထိုသို့အိပ်ငိုက်တဲ့အချိန်တိုင်း ကားဘရိတ်အုပ်လိုက်ရင် အမြဲတမ်း ကားအရှေ့က ထိုင်ခုံသံချောင်းနဲ့အမြဲ ခေါင်းတိုက်ခံမိတယ်။ဒါတင်မဟုတ်သေးဘူး။တခါတလေ မိမိဘေးက သူအပေါ် မှီပြီး အိပ်ငိုက်တတ်တယ်။ထိုအချိန်မျိုးတွေဆို ရှက်ပြီး ရယ်ကာ မှုလအတိုင်းပြန်ငိုက်တယ်။သိတယ်မဟုတ်လား။သန်လျင်နဲ့ ၃၅လမ်းဆိုတာ နည်းနည်းတော့ ဝေးတယ်။ဒါကြောင့်တစ်ရေးတမောလည်းအိပ်လို့ရသလို ညဘက် ၁၂နာရီကျော်မှအိပ်တတ်တဲ့ ကျွန်တော်အနေနဲ့ကားပေါ်ရောက်ရင် အိပ်ငိုက်တတ်တာတော့ မဆန်းပါဘူး။ဒါကြောင့်စာဖတ်သူတို့အနေနဲ့လည်း ငိုက်မရှက်ဆိုတဲ့စကားလေးနဲ့ အနည်းနဲ့အများတော့ ကြုံဖူးမယ်ထင်ကြောင်း ပြောပါရစေ။

#ငတ် မရှက်။
image
ငတ်မရှက်လို့ပြောလိုက်ရင် ကျွန်တော်အရင်က တာဝန်ထမ်းဆောင်ခဲ့သော ရခိုင်ပြည်ကို သတိရမိတယ်ဗျာ။ဘာကြောင့်ဆို ကျွန်တော်အလုပ်က တပ်မတော် ရေတပ်တွင် တာဝန်ထမ်းဆောင်တဲ့ စစ်သားပေါ့ဗျာ။ရေတပ်တွင် တာဝန်ထမ်းဆောင်နေသူအတူတူ ကျွန်တော်တို့က သင်္ဘောဆင်းရတာပေါ့။ကဲ အဲမှာ ငတ်မရှက်ဆိုတဲ့ စကားနဲ့တိုးတော့တာဘဲ။ကျွန်တော်တို့သင်္ဘောဟာ စစ်ဆင်ရေးတစ်ခါထွက်ရင် အနည်းဆုံး လေးလ မှ ရှစ်လ အထိ ကမ်းမမြင် လမ်းမမြင် ပင်လယ်ထဲတွင် နေကြရသူတွေလေ။ထိုသို့အချိန်ကာလ ကြာတော့ စာနက်ရိက္ခာတွေ ရေတို့ ချွေတာ သုံးရတယ်။တစ်ခါတစ်လေ မိမိတို့ဟာ ဆီမရှိလို့ ဒီအတိုင်း ပင်လယ်ငါး ပုဇွန်တွေကို မီးကင်ပြီးစားသောက်ခဲ့ရတယ်။ထိုသို့စားသောအခါ ငတ်ပြတ်တော့ အလုအယက်မရှက်တော့ဘဲ စားကြသောက်ကြနဲ့ပျော်ပျော်ရွှင်ရွှင် စားသောက်ရတာ တကယ်ပျော်စရာနေ့လေးပေါ့။ခုအချိန်ပြန်တွေးမိတော့ မိမိတို့ဘာသာရှက်ရကောင်းမှန်း သိလာတယ်။ပြန်တွေးကြည့်တော့ အဖြစ်အပျက်လေးတွေက ရီစရာလေးဖြစ်သွားတယ်။စာဖတ်သူတွေလည်း ငတ်မရှက်ဆိုတဲ့ ဒီစကားကို ကြားဖူး ကြုံဖူးပါလိမ့်မည်။မိမိတို့ကြုံဖူးတာလေးတွေ Comတွင် မန့်ခဲ့ကြအုံးနော်။

(စကားလက်ဆောင်)

ကြိုက် မရှက်။

ငိုက် မရှက်။

ငတ် မရှက်။

အစဉ်ကြိုးစားလျက်
Author tunnaingwin
Msc.100

Sort:  

သိမှတ်ဖွယ်ရာအဖြာဖြာကို ဗဟုသုတရစေပါတယ်

ဟုတ်ကဲ့ကျေးဇူးအကိုရေ

ရှက်​စရာ မဟုတ်​ပါဘူး ​ပျော်​စရာ​တောင်​​ကောင်း​သေး ☺ ☺

တန်ဖိုးရှိသောစကားလက်ဆောင်

ဟုတ်ကဲ့။ကျေးဇူးတင်ပါတယ်

မရှက်တမ်းပြောခဲ့လို့ ခု မိန်းမရနေပြီ😁😁😁

ဟုတ်ပ။ဟုတ်ပ

သိမှတ်​ဖွယ်​ရာဥပ​ဒေသများအတွက်​​ကျေးဇူးပါ....ဗဟုသုတရပါတယ်​...

အားဖြစ်စေသောစကားလေးတွေပါ။

အားလုံးမှတ်သားစရာလေးတွေ ဖြစ်ပါတယ်။ကိုယ်တွေ့ဖြစ်စဉ်လေးနဲ့ဆိုတော့ ပိုမြိုင်သွားတာပေါ့အစ်ကို

ဟုတ်တယ်။ကိုယ်တွေ့လေးတွေဆိုတော့ အရမ်းကောင်းတာပေါ့

ဒို့နားကလူက​တော့ ​သောက်​မရှက်​လဲထည့်​ရမဲ့သ​ဘောဖြစ်​​နေပြီ
သူ​သောက်​ချင်​ရင်​ မရှက်​​တော့ဘူး အဟီးးးးး

အယ်တာ သူကအရမ်းကြိုက်လို့မရှက်တာပါ

  
  
  
မရှက်တော့ပါဘူး ငတ်ကြိုက် ငိုက်ရယ်

တကယ်ပေါ့

မှတ်သားစရာပါ ကိုအေးရေ ငိုက်မရှက်ဆိုတဲ့စကာကတော့ အမှန်ဆုံးပါဘဲ

အယိမစု ကြုံဖူးတယ်ထင်

Hello tunnaingwin!

Congratulations! This post has been randomly Resteemed! For a chance to get more of your content resteemed join the Steem Engine Team

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 62025.78
ETH 2417.09
USDT 1.00
SBD 2.49