ကဆုန်လပြည့်နေ့နှင့် အမှတ်တရ

in #myanmar7 years ago (edited)

"ကဆုန်လပြည့်နေ့နှင့် အမှတ်တရ"
Steemit မှ မိတ်ဆွေများအားလုံး မင်္ဂလာပါဗျာ။ ဒီနေ့က ကျွန်တော်တို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့ နေ့ထူးနေ့မြတ်တစ်ရက်ဖြစ်တဲ့ ကဆုလပြည့်နေ့(ဗုဒ္ဓနေ့)လေးဖြစ်ပါတယ်။ဒီနေ့မှာတော့ ဘုရားကျောင်းကန်တွေမှာ ကုသိုလ်ကောင်းမှုများ ပြုလုပ်ခြင်းများနဲ့ ဗောဓိညောင်ပင်တွင် ရေသွန်းလောင်းခြင်းများကို ပြုလုပ်ကြပါတယ်။ကဆုလပြည့်နေ့ဆိုတော့ ကျွန်တော်တို့နယ်မှာလည်း ကဆုန်လပြည့်နေ့တွင် ပြုလုပ်လေ့ရှိသောအကြောင်းလေးကို ပြန်လည်လွမ်းမောရင်း ရေးသားလိုက်ရပါတယ်။
1n.jpg
Image Credit-Orginal Source
ကျွန်တော်တို့နယ်ကတော့ မန္တလေးတိုင်း ကျောက်ဆည်ခရိုင် စဥ့်ကိုင်မြို့နယ်ထဲမှာပါတဲ့ ရွာလေးတစ်ရွာဖြစ်ပါတယ်။ယခုလိုမျိုး ကဆုန်ညောင်ရေသွန်းပွဲရောက်တဲ့အခါတိုင်းမှာ ကျွန်တော်တို့ဆီမှာရှိတဲ့ ရှေးဟောင်းဘုရားတစ်ဆူဖြစ်တဲ့ ရွှေကူကြီးဘုရားမှာ ရွာလေးရွာဖြစ်တဲ့ ၀န်ပတေ့ရွာ၊၀န်းသိုရွာ၊စော်ရဲရွာ၊ ထန်းတောရွာများဟာ မုဒ်လေးမုဒ်ကို တစ်ခုဆီတာဝန်ယူကြရပါတယ်။ ကဆုန်လပြည့်နေ့မရောက်ခင် ကဆုန်လဆန်း ၁၄ရက်နေ့မှာ ရွှေကူကြီးဘုရားကြီးတွင် ၄င်းရွာ ၄ရွာမှ ဘုရားကြီးအား ပန်းရေချမ်းဆီမီး သစ်သီး အတီးအမှုတ်အကအခုန်များဖြင့် လှည့်လည်ပူဇော်ကြပါတယ်။ဘုရားကြီးအား လှည့်လည်ပူဇော်ပြီးတဲ့ အချိန်တွင်လည်း ဘုရားအတွင်းတွင်ရှိသော ဗောဓိပင်အား ရေသွန်းလောင်းခြင်းကို ဆက်လက်ပြုလုပ်ကြ ပါတယ်။
10365924_493111064150615_3921961547465024966_n.jpg
Image Credit-Orginal Source
ပထမ ၁၄ရက်နေ့ ပြီး၍ ကဆုန်လပြည့်နေ့ မနက်ပိုင်းတွင် သံဃာတော်များအား ဆွမ်းဆန်စိမ်းများ လောင်းလှူပူဇော်ကြပါတယ်။အဲဒီလိုလောင်းလှူကြရာတွင်လည်း ရွာတိုင်းရွာတိုင်းမှ ကုသိုလ်ရှင်များသည် မိမိတို့လောင်လှူလိုသောပစ္စည်းများဖြင့် မုဒ်လေးမုဒ်တန်းစီလောင်းလှူကြရပါတယ်။သံဃာတော်များကို လောင်းလှူပြီးသည့်နောက် ကိုယ်စီမုဒ်ဦးများတွင် ရေစက်ချတရားကို နာယူကြပြီး မနက်ပိုင်းအစီအစဉ် ပြီးဆုံးသွားပါတယ်။ဒီနေရာတွင် ထူးခြားချက်အနေနှင့် ရွာလေးရွားရှိသည့်အထဲတွင် ၀န်းသိုရွာမှာ စာရေးဆရာကြီး လယ်တွင်းသားစောချစ်၏ မွေးရပ်ဇာတိရွာဖြစ်ပါသည်။ထိုကြောင့် ဆရာကြီးသည် ယခုလို ကဆုလပြည့် ညပိုင်းတွင် စာပေဟောပြောပွဲများကို နှစ်စဉ်ပြုလုပ်ခဲ့ကြပါသည်။ဒီနှစ်တွင်လည်း ဆရာကြီးနှင့် သရုပ်ဆောင် ဗေလုဝ တို့ဟောပြောမည်ဟုသိရပါသည်။
31277649_230027321081530_8358623750974865408_n.jpg
Image Credit-Orginal Source
ကဆုန်လပြည့်ကျော် ၁ရက်နှင့်၂ရက်များတွင် ဇာတ်ပွဲများထည့်ပြီး ရွာတိုင်းမှ လှည်းကိုယ်စီဖြင့်လာ ကြည့်ကြသည်မှာ ပျော်ရွှင်စရာကောင်းလှပါသည်။ ဇာတ်ပွဲများဘာကြောင့်ထည့်ရသည်ဆိုသည်ကိုလည်း အနည်းငယ်ပြောပြချင်ပါသည်။လူကြီးများပြောစကားအရ ကဆုန်လပြည့်ညောင်ရေသွန်းပွဲတော်တွင် ဇာတ်ပွဲ အငြိမ့်ပွဲတစ်ခုခုမထည့်ဖြစ်ပါက လူအသေအပျောက်များသည်ဟု ပြောကြပါသည်။မှတ်မှတ်ရရ ကျွန်တော်တို့ငယ်ငယ်ကဖြစ်ပါသည်။တိုက်ဆိုင်သည်လားမပြောတတ်ပါ။၎င်းနှစ်က တောင်သူများ သီးနှံများအထွက်နည်းပြီး အဆင်မပြေသောကြောင့် ဇာတ်ပွဲမထည့်ဘဲနေခဲ့ကြပါသည်။၎င်းနှစ်တွင် ရွာများတွင် လူတစ်ခါသေလျှင် ၃ယောက် ၄ယောက်လောက်တပြိုင်တည်းသေကြတာများပါသည်။အဲဒီနောက်ပိုင်းတွင် ဇာတ်ပွဲမထည့်နိုင်လျှင်တောင် အငြိမ့်ပွဲလောက်ထည့်ခဲ့ကြပါသည်။
15940448_1833243770269587_492734583157040135_n.jpg
Image Credit-Orginal Source
ဇာတ်ပွဲကျင်းပသည့်ရွာမှာ ၀န်းသိုရွာတွင်ဖြစ်ပါသည်။ဝန်းသိုရွာသို့ ရွာတိုင်းမှ ဇာတ်ပွဲကြည့်ရန် လှည်းများကိုယ်စီဖြင့် နေ့လည် ၁နာရီဝန်းကျင်လောက်ကတည်းက ထမင်းဟင်းများထည့်ကာ သွားကြပြီး ပွဲခင်းထဲရောက်သည့်အခါမှသာ စားကြပါသည်။ပွဲခင်းထဲ ထမင်းစားသည့်အရသာမှာလည်း ထူးခြားမှုပင်ဖြစ်ပါသည်။ထမင်း ဟင်း မကောင်းသော်ငြားသော်လည်း ပွဲခင်းထဲတွင်စားရသည့်အခါ အရသာမှာ အခြားနေ့များထက် ပိုကောင်းပါသည်။ထမင်းစားသည့်အချိန်တွင်လည်း လှည်းများ၌အသီးသီးစားနေကြသည်မှာ တစ်နေရာထဲတွင် တစ်စုတစ်စည်းထဲ လာစားကြသောကြောင့် ပျော်ရွှင်စရာကောင်းလှပါသည်။ထမင်းဟင်များ စားသောက်ပြီး ညပိုင်းတွင် ဇာတ်ပွဲကိုဆက်၍ကြည့်ကြပါသည်။
ကဆုန်ပွဲတွင် အမြဲတမ်းကြုံရသည်မှာ ဇာတ်ပွဲမှ စတိတ်ရှိုးစတင်သည့်အချိန်တိုင်းတွင် မိုးများရွာခြင်းဖြစ်ပါသည်။ တစ်ခါတစ်ရံ ဇာတ်များသည် ၂ရက်လုံးမကရဘဲနှင့် ပိုက်ဆံယူပြီး ပြန်ရသည်များလည်းရှိပါသည်။ မိုးများစတင်ရွာသည်နှင့် မိမိလူများကိုစုစည်းပြီး လှည်းများဖြင့် ပြန်ရန်ပြင်ကြရပါသည်။ပြန်သည့်အခါတွင် လှည်းတစ်စီးနှင့်တစ်စီးမှာ ပြိုင်၍မောင်းကြသည်မှာ ပျော်ရွှင်စရာတစ်မျိုးကောင်းလှပါသည်။မိုးကရွာ လှည်းများကပြိုင်မောင်းဖြင့် အော်ဟစ်ကာ လမ်းတစ်လျှောက်တွင် ပြိုင်ဆိုင်လာကြသည်မှာ ကိုယ့်အိမ်ကိုရောက်လို့ရောက်မှန်းပင်မသိပါ။တစ်ခါတစ်ရံ လှည်းများပြိုင်မောင်းလာမှုကြောင့် ပစ္စည်းများပင်ကျကျန်ခဲ့ပါက မနက်ကျမှပင်သွား၍ကောက်ရပါသည်။ပြန်ရသည်များလည်းရှိသလို ပြန်မရသည်များလည်းရှိပါသည်။
ယခုအချိန်တွင် မိမိသည် ဇာတိမြေသို့မပြန်နိုင်သော်လည်း ကဆုန်လညောင်ရေသွန်းပွဲရောက်တိုင်း ကြုံခဲ့ရသည့်မမေ့နိုင်စရာ အဖြစ်အပျက်များကို ပြန်လည်လွမ်းမောရင်း တင်ပြရေးသားလိုက်ရပါသည်။ ဖတ်ရှုသူများအားလုံးကို ကျေးဇူးတင်ပါသည်။
logo.jpg

Writer- Thant Zin Soe(@tharpauk)
MSC 134

Sort:  

You got a 40.14% Upvote and Resteem from @singing.beauty, as well as upvotes from our curation trail followers!

If you are looking to earn a passive no hassle return on your Steem Power, delegate your SP to @singing.beauty by clicking on one of the ready to delegate links:
50SP | 100SP | 250SP | 500SP | 1000SP | 5000SP | Custom Amount

You will earn 80% of the voting service's earnings based on your delegated SP's prorated share of the service's SP pool daily! That is up to 38.5% APR! You can also undelegate at anytime.

We are also a very profitable curation trail leader on https://steemauto.com/. Follow @singing.beauty today and earn more on curation rewards!

အမှတ်​တရ ​လေး​တွေ​ပေါ့

ဟုတ်တယ်အစ်ကိုရေ

ကဆုလဖြစ်နေတယ်

ကျေးဇူး ပြင်လိုက်ပါပြီ

You got a 2.19% upvote from @brandonfrye courtesy of @tharpauk!

You got a 2.43% upvote from @brupvoter courtesy of @tharpauk!

You got a 8.00% upvote from @luckyvotes courtesy of @tharpauk!

ဇာတ်ပွဲမထည့်ရင် လူအသေအပျောက်များတယ်ဆိုတာ တိုက်ဆိုင်တာလား တကယ်လားဗျ။

မထည့်လို့တစ်ခါဘဲကြုံဘူးတယ် အဲဒါတော့တကယ်ဖြစ်တယ် နောက်ပိုင်းတော့ မထည့်ဘဲမနေဘူး အဲလိုမျိုးတော့သိပ်မဖြစ်ဘူး တိုက်ဆိုင်တာလားဘာလားတော့မသိ နောက်ပြီးအဲဘုရားမှာလဲ အစောင့်အရှောက်တွေရှိတယ်ပြောကြတာဘဲ

You got a 5.66% upvote from @thebot courtesy of @tharpauk!
Delegate us Steem Power & get 100% daily rewards share!

ချစ်စရာကောင်းသောရပ်ရွာလေးတွေရဲ့ဓလေ့ထုံးတမ်းလေးတွေ..ဖတ်ရတာ..ပျော်စရာကောင်းတယ်နော်။အဲလိုစာမျိုးတွေလည်း..မကြာခဏရေးပေးပါ။ဒါမှ..ကိုယ့်ရပ်ရွာရဲ့ဓလေ့ထုံးတမ်းလေးတွေကို..ပြန်ပီးအမှတ်ရစေတာပေါ့။သတ်ပုံလေးတွေပြန်စစ်လိုက်ဦး။

ဟုတ်ကဲ့အန်တီ ကျေးဇူးပါဗျ

Coin Marketplace

STEEM 0.16
TRX 0.17
JST 0.029
BTC 69643.76
ETH 2515.47
USDT 1.00
SBD 2.56