ကျနော်' မ ' . . . မိသော အလေးများ

in #myanmar6 years ago

လေ့လာမိသ​လောက်​ ကျ​နော်​တို့
လူမျိုးကလည်း အ​လေးအပင်
အ​တော်​ကြိုက်​တာကိုးဗျ။ အစား
အ​သောက်​ဆိုရင်​လည်း ငပိ​ရေ လိုမျိုး
လေးပါမှ စားလို့ ​သောက်​လို့မြိန်​တာ
ကလား ။ အငံဆိုရင်​လည်း အငံ
အဖန်​ဆိုရင်​လည်း အဖန်​ အစပ်​ဆိုရင်
လည်း အစပ်​ ပိုပိုကဲကဲ​လေးမှ လျှာ
ထိ ခံတွင်းမိကြ​လေသလား ။
အင်း​ပေါ့​လေ . . . တစ်​သက်​လုံး
အကျင့််​ဖြစ်​လာ​တော့လည်း အရ
သာ ပြင်းတာ​လေးမှ ​နေသာထိုင်
သာ ရှိကြတယ်​ထင်​ပါရဲ့ဗျာ။ တိုင်းရင်း
သား​တွေရဲ့ ရိုးရာအစားအစာ
ဆိုရင်​လည်း သူ့နည်းသူ့ဟန်​​လေး
တော့ အရသာ ​ပေါ်​အောင်​ချက်​ကြ
တာပါပဲ။ တကယ်​တမ်းကျ​တော့
အစားအစာဆိုတာကလည်း လည်​​ချောင်းထဲ​ရောက်​သွားရင်
ဘာအရသာ မှ ခံလို့ရ​တော့တာမဟုတ်​ဘူးရယ်​။
လျှာ​ပေါ်တင်​ ရတဲ့ရသာအာရုံ​လေး
ကို ထိထိမိမိ​လေး ဖြစ်​လိုက်​ရမှ
ကျေနပ်​ကြတယ်​ ထင်​ပါရဲ့ဗျာ။

တကယ်​တမ်း​ပြောချင်​တာက
အစားအ​သောက်​အ​ကြောင်း မဟုတ်
ပါဘူး။ ဆိုင်​တာမဆိုင်​တာ အပထား
ဆက်​စပ်​ပြီး​ပြောကြည့်​တာ။ တကယ်
တမ်း​ပြောချင်​တာက ​ဆောင်​ပုဒ်​​တွေ
ဗျ။ ချမှတ်​ထားတဲ့ ရည်​မှန်းချက်​​တွေ
ပေါ့ဗျာ ။ ကျ​နော်​တို့ နိုင်​ငံကြီး ဘာလို့
မတိုးတက်​လဲဆိုရင်​ ​ဆောင်​ပုဒ်​​တွေ
လေး​နေတာလဲ ပါတယ်​ဗျ။ ​ဆောင်​ပုဒ်
တွေနဲ့ ပိ​နေတာ​ပေါ့ဗျာ။ ပိဆို
ဆောင်​ပုဒ်​ကြီး​တွေကလည်း နဲနဲ
နော​နော မဟုတ်​ဘူး အကြီးကြီး​တွေ
ကိုးဗျ။ " မြန်​မာ့အားကစား ကမ္ဘာကို
လွှမ်းရမည်​ " ဆိုတဲ့ဟာ​ပေါ့ . . .
စေ့​စေ့​တွေးကြည့်​လိုက်​ရင်​ တကယ့်
Heavy ကြီး . . . ကမ္ဘာကို​တောင်
ဖုံးလွှမ်းအုံးမယ်​ဆိုပဲ။ ထပ်​ပြီး​စေ့​စေ့
တွေးကြည့်​လိုက်​ရင်​ ဘယ်​လိုများ
လွှမ်းမှာလဲ​ပေါ့​လေ ။ အားကစား
မျိုးစုံမှာ မြန်​မာက ​ရွှေတံဆိပ်​ ချည်းပဲ
ရ​နေတယ်​ထား . . . တခြားနိုင်​ငံ​တွေ
ကို အမိန့်​​ပေး​စေခိုင်းလို့ရပါ့မလား . .
ကျ​နော်​​တော့ မရ​လောက်​ဘူးထင်​တယ်​ ။ အလွန်​ဆုံး
လေယာဉ်​အလကားစီးလို့ရမယ်​ ထမင်းအလကား
သွားစားလို့ရမယ်​ဗျာ ။ ဒါ​တောင်
တစ်​ခါနှစ်​ခါပဲရ​လောက်​မယ်​ . . .။
ပြီး​တော့ အားကစားမျိုးစုံမှာ​နော်
ရွှေတံဆိပ်​ရရမှာ နှစ်​တိုင်း . . .
ဘယ်​မှာ အိမ်​ရှင်​လုပ်​လုပ်​ ။
ကမ္ဘာ့ ​ဘောလုံးချန်​ပီယံဆုအများဆုံး
ရထားတဲ့ ဘရာဇီး​တောင်​ နှစ်​တိုင်း
ချန်​ပီယံမဖြစ်​ဘူး။ ​ပြောချင်​တာက
ဆောင်​ပုဒ်​​တွေရဲ့ အဓိပ္ပါယ်​ကို
တွေးကြည့်​လိုက်​ရင်​ မျက်​လုံးထဲ
မြင်​တဲ့ဟာနဲ့ ဦး​နှောက်​က စဉ်းစား
မိတဲ့အရာက ရှင်းရှင်းလင်းလင်း
မရှိဘူးလို့ ထင်​မိတယ်​ဗျာ။ စဉ်းစား
ပေးတဲ့ ဦး​နှောက်​က ယုတ္တိမရှိဘူး
လို့ ယုံကြည်​မိသွားရင်​ အဲဒီကိစ္စ
ဟာလည်း ​ရေ​ပေါ်အရုပ်​​ရေးရ
သလိုပဲ ဖြစ်​သွားမှာပါ။ အဓိပ္ပါယ်
ရှိပြီး ရှင်းရှင်းလင်းလင်းသိမြင်
နိုင်​တဲ့ ​ဆောင်​ပုဒ်​မျိုးပဲ ဖြစ်​သင့်​တယ်
ထင်​ပါတယ်​ဗျ။ လာမယ့်​ငါးနှစ်​က
စပြီး အ​ရှေ့​တောင်​အာရှ ​ဘောလုံး
ချန်​ပီယံ ၅နှစ်​ဆက်​တိုက်​ဖြစ်​ရမည်
ဆိုပြီး ရည်​မှန်းချက်​သာ ထားမယ်
ဆိုရင်​ . . . ဒါဆိုကိုယ်​နဲ့လည်း အ​ဝေး
ကြီးမဟုတ်​ဘူး. . . ဖြစ်​နိုင်​​ချေရှိတယ်​ ​ပေါ့ဗျာ ။
ကမ္ဘာလွှမ်းမယ့်​ ကိစ္စက​တော့
ထည့်​ကိုစဉ်းစားမ​နေနဲ့ ကိုယ်​နဲ့
မဆိုင်​သလိုသာ​နေလိုက်​ ။ ခု​တော့
ကမ္ဘာကိုလွှမ်းရမယ်​ဆို​တော့
ဘောလုံးကန်​​နေတဲ့ လူ​တွေကပဲ
ကမ္ဘာကိုမှ မလွှမ်းနိုင်​ရင်​ တာဝန်
မ​ကျေ​တော့မှာ လိုလို . . . လွှမ်းမယ်
ဆို​တော့လည်း ​ဘယ်​လိုလွှမ်းမှာလဲ
မ​ရေရာ . . . ဆို​တော့ ထူးပါဘူးကွာ
ရသ​လောက်​​ပေါ့ ဆိုတာ​တွေ
ဖြစ်​ကုန်​တာ​ပေါ့ဗျာ။

IMG_20151107_193132.jpg

နောက်​တစ်​ခုရှိ​သေးတယ်
" လျှပ်​စစ်​စွမ်းအားဖြင့်​ ​လောက
နိဗ္ဗာန်​တည်​​ဆောက်​အံ့ " တဲ့ ။
အမယ်​ ​လောကကြီးရဲ့ နိဗ္ဗာန်​​တောင်
တည်​​ဆောက်​အုံးမှာဗျ ။ သူကကမ္ဘာ
တောင်​မဟုတ်​ဘူး ​လောကတဲ့ . .
ဆိုး​တော့မဆိုးပါဘူး ဖတ်​မိလိုက်​တာ
နဲ့ မျက်​လုံးထဲ လင်းထိန်ပြီး​တောက်​ပ
သွားတယ်​​။ အဲ့ ဒါ​ပေမယ့်​ ဘယ်​လို
တည်​​ဆောက်​မှာပါလိမ့်​ . . .
ဘုရား​ဟောတရား​တွေအရ ​လောက
ကသုံးမျိုးဗျ ။" သတ္တ​လောက ဩကာသ​လောက သင်္ခါရ​လောက "
ဒီ​လောကသုံးပါးစလုံးလား နိဗ္ဗာန်
တည်​​ဆောက်​​ပေးမှာ ။ ကျ​နော်
စကားကပ်​​ပြောတာမဟုတ်​ပါဘူး
ဆက်​စပ်​ပြီး​တွေးကြည့်​တာပါ ။ ​ဆောင်
ပုဒ်​ရဲ့ အဓိပ္ပါယ်​အရ လျှပ်​စစ်​မီးနဲ့
အားလုံး အဆင်​​ပြေ​ချော​မွေ့​အောင်
လောကကြီးတစ်​ခုလုံးကို လုပ်​မယ်
လို့ ဆိုချင်​တာ​နေမယ်​ဗျ ။ ဒါ​ပေမယ့်
ထုံစံအတိုင်း ပိုကဲလိုက်​ရမှ ​ကျေနပ်
ကြတဲ့ သဘာဝအရ နိဗ္ဗာန်​ဆိုတာ
ကြီးဖြစ်​ကုန်​​ရောဗျ။ ဒီ​နေရာမှာ
နိဗ္ဗာန်​ဆိုတဲ့ အဓိပ္ပါယ်​က ဖြစ်​ပျက်
ချုပ်​ငြိမ်းခြင်း​တော့ ဟုတ်​​လောက်​ဘူး
ထင်​တယ်​။ အဲလိုသာဆိုရင်​​တော့
မီးလာတာလည်း မရှိ​တော့ဘူး
မီးပျက်​တာလည်း မရှိ​တော့ဘူး
လျှပ်​စစ်​မီးဆိုတာ မရှိ​တော့ဘူး
ဖ​ယောင်းတိုင်​နဲ့ပဲ ​နေကြဆိုတဲ့
အဓိပ္ပါယ်​​ပေါ့​လေ 😁😁 ။
တစ်​ချို့ကျ​တော့လည်း ​လောကကြီးရဲ့ နိဗ္ဗာန်
တည်​​ဆောက်​ရင်း ကိုယ့်​အတွက်
အရင်​နိဗ္ဗာန်​ တည်​​ဆောက်​လို့ မပြီး
နိုင်​ကြတာလဲ ရှိ​ကောင်းရှိ​ပေမ​ပေါ့
ဗျာ။ ဒါတွေတော့ မပြောတော့ပါဘူးလေ

ကိုယ်နဲ့ မဆိုင်ပါဘူး ။ ဒါပေမဲ့ပေါ့လေ

ဆောင်ပုဒ်တစ်ခုဆိုတာကလည်း

ရည်မှန်းချက်တစ်ခု ဒါမှမဟုတ်

လိုက်နာကျင့်သုံးရမယ့်ရမယ့် အရာတစ်ခု

ပဲဆိုတော့ . . . ။ခုနကကိစ္စပြန်ပြောရရင်

ဆောင်ပုဒ်တစ်ခုက အဓိပ္ပာယ်ရှင်းရှင်းလင်းလင်း

မရှိဘူး။သေချာအချိန်ယူစဉ်းစားပြီးမှ

ကိုယ်ဟာကိုယ် ဖြည့်တွေးရတဲ့ဆောင်ပုဒ်မျိုး

ဖြစ်နေတော့ . . . ကဲ လောကနိဗ္ဗာန်ကြီးကို

တည်ဆောက်ကြရအောင် ဟုတ်ပြီ

ဘယ်လိုတည်ဆောက်ကြမှာလဲ လောကကြီးရဲ့

ဘယ်နားကနေစဆောက်ကြမလဲ . . . စဉ်းစားရင်း

စဉ်းစားရင်းနဲ့  ငါ့လောကဆိုတာ ငါ့ပတ်ဝန်းကျင်

ငါ့ပတ်ဝန်းကျင်ဆိုတာ ငါ့မိသားစု

ငါ့မိသားစုမှ ငါကအိမ်ထောင်ဦးစီး . . . ဆိုတော့

လောကကြီးဆိုတာ ငါပါလား . . . ငါချမ်းသာအောင်

အရင်လုပ်မယ်။ လူတိုင်းသာကိုယ်စီကိုယ်စီ ငါ့လိုတွေးရင်

လောကတစ်ခုလုံးချမ်းသာပြီပေါ့ . . . ဒါ ဆောင်ပုဒ်ထဲက

နိဗ္ဗာန်ပဲ . . . ။ ဒါဆို ရည်မှန်းချက်ချမှတ်ပေးသူနဲ့

ရည်မှန်းချက်အကောင်အထည်ဖော်တဲ့သူ

ဘာလုပ်ရမလဲဆိုတာ ရှင်းသလို ဖြစ်သွားပြီဆိုတော့

ကဲ . . . ထူးပါဘူးကွာ . . လျှပ်စစ်စွမ်းအားနဲ့  လောက

နိဗ္ဗာန်တည်ဆောက်ရင်း ငါ့ကိုယ်ငါချမ်းသာအောင်

အရင်လုပ်မယ် ဆိုပြီးဖြစ်ကုန်ကြတယ်လို့

ထင်တယ်ပေါ့ဗျာ။မြန်မာတစ်နိုင်ငံလုံး

၃၅ ရာခိုင်နှုန်းပဲ မီးရသေးတဲ့ ကိစ္စတွေက

နောက်ပိုင်း လူတွေအကုန်လုံးချမ်းသာလာရင်

၁၀၀ ရာခိုင်နှုန်း သေချာပေါက်မီးရလာမှာပေါ့ဗျာ။

ဟုတ်ဘူးလား . . . . . . . 😁😁😁😁

နောက်ရှိပါသေးတယ်ဗျာ ဆောင်ပုဒ်တွေ

စက်မှုစွမ်းအားခေတ်ကျော်လွှား ဆိုပြီး . . . ဘယ်ခေတ်ကို

ဘယ်လိုများ ကျော်လွှားနေကြပါလိမ့်။ ဥရောပမှာတော့

၁၉ ရာစုလောက်ကတည်းက စက်မှု ခေတ်ပြောင်း

တော်လှန်ရေးဆင်နွဲပြီး တစ်ခေတ်ပြီးတစ်ခေတ်ပြောင်း

လာလိုက်တာ အိုင်တီခေတ်ဆိုတာကြီးကို ပီပီပြင်ပြင်

ရောက်နေပြီပေါ့ဗျာ။ သူတို့ ဆီမှာက တစ်ခေတ်ကုန်ပြီး

တစ်ခေတ်ပြောင်းတာဆိုတော့ နောင်လာနောင်သားတွေ

အရင်ခေတ်ကိုမသိရတော့ဘူးပေါ့ဗျာ။ ကျနော်တို့ဆီမှာတော့

အဲလိုမဟုတ်ဘူး အိုင်တီခေတ်လည်းမီတယ် ၊ ဖေ့ဘုတ်

တွစ်တာ ဝီချက် ဗိုင်ဘာ အစုံသုံးတယ် ။ ဒါအိုင်တီခေတ်ပဲ

ပြီးတော့ နွားနဲ့ လည်း လယ်ထွန်နေတုန်းပဲ ။

ခေတ်စုံကိုမီတယ်ပေါ့ဗျာ။ ခေတ်ကျော်တာမကျော်တာ

အသာထား ခေတ်စုံကိုမီနေတယ်ဆိုတော့လည်း

တစ်ပန်းသာတာပေါ့ဗျာ . . . . ။

နောက်တစ်ခုပေါ့ဗျာ . . . ဆောက်လုပ်ရေးရဲ့ စွမ်းပကား

ဘာဖြစ်တယ် ညာဖြစ်တယ် ပေါ့လေ ဆောင်ပုဒ်တစ်ခု

သေချာတော့မမှတ်မိတော့ဘူး ။ ဒါပေမဲ့ ဆောက်လိုက်တဲ့

တံတားတွေက ဒီပုံစံတွေချည်းပဲ ။ ဒါလည်း တစ်မျိုးကောင်း

တယ်လို့ဆိုရမယ် . . . ကိုယ်ပိုင်နိုင်တဲ့ပုံစံကိုပဲဆောက်တာ

ပေါ့ဗျာ ။ မပိုင်နိုင်ပဲ အဆန်းထွင်ပြီးဆောက်မိလို့

ဟိုမြို့ကကြိုးတံတားလို ပြတ်ကျမှာလည်းစိုးရိမ်ရတယ်ဗျ။

SAM_2102.JPG

ဆောင်ပုဒ်ပိတာလည်း မပြောပါနဲ့ ဆောင်ပုဒ်ဆိုတဲ့

အမျိုးက ကြီးလေ ပြောရတဲ့လူရော နားထောင်ရတဲ့

လူရော စီးစီးပိုင်ပိုင်ရှိတာကိုးဗျ ။အရင်နှစ်နှစ်ကျော်

လောက်ကဆို ဆောင်ပုဒ်တစ်ခု တော်တော်ခေတ်စား

သွားသေးတယ်ဗျ ။ ဘာလဲဆိုတော့ ပြောင်းလဲချိန်တန်ပြီ

ဆိုတာပေါ့ဗျာ ။ အဲဒီအချိန်တုန်းက အပြောင်းအလဲ

ဆိုတာ ဘာများလဲပေါ့လေ . . . ကျနော်အပါအဝင်

လူတိုင်းက သိချင်နေခဲ့တာပေါ့ဗျာ ။ ဒီအတိုင်းကြီးနေရတာ

ရိုးလာပြီလေဗျာ . . . အပြောင်းအလဲလေးတော့

ဖြစ်ချင်ကြတာ ဓမ္မတာပဲဆိုပါတော့ ။ကဲ ဒီတော့

ပြောင်းလဲချိန်တန်ပြီဆိုတော့လည်း ပြောင်းလဲမယ်ကွာ

ဆိုပြီး ပြောင်းလဲခဲ့ပါတယ် ။ အခုအချိန်မှာ ကျနော်

ပြန်သုံးသပ်ကြည့်မိတယ် . . . ကျနော်တကယ်

ပြောင်းလဲခဲ့ပြီလားပေါ့လေ . . . အဟုတ်ပါပဲ

ကျနော်တကယ်ပြောင်းလဲခဲ့ပါပြီ . . . ကျနော်လူပျို

မဟုတ်တော့ပါဘူး . . . မိန်းမနဲ့  ကလေးနဲ့  ဖြစ်နေပါပြီ

. . . ကလေးတောင် ၆ လပြည့်တော့မယ်ဗျ ။အဲ . . .

ဟုတ်ပြီ တစ်ခြားရော ဘာတွေပြောင်းလဲသေးတုန်း ပြောပါအုံး

ဆိုရင် . . . အဲ . . အဲဒါတော့ ပြည်သူနှင့်အတူ ပေါ့ဗျာ။

ဘယ်လို . . . ???

အဲ့ . . . ပြည်သူနှင့်အတူ ဆိုပါတော့ဗျာ 😁😁😁😁

@thettinaung
MSC-105

Sort:  

ဆောင်ပုဒ်များရဲ့ နိုင်ငံတော် 😁

ဟုတ်ပဗျာ မရိုးနိုင်အောင်ပါပဲဗျ

ကလေး အနှီး လျှော်နေရလို့ အရင်ပတ်တွေက pro မတင်တားလားဗျ

သူများလို လျှော်ချင်ရင် သူများလိုရအောင်လုပ် :D

ရှိသေးတယ်။နိုင်ငံခြားသားများကို ကူညီစောင့်ရှောက်ပါတဲ့။ မြန်မာအချင်းချင်းတော့ မကူညီခိုင်းတာလားမသိပါဘူး။ဆိုင်းဘုတ်တွေပြောပါတယ်။

ဟုတ်တယ် ဘဒို တစ်ချို့နေရာမှာ နိုင်ငံခြားသားတွေအတွက် အိမ်သာတောင်သီးသန့်ဗျ

ပျောက်​သွား​တာ​တောင်​ အ​တော်​ကြာ

ဟုတ်ပါတယ် ဘရို

ပြည်​ပအားကိုး ပုဆိန်​ရိုး ဆိုလား ဘာလား ရှိ​သေးတယ်

အလုပ်ဝင်စာမေးပွဲမှာ ရှေ့ပြန်နောက်ပြန် အလွတ်ကျက်ခဲ့ရတာပေါ့ဗျာ :D

ဆောင်ပုဒ်တွေ အလွတ်မှတ်မိနေတာပါလားဗျ။

စာစီစာကုံးတောင် ရေးခဲ့ရသေးတယ် ဘဒိုရေ :D

ဟားးးဟုတ်သလိုလိုပဲဗျ

ဟုတ် ဖတ်ပေးလို့ ကျေးဇူးပါဗျာ :D :D

ဖတ်ရတာကို အားရပါးရ ရှိလှပါတယ်
ဆောင်ပုဒ်တွေကလည်း အရမ်းလှ 😂😂😂

ကျေးဇူးပါဗျ ဖတ်ပေးလို့

ဒီနေ့ pro ရှိတယ်နော် bro

တင်ထားပါတယ်ဗျ thanks Bro

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 55885.64
ETH 2358.26
USDT 1.00
SBD 2.31