သိမှတ်ဖွယ်ရာ လူမှုဥပဒေသများ(၁၁)

in #myanmar6 years ago (edited)

သိမှတ်ဖွယ်ရာ လူမှုဥပဒေသများ(၁၁)

image

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ။
ဘုရား တရား သံဃာ ရတနာ မြတ်သုံးပါးနှင့် မိဘ ဆရာတို့ကို ဦးထိပ်ထား၍ ရေးသားခြင်းဖြစ်ပါသည်။

ဒီတစ်ပတ်ကတော့ ဥပဒေသလေးတွေရေးပြီး အသိပညာတွေပေးချင်တယ်။ဒါကြောင့် သိမှတ်ဖွယ်ရာ လူမှုဥပဒေသလို့ ခေါင်းစဉ်ပေးထားပါတယ်။ထိုဥပဒေသလေ့တွေကို လေ့လာပြီး စာဖတ်သူအားလုံးအတွက် အသိပညာတိုးပါစေ။ဝေဖန်အကြံပေးကြပါ။

#စာများများဖတ်ပါ။
image
ခုခေတ် လူငယ်တွေ စာဖတ်အားအရမ်းနည်းတယ်။ဘာကြောင့်စာဖတ်ခိုင်းတာလဲ။စာဖတ်ခိုင်းတာ အကြောင်းရှိပါတယ်။နောက် စာမဖတ်တဲ့သူ စာမဖတ်တဲ့နိင်ငံတွေဟာ ဘယ်တော့မှ တိုးတတ်မှာမဟုတ်သလို အသိပညာလည်း နည်းမှာ ဖြစ်ပါတယ်။ဒီတစ်ခုထဲတော့မဟုတ်ဘူး။မအ အောင်လို့စာဖတ်ခိုင်းတာ။တို့ဗမာတွေ စာမဖတ်ရင် အသိပညာမရှိဘဲ အ သွားမှာဖြစ်ပါလိမ့်မည်။ခေတ်နဲ့အညီ တိုးတတ်နေတဲ့အချိန် အခွင့်အလမ်းတွေများများရရှိတဲ့အချိန်တွေမှာ အချိန်ကိုအလကားမဖြစ်စေအောင် စာဖတ်ခြင်းအလေ့အထကို ပြုလုပ်စေချင်တယ်။ခုခေတ်မှာ ကျောင်းပညာရေးဆို အဆင့်မြင့်သလို အေးအေးချမ်းချမ်းနဲ့သင်နေရတယ်။ဟိုအရင်ခေတ်က စစ်ဘေး သူခိုး ဖက်စစ်ဂျပန်တွေကြောင့် စာသင်ချင်သူများလည်း ကောင်းကောင်းမသင်ရသလို စာမတတ်၍ သူကျွန်ဘဝကိုရောက်ခဲ့တာကို သတိပြုပါ။မိမိတို့ မအ ကြအောင် ခုခေတ်အချိန်အခါမှာ စာများများဖတ်ပါလို့ပြောကြားပါရစေ။

#တစ်နေ့ ဘုရား(၃)ကြိမ် ဝတ်ပြုပါ။

image
ခုလိုဘာကြောင့် ဘုရားရှိခိုးခိုင်းတာလဲ။ဘုရားရှိခိုးခြင်းရဲ့အကြောင်းအကျိုးတွေအများကြီးရှိပါတယ်။ခုဆို သာသနာထွန်းကားသောအချိန်ဖြစ်ပြီး တရားစခန်းတွေ နေရာအနှံမှာဖွင့်ကြ ဟောပြောကြတာတွေ လုပ်ကြသည်။ဘုရားရှိခိုးရင် ဥာဏ်ပညာထက်မြတ်ပြီး မိမိရဲ့စိတ်ဟာ နုညံ့လာကား နတ်ကောင်းနတ်မြတ်တွေလည်း စောင့်ရှောက်ပါတယ်။နောက် ဖြူးဆရာတော်ငယ်ငယ်က ဟောထားတဲ့တရားလေးကို သတိရမိတယ်။ဆရာတော်က ဘယ်လိုဟောထားသလဲဆို အမေရှိခိုးမအိပ်တဲ့သူ ခွေအိပ်ခြင်းနဲ့တူတဲ့ဗျာ။ဆရာတော်က ရှင်းရှင်းဘဲဟောတယ်။နောက်သူဆီလာလှူကြတဲ့ဒါယကာ ဒါယကာမတွေကို မေးကြသေးတယ်။ဒါယကာတို့မှာ မိဘတွေသက်ရှိထင်ရှားရှိသေးသလဲ။နောက်ပြီး မိဘတွေကို ဘုန်းကြီးကို လာမလှူခင် လှူခဲ့သေးလား စသောအမေးများမေးပြီး မလှူရသေးရင် အလှူကိုလက်မခံဘဲ မိဘတွေကို အရင်လှူု ပြီးမှ ဆရာတော်က လာလှူခိုင်းတယ်။နောက်တစ်နေ့ ထမင်း(၃)ကြိမ်စားရင် ဘုရား(၃)ကြိမ် ဝတ်ပြုသင့်ကြောင့် ထမင်းစားနိင်ရင် ကုသိုလ်ရသော ဘုရားတရားကိုလည်း ထပ်တူထပ်မျှလုပ်နိင်ရမည်ဟုဟောကြားတော်မှုတယ်။ဒါတွေဟာ အမှန်ဘဲလေ။နောက်ခုခေတ်လူငယ်တွေ ကုသိုလ်ရေထက် အကုသိုလ်တွေလုပ်ကြ ဘုရားမှန်မသိ ဖြစ်နေကြတာ အရမ်းကြောက်စရာကောင်းပါတယ်။ဒါကြောင့်ဘုရားမရှိ တရားမရှိဖြစ်ပြီး လူသတ်မှု မုဒိန်းမှုတွေ အများအပြားပေါ်ပေါက်လာတယ်။သို့ဖြစ်ပါသောကြောင့် ဘုရားရှိခိုးပါလို့ပြောပါရစေ။

#မိဘကိုရော လုပ်ကျွေးပြီးပြီးလား
image
မိဘဆိုတာ ငယ်ငယ်တုန်းက သားသမီတွေအပေါ် စေတနာ မေတ္တာထားကား လူလားမြောက်တဲ့အရွယ်ထိ ပင်ပန်းဆင်းရဲကြီးစွာ လုပ်ကျွေးတဲ့သူပါ။မငြိုမငြင် အပြုံးမပျက်ဘဲ သားသမီးများကို ပညာတတ်ဖြစ်အောင် ပြုစုပျိုးထောင်ခဲ့သော သူတွေဖြစ်ပါသည်။သားသမီးများအပေါ် နွေးထွေးသောရင်ခွင်နဲ့ ထိန်းကျောင်းပြီး လူလောက ဘဝထဲကို လူဝင့်ဆန့်အောင် ပြုလုပ်ပေးသူတွေ ဖြစ်ပါသည်။မိဘကျေးဇူးကို ပြောမယ်ဆို ပြောလို့မဆုံးတော့ပါ။သားသမီးတွေအနေနဲ့ ပညာလေးတတ်လာရင် မိဘတွေကို လုပ်ကျွေးရ ကောင်းမှန်း မသိ။မိဘတွေအပေါ် ကျေးဇူးဆိုတာ မေ့သွားတတ်တယ်။ပညာတတ် ဘွဲ့ရ မိမိခြေထောက်ပေါ်ရပ်နိင်ရင် မိဘတွေကို မထီလေးစားပြုလာကြသည်။မိဘကိုတစ်နှစ်လောက် လုပ်ကျွေးတာကို တာဝန်ကျေပြီးလို့ထင်ကြတယ်။သို့သော် မိဘတွေက သူတို့အပေါ် နှစ်(၂)ဆယ်လုံးလုံး ပြုစုပျိုးထောင်ပေးတာကို မသိ။ပညာစုံရင် ကြင်ယာစုံရမည်ဟုသဘောထားကြသည်။မိဘကို လုပ်မကျွေးဘဲ ကြင်ယာကို ရှာတတ်ကြသည်။ ကြင်ယာက ဘယ်အချိန်ရှာရှာ ရှာလို့ရပါသည်။မိဘက အသက်အရွယ်ကြီးလာပြီးဖြစ်သောကြောင့် မိညကိုအရင်လုပ်ကျွေးပါလို့ပြောရင် သတိပေးလိုက်ပါသည်။

(စကားလက်ဆောင်)

စာများများဖတ်ပါ။

တစ်နေ့ ဘုရား(၃)ကြိမ် ဝတ်ပြုပါ။

မိဘကိုရော လုပ်ကျွေးပြီးပြီးလား။

အစဉ်ကြိုးစားလျက်
Author tunnaingwin
Msc.100

Sort:  

ဒီအပတ်အတွက် မိဘတွေကို သက်ရှိထင်ရှားရှိစဉ် ဂရုတစိုက် ကျွေးမွေးပြုစုကြဖို့ နဲ့ တစ်နေ့ဘုရား (၃)ကြိမ်ရှိခိုးကြဖို့ စသော အရာလေးတွေကို တိုက်တွန်းပေးထားတာ ကောင်းမွန်လှပါတယ်။မဖြစ်မနေလုပ်သင့်တဲ့အရာလေးတွေဖြစ်ပါတယ်။ကြိုးစားလိုက်နာပါ့မယ်အစ်ကို။လေးစားလျက်

ဟုတ်ခုလိုကြားရတာ အားဖြစ်စေပါတယ်

အမအမေ့ကိုဒီနေ့အထိပြုစုခွင့်ရနေပါသည်တနေ့နှစ်ကြိမ်ဘုရားရှိခိုးမေတ္တာပို့ပါသည်

သာဓုသာဓုသာဓု

အချက်သုံးချက်စလုံး ဆောက်ရွက်ရမှာပါ

ဟုတ်ကဲ့ပါအန်တီ

လုပ်သင့်သောအရာများအားချပြတိုက်တွန်းမှုကောင်းမွန်လှပါတယ်။ ဘုရားရှစ်ခိုးတရားထိုင်ပါတယ်။မိဘကို လစဉ်ထောက့်ပန့်ပါတယ်။

သာဓု သာဓု သာဓု

ကိုအေးကြီး ပင်လယ်ထွက်နေတာလား ပျောက်ချက်က

ရန်ကုန်ရောက်နေပြီးမဆုရေ။

Congratulations @tunnaingwin! You have completed the following achievement on Steemit and have been rewarded with new badge(s) :

Award for the total payout received

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do not miss the last post from @steemitboard:
SteemitBoard World Cup Contest - The results, the winners and the prizes

Do you like SteemitBoard's project? Then Vote for its witness and get one more award!

မိဘက ကျွန်​မအတွက်​ အဓိက

မှန်တာပေါ့ဗျာ

သိပ်ကောင်းတာပဲ
မိဘတွေရှိစဉ်က လုပ်ကျွေးပြီးပါပြီ
စာလဲဖတ်ပါတယ်
ဘုရားတော့တစ်နေ့တကြိမ်ပဲရှိခိုးဖြစ်တယ်

ခုလိုကြားရတာဝမ်းသာပီတိဖြစ်စေပါတယ်

သိမှတ်​ဖွယ်​ရာများနှင့်​ဗဟုသုတရ​စေပါတယ်​...​ကျေးဇူးပါ....

ဟုတ်ကဲ့ပါ

တန်‌ဘိုးရှိ‌သော အမြဲလိုက်‌နာသင့်‌‌သော Post ‌ကောင်းတစ်‌ခုပါ။

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.029
BTC 62497.97
ETH 2428.72
USDT 1.00
SBD 2.65