Don't copy
မောင်သက်တယောက် Steemit နဲ့အလှမ်းဝေးနေခဲ့တာ လပိုင်းအချိန်လေးတိုလေးပါ ။ သို့ သော်ထိုအချိန်တိုကလေးအတွင်းမှာကား ကျနော်မှလွဲ၍ MSC စတီးမစ်မိသားစုကြီးကတော့ ပြောင်းလဲခြင်းများစွာဖြင့် တိုးတက်ခေတ်မှီလာကြတာတွေ့ရပါတယ် ။
အတိုင်းမသိ ဝမ်းသာကျေနပ်မိတာပေါ့ ။
- ကျနော်တို့  MSC မိသားစုထဲမှာကား နာမည်ကျောခစာရေးဆရာကြီးများကဲ့သို့  ရေးနိုင်သော ထူးချွန်သူများ
ကမ္ဘကျော်စုံထောက်များလို စုံစမ်းခောက်လှမ်းနိုင်သောသူများ
နည်းပညာအတတ်ကို ပြည့်စုံကြွယ်ဝ ကျွမ်းကျင်စွာတတ်မြောက်သောသူများ
Online ငွေရှာနည်းမျိုးစုံနှင့် နိုင်ငံခြားငွေကြေးများကို ကျွမ်းကျင်စွာ လှည့်ပတ်ကစားကာ ငွေရှာတတ်ကြသောသူများ
အချစ်နှင့်ဆိုင်သော အချစ်စာရေးဆရာ ဆရာမများစွာ
အိုဗျာ ဘာမှပြောစရာမလိုအောင်ကို ပြည့်စုံစွာ ပါဝင်နေတာပါ ။
မည်သို့ ပင်ဆိုစေကာမူ အဖြစ်ရှိရင် အပျက်ရှိတယ်ဆိုတဲ့ သဘောတရားအတိုင်း တိုးတက်နေခြင်းရဲ့တဖက်မှာကား မတိုးတက်အောင် လုပ်ဆောင်ကြံရွယ်ခြင်းများ ရှိလာတာပါဘဲ ။
မိမိအစွမ်းအစနဲ့ ကြိုးကြိုးစားစားတိုးတက်အောင် လုပ်ခဲ့သူအများကို တဦးတယောက်ကြောင့် ထိခိုက်နေတာလည်း တွေ့ရတော့ စိတ်ပျက်မိပါတယ် ။
နိုင်ငံခြားတိုင်းပြည်များကလူအများနဲ့ ယဉ်ပေါင်တန်းလုပ်နေရသော ကျနော်တို့ မြန်မာအဖွဲ့ ( MSC အပါအဝင်တခြားအဖွဲ့မျာစွာပေါ့ ) ဟာ မဝံ့မရဲနဲ့ ခြေလှမ်းနေချိန်မှာ တခြားနိုင်ငံက အထင်သေးစရာမျိုးတွေဖြစ်အောင် လုပ်နေကြတာဟာ မကောင်းပါဘူး ။
သူများကြိုးစားရေးထား ရိုက်ထား တင်ပြထားသော စာများကို credit မပေးဘဲ မိမိရေးလိုဟန် လုပ်လိုဟန် ချက်လိုဟန် တွေနဲ့ အတည်ပေါက်ကူးချနေကြခြင်းတွေ လုံးဝမသင့်တော့ဘူးလို့  ထင်ပါတယ် ။
Steemit မှာက Myanmar ဆိုတာကို သိလာကြတော့ သိက္ခာရှိရှိ ကိုယ်ပိုင်အရေးအသားတွေနဲ့ မြန်မာဟေ့လို့  နေပြ ကြိုးစားပြရမယ့်အချိန်ကို ရောက်နေတာပါ ။
မိမိခိုးကူးမှုကြောင့် သိက္ခာရောကျစေမယ့် တိုးတက်အောင်ကြိုးစားလေ့လာရေးသားခဲ့တဲ့ မြန်မာဖြစ်ကြသော တခြားသူတွေကိုတော့ အားနာသင့်ပါတယ် ။
ငွေကိုတော့ လူတိုင်းလိုချင်တာမှန်ပါတယ် ။
မိမိအစွမ်းအစ အရင်းအနှီးတွေ ဦးနှောက်သုံးပြီး ရှာတာလည်း အပြစ်မဟုတ်ပါဘူး ။ လိုချင်ကြရင် ရှာကြရမှာပါ ။
မိမိငွေရလိုမှုတခုထဲကိုတွေးပြီး မသမာသောနည်းနဲ့ ခိုးကူးပြီး မသိရင်ဆက်ကူးမယ် ။ သိတော့လဲ ဘာဖြစ်လဲ ထွက်မယ် ။ ဒါမှမဟုတ်နောက်အကောင့်ပြောင်းပြီး ထပ်ငွေရှာမယ်ဆိုတဲ့ စိတ်ကိုတော့ဖြင့် ကျနော်မောင်သက် သဘောမကျလှပါဘူး ။
ဒါကြောင့် ခိုးကူး copy များ ရပ်တန်းက ရပ်ကြပါတော့လို့ ဘဲ ပြောပါရစေတော့ဗျာ …
MSC 005
အမှန်ပါပဲ။Copyကူးတာမကြိုက်သလိုမှီငြမ်းဆိုပြီးသူများစာများအားတစိတ်တပိုင်းကူးယူနေတာမျိုးလည်းဘဝင်မကျပါ။
ဟုတ်တာပေါ့
အမှန်ပဲကသက်ရေ
thank you
အရမ်းကောင်းမွန်သော နှိုးဆော်ခြင်းပါ ကျေးဇူးအများကြီးတင်ရပါတယ် ကိုသက်
ဟုတ်ကဲ့ဗျာ
ဖတ်ပေးလို့လဲကျေးဇူးပါ