ကျွန်နော်၏ ပိုင်ဆိုင်ထားသော တက်ဘလက်လေး ဖြစ်ပေါ်လာပုံ အဆင့်ဆင့် ၂

in #myanmar6 years ago (edited)

ကျွန်နော်၏ ပိုင်ဆိုင်ထားသော တက်ဘလက်လေး ဖြစ်ပေါ်လာပုံ အဆင့်ဆင့် ၂
IMG_20180128_140929.png

ကျွန်နော် မောင်သူရသည် စနေနေ့အတွက်ပရိုမိုးရှင်း၌ ပိုစ့် တင်ပြနိုင်ရန်အတွက် မည်သည့်အကြောင်းအရာများကို ရေးသားရမည်ကို ကြံစည် တွေးတော စဉ်းစားလိုက်သောအခါ စိတ်ကူးအတွေးတွေသည် စိတ်အာရုံ၌ ပေါ်လာခြင်းမရှိသောကြောင့် ကျွန်နော်၏ my blog ကိုဖွင့်ကြည့်မိလိုက်ပါတော့သည်………………………………။
ကျွန်နော်၏ my blog ကိုဖွင့်ကြည့်မိမှပဲ ဆက်ရန်ရေးသားစရာအကြောင်းများ ရှိနေသည်ကို သတိရလိုက်ပါတော့သည်………………………………။
၎င်းအကြောင်းအရာများအနက် မည်သည့်နေရက်က ရေးသား၍ တင်ပြခဲ့သည်ကို မမှတ်မိနိုင်သော ပိုစ့် တစ်ပုဒ်ကိုတွေ့လိုက်ရပါသည် ………………………………။
ရေးသားတင်ပြခဲ့ပြီးသော ဆက်ရန်ကျန်ရှိနေသေးသော ၎င်းအကြောင်းအရာ ခေါင်းစဉ်သည်က(ကျွန်နော်ပိုင်ဆိုင်ထားရှိသော တက်ပလပ်လေးဖြစ်ပေါ်လာပုံ အဆင့်ဆင့်) ဟူသောပိုစ့်လေးတစ်ပုဒ်ပင်ဖြစ်လေသည်………………………………။
IMG_20180201_015052.png

IMG_20180201_014955.png

၎င်းpostကိုဖတ်ရှုလိုပါက အောက်ပါlinkကိုနှိပ်ကာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ………………………………။

https://steemit.com/myanmar/@thura/etynena-pongsaongtaayawundefinedtha-tkplpelyapasep-lapundefined-asangsang-1-201811t14653152z

အထက်၌တင်ပြထားသောlinkသည် ကျွန်နော်အပါအဝင် g3 အဖွဲ့သားအားလုံးတို့သည် ထိုနေ့၌ ပရိုမိုးရှင်း မရရှိသော နေ့လေးတစ်ရက်ပင် ဖြစ်ခဲ့လေသည်………………………………။
အဘယ်ကြောင့် မရရှိခဲ့သည်ကိုတော့ကျွန်နော်မသိပေ………………………………။
အထက်၌ တင်ပြထားသောlink၏ အထဲ၌ပါရှိသော အကြောင်းအရာ၏ နောက်ဆက်တွဲ ဖြစ်ပေါ်လာပုံကို ဆက်၍ရေးသားတင်ပြရသော်……………
IMG_20180201_111740.png

ကျွန်နော်သည် ထိုနေ့ညက အိပ်မပျော်ခြင်း များစွာတို့နှင့် ပူလောင်မှု အကြောင်းတရားများဖြစ်ပေါ်ခဲ့ရပါသည်………………………………။
အဘယ်ကြောင့်ဆိုသော် အပိုင်း(၁)၌ ရေးဖွဲ့တင်ပြခဲ့သော ကျွန်နော်၏ လက်ကိုင်ဖုန်းသည် အမှတ်မထင် လွတ်ကျသွား၍ ဖုန်းပါဝါ ဖွင့်မရနိုင်ခြင်းတို့ကြောင့် ထိုနေညက အိပ်မရနိုင်ဖြစ်ကာ ရင်၌ ပူလောင်ခြင်းများခံစားဖြစ်ပေါ်ခဲ့သည်မှာ မနက်မိုးလင်း နေထွက်လာသည်အထိပင် ဖြစ်လေသည်………………………………။
အပိုင်း(၁)၌ ရေးဖွဲ့ တင်ပြထားသော ကျွန်နော်၏ လက်ကိုင်ဖုန်း အကြောင်းတရာသည် မြန်မာစတီးမစ် စင်မြင့်ပေါ်သို့ စာရေးခြင်း အလုပ်ကို စတင်ဝင်ရောက်၍ လုပ်ကိုင်စဉ် ကနဦးအစက ဝယ်ယူသုံးစွဲခဲ့ရသော လက်ကိုင်ဖုန်းတစ်လုံးပင် ဖြစ်လေသည်………………………………။
၎င်းလက်ကိုင်ဖုန်းသုံးစွဲလို့မရနိုင်ကာ ပျက်ဆီးသွားခြင်းကြောင့် ထိုစဉ်အချိန်က ကျွန်နော်မှာ ရုတ်တရက် အခက်အခဲ ဖြစ်ပေါ်လာခဲ့ရပါသည်………………………………။
အဘယ်သို့ ခက်ခဲခြင်းများ ဖြစ်ပေါ်ခဲ့ရသည်ကို ဆက်၍ရေးသားတင်ပြရမည်ဆိုလျှင်ဖြင့် ………
နောက်ထပ် လက်ကိုင်ဖုန်း တစ်လုံး အမြန်မဝယ်ဖြစ်ခဲ့သော် ဤစင်မြင့်ပေါ်၌ စာရေးပြီး ပိုစ့်တင်ပြနိုင်သည့် အခွင့်အရေး ရရှိလာနိုင်တော့မည်မဟုတ်ပေ………………………………။
နောက်နေ့များ၌လည်း စာရေးသား၍ ပိုစ့် တင်ပြရပေဦးမည်ဖြစ်သည်……………………………။
စာရေး၍ ပိုစ့်တင်ခြင်းအလုပ်ကို ရက်မပျက်အောင် ဆက်လက်ရေးသား တင်ပြ လုပ်ကိုင်သွားမည်ဆိုပါက လက်ကိုင်ဖုန်းတစ်လုံးကို နောက်ထပ် အမြန်ဝယ်ယူ သုံးစွဲခြင်းမှတစ်ပါး အခြားမရှိနိုင်ပေ………………………………။
ကျွန်နော်စိတ် အစဉ်က ထိုချိန်အခါတွင် ငြိမ်သက်ခြင်းမရှိသော စိတ်တို့နှင့်အတူ ပြာရာခက်ခဲ့ရပါသည်………………………………။
IMG_20180201_013859.png

IMG_20180201_013219.png

ထိုနေ့ညက အိပ်မရနိုင်ဖြစ်ခဲ့ရသောစိတ်သည် နောက်တစ်နေ့ မိုးလင်းလို့ နေရောင်ခြည်ဦး ထွက်ပေါ်လာသည်အထိ စိတ်၏ ပူလောင်မှု ခံစားချက်သည် ပျောက်ပျက်သွားခြင်းမရှိပဲ ပိုလို့တိုး၍လာခဲ့ရပါသည်………………………………။
ထိုစဉ်ချိန်အခါ ကျွန်နော်နေထိုင်သော ဘေးပတ်ဝန်းကျင်တစ်ခုလုံး၌ သာယာငြိမ့်ညောင်းသော တေးသံသာ များကို ကြားနေရပါသော်လည်း ကျွန်နော်၏ စိတ်အာရုံ၌ ထိုနေ့ညက အိပ်မပျော်နိုင်သည့် စိတ်ဒဏ်ရာများကြောင့် ခန္ဒာကိုယ်တစ်ခုလုံးသည် လန်းဆန်းတက်ကြွနိုင်ခြင်း မရှိခဲ့ပါလေ………………………။
သို့ပါသော်လည်း( လူတစ်ယောက်သည် မည်သို့သောအခက်အခဲ ဒုက္ခ ဂျောင်ပိတ်ခြင်းများနှင့် ကြုံတွေ့နေရပါစေ ထွက်ပေါက်တစ်ခုကတော့ အမြဲရှိနေတက်သည်……………………………။မျှော်လင့်ချက်မဲ့နေသော လူတစ်ယောက်ဖြစ်နေစေကာမှု သူ၏နောက်ဆုံမျှော်လင့်ချက်အနေဖြင့် သူ၏နည်းပါးလှသော အတွေ့အကြုံတို့ကို အရင်းပြု၍ ပေါ်လာသောစိတ်ကူးတစ်ခုကို ချက်ခြင်းထလုပ် ပါလိမ့်မည်……………………………။အဘယ်ကြောင့်ဆိုသော် ထိုစိတ်ကူးသည် မှားသည်ဖြစ်စေ မှန်ကန်သောစိတ်ကူးကောင်းဖြစ်စေ ထိုသူ၏ နောက်ဆုံး မျှော်လင့်ချက် အခွင့်အရေးဖြစ်နေခြင်းကြောင့် )မဟုတ်ပါလားဗျာ…………………………။မည်သူမဆို သူ၏နောက်ဆုံးမျှော်လင့်ချက်အနေဖြင့် ပေါ်လာသော စိတ်ကူး တစ်ခုခုကို ထလုပ်ပေလိမ့်မည်…………………………။
IMG_20180128_140929.png

ထို့ကြောင့် ကျွန်နော် မောင်သူရ သည် ထိုနေ့တစ်နေ့သာ နေမဝင်အချိန်ထိ လက်တလော ခက်ခဲနေသော အကြောင်းတရားများကို အဆင်ပြေအောင် ဖြေရှင်းနိုင်ရန်အတွက် မျှော်လင့်ချက်ရှိနေသေးသည်…………………………။ထိုအခက်အခဲကို အချိန်မှီ ဖြေရှင်းနိုင်ဖို့ အချိန်ရနေသေးတယ်လေဗျ…………………………။
အလျှင်အမြန်……လုပ်ဆောင်ရမည်………။
ချက်ခြင်း အချိန်မှီအောင်……ပြင်ဆင်ထားရလိမ့်မည်…………။
အချိန်စွဲကာ စဉ်းစား တွေဝေ နေလို့မရ………ပေါ်လာသော စိတ်ကူးတစ်ခုကို ချက်ခြင်းအကောင်အထည် ဖော်လိုက်မှသာ အဆင်ပြေနိုင်တော့မည်……………………………………………………။
အဘယ်ကြောင့်ဆိုသော် နေဝင်သွား၍ ည ခုနှစ်နာရီခွဲသွားပါက ထိုနေ့တစ်ရက်သာအတွက် ပို့စ် တင်နိုင်မည့်အခွင့်အရေး လက်လွတ်ဆုံးရှုံး သွားရပေဦးမည်ဖြစ်သည်……………………။
ကျွန်နော် ထိုအခွင့်အရေးကို လက်လွတ်အဆုံးရှုံးမခံနိုင်ပေ…………………။
ထို့နောက် ကျွန်နော် မောင်သူရသည် ပေါ်လာသော နောက်ဆုံး အကြံစည်တစ်ခုကို လက်တွေ့ အကောင်အထည် ဖော်လိုက်ပါတော့သည်………………………………။
ထိုအကြံစည်က………………………………?
နောက်ထပ်တဖန် ဆက်လက်တင်ပြခွင့်ပြုပေးပါဦးခင်ဗျာ…………………………………………………………။
author:@thura
photo:my tablet sereenshots
msc:066

Sort:  

V100% $0.080V n C Done.@thihakoko

thank@thihakoko

thanks you

တရေးနိုးသော် အကြံပေါ် ပေါ်သည့်အကြံပြန်အိပ်ရန်😇😇

ပရိုမမှီမှာစိုးလို့ မအိပ်ပျော်နိုင်ခဲ့ဘူးမမရဲ့
အတိတ်အကြောင်ပြန်ရေးနေရတာဆိုတော့
စကားလုံးတွေမထွက်ထွက်အောင်ကြံစည်နေရတယ်ဗျ……သူရ

စိတ်ရဲ့စွဲလမ်းမှုကြောင့် စိတ်ဖိစီးမှုဖြစ်လာတာပေါ့လေ ဘာတွေများကြံစည်လဲသိချင်သေးတယ်

ဟုတ်တယ်ကိုစိုးရေ
စိတ်စွဲလမ်းမှုက…အတော်ဆိုးတယ်ဗျ
စိတ်ဖိစီးမှုတွေများလာတော့…ရင်မဖွင့်ပဲကို နေလို့မရဘူး
စိတ်ရဲ့ကြံစည်လုပ်ကိုင်ဆောင်ရွက်ခဲ့တာလေးတွေကို
နောက်တစ်ပိုင်မှာ တင်ပြပေးပါ့မယ် ကိုစိုးရေ……မောင်သူရ

ဖတ်​ခဲ့ပီး

ဟုတ်ကဲ့ပါ ပန်းသခင်မ…မှော်ပညာရှင်မ …မမလေရေ
ပီတိတွေဝေဆာနေမိတဲ့……သူရ

tablet လေးပေးပါဗျာ

မလုပ်ပါနဲ့ဗျာ……
ဒါလေးနဲ့လုပ်စားနေရတာ
ဒါမရှိရင်ဘဝပျက်သွားလိမ့်မယ်…သူငယ်ချင်းရေ
ပေးနိုင်ဘူးဗျာ……သူရ

တစ်ပတ်တစ်ခါဘဲရေးရတာ
ရအောင်တော့ရေးမယ်ဆိုတဲ့စိတ်နဲ့ညီလည်းရေးတာ
တချို့ရက်တွေဆိုမရေးချင်လည်းအဲလိုစိတ်တင်းရေးခဲ့တာဟီး

အခွင့်ရေးရတုန်းကြိုးစားထားပါ…ဟ
ထက်သန်တဲ့စိတ်ကိုအရင်တည်၍လုပ်ကိုင်ဆောင်ရွက်သော်
အောင်မြင်မှုက လက်တကမ်းမှာပါညီရေ
အစ်ကိုလည်းကြိုးစားနေတုန်းပါကွာ……သူရ

ဟုတ်ကဲ့ပါအကိုရေ
ဘဝတူအဖော်တွေရှိတာဝမ်းမြောက်မိတယ်ဗျာ

ကောင်း​သော အကြံ စည်​​လေး ​မျှော်​​နေပါပြီ။

ကောင်းမကောင်းတော့ ကျွန်နော်လည်းမသိဘူး
ဖြစ်သင့်ဖြစ်ထိုက်တယ်လို့တော့ယူဆထားတယ်……သူရ

အမြဲအားပေးနေပါတယ် ကိုသူရရေ
ချစ်သော ညီလေး @nannhtike

"အို"
ကိုနန်းထိုက်ရေ…သူငယ်ချင်းလို့ပြောရင်ရပါပြီဗျ
အားပေးမယ်လို့ပြောစကားလေးကြောင့်ပီတိနှလုံး ရွှင်ပြုံးခဲ့ရပါတယ်ဗျာ………သူရ

ဒါဟာ စိတ်ဖိစီးမှုတစ်ခုပါကိုသူရရေ။

စိတ်ဖိစီးလာတော့လည်းရင်ဖွင့်မှသက်သာမှာဟ
ခုတော့နည်းနည်းပေါ့သွားပြီ……သူရ

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.030
BTC 63887.77
ETH 3417.79
USDT 1.00
SBD 2.56