သိမှတ်ဖွယ်ရာ လူမှုဥပဒေသများ(၁၇)

in #myanmar6 years ago

#သိမှတ်ဖွယ်ရာ လူမှုဥပဒေသများ(၁၇)
image

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ။
ဘုရား တရား သံဃာ ရတနာ မြတ်သုံးပါးနှင့် မိဘ ဆရာတို့ကို ဦးထိပ်ထား၍ ရေးသားခြင်းဖြစ်ပါသည်။

ဒီတစ်ပတ်ကတော့ ဥပဒေသလေးတွေရေးပြီး အသိပညာတွေပေးချင်တယ်။ဒါကြောင့် သိမှတ်ဖွယ်ရာ လူမှုဥပဒေသလို့ ခေါင်းစဉ်ပေးထားပါတယ်။ထိုဥပဒေသလေ့တွေကို လေ့လာပြီး စာဖတ်သူအားလုံးအတွက် အသိပညာတိုးပါစေ။ဝေဖန်အကြံပေးကြပါ။

#လှူလို့မမွဲပါ။
image
ဟိုအရင်ခေတ်တုန်းကဆို အလှူရေစက် လက်နဲ့မခွာဆိုသလို အလှူအတန်း ရက်ရက်ရောရော လှူကြတန်းကြသည်။အဲအချိန်တုန်းက တောရွာတွေဘက်က အလှူတွေဆို အရမ်းဘဲစည်းကားသိုက်မြိုက်လိုက်တာ ပြောမဆုံးပေါင် တောသုံးထောင်ဆိုသလိုပေါ့ဗျာ။အယ် ခုခေတ်အချိန်နဲ့ဟိုခေတ်အချိန်တွေ နှိုင်းယှဉ်ကြည့်တော့ အလှူတော့ လှူတယ်။သို့သော် ကွဲပြားခြားနားမှုလေးတွေ ရှိလာကြသည်။ဒါကိုတော့ အပြစ်ပြောခြင်းမဟုတ်ပါ။ဝေဖန်နှိုင်းပြခြင်းသာဖြစ်သည်။ထိုကွဲပြာခြားနားမှုလေးတွေက အလှူအတန်းလုပ်ရာတွင် ဂုဏ်လိုချင်ဘွဲ့ထူးလိုချင်လို့လုပ်တာနဲ့ဂုဏ်မာန်မာနဘွဲ့ထူးစသောအရာတွေကို မတပ်မက်ဘဲလှူသောအလှူဟု၍နှစ်မျိုးကွဲပြာခြားနားမှုရှိပါသည်။တစ်ချို့က ပေါ်ပျူလာတွေလုပ်တတ်ကြသည်။ဂုဏ်မာနတွေဟာ မိမိတို့သေလျင် မပါသလို ငွေပစ္စည်းဥစ္စာတွေကလည်း မိမိတို့နဲ့အတူ ပါမည်မဟုတ်ပါ။မိမိတို့နောက် ပါမဲ့အရာက ဒါနတစ်ခုဘဲဖြစ်တယ်။ဥာဏ်ယှဉ်သောအလှူဒါနသည်သာ မိမိနဲ့ထပ်တူထပ်မျှ ပါလိမ့်မည်။ထိုသို့လှူဖို့အတွက် မိမိတို့ရဲ့ငွေကုန်မှ မပူနေနဲ့။လှူလို့ မိမိအနေနဲ့မွဲမသွားနိင်သလို မိမိအတွက်ဆင်းရဲလည်းမသွားနိင်ပါ။မရှိလို့မလှူ မလှူလို့မရှိဖြစ်တတ်ကာ ဘဝသေသွားပါလိမ့်မည်။မိမိဘဝကိုတန်းဖိုးရှိအောင်နေပြီး အလှူဒါနပြုကြပါလို့ massageပေးချင်ပါတယ်။

#ရွေးလွန်းလျင်မရ။
image
ကျွန်တော်တို့ လူဆိုတဲ့သဘောသဘာဝက ဘယ်ပစ္စည်းအရာဝတ္တူဖြစ်ဖြစ် ရွေးတတ်ကြသည်။ပစ္စည်းတစ်ခုကို ယူတော့မည်ဆို မိမိတို့ကြိုက်နှစ်သက်သောအရာတွေကို ရှာဖွေကာ ရွေးတတ်ကြသည်။ထိုအတူ ကြိုက်နှစ်သက်တာ မတွေ့လျင် မယူတတ်ကြဘူး။နောက်ဘယ်လိုဖြစ်သွားလည်းဆို အရမ်းရွေးလွန်တော့ မိမိတို့နဲ့ကြိုက်နှစ်သက်ရာမတွေ့ဘဲဖြစ်နေတတ်သည်။အများအားဖြင့်တော့ မိမိတို့ကြိုက်နှစ်သက်သောအရာတွေ အတွေ့နည်းပါသည်။ဒါကြောင့်လည်း အရွေးလွန်းတဲ့သူတွေဟာ နောက်ဆုံးတော့ မရတာနဲ့ပြီးဆုံးသွားတတ်သည်။ဟီးဟီး လူပျိုကြီး အပျိုကြီးတွေကို ပြောခြင်းမဟုတ်ဘူးနော်။သို့သော် ထင်လည်ထင်နိင်တယ်။ရွေးလွန်းတော့မရဘဲ နောက်ဆုံးမှမရွေးတော့ဘဲ တွေ့တွေ့ရာယူတော့ အစုတ်အပျက်နဲ့တွေ့တတ်ကြောင်း ပြောပါရစေ။

#သေးလွန်းလျင် မလှ။

image
လူတစ်ယောက်ရဲ့ကိုယ်ဟာ အရမ်းသေးလွန်းလျင် မလှပတတ်ပါဘူး။တစ်ချို့ကိုယ်ခန္ဓာသေးသူတွေက ဝချင်တတ်ကြသည်။ဝချင်လွန်းလို့ အအိပ်အစားကို မှန်မှန်လေ့ကျင့်ယူကြသည်။ဝချင်သောကြောင့် ကျင့်ယူကြသည်။တစ်ချို့ဝသူတွေက သူတို့ဝသောခန္ဓာကိုယ်ကို ပိန်အောင် ညနေစာ အစားမစားဘဲ လေ့ကျင့်ယူကြသည်။နောက်လေ့ကျင့်ခန်းတွေနဲ့ ပိန်အောင် လုပ်ယူကြသည်။အယ် ဝတဲ့သူတွေပိန်အောင်လုပ်တဲ့နေရာမှာ မိမိတို့ကိုယ်ဟာ အရမ်းသေးလွန်းသွားပြန်ရင် မလှတတ်ပါ။အတော်အတင့်အနေအထားရှိသောခန္ဓာကိုယ်မှသာ လှပမှုကိုပေးစွမ်းနိင်ပါလိမ့်မည်။ဒါကြောင့် ဝသော ကိုကို မမများ ပိန်ချင်လို့ ညစာမစားဘဲ လေ့ကျင့်မည်ဆိုလျင် အရမ်းပိန်ပြီး သေးလွန်းလျင် မလှဘဲဖြစ်နေမည်ဖြစ်ပါကြောင်း ပြောပါရစေ။hee,hee

(စကားလက်ဆောင်)

လှူလို့မမွဲပါ။

ရွေးလွန်းလျင် မရ။

သေးလွန်းလျင် မလှ။

အစဉ်ကြိုးစားလျက်
Author tunnaingwin
Msc.100

Sort:  

လှလို့. ဝလို့ စကားသာရှိပ နော့

ဟုတ်တယ်အကို။ဝလို့လှတာဘဲရှိတယ်။ပိန်လို့လှတာတော့ မကြားဖူးသေးဘူး

အဟိ ဝလာလို့ ညစာမစားပဲနေမို့ ပြန်စားဘီလေ အဟေး😁😁

ဟီးဟီး မစားဘဲမနေနဲ့အုန်း။

သမီး လူဝလေး တျောက်ပါ

ဝတဲ့အတိုင်းဘဲနေပါ။လှချင်လို့ ပိန်အောင်မလုပ်နဲ့နော်မစု

Congratulations @tunnaingwin! You have completed the following achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes received

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do not miss the last post from @steemitboard:
SteemitBoard and the Veterans on Steemit - The First Community Badge.

Do you like SteemitBoard's project? Then Vote for its witness and get one more award!

မှန်သောစကားလက်ဆောင်များပါ

ဟုတ် သိသလောက်တတ်သလောက်ရေးထားပါတယ်

လူမှုဥပဒေသလေးတွေကို ကြိုက်လွန်းလို့ မလွတ်အောင်လိုက်ဖတ်နေရသူပါ။အားပေးနေပါ့မယ်။လေးစားလျက်

ခုလိုအားပေးတာ အရမ်းကျေးဇူးတင်ပါတယ်

သိမှတ်​ဖွယ်​ယာ လူမှူဥပ​ဒေသ
အပိုင်း၁၇ ​တောင်​​ရောက်​ပြီ​လေ့

ဟုတ်တယ်။အများကြီးရေးဖို့ရှိသေးတယ်

မရှိလို့ မလှူ မလှူလို့ မရှိ
လှူလို့မမွဲ မွဲလို့မလှူ

ဟုတ်တယ်ဗျာ။အယ်လိုပြောရတော့မဲ့အခြေအနေဘဲ

အပိုင်း အတော်ရောက်နေပြီပဲနော် ကိုအေးချမ်း

ဟုတ်တယ်ကိုစော။အများကြီးရေးဖို့လိုသေးတယ်ကိုစော

ဖတ်ရတာလူငယိတွေတွက်စိတ် အဟာရဖြစ်စေတယ်ဗျာ

ကေိးဇူးပါ။ကြိုးစားပြီးရေးနေပါတယ်

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.028
BTC 63099.80
ETH 2455.59
USDT 1.00
SBD 2.58