Don't copy

in #myanmar6 years ago (edited)

မောင်သက်တယောက် Steemit နဲ့အလှမ်းဝေးနေခဲ့တာ လပိုင်းအချိန်လေးတိုလေးပါ ။ သို့ သော်ထိုအချိန်တိုကလေးအတွင်းမှာကား ကျနော်မှလွဲ၍ MSC စတီးမစ်မိသားစုကြီးကတော့ ပြောင်းလဲခြင်းများစွာဖြင့် တိုးတက်ခေတ်မှီလာကြတာတွေ့ရပါတယ် ။

အတိုင်းမသိ ဝမ်းသာကျေနပ်မိတာပေါ့ ။

  • ကျနော်တို့  MSC မိသားစုထဲမှာကား နာမည်ကျောခစာရေးဆရာကြီးများကဲ့သို့  ရေးနိုင်သော ထူးချွန်သူများ

3327340_S.jpg

credit image source

  • ကမ္ဘကျော်စုံထောက်များလို စုံစမ်းခောက်လှမ်းနိုင်သောသူများ

  • နည်းပညာအတတ်ကို ပြည့်စုံကြွယ်ဝ ကျွမ်းကျင်စွာတတ်မြောက်သောသူများ

  • Online ငွေရှာနည်းမျိုးစုံနှင့် နိုင်ငံခြားငွေကြေးများကို ကျွမ်းကျင်စွာ လှည့်ပတ်ကစားကာ ငွေရှာတတ်ကြသောသူများ

  • အချစ်နှင့်ဆိုင်သော အချစ်စာရေးဆရာ ဆရာမများစွာ

အိုဗျာ ဘာမှပြောစရာမလိုအောင်ကို ပြည့်စုံစွာ ပါဝင်နေတာပါ ။

1922476_S.jpg

credit image source

မည်သို့ ပင်ဆိုစေကာမူ အဖြစ်ရှိရင် အပျက်ရှိတယ်ဆိုတဲ့ သဘောတရားအတိုင်း တိုးတက်နေခြင်းရဲ့တဖက်မှာကား မတိုးတက်အောင် လုပ်ဆောင်ကြံရွယ်ခြင်းများ ရှိလာတာပါဘဲ ။

မိမိအစွမ်းအစနဲ့ ကြိုးကြိုးစားစားတိုးတက်အောင် လုပ်ခဲ့သူအများကို တဦးတယောက်ကြောင့် ထိခိုက်နေတာလည်း တွေ့ရတော့ စိတ်ပျက်မိပါတယ် ။

နိုင်ငံခြားတိုင်းပြည်များကလူအများနဲ့ ယဉ်ပေါင်တန်းလုပ်နေရသော ကျနော်တို့ မြန်မာအဖွဲ့ ( MSC အပါအဝင်တခြားအဖွဲ့မျာစွာပေါ့ ) ဟာ မဝံ့မရဲနဲ့ ခြေလှမ်းနေချိန်မှာ တခြားနိုင်ငံက အထင်သေးစရာမျိုးတွေဖြစ်အောင် လုပ်နေကြတာဟာ မကောင်းပါဘူး ။

သူများကြိုးစားရေးထား ရိုက်ထား တင်ပြထားသော စာများကို credit မပေးဘဲ မိမိရေးလိုဟန် လုပ်လိုဟန် ချက်လိုဟန် တွေနဲ့ အတည်ပေါက်ကူးချနေကြခြင်းတွေ လုံးဝမသင့်တော့ဘူးလို့  ထင်ပါတယ် ။

3244080_S.jpg

credit image source

Steemit မှာက Myanmar ဆိုတာကို သိလာကြတော့ သိက္ခာရှိရှိ ကိုယ်ပိုင်အရေးအသားတွေနဲ့ မြန်မာဟေ့လို့  နေပြ ကြိုးစားပြရမယ့်အချိန်ကို ရောက်နေတာပါ ။

မိမိခိုးကူးမှုကြောင့် သိက္ခာရောကျစေမယ့် တိုးတက်အောင်ကြိုးစားလေ့လာရေးသားခဲ့တဲ့ မြန်မာဖြစ်ကြသော တခြားသူတွေကိုတော့ အားနာသင့်ပါတယ် ။

ငွေကိုတော့ လူတိုင်းလိုချင်တာမှန်ပါတယ် ။
မိမိအစွမ်းအစ အရင်းအနှီးတွေ ဦးနှောက်သုံးပြီး ရှာတာလည်း အပြစ်မဟုတ်ပါဘူး ။ လိုချင်ကြရင် ရှာကြရမှာပါ ။
မိမိငွေရလိုမှုတခုထဲကိုတွေးပြီး မသမာသောနည်းနဲ့ ခိုးကူးပြီး မသိရင်ဆက်ကူးမယ် ။ သိတော့လဲ ဘာဖြစ်လဲ ထွက်မယ် ။ ဒါမှမဟုတ်နောက်အကောင့်ပြောင်းပြီး ထပ်ငွေရှာမယ်ဆိုတဲ့ စိတ်ကိုတော့ဖြင့် ကျနော်မောင်သက် သဘောမကျလှပါဘူး ။

3271745_S.jpg

credit image soyrce

ဒါကြောင့် ခိုးကူး copy များ ရပ်တန်းက ရပ်ကြပါတော့လို့ ဘဲ ပြောပါရစေတော့ဗျာ …

@thatkozaw

MSC 005

Sort:  

အမှန်​ပါပဲ။Copyကူးတာမကြိုက်​သလိုမှီငြမ်းဆိုပြီးသူများစာများအားတစိတ်​တပိုင်းကူးယူ​နေတာမျိုးလည်းဘဝင်​မကျပါ။

ဟုတ်တာပေါ့

အမှန်​ပဲကသက်​​ရေ

thank you

အရမ်းကောင်းမွန်သော နှိုးဆော်ခြင်းပါ ကျေးဇူးအများကြီးတင်ရပါတယ် ကိုသက်

ဟုတ်ကဲ့ဗျာ
ဖတ်ပေးလို့လဲကျေးဇူးပါ

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.032
BTC 61195.86
ETH 3009.46
USDT 1.00
SBD 3.80