အစွဲ

in #myanmar6 years ago

အလုပ်တစ်ခု လုပ်မယ်ကြံတိုင်း
ကံကြမ္မာကို ရိုးမယ်ဖွဲ့ကာ
မျက်စိစုံမှိတ် ရွေးချယ်လိုက်တော့
အတွေးထဲကို ဝင်လာသည်က
ပြဿဒါးလား ရက်ရာဇာလား
ခေတ်ကာလနဲ့ တိုးတက်နေသော
ကမ္ဘာကြီးမှာ အယူသီးကာ
အစွဲကြီးတာ မကောင်းမှန်းလည်း
သိပါရက်နဲ့ ဆုတောင်းမိတာ
အလီလီအခါခါ လွှဲပါစေဟေ့
ဝေးပါစေဟေ့ ပြဿဒါးဆို
ရှောင်ပါရစေ
ကြိုတင်ကာထား ပြင်ဆင်ထားခြင်း
မရှိပါဘဲ လုပ်မိကာမှ
ဇာတာဘယ်လောက် ကောင်းနေကြောင်းကို
ကံစမ်းကာဖြင့် အာရုံတစ်ချက်
ရောက်သွားသည်က နံရံထက်က
နေ့ရက်များဆီ ရင်မှာတလှပ်
မကြည့်ရဲလည်း လှမ်းကြည့်မိတော့
အကြိုက်ဆန္ဒဖြစ်လို့သွားသည်
ရှောင်ကွင်းကာသွား ပြဿဒါးရက်ကို
ရက်ရာဇာလည်း မဟုတ်ပြန်တော့
အတွေးစိတ်ထဲ အူးမြူးသွားတော့
ပြုံးကာမှတ်ချက် ချမိသည်က
အစွဲကြီးတဲ့ ငါပါတကား။

2018March_zodiac.jpg
Credit - Image - Source

Writter @theinzawlin
MSC - 128

Sort:  

@therealwolf 's created platform smartsteem scammed my post this morning (mothersday) that was supposed to be for an Abused Childrens Charity. Dude literally stole from abused children that don't have mothers ... on mothersday.

https://steemit.com/steemit/@prometheusrisen/beware-of-smartsteem-scam

ခ်ခ် ရက်ရာဇာ မှကြိုက်တယ်လား မမတို့ မြန်မာလူမျိုးတွေကတော့ ရက်ရာဇာ ပြသဒါး နဂါးခေါင်းနဲ့ အများကြီးပါလေ😌

တကယ်ကို များလွန်းပါတယ် မမ

ကဗျာ​ကောင်းပါ...

ကျေးဇူးပါ အစ်မ

ဘာသာတရားကိုနက်နက်ရှိုင်းရှိုင်းထဲထဲဝင်ဝင်၊မသိခင်၊မလေ့လာခင်တုန်းကတော့..ဘာလုပ်လုပ်စိတ်ထဲမှာ..တထင့်ထင့်နဲ့။အခုတော့..ကောင်းတဲ့စိတ်ရှိဖို့အဓိကဘဲ။
အောင်မြင်တော့လည်း..အောင်မြင်လို့ဘဲ။မအောင်မြင်တော့လည်း..လိုသေးလို့ပေါ့။စိတ်ကိုပေါ့ပါးစွာနေတတ်သွားတာလည်း..ချမ်းသာခြင်းတမျိုးပါဘဲ။

ဟုတ်ကဲ့ပါ အန်တီ အစွဲတွေကိုဖြေဖျောက်နေပါမယ်ဗျ

အော်ကိုသိနိးနက်ရက်ရာဇာ ရက်ရာဇာကကောငိးတဲ့ရက်

မရွေးတော့ပါဘူး ချစ်ဆုံးရယ်

ဟုတ်ပါ့ဗျာ။လူတော်တော်များများဟာ တနင်းလာနေ့ဆို တော်ရုံကိစ္စ သိပ်မလုပ်ကြဘူး။နှစ်ခါပြန်လုပ်ရမှာကြောက်လို့တဲ့။

တနလာင်္နေ့လည်း ပါတာဘဲနော်

တခါတခါကျ​တော့လည်းအစွဲကြီးမိပါ့

မကောင်းပါဘူး အစ်မရယ် မထားတာဘဲ ကောင်းပါတယ်

Coin Marketplace

STEEM 0.19
TRX 0.16
JST 0.032
BTC 63966.12
ETH 2753.08
USDT 1.00
SBD 2.66