အချစ်နှင့်ပတ်သက်သည့် ကျွန့်နော်အတွေး အမြင်အပိုင်းစများ( ၂ )

in #myanmar6 years ago (edited)

images.jpg
အချစ်နှင့်ပတ်သက်သည့် ကျွန့်နော်အတွေး အမြင်အပိုင်းစများ( ၂ )
အပိုင်း(၁)၏linkပါခင်ဗျာ https://busy.org/myanmar/@thura/aundefinedsnwngptthkthny-etynena-e-aety-ayamngapongsundefined-1
အထက်ပါlink၍ပါရှိသော အကြောင်းဆက်လေးကို ဆက်၍ရေးသားတင်ပြရသော်……………
အချစ်ကြောင့် လူဆိုသည့်သတ္တာဝါတို့သည် ဤကမ္ဘာလောကပေါ်သို့ မွေးဖွားခြင်းဖြင့်
ရောက်ရှိလာခဲ့ကြလေသည်…………။
အချစ်ကြောင့်ပဲ ပြုံးတစ်လည့် မဲ့တစ်လှည့် ပျော်တလှည့် ငိုတစ်လှည့် ရီလိုက်မောလိုက်နှင့်
ဘဝဆိုသည့် ဇတ်ခုံပေါ်၌ လူသားအားလုံးတို့သည် ရှင်သန်လှုပ်ရှားရုန်းကန်၍
ရပ်တည်နေထိုင်ကြရသည်…………။
အချစ်ကြောင့်ပဲ ဒုက္ခမျိုးစုံကို ရင်ဆိုင်ဖြေရှင်းကျော်လွှားကာ
တစ်ဖြေးဖြေးနှင့် အသက်တွေကြီးရင့်လာပြီး ဤကမ္ဘာလောက၏ မြေဇာအဖြစ်သော်လည်းကောင်း မီးခိုးပြာအဖြစ်သို့ ရောက်ရှိသွားကြသည်…………။
ထိုမှတဖန် အချစ်ကြောင့်ပဲ မွေးဖွားရှင်သန် ရုန်းကန်လှုပ်ရှား သွားလာနေထိုင်ရင်းဖြင့် ကြီးပြင်းလာ၍ အိုမင်းခြင်းမှ အစိုးမရသော ဤခန္တာကိုယ်ကြောင့် ပျက်ဆီးခြင်းအဖြစ်သို့ ရောက်ကာ
ဘဝသစ်ကို ကူးပြောင်းသွားခဲ့ကြရသည်………။
(အော်)အချစ်စိတ်တို့ကြောင့် ကျွန်နော်အပါအဝင် လူသားအားလုံးတို့သည် ဒီသံတရာစက်ဝိုင်းကြီးထဲက ရုန်းမထွက်နိုင်ပါလားနော်………………။
လူဆိုသည်မှာ မည်သို့ပင်ဆိုစေကာမှု
မိမိက မြတ်နိုးတွယ်တာ ချစ်ရပါသော နှစ်သက်ခုန်မင်စွဲးလမ်းတန်ဖိုးထားမိလိုက်သောသူတစ်ယောက်ဆီက ချစ်ခင်ဆုံမက်ခြင်း ယုယကြင်နာခြင်း မြတ်နိုးတွယ်တာခြင်း သနားဂရုဏာထားခြင်း
စသည်တို့ကို မျှော်လင့်တောင်းတနေတက်ကြပေသည်…………။
ထိုသို့သောတုန့်ပြန်မှုများကို ချစ်သောသူက ကိုယ်ခန္ဒာအမှုအရာများနှင့် လိုက်ရောပေးဆက်လာပြန်တော့လည်း
မိမိကကျေနပ်နိုင်ခြင်းမရှိပဲ ချစ်ရသောသူ၏ နှုတ်ဖျားလေးမှ ထွက်ပေါ်လာသော
ချစ်စကားလှလှလေးတွေကို နားဝမှကြားချင်မိနေပြန်သည်………။
(အော်)ကျွန်နော်အပါအဝင်လူသားအားလုံးသည် အချစ်နှင့်ပတ်သက်လာလျှင် အလိုရမက်ကြီးတက်ကြတာ လူ့လောကသဘာဝပါလားနော်………………………။
ဆက်၍ရေးသားဖော်ပြခွင့်ပြုပါခင်ဗျာ………
author:@thura
photo:credid image google
msc:066

Sort:  

အချစ်ကြောင့် အရာရာဟာ တည်မြဲနေတယ်ပေါ့

ဟုတ်တယ်ညီရေ
အချစ်ဆိုတာရှိနေသေးသရွေ့ အရာရာတည်တန့်ခိုင်မြဲနေဦးမှာပါကွာ(သူရ)

This post has received gratitude of 1.00 % from @appreciator thanks to: @thura.

thanks @appreciator

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.030
BTC 63630.78
ETH 3406.29
USDT 1.00
SBD 2.55