ကောင်းခြင်းနှစ်​ဖြာ ဖန်​တီးပါ

in #myanmar6 years ago (edited)

image
Crd:facebook
အားလုံးပဲမင်္ဂပါရှင့်​ စိတ်​၏ချမ်းသာခြင်း ကိုယ်​၏ကျန်းမာခြင်း နဲ့ပြည့်​စုံကြပါ​စေ...

အဲ့ဒီလိုတာ နှုတ်​ဆက်​​နေရတာ တချို့လည်း ကိုယ်​၏ကျန်းမာခြင်း နဲ့ပြည့်​စုံ ​သော်​လည်း စိတ်​၏ချမ်းသာခြင်း ကားမပြည့်​စုံဖြစ်​​နေကြတယ်​။ တ​နေ့တာ လုပ်​​ဆောင်​​နေကြတဲ့ အလုပ်​ကိစ္စကိုယ်​စီမှာ အ​ကြောင်းတရာမတိုက်​ဆိုင်​မှု​လေး​တွေ ဖြစ်​တယ်​။ဒီ​တော့ စိတ်​ရှုပ်​ကြရတယ်​၊စိတ်​မကြည်​မလင်​ဖြစ်​ရတယ်​ ..အဲ့​တော့ စိတ်​၏ချမ်းသာ ခြင်းက ​ဝေးသွား​ရော..
တနည်း​ပြောရရင်​ စိတ်​ညစ်​ကြတယ်​။

  ကိုယ်​ကျန်းမာ​နေ​ပေမယ့်​ စိမ်​မချမ်းသာဘူး​ပေါ့။ကိုယ်​၏ကျန်းမာခြင်း​ရော စိတ်​၏ချမ်းသာ ခြင်း​ရော 

သင်​ဟာ ဤနှစ်​မျိုးလုံး ကို ​နေ့တိုင်းနီးပါး ပိုင်​ဆိုင်​​နေပြီလား??ဒါဆိုရင်​​တော့...​သေချာပြီ သင်​ဟာ ​ဝေခွဲတတ်​တဲ့သူ၊နားလည်​​ပေးတတ်​တဲ့သူ ၊ကိုယ်​ချင်းစာတတ်​တဲ့သူ ဖြစ်​​နေပါပြီ။ ဤနှစ်​မျိုးကို မပိုင်​ဆိုင်​​သေးဘူးဆိုရင်​​တော့.....

သင်​​နေ့တိုင်း ကိုယ့်​ကိုယ်​ကို သတိ​ပေးပါ ငါ ဒီ​နေ့ ​ပျော်​​အောင်​​နေမယ်​၊ငါကို ဘယ်​သူမှ အဖက်​မလုပ်​ ဘဲ​နေ​နေ ၊ဘယ်​သူမှ ​ပျော်​စရာ မဖန်​တီး​ပေး​ပေး ငါ​ပျော်​​အောင်​​နေရမယ်​...စိတ်​ဆင်းရဲစရာကို စိတ်​ချမ်းသာစရာကို အစားထိုးမယ်​။ ဤကမ္ဘာ​ပေါ်မှာ ငါထက်​ စိတ်​​သောက​တွေ၊စိတ်​ဆင်းရဲစရာ​တွေ ရှိ​နေကြတဲ့ လူ​တွေ ထုနဲ့​ထေးပဲ ဆိုပြီး ​တွေး​နေလိုက်​ပါ။ဤအရာကား ငါအတွက်​ မ​ပြောပ​လောက်​ဘူး ငါ့စိတ်​နှလုံးသားကို ဘယ်​သူ​ကြောင့်​မှာ အ​ရောင်​မ​ပြောင်းခံနိုင်​ဘူး ဆိုပြီး ​ခဏခဏ​ရေရွတ်​​နေလိုက်​ပါ။ အခြားသူနဲ့ယှဉ်​ရင်​ ငါ့စိတ်​ဆင်းရဲမှုက ​​​မြေမှုန့်​​လောက်​ပဲရှိတယ်​။အဲ့ဒါကို ဘာလို့ အ​ရေးတယူ၊ဂရုတစိုက်​နဲ့ ​ခေါင်းထဲထည့်​ထားမှာလဲ။ခေါင်း​လေးတယ်​ ၊စိတ်​ပင်​ပန်းတယ်​ ချက်​ချင်းထုတ်​ပစ်​မှာ​ပေါ့.....

ငါ ကိုယ်​ချင်းစာ တရား​မွေးရမယ်​ ဆိုတဲ့ စိတ်​ကို သတိရတိုင်း​ရေရွတ်​ပါ ငါ့ကို အ​ကြောင်းတခုခုပဲဖြစ်​ဖြစ်​၊လုပ်​ငန်းတခုခု​ကြောင့်​ပဲဖြစ်​ဖြစ်​ ငါ့မလုပ်​တဲ့ ကိစ္စတခုကို အပြစ်​တင်​​ပြောဆိုကြရင်...​ ငါ့လည်း သူ​နေရာမှာဆို သူ့လိုမြင်​မိမှာ၊သူု့လို​ပြောမိမှာ ဆိုတဲ့ကိုယ်​ချင်းစာတရားထားမယ်​။ ငါ့အပြစ်​မဟုတ်​​ကြောင်းကို ရိုးရိုးသားသားနဲ့ ​ပြေ​ပြေလည်​လည်​ ရှင်းပြမယ်​။ ဘယ်​အရာမဆို ​ဒေါသတရား မပါတာအ​ကောင်းဆုံးပါ။ဒေါသ သည်​ မလိုအပ်​​သော ပြသာနာများအားသယ်​လာတတ်​​သော​ကြောင့်​ ​ဒေါသ အား ဤကဲ့သို့​သော အ​ခြေအ​နေမှာ အနား​ပေးထားလိုက်တာအ​ကောင်းဆုံးပါ။

အကြီးအကျယ်​မဟုတ်​တဲ့ ကိစ္စတခုခုကို ချဲ့ကားပြီး​ပြောဆိုခြင်းကို ရှာင်​ကျဉ်​ပါ။ ချဲ့ကား သီဖွဲ့တာမျိုက ကဗျာ၊ရသ ​တွေမှာပါ ပဲ​ကောင်းပါတယ်​။ဤအချက်​သည်​ ကိုယ့်​ရဲ့ လုပ်​ရပ်​​ကြောင့်​ ကိုယ့်​ကိုယ်​ကို စိတ်​ချမ်းသာခြင်း​ဝေး​အောင်​လုပ်​မိ​နေတာပာပဲ။မလိုအပ်​တဲ့စကား​တွေက မဖြစ်​သင့်​တဲ့ ပြသာနာ​တွေ ဖြစ်​​စေနိုင်​လို့ပါ။ အဲ့​တော့ ပြသာနာတက်​တယ်​ မိတ်​​ဆွေတ​ယောက်​​လျော့သွားတယ်​၊စိတ်​ဆင်းရဲမှု ဝင်​​ရောက်​လာတယ်​...ဒါပါပဲ ဘာ​တွေများ အကျိုးဖြစ်​ထွန်းလို့လဲ...ဒာ​ကြောင့်​မလုပ်​မိပါ​စေနဲ့

အရာရာကို နားလည်​တဲ့ မျက်​စိနဲ့ကြည့်​​ပေးပြီး ကိုယ်​ချင်းစာတရားကို နှလုံးသားထဲမှာ အမြဲထည့်​ထားပါ။ ဘယ်​အရာမဆို နားလည်​မှုလွဲတာမျိုး ဖြစ်​နိုင်​လို့ပါ။ အဲ့ဒါ​ကြောင့်​ နားလည်​​ပေးလိုက်​ပါ ထပ်​​ပြောပါရ​စေ နားလည်​​ပေးလိုက်​ပါ.. ...မိတ်​​ဆွေသစ်​တိုးတယ်​ ...လူချစ်​လူခင်​​ပေါတယ်​ ..ဘယ်​​လောက်​​ကောင်းတဲ့ လုပ်​ရပ်​လဲ ရယူလိုက်​စမ်းပါ၊ ​နေ့တိုင်း ကျင့်​သုံးလိုက်​စမ်းပါ ...ထပ်​​ပြောမယ်​ နားလည်​​ပေးလိုက်​ပါ

Steemit မိသားစုဝင်​​တွေလည်း ဤနှစ်​မျိုးလုံးပြည့်​စုံချင်​ရင်​ အထက်​မှာ​ပြောပြတဲ့ အရာ​လေး​တွေလိုက်​နာကြည့်​ပါ။ အဓိက အကျဆုံးအ​ရေးကြီးက ​တော့ "ကိုယ့်​စိတ်​ကို ဘယ်​သူ​ကြောင့်​မှ ၊မည်​ကဲ့သို့​သော အရာများ​ကြောင့်​မှ အထိခိုက်​မခံပါနဲ့ ​ပြောရရင်​ စိတ်​ဆင်းရဲ မခံပါနဲ့"။

ကိုယ့်​စိတ်​ကို ထိန်းချုပ်​သူဟာ ကိုယ်​ပဲဖြစ်​ပါ​စေ။ ကိုယ့်​စိတ်​ရဲ့ အရှင်​သခင်​၊အမိန့်​​ပေးနိုင်​သူက ကိုယ်​ပဲဖြစ်​ပါ​စေ။ ကိုယ့်​စိတ်​ကို မည်​သို့​သော အ​ရောင်​မှ အစွန်းထင်း​မခံပါနဲ့။ ဒါမှ ငါ​နေ့တိုင်း ​ပျော်​​ပျော်​​နေမယ်​၊ စိတ်​၏ချမ်းသာခြင်း ကိုယ်​၏ကျန်းမာခြင်း နှစ်​ဖြာလုံးနဲ့ ပြည့်​စုံ​အောင်​​နေမယ်​ လို့ မနက်​အိပ်​ယာထ တာနဲ့ အမိန့်​​ပေးထားလိုက်​ပါ။ သင်​ စိတ်​ကို သင်​အမိန့်​​ပေးနိုင်​သူ ဖြစ်​ပြီဆိုရင်​​တော့ ​သေချာပြီ သင်​ ​နေ့တိုင်း​ပျော်​ရွှင်​ရ​တော့မှာပါ။ ဘဝဆိုတာ​နေတတ်​ရင်​​ကျေနပ်​စရာကြီးပါ အ​ကောင်းဆုံးဖန်တီးပြီး အကြိုက်​ဆုံး​တွေ ရယူလိုက်​ကြရ​အောင်​....

ကျေးဇူးတင်​ပါတယ်​ .....ဒီစာ​လေးဖတ်​ပြီး တခုခု​တော့ ​ပြောင်းလဲနိုင်​ကြပါ​စေ...
@thithisann
Fb acc:thithisan
Msc ​လျှောက်​ထားဆဲ

Sort:  

Hello thithisann!

Congratulations! This post has been randomly Resteemed! For a chance to get more of your content resteemed join the Steem Engine Team

စိတ်ချမ်းသာအောင်နေတတ်ဖို့အရေးကြီးတယ် 😁

စိတ်​ချမ်းသာဖို့ အဓိကပဲ အမ​ရေ့..

စိတ်ပဲ

အဓိက အဲ့ဒါ

Resteemed your article. This article was resteemed because you are part of the New Steemians project. You can learn more about it here: https://steemit.com/introduceyourself/@gaman/new-steemians-project-launch . If your post has more upvotes, your post will appear in the trending page. To get more upvotes, you can bid for @steembidbot vote. please check it out here: https://steembottracker.com/

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 57972.96
ETH 2357.13
USDT 1.00
SBD 2.36