အချစ်နှင့်ပတ်သက်သည့် ကျွန့်နော်အတွေး အမြင်အပိုင်းစများ( ၃ )

in #myanmar6 years ago (edited)

https://busy.org/myanmar/@thura/aundefinedsnwngptthkthny-etynena-e-aety-ayamngapongsundefined-1( အပိုင်း(၁) )

https://steemit.com/myanmar/@thura/aundefinedsnwngptthkthny-etyn-enaaety-ayamngapongsundefined-2( အပိုင်း(၂) )

အချစ်နှင့်ပတ်သက်သည့် ကျွန့်နော်အတွေး အမြင်အပိုင်းစများ( ၃ )
images(4).jpg
အချစ်ဆိုသော ထူးဆန်းအံ့သြဖွယ်ကောင်းသည့်အရာသည် လူသားတို့လျှောက်လှမ်းနေသော ဘဝခရီးလမ်း၌ မရှိမဖြစ်အလိုအပ်ဆုံးသောအရာဖြစ်သည်ဟု ကျွန်နော်ပြောလိုက်သော် မှားသည်ဟု ချစ်သောမိတ်ဆွေတို့ပြောလာကြမည်လားဗျာ။
အချစ်မရှိပဲနဲ့ ဘဝတစ်ခုဖြတ်သန်းရာမှာ မည်သို့သောသူတွေက တည်ငြိမ်အေးချမ်းစွာဖြင့် ဖြတ်သန်းလျှောက်လှမ်းနိုင်ခဲ့ကြလို့လဲ……။အချစ်မရှိတဲ့ အသဲနှလုံးနှင့် လူသားတစ်ယောက်အနေဖြင့် ဘဝဟာ ဘယ်သောအခါမှ စိုပြေနေခြင်းမရှိနိုင်ပေ။ဘဝမှာအချစ်မလိုအပ်…ငွေသာအဓိက ငွေရှိရင် အချစ်ဆိုတာဖန်တီးယူလို့ရပါတယ်လို့ ပြောနေကြသည့် လူးသားတွေအနေဖြင့် အချစ်စစ်အချစ်မှန်ကိုတော့ ရရှိခံစားနိုင်ကြမည်မဟုတ်ပေ။ငွေပေးဆက်မှ ရရှိနိုင်သောအချစ်သည် အချစ်အတုယောင်သာဖြစ်ပေလိမ့်မည်။ငွေပေးဆက်နိုင်ခြင်းမရှိတော့သည့် တစ်နေ့တွင် ထိုအချစ်တုသည် မိမိအနီးအနားမှ တိတ်တဆိတ်သော်လည်ကောင်း အကြောင်းပြချက်အမျိုးထုတ်၍သော်လည်ကောင်း မိမိထံပါးမှ ၎င်းအချစ်တုသည် ရှောင်ခွါထွက်သွားတက်သည် သဘောရှိပေသည်။
IMG_20180123_193601.jpg
စစ်မှန်သောချစ်ခြင်းဆိုသည်ကို ကျွန်နော်နားလည် သိမှတ်သလောက်ကို ရေးတက်သလိုလေးရေးချတင်ပြရသော်…
မိမိက ချစ်ရသောသူအပေါ်၌ ချစ်နေခွင့်လေး ရှိနေယုံမှလွဲ၍ အခြားသော လိုချင်တောင်းတ တက်မက်သောစိတ် မရှိပေ။မိမိကချစ်ရပါသော ချစ်သောသူတစ်ယောက် အမြဲပျော်ရွှင်နေသည်ကို မြင်တွေ့ချင်သော စိတ်ဆန္ဒသည်က ရင်ထဲအသဲနှလုံးထဲ၌ ထာဝစဉ်အမြဲ ရှိနေတက်ကြပေသည်။ထိုမှတဖန် မိမိချစ်ရပါသော ချစ်သောသူ၏ အပြုံးတွေရဲ့ ကြားမှာ မိမိ၏ ပူပင်သောကများကို သိုဝှတ်ထား၍ ချစ်ရသောသူတစ်ယောက် သတိမထားမိအောင် ပြီပြင်စွာ ဟန်ဆောင်အပြုံးတွေနဲ့ တုန့်ပြန်ပေးနေသည်မှာလည်း ချစ်ရသောသူအပေါ်၌ လိမ်ညာလှဲ့ဖြားနေခြင်း မဟုတ်ပေ။မိမိချစ်ရသောသူသည် ကြုံတွေ့နေရပါသော မိမိ၏ အခက်အခဲနှင့် ဒုက္ခဆိုသည့် ဆင်းရဲခြင်းတို့ကို သိရှိသွားခဲ့ပါက စိတ်ဆင်းရဲစွာဖြင့် စိတ်မကောင်းဖြစ်သွားမည်ကို စိုးရိမ်ပူပန်သောစိတ်တို့နှင့်သော်လည်ကောင်း မိမိကြောင့် မည်သို့သောအကြောင်းကိစ္စနှင့်မှ အပျက်ဆီးမခံပဲ ချစ်ရပါသောသူ၏ ကွယ်ရာရောက်သောအခါမှသာ မိမိ၏ ပူပင်သောကများကို ငိုရှိုက်ခြင်းဖြင့် အစားထိုးကုသကာ နေ့သစ်များကို ချစ်ရသောသူတစ်ယောက်အတွက် ရင်ဆိုင်ကျော်လွှား ဖြတ်သန်းတက်ကြသည့် သဘောရှိကြပေလိမ့်မည်။
images(8).jpg
အချစ်စိတ်ကြောင့်သာ လူသားတွေ ပျော်ရွှင်မူတွေရှိလာကြတယ်။အချစ်စိတ်ကြောင့် ဘဝအခက်အခဲတွေကို လွယ်ကူစွာဖြင့် ရင်ဆိုင်ဖြေရှင်းကျော်လွှားနိုင်ခဲ့ကြတယ်။ဘဝမှာအောင်မြင်မှုတွေကိုရရှိလာခဲ့ကြတယ်။အချစ်စိတ်ကြောင့်သာ လူသားတွေအသက်ရှင်သန်နေကြသလို အချစ်စိတ်ကြောင့်သာ ကမ္ဘာလောကကြီး လှပလာခဲ့ကြတယ်။လူတစ်ယောက်မှာအချစ်ဆိုတာမရှိခဲ့ရင် အသက်ရှင်နေပါသော်လည်း ဘဝသေဆုံးနေသည်နှင့် အတူတူပါပဲဗျာ။
မိမိချစ်ရသောသူ ပြုံး၍ပျော်ရွှင်နေသည်ကို မြင်တွေ့ရသော် မိမိ၏စိတ်၌ စိတ်ချမ်းသာခြင်းသုခတို့ကို ရင်၌ဖြစ်ပေါ်ခဲ့ရပါသော်လည်း ချစ်ရသောသူသည် ကြေကွဲဝမ်းနည်းခြင်းတွေနဲ့ ခံစားနေရသည်ကို သိရှိမြင်တွေ့ပါက ချစ်ရသောသူအတွက် ရူးမတက်ထပ်တူ ခံစားကြေကွဲ ဝမ်းနည်းမိကြပါတယ်။မေတ္တာဆိုသည်မှာ အေးမြခြင်းတွေကို ဖော်ဆောင်ပေးနိုင်စွမ်း ရှိပါသော်လည်း အချစ်ဆိုသည့်ပူလောင်မှုတွေနဲ့တွေ့ရသောအခါ၌ လူသားတွေဟာ မိမိ၏စိတ်ကို ထိန်းချုပ်ထားနိုင်စွမ်း အားနည်းကာ အသိဥာဏ်တွေကင်းကွာသွားတက်ကြတာလည်း လောကသဘာဝပါပဲလေ……။
ဆက်၍တင်ပြခွင့်ပြုပေးပါဦးခင်ဗျာ…………………
author:@thura
photo:credit google images
msc:066

Sort:  

ပေးဆပ်ခြင်းလို့မှတ်ယူထားတယ်
ကိုယ်ချစ်ရသူပျော်နေရင်ကျေနပ်တယ်
အကြေကွဲဆုံးကကိုယ့်ချစ်သူဝမ်းနည်းနေချိန်ဘာမှလုပ်မပေးနိုင်တာဘဲအကိုရာ
LDRSဘဝကဆိုးပါတယ်

ဟုတ်တယ်ညီ
အစ်ကိုလည်းညီလိုခံစားခဲ့ရတယ်
ကိုယ်ချစ်ရသောသူကိုအမြဲထာဝရပျော်စေချင်တာ
မပြည့်စုံတဲ့အစ်ကိုတို့ညီတို့ဘဝတွေက ဝမ်းနည်းခြင်း ကြေကွဲခြင်း အားငယ်ခြင်း စသည့် ခံစားမှုတွေကိုတော့ မပြည့်စုံနိုင်သေးသရွေ့ ကြုံတွေ့ဖြစ်ပျက်နေရဦးမှာလဲ သဘာဝပါပဲညီရေ……(သူရ)

အချစ်အကြောင်းသိဘူး😂😂

ကျွန်နော်လည်း အချစ်ဆိုတာကိုလေ့လာရင်း သင်ယူနေတုန်းပါပဲမကြည်ရယ်(သူရ)

ဟားးးးးးးး

စမိကို ပြောင်တေ😂😉

အချစ်တဲ့လား

အဟန်း…ရင်ကြပ်သံပါကိုသာရေ
မေးခွန်းလေးပဲ ……ထက်ဖြေလိုက်တော့ ……ချစ်သေးရဲ့လား(သူရ)

အချစ်ဆိုတာကလေ အချစ်ပါပဲကွာ

ကိုစိုးပြောတာအမှန်ဆုံးပဲ
ပြန်ပြောစရာကိုရှာမတွေ့တော့ဘူး
အချစ်ဆိုတာအချစ်ပါပဲဗျာ(သူရ)

voting 100% 0.078$ V n C Done . @poe/thiha

ဟုတ်ကဲ့ပါခင်ဗျာ
ကျေးဇူးတင်ပါတယ်…ဗျ(သူရ)

Good ဒါဟာ အချစ်တဲ့လား ..

မကုန်ဆုံးနိုင်တဲ့အချစ်တွေနဲ့ပေါ့……ဟယ်(သူရ)

အချစ်ဆိုတာ လျို့ဝှက်ချက်တစ်ခုပါ

ချစ်ခဲ့မိသောသူတိုင်း ချစ်ခွင့်မရခဲ့ပါဘူး…လေ
အဲ့ဒါ …လျို့ဝှက်ချက်တွေကြောင့်ပေါ့…ဟယ်(သူရ)

ကလေးအဖေဆိုပေမယ့် ကိုယ်တွေလဲခံစားတတ်ပါတယ်

ကလေးအဖေဆိုပြီ ကျွန်နော်ကို ကြွားသွားခဲ့တဲ့အကိုရေ……ကျွန်နော်မှာလည်းချစ်တက်တဲ့အသဲနှလုံးနဲ့ပါနော်(သူရ)

ခေးဖေတေ မု မု😋😋

thanks youပါညီရေ(သူရ)

ဖတ်​ခဲ့ပြီးပြီ.. .good

ဟုတ်ကဲ့thanksမမလေးခင်ဗျာ(သူရ)

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.030
BTC 63570.02
ETH 3400.95
USDT 1.00
SBD 2.56