သိမှတ်ဖွယ်ရာ အသိပညာ(၇)

in #myanmar6 years ago

သိမှတ်ဖွယ်ရာ အသိပညာ(၇)

image

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ။
ဘုရား တရား သံဃာ ရတနာ မြတ်သုံးပါးနှင့် မိဘ ဆရာတို့ကို ဦးထိပ်ထား၍ ရေးသားခြင်းဖြစ်ပါသည်။

ဒီတစ်ပတ်ကတော့ သိမှတ်ဖွယ်ရာ အသိပညာတွေရေးပြီး အသိပညာတွေပေးချင်တယ်။ဒါကြောင့် သိမှတ်ဖွယ်ရာ အသိပညာများလို့ ခေါင်းစဉ်ပေးထားပါတယ်။ထိုသိမှတ်ဖွယ်ရာ အသိပညာများကို လေ့လာပြီး စာဖတ်သူအားလုံးအတွက် အသိပညာတိုးပါစေ။ဝေဖန်အကြံပေးကြပါ။ သိမှတ်ဖွယ်ရာ အသိပညာများလို့ ခေါင်းစဉ်ပေးထားပါတယ်။ထိုအသိပညာတွေကို လေ့လာပြီး စာဖတ်သူအားလုံးအတွက် အသိပညာတိုးပါစေ။ဥာဏ်များထက်မြတ်ပါစေ။

ကြောက်လျှင် လွဲ
image
ကြောက်လျှင် လွဲဒီစကားလေးဟာ အလုပ်တစ်ခုကို တွန့်ဆုတ်တွန့်ဆုတ် လုပ်နေသောသူအတွက် ပြောဆိုထားခြင်းဖြစ်သည်။မိမိတို့အနေနဲ့ အလုပ်တစ်ခုလုပ်ရင် မိမိကိုယ်ကို ယုံကြည်မှု ရှိဖို့လိုသည်။ထိုသို့ ယုံကြည်မှုမရှိပါက အလုပ်လုပ်ရာတွင် မအောင်မြင်နိင်ပေ။မိမိကိုယ်ကို ယုံကြည်မှုမရှိတဲ့အတွက် တွန့်ဆုတ် တွန့်ဆုတ်ဖြစ်ကာ ကြောက်စိတ် ဝင်လာပြီး အခွင့်အလမ်းနဲ့ လွဲတတ်ပါသည်။ကြောက်စိတ်သည် မိမိကိုယ်ကို မယုံကြည်သူများအတွက် ဖြစ်ပေါ်လာကြောင်း ပြောပါရစေ။

ကြောက်လျှင် လာဘ်လွဲ
image
ကြောက်လျှင် လာဘ်လွဲဒီစကားဟာ လူပျော့ လူညံ့တွေအတွက် ပြောလိုခြင်းဖြစ်သည်။အရာရာတိုင်း ကြောက်ရွံ့နေလျှင် မိမိအကျိုးစီးပွား ပျက်တတ်ပါသည်။တစ်ချို့ ကိစ္စများပို ရဲရဲရင့်ရင့် ဆုံဖြတ်ပြီး လုပ်ပါ။ထိုသို့ လုပ်လျှင် မိမိအတွက် လာဘ်လာဘရမည်မလွဲပါပေ။ကြောက်သင့်ကြောက်ထိုက်သောအရာကို ကြောက်ပါလို့ပြောပါရစေ။

ရဲလျှင် မင်းဖြစ်
image
ဒီနေ့ တင်သော ခေါင်းစဉ်စာသားလေးတွေက ဆင်တူယိုးမှားလေးတွေဖြစ်ပါသည်။ကြောက်လျင် လွဲ ၊ ရဲလျင်မင်းဖြစ်ဆိုသော် စကားလေးကို မကျဉ်းမကျယ် ချဲ့ကာရေးသားထားခြင်းဖြစ်သည်။အရာရာတိုင်း ရဲလျှင်လည်း မဖြစ်သလို ကြောက်ရွံ့ကာ တွန့်ဆုတ် တွန့်ဆုတ်လုပ်နေရင်လည်း အကြီးအကဲမဖြစ်ပါ။ရဲသင့်သောနေရာမှာ ရဲပြီး ကြောက်သင့်သောနေရာမှာ ကြောက်ကာ နေရာမှန် အချိန်မှန်ဖို့လိုကြောင့် မိမိဥာဏ်နဲ့ စဉ်းစားဆုံးဖြတ်ကြပါလို့ ပြောပါရစေ။

အစဉ်ကြိုးစားလျက်

Author tunnaingwin

Msc.100

Do you use eSteem?
‌eSteem is a Mobile📱& PC💻 app. for Steem with great features. Also, you get Incentives posting through eSteem apps. nnnwwwwwwww

eSteem Spotlight; eSteem provides rewards for it top users in Leader Board with most Posts, Comments and Highest Earners.

Download eSteem for your Mobile📱
Android devices Google Play Store
IOS devices Apple StoreDownload eSteem Surfer for your PC💻
Available for all OS GithubJoin eSteem Discord https://discord.gg/UrTnddTJoin eSteem Telegram http://t.me/esteemappProud to be a member of The Steemians Directory
Join eSteem Community

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

ကြောက်တတ်သူတွေ မိန်းမချောလေးတွေနဲ့ လွဲတယ်တဲ့

ဟငဟု မှတ်ထားမယ်အကိုရေ

Posted using Partiko Android

အသိပညာတိုးပါတယ်​...​ကျေးဇူးပါ...

Posted using Partiko Android

thank u@aster

Posted using Partiko Android

ဗဟုသုတရလို့​ကျေးဇူးပါ

အစဉ်ကြိုးစားလျက်ပါ

Posted using Partiko Android

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 58194.53
ETH 2364.50
USDT 1.00
SBD 2.37