မိုးများရွာသွန်းခဲ့သောကြောင့် ရင်၌ဖြစ်ပေါ်ခဲ့ရသောအတွေး စလေးအချို့( ၁ )

in #myanmar7 years ago (edited)

မိုးများရွာသွန်းခဲ့သောကြောင့် ရင်၌ဖြစ်ပေါ်ခဲ့ရသောအတွေး စလေးအချို့( ၁ )
ကျွန်နော်နေထိုင်သော ရှမ်းပြည်နယ်မြောက်ပိုင်း မှုဆယ်ဆိုသော နယ်စပ်မြို့လေး၌ မနေ့ကမိုးရွာခဲ့တယ်ဗျ။
အင်္ဂါနေ့၌ရွာသွန်းခဲ့သော မိုးတို့သည် ဗုဒ္ဓဟူးနေ့အထိ မရပ်မနားရွာခဲ့ပါသည်။ဒီနေ့လေး၌ တိုက်ဆိုင်စွာဖြင့် ကျွန်နော်အလုပ်နားတဲ့ရက်နဲ့ မိုးရွာသောရက်လေးနှင့် ဆုံနေသောကြောင့် စာရေးတဲ့အလုပ်လေးမှလွဲ၍ အရေးကြီးသောကိစ္စ မရှိခြင်းကြောင့် ဦးနှောက်နဲ့ စိတ်၏ပင်ပန်ခြင်းတွေအတွက် ဖြေဖျောက်သည့်အနေဖြင့် အားလပ်ရက်လေး၌ သွားနေကြ လဖ္ဘက်ရည်ဆိုင်ကို သွားထိုင်၍ အချိန်ဖြုန်းနေချင်ပါသော်လည်း ရွာနေသောမိုးစက်မိုးပေါက်တို့ကြောင့် တွေဝေစိတ်တွေကဖြစ်ပေါ်လိုနေပါသည်။တွေဝေနေသောစိတ်တို့ကို တည့်မက်ကာ ထိုင်နေကျ စာရေးစားပွဲသို့ လျှောက်လှမ်းလို့လာခဲ့ပြီးနောက် အသင့်ဖြစ်နေသော ထိုင်ခုံလေးတွင် အတွေးစလေးတစ်ခုနဲ့အတူ ထိုင်ချလိုက်ပါတော့သည်။ကျွန်နော်တွေးမိလိုက်သောအတွေးစသည် မိုးရွာနေခြင်းကြောင့် ဖြစ်ပေါ်လာခဲ့ရခြင်းကြောင့် မိုးနဲ့ပတ်သတ်သောအကြောင်းမှလွဲ၍ ကျန်တာမရှိပေ။ထို့နောက် မိုးရွာခြင်းကြောင့် ရင်၌ဖြစ်ပေါ်လာသော ခံစားမှုကို ရေးဖွဲ့တက်သလိုလေးသာ ရေးသားတင်ပြလိုက်ပါတယ် ချစ်သော myanmar steemit ကြီးခင်ဗျာ…………………
image
လူဟုခေါ်ဆိုသောသတ္တဝါတို့သည် နှလုံသားကို အရင်းပြု၍ ရှင်သန်နေထိုင်ကြပါတယ်လို့သာ ကျွန်နော်လက်ခံယုံကြည်ထားပါတယ်ဗျာ။ထို့ကြောင့် ကျွန်နော်၏နှလုံသားသည်လည်း ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းနှင့်အတူ စိတ်တို့သည် ရွာနေသောမိုးကြောင့် သူ၏ဆွဲဆောင်ရာနောက်သို့ အတွေးစတို့သည် တစ်ချိန်က အတိတ်ဆိုသော ငယ်ရွယ်စဉ်ချိန်အခါ ကလေးဘဝ ပျော်ရွှင်စွာ ဆော့ကစားတက်သော အရွယ်ကို ပြန်၍ သတိတရဖြင့် အမှတ်ရမိပါတော့သည်။ကျွန်နော်ငယ်ငယ်တုန်းကပေါ့ ……ကလေးသဘာဝ မိုးရွာရင် ပျော်ရွှင်နေတက်သလို မိုးရေထဲမှာ ဆော့ကစားရတဲ့ အရသာကို နှစ်ခြိုက်ခဲ့ပါတယ်။မိုးရွာသောနေ့များ၌ ကျောင်းသွားရတာကို ပျင်းရိပါသော်လည်း ကျောင်းဝတ်စုံလေးကိုဝတ်ပြီး သနပ်ခါးလေးကို ပါးမို့မို့၌ လိမ်းချယ်ကာ ထီးလှလှလေးဆောင်းပြီး မိုးရေထဲ လမ်းလျှောက်သွားရတာကိုတော့ နှစ်သက်ခုန်မင်ခဲ့မိပါတယ်။ကျွန်နော်၏စိတ်သည် မိုးရွာလျှင် ကျောင်းသို့သွားချင်သော အဓိကဖြစ်ပေါ်လာသောစိတ်မှာ အိမ်မှကျောင်းသို့သွားရာ လမ်းတလျှောက်၌ သဘာဝကြောင့် ဖြစ်ပေါ်လာသော ရေဗွက်ရေအိုင် ချိုင့်ခွက်လေးတွေကို ခြေထောက်လေးနဲ့ ယှက်သန်းကာ ဆော့ကစားနိုင်သော မဟာအခွင့်အရေး တစ်ခုကြောင့်လို့ ပြောရပေလိမ့်မည်။ထိုအခွင့်အရေးက မိုးရွာလျင် ကျောင်းသို့သွားရန် ပျင်းရိတက်သော ကျွန်နော်၏စိတ်ကို စွဲဆောင်နိုင်စွမ်းရှိသည့် အဓိက အကြောင်းရင် ဖြစ်ခဲ့ရပါတယ်ဗျာ။
image
မိုးရွာသောနေ့တို့တွင် စာသင်နေရသည်ကို နှစ်သက်ခုန်မင်နေမိတာက ကျွန်နော်ပါဗျာ။ကျွန်နော်အတွက်တော့ ကျောင်းစာသင်ခန်းထဲ၌ ဆရာက အတန်းရှေ့မှ စာသင်ကြား ပြသမှုတွေနဲ့ ဆုံးမသြဝါဒ တွေကို မိုးရွာသောအချိန်များတွင် ပို၍မှတ်သားလွယ်ကူနိုင်ခဲ့ပါတယ်……လေ။ထိုသို့ဖြစ်ပေါ်လာခြင်း အကြောင်းရင်းကတော့ ကျွန်နော်၏ခန္ဒာကိုယ်သည် မိုးရွာသောအချိန်၌ လည်ပတ်နေသော သွေးတို့သည် ဆူပွက်လို့မနေ
ကျွန်နော်၏စိတ်သည်လည်း ထိုင်းမှိုင်းလေးလံနေခြင်းမရှိပဲ တည်ငြိမ်လေးနက်စွာဖြင့် ထိုအချိန်၌ ဆရာရဲ့ သင်ကြားပြသမှုတွေကို ပို၍မှတ်သား လွယ်ကူခဲ့ရပါတယ်……ဗျာ။ရွာနေသောမိုးကို နှစ်သက်မြတ်နိုးခြင်းတွေကြောင့် စိတ်အာရုံသည် ပို၍ စုစည်းနိင်သော ကျွန်နော်၏ စိတ်နေသဘောထားလေးသာ ဖြစ်ပါတယ်ခင်ဗျာ………။
မိုးရွာသောနေ့များတွင် အချို့သောသူတို့၏ စိတ်တွေသည် လေးလံထိုင်းမှိုင်းခြင်း ဖြစ်နေကြလိမ့်မည်။ပျင်းရိသော စိတ်တို့သည်လည်း ရှိကောင်းရှိနေကြလိမ့်မည်။ ကောင်းကင်ထက်မှ လူသားတို့နေထိုင်ရာ ဤကမ္ဘာကြီးပေါ်သို့ မိုးရေများ ရွာသွန်းလိုက်ခြင်းကြောင့် လူတို့၏စိတ်သည် လေးလံထိုင်းမှိုင်းနေကြမှာ မှန်ပါသော်လည်း ပျင်းရိသောစိတ်တွေကိုတော့ မည်သူကမှ ဖြစ်ပေါ်ချင်ကြလိမ့်မည် မဟုတ်ပေ…………………။
ဆက်၍တင်ပြခွင့်ပြုပေးပါဦးခင်ဗျာ။
author:@thura
msc:066
photo:my

Sort:  

မသိပုမိုးရွာရင်သရဲကားလေးကိုစောင်ကြည့်ချကြည့်ကြည့်ဖစ်ရင်မိုးအေးအေးလေးနဲ့ဂိမ်းဆော့ချင်တာဘဲသိတယ်ဟီး

အေးကွ
ငါကတော့မိုးရွာရင်လွမ်းမယ် ဆွေးမယ် သတိရတက်တဲ့အကျင့်ကတော့
ခုထိပါပဲညီရေ(သူရ)

မိုးရွာရင်အဆွေးတွေကထိပ်ဆုံးရောက်လာတာနားလည်တယ်အကိုရေမိုးရွာရင်တော်၂ဆွေးကောင်းတယ်

ဟုတ်တယ်ညီရေ

Good...​ရေးထားတာ​ကောင်းပါတယ်​...

တကယ်နော်
ဟုတ်ကဲ့ပါမမလေး(သူရ)

တော်တော်ရေးတတ်တယ် bro အားကျတယ်ဗျာ

ခုလိုပြောတာကိုသိရတော့ရေးချင်စိတ်တွေဖြစ်ခဲ့ရတယ်(သူရ)

အရမ်းကောင်းတယ်ဗျာ

ငါလဲမိုးရွာတော့
တွေးမိတွေရာ တွေကိုရေးချလိုက်တာ
ဆက်ရေးသွားမယ်(သူရ)

ဆောင်းတွင်းမှာတော့ နောက်ထပ်မိုး မရွာပါစေနဲ့တော့ ချမ်းလွန်းလို့
အားပေးနေပါတယ် bro

အေးဟ
ဟုတ်တယ်ကွ
မိုးနောက်ထပ်ရွာရင်ဒီထပ်ခိုက်ခိုက်တုန်အောင်ပိုချမ်းလာမှာဟ(သူရ)

ကိုသူရရေsteemit myanmar post
ကိုvoteပါဦး
မvoteရင်proမရပါဘူး
Fb accလေးဆက်သွယ်လို့ရအောင်ပေးပါဦး

ဟုတ်ကဲ့ခင်ဗျာ
လာခဲ့ပါ့မယ်ဗျ(သူရ)

မိုးရာသီမြုက်က်ဘူး
အဝတ်တွေတော်တော့်မခြောက်လို့

မကြိုက်တော်လည်း
လွမ်းလွန်းလို့တော့ကောင်းပါတယ်ဗျ။
အဝတ်တွေခြောက်ဖို့ကတော့
နေထွက်အောင်စောင့်နေရတယ်ဗျို့(သူရ)

မိုးရွာရင် အပြင်ထွက်ရမှာ ပျင်းတာတော့အမှန်ပဲ...
ဘာကိုလွမ်းမှန်းမသိလွမ်းတာလည်းပါတယ်..

ဟုတ်တယ်ဗျာ
ဒါပေမယ့်လွမ်းရတဲ့အရသာကတော့
လွမ်းဖူးတဲ့သူတိုင်းသိနေကြတယ်နော(သူရ)

ဟုတ်ပါ့ဗျာ... :D

ထောက်ခံသွားတယ်ဟ

အပိုင်း ၂ မျော်နေပါမယ်@thura

ရေးဖို့အားရှိသွားတယ်ဗျ(သူရ)

I support for your post

thunks ပါကိုသာရေ
ခုမှအားတွေပိုရှိသွားသလိုပဲဗျ(သူရ)

Coin Marketplace

STEEM 0.15
TRX 0.13
JST 0.026
BTC 57864.58
ETH 2697.00
USDT 1.00
SBD 2.21