မိုးများရွာသွန်းခဲ့သောကြောင့် ရင်၌ဖြစ်ပေါ်ခဲ့ရသော အတွေးစလေးအချို့ ( ၂ )

in #myanmar8 years ago (edited)

မိုးများရွာသွန်းခဲ့သောကြောင့် ရင်၌ဖြစ်ပေါ်ခဲ့ရသော အတွေးစလေးအချို့ ( ၂ )
အပိုင်း(၁)၏linkပါခင်ဗျာ https://steemit.com/myanmar/@thura/moundefinedyayathynkhe-ethundefinedyakang-yang-yapasep-khe-yaethaaety-selaundefined-i-1-201814t257893z
အထက်၌ချပေးထားသောlinkသည် မိုးများရွာသောနေ့များ၌ ရေးသားတင်ပြခဲ့သောအကြောင်းအရာလေးဖြစ်ပါတယ်ခင်ဗျာ။မဖတ်ရသေးသောသူများ အလွယ်တကူဖတ်ရှု ခံစားနိုင်ဖို့အတွက် ၎င်းlinkကိုချပေးထားခြင်းဖြစ်ပါတယ်။ကျွန်နော်သည် အပိုင်း(၁ )၌ဆက်၍တင်ပြခွင့်ပြုပါလို့ တောင်းဆိုထားခဲ့သော်လည်း အကြောင်းအမျိုးတို့ကြောင့် ရေးသားတင်ပြနိုင်ခြင်းမရှိခဲ့ပဲ အချိန်တွေကြာလို့သွားခဲ့ရပါတယ်ခင်ဗျာ။ထို့ကြောင့် ၎င်းအပိုင်းဆက်အား ပြီးဆုံးသွားသည်အထိ ထပ်မံ၍ရေးသားကာ တင်ပြချင်သောစိတ်သည် ရင်၌ဖြစ်ပေါ်လာခဲ့ခြင်းကြောင့် ဆက်၍ဖတ်ရှုပေးကြပါလို့ တောင်းဆိုပြောကြားရင်း ယခုလိုရေးသားတင်ပြလိုက်ပါတယ်ခင်ဗျာ။
image
ကျွန်နော်သည် အပိုင်း(၂)ကိုရေးသားတင်ပြနိုင်ရန်အတွက် အလုပ်အားေးသာနေ့ တစ်ရက်၌နံနက်မိုးသောက်အလင်းရောင်တို့သည် ဒီနေ့မနက်ခင်း၌ စောစောထွက်ပေါ်လို့ လာခဲ့ပါပြီ။ကျွန်နော်သည် မနက်မိုးလင်းလို့ နေရောင်ခြည် စထွက်ပေါ်လာသောအချိန်၌ အိပ်ရာမှနိုးထလာပါတော့သည်။နိုးထလာခြင်းနှင့်အတူ ကျွန်နော်၏ စဉ်းစားတွေးတောခြင်းတွေနှင့်အတူ စိတ်များကိုအတွေးနယ်မြေချဲ့ထွန်းကြည့်လိုက်သောအခါ၌ ပြီးခဲ့သောဆယ့်ငါးရက်ခန့်က မိုးများရွာသွန်းခဲ့သည်ကို ပြန်လည်အောင်းမေ့သတိရမိပါလေတော့သည်။( အော် ) မိုးများရွာခဲ့သောနေ့က ငါ၏မပြီးဆုံးသေးသောအပိုင်းဆက်အား ထပ်မံတင်ပြရန် ကျန်ရှိလို့ နေပါသေးလားနော် )ဆိုပြီးတော့ သတိရမိလိုက်သောအခါ ကျွန်နော်ထိုင်နေကြဖြစ်သော စာရေးစာပွဲခုံသို့ ခြေလှမ်းများနှင့်အတူ အတွေးစလေးသည် လိုက်ပါလာခဲ့တော့လေသည်။
ကျွန်နော်သည် စာရေးစာပွဲခုံသို့ ရောက်ရှိသောအခါ၌ အဆင်သင့်ရှိနေသော ထိုင်နေကြ ထိုင်ခုံလေးပေါ်တွင် ညင်သာစွာထိုင်ပြီ တွေးမိလိုက်သောအတွေးစလေးကို ဆက်၍နယ်မြေထပ်ချဲ့လိုက်သောအချိန်၌ မည်သည့်အကြောင်းကနေစ၍ ရေးချဖွဲ့နွှဲ့ကာ တင်ပြရမည်ကို ခက်ခဲစွာနဲ့ အချိန်ကြာသည်အထိ စဉ်းစားနေမိပါသည်။ထိုအချိန်၌ ကျွန်နော်၏ ဦးနှောက်မှတ်ဥာဏ်မှ ရုတ်တရက်ထွက်ပေါ်လာသော အတွေးစိတ်ကူးသည် ယခုချိန်အခါ၌ ကျွန်နော်နေထိုင်လှုပ်ရှားရုန်းကန်နေသော မူဆယ်မြို့ရှိ ကျွန်နော်အခန်းငှား၍ နေထိုင်သောအိမ်ဝန်းထဲသို့ မိုးကောင်းကင်မှာမိုးရေများ ရွာချလိုက်လျှင် သိပ့်ကောင်းမှာပဲဟု စိတ်ဖောက်ပြန်သော အရူးစိတ်အတွေးတစ်ခု ရင်၌ဖြစ်ပေါ်လာခဲ့ပါသည်။
image
(အဘယ်ကြောင့်ထိုစိတ်မျိုးဖြစ်ပေါ်လာခဲ့ရသည့် အဓိကအကြောင်းရင်းမှာ …………ကျွန်နော်၏စိတ်ခံစားမှုသည် မိုးများရွာသွန်းသောနေ့က ရေးဖွဲ့သီကုံး၍တင်ပြခဲ့သည့် ဤအပိုင်းဆက်ကိုပြီးဆုံးအောင် တင်ပြနိုင်ဖို့ {အပြင်လောက၌ ထပ်မံ၍ မိုးရွာသွန်းနေသည်ကို မြင်တွေ့ခံစားနိုင်မှသာ }မိုးရွာခြင်းကြောင့် နှလုံးအိမ်၌ဖြစ်ပေါ်လာသော ခံစားမှုကို ဦးနှောက်သို့ဆက်သွယ်၍ လက်ချောင်းလေးပေါ်သို့ စာရေးရာ၌ အသုံးပြုသော ဘောလ်ပင်ချောင်းလေးကိုကိုင်ကာ ဗလာစာအုပ်၏ စာရွက်ဖြူဖြူလေးပေါ်သို့ ရင်၌ထွက်ပေါ်လာသောစကာလုံးအစုစုတို့ကို ရေးဖွဲ့သီကုံးပြီး အပြင်လောက၌ အလုပ်အကိုင်လေးအစဉ်မပြေခင်က ငွေကြေးအခက်အခဲတွေ့ကာmyanmarsteemit၌ စာရေးသားတင်ပြခြင်းကြောင့် ရရှိလာသော ငွေစအချို့ကိုရောင်းချပြီး ဝယ်ယူခဲ့ရသော ကျွန်နော်ပိုင်ဆိုင်သည့်တက်ပလပ်အသစ်စက်စက်ပေါ်၌ စာများအခက်အခဲမရှိ အလွယ်တကူရိုက်၍ တင်ပြနိုင်တော့မည်ဖြစ်သည်။)
image
ထို့ကြောင့်ကျွန်နော်၏ ဆက်မရသော ၎င်းအပိုင်းဆက်ကို တစ်ချိန်တုန်းက မိုးများရွာသောနေ့များတွင်အပြင်အလုပ်လေး အားလပ်သောနေ့များ၌ ကျွန်နော်၏ ပြုမှုဆောင်ရွက်တက်သော အကျင့်စရိုက်လေးတစ်ခုကို အစပြု၍ ရေးသားတင်ပြလိုက်ပါရစေခင်ဗျာ။ကျွန်နော်၏အတွေးစတို့နှင့်အတူ စာရေးစာပွဲခုံနှင့်အနီးဆုံးဖြစ်သော ပြတင်းပေါက်ဝဆီသို့ ရုတ်တရက် မော့ကြည့်မိလိုက်စဉ် မျက်လုံးအိမ်က ကောင်းကင်ယံထက်သို့မော့ကြည့်နေရင်းနှင့် ဖြတ်ခနဲဝင်လာသော အတွေးစိတ်ကူးအမြင်အာရုံသည်က ပြီးခဲ့ပြီးသည်ဖြစ်သော မိုးရာသီကာလတစ်ခု၏ နေ့လေးတစ်ရက်ကို အမှတ်ရမိလိုက်ပါတော့သည်။ထိုနေ့လေးတွင် ကျွန်နော်ငှားရမ်းပြီးနေထိုင်သော အိမ်အပြင်ဘက်၌ မိုးများရွာသွန်းခဲ့လေသည်။
image
လူဘောင်လောကတခွင်ကို စိမ်းလမ်းစိုပြေနိုင်ဖို့ အမြဲသန့်ရှင်းအောင် ဆေးကြောပေးနေတက်သော မိုးရေတို့နှင့်အတူ ကျွန်နော်၏ လွမ်းသောစိတ်တွေသည်လည်း ထိုစဉ်ချိန်အခါ၌ တစ်ခုခုကိုသတိရနေမိသည်။အိမ်အပြင်၌ မိုးများရွာနေသောကြောင့် ထိုင်းမှိုင်းနေသည့်စိတ်ကို ဖြောက်ဖျက်ပစ်နိုင်ရန် အကျိုးရှိစေနိုင်သောအရာတစ်ခုခုကို လုပ်ကိုင်ဆောင်ရွက်မှသာ အဆင်ပြေနိုင်တော့ပေမည်။ထို့ကြောင့် ထိုနေ့တစ်ရက်၌ ကျွန်နော်သည် မည်သို့သောလုပ်ကိုင်ဆောင်ရွက်မှုတွေနဲ့ ၎င်းတစ်နေ့သာအချိန်တွေအား မည်သို့သောအကျိုးရလဒ်တွေနှင့် ကုန်ဆုံးသွားမည်လည်းဆိုသည်ကို ငှား၍နေထိုင်သောအခန်းကျဉ်းလေး၏ ပြတင်းပေါက်မှနေ၍ ယူဇနာပေါင်းမြောက်များစွာ ဝေးကွာလွန်းလှသည့် မိုးကောင်းကင်ကြီးကိုငေးမော၍ ကြည့်ကာ အကြံထုတ်နေမိပါတော့လေသည်။
image
ဆက်၍ရေးသားဖွဲ့နွဲ့ခွင့်ပြုပေးပါဦးခင်ဗျာ………………………
author:@thura
photo:my
msc:066

Sort:  

ဖတ်​ခဲ့ပီး good

ဟုတ်ကဲ့မမလေး
သတိရလျက်(သူရ)

စိတ်ဖောက်ပြန်သော အရူးစိတ်အတွေးကို ဖတ်မိကတည်းက ပြုံးခဲ့ရပါတယ်ဗျ ကိုသူရ

အေးဗျာ ကျွန်နော်လည်းဆက်ရန်ကျန်ရှိနေသေးတော့
ပေါ်လာတဲ့အတွေးစလေးကနေအဆင်ပြေအောင်တော့
ရေးတက်သလိုလေးရေးချလိုက်တော့တာပဲဗျာ
ဖတ်ရတာအဆင်ပြေကြောင်းသိလိုက်ရလို့ဝမ်းသာမိတယ်ဗျ(သူရ)

မိုးရွာ မှခံစားသီဖွင့်ချင်တယ်ဆိုတော့ မိုးရွာထဲမှာအသဲကွဲဖူးတယ်ဟုတ်

အယ် ဘယ်လိုပြောရမလဲ
ရင်တွင်းဖြစ်တွေထွက်ကုန်တော့မယ်
အသဲကွဲခဲ့ဖူးတာလေးရေးဦးမယ်
မိုရွာတော့သတိရမိတာပေါ့
နှင်းတွေကျနေတာမြင်တော့ လွမ်းမိတာပေါ့
နွေရောက်ရင်ငါ့ရင်တွေပူလွန်းလို့ရေးခဲရေသောက်နေရတယ်
ရင်တွေပိုပူလာတယ်ဟယ်(သူရ)

Nice postပါဗျာ ဖတ်ရတာကောင်းပါတယ်

အားတွေရှိအောင်ပြောသွားတယ်
ဆက်ရေးမယ်ဗျို့(သူရ)

This post has received gratitude of 0.84 % from @appreciator thanks to: @thura.

ဟုတ်ကဲကိုကိုgood(သူရ)

yes'thanks you(thura)

ဖတ်​လို့​ကောင်းပါတယ်

ဖတ်ကောင်းတယ်ဆိုဆက်ရေးတော့မယ်ဗျို့(သူရ)

ကောင်းတယ် ဖက်ရတာ ငြိမ့်နေတာဘဲ ကိုသူရရေ

ဟဲဟဲ
ကိုသာအေးရေးသားမှုလေးတွေကိုတော့မမှီနိုင်သေးဘူးဗျ
မျှော်တော်မှုကြီး ပေါ်လာပြန်တော့
ငါ၏ခွန်အား တစ်ဝက်ပြည့်လေသည်
ခင်မင်ရင်းနှီးစွာဖြင့်(သူရ)

မိုးတွေရွာလာအုံးမယ်နဲ့တူတယ်။

ဒီကရွာစေချင်နေတာ
ဒါမှနောက်ထပ်အပိုင်းဆက်လေးမပိုမိုလှပအောင်ရေးဖွဲ့နိုင်မှာဗျ
အိမ်ဝန်းထဲရွာချစေချင်နေတာပါဗျာ(သူရ)

Coin Marketplace

STEEM 0.09
TRX 0.32
JST 0.030
BTC 112450.36
ETH 3823.08
USDT 1.00
SBD 0.67