"တုနှိုင်းမဲ့တဲ့​မောင်​စံ​ပေါင်း"(၂)

in #myanmar6 years ago

IMG_20180214_055930.jpg

Steemit Social Media Platform ​ပေါ်မှာရှိကျတဲ့ Steemit User ညီကို​မောင်​နှမအားလုံးမင်္ဂလာပါခင်​​ဗျာ။ကျွန်​​တော်ရဲ့​ရောက်တက်ရာရာ​ပေါက်ကရအ​တွေး​တွေနဲ့​ရေးဖွဲ့ထားတဲ့"တုနှိုင်းမဲ့တဲ့​မောင်စံ​ပေါင်း"ဆိုတဲ့ပုံပြင်ဒုတိယအပိုင်း(၂)​လေးဆက်ပါရ​စေ။ပထမအပိုင်း(၁)ကိုမဖတ်​ရ​သေးဘူး၊စိတ်​ဝင်​စားလို့ဖတ်​ချင်​ပါတယ်​ဆိုရင်​​တော့​အောက်​ကlinkက​နေသွား​ရောက်​ဖတ်​ရှု​ဝေဖန်​​ပေးနိုင်​ပါတယ်​​ဗျ။

"တုနှိုင်းမဲ့တဲ့​မောင်​စံ​ပေါင်း(၁)"
https://steemit.com/myanmar/@thantzinwin/tu-ing-mete-emang-san-epang-1

ကံ​ကောင်းဘုရင်ကြီးသူ၏သားဦး​လေးကို"စံ​ပေါင်း"လို့အမည်​​ပေးပြီး​နောက်​သား​တော်​​လေးကို​ပွေ့ချီကာ-
"ငါကိုယ်​​တော်​၏သားဦး ​မောင်​စံ​ပေါင်းတဲ့ကွ"
ဟူ၍ဂုဏ်ယူဝမ်း​မြှောက်ကမျက်​နှာ​တော်ကပြုံးရွှင်လျက်သူ၏သား​တော်အ​ပေါ်ချစ်ချင်း​မေတ္တာဘယ်​​လောက်ကြီးမားလည်းဆိုတာ​ပေါ်လွင်​​နေပါသည်။အနီးအနားရှိ​​​ဗေဒင်နက္ခဆရာကြီးနှင့်​ကိုယ်ရံ​တော်များ၊ကုန်းကုန်းနှင့်​မိဖုရားမယ်​မဒီတို့ကလည်းကံ​ကောင်းဘုရင်​ကြီးဤသို့​ပျော်​ရွှင်​​နေသည်​ကိုကြည့်​ပြီးအတူ​ပျော်​ရွှင်​ပီတီဖြစ်ခဲ့ကျပါသည်။ကံ​ကောင်းဘုရင်ကြီးသည်ညလည်းအ​တော်အတန်မိုးချုပ်​​နေပြီမို့သူ၏သားဦး​လေးနဲ့မယ်မဒီမိဖုရားတို့ကိုကြည့်​ရှုပြီး​နောက်အိပ်​​ဆောင်သို့ပြန်၍ကြွချီ​လေသည်။အိပ်​​ဆောင်ထဲသို့​ရောက်ပြီဖြစ်​​သော်လည်းကံ​ကောင်းဘုရင်ကြီး​တော်​​တော်နဲ့အိပ်မ​ပျော်​​သေးပဲသူ၏သားဦး​လေး၏အနာဂတ်ကိုကြို၍​တွေး​တော​နေ​လေ​သေးသည်​။

"​ဩော်....အလွန်ရှုပ်​​ထွေးခက်ခဲနက်နဲတဲ့လူ့​လောကလူ့ဘဝထဲသား​တော်​​လေး​မောင်စံ​ပေါင်း​ရောက်ရှိလာခဲ့ပြီပဲ။သူ​ရောက်ရှိလာခဲ့တဲ့မိသားစုကလည်းသာမန်မိသားစုလည်းမဟုတ်။တော်ဝင်မိသားစုထဲကို​ရောက်ရှိလာခဲ့တာဖြစ်သည်ဆို​တော့နန်းတွင်း​ရေးရာ၊တိုင်းပြည်​​ရေးရာ၊မိသားစု​​ရေးရာနဲ့အမျိုးမျိုး​သောစိတ်ရှုပ်စရာအရာ​တွေနဲ့သား​တော်​​လေးတစ်​​နေ့ရင်ဆိုင်ရအုန်းမှာပါလား။သူရင်ဆိုင်လာရတဲ့တစ်​​နေ့ကျဒီအရာ​တွေကိုကြံကြံခံ ခံနိုင်​ရည်​ရှိ​နေ​အောင်​သူသိသင့်​သိထိုက်​၊တတ်သင့်​တတ်ထိုက်တဲ့အရာ​တွေကိုကြိုတင်သင်ကြား​ပေးထားမှ​တော်ကာကျလိမ့်​မယ်။သူ့အသက်၈နှစ်​ပြည့်​ပြီးရင်ငါ့ကိုသင်​​ပေးခဲ့တဲ့ဆရာဆရာစက္ကစီကိုပို့ပြီးပညာသင်​ကြား​ပေးမှဖြစ်​မယ်​။ဆရာစက္ကကဥာဏ်​ပညာမှာဆိုလဲမည်သူကမှမယှဉ်သာ၊စစ်ဘက်​​ရေးရာမှာဆိုလဲသူ့ရဲ့သိုင်းပညာကတစ်​ဘက်​ကမ်းခက်​တတ်​ကျွမ်းတဲ့သူတစ်ဦးဖြစ်​​ပေသည်။ထို့​ကြောင့်​ဆရာစက္ကထံဤသာငာဤသား​​​တော်ကိုပညာသင်ကြားရန်သင့်​​ပေလိမ့်မည်​​။"

ကံ​ကောင်းဘုရင်ကြီးသူ၏သား​မောင်စံ​ပေါင်းရဲ့​ရှေ့​ရေးအတွက်​ကြိုတင်​စဉ်းစားရင်းညလည်းအ​တော်​နက်​လှပြီမို့အိပ်​​ပျော်သွားခဲ့သည်။မနက်မိုးလင်းတာနဲ့သူ၏သား​တော်ကိုအ​ပြေးအလွှားသွား​တွေ့​လေသည်။နှစ်​​တွေဘယ်​​လောက်ကြာကြာဤသည်ကားကံ​ကောင်းဘုရင်​ကြီးအဖို့အကျင့်​တစ်​ခုလိုဖြစ်​​နေခဲ့​လေသည်​။ရက်​​တွေတစ်ရက်ပြီးတစ်ရက်ကံ့​ကောင်းဘုရင်ကြီးသူ၏သား​တော်ရဲ့အနားမှာကုန်ဆုံးရင်းသား​တော်​​လေးရဲ့​မွေး​နေ့၈နှစ်ဆိုတဲ့အချိန်အခါကို​ရောက်ရှိလာ​တော့သည်။သူ့သား၏​ရှေ့​ရေးကိုကြို​တွေးထားတဲ့အတိုင်းသူ၏ဆရာ၊ဆရာစက္ကနားကို၇နှစ်ကြာပညာသင်ယူရန်သူ၏ဆရာရှိတဲ့​နေရာ​ဒေသကို​စေလွှတ်လိုက်​​လေသည်​။

"ဆရာရှိတဲ့အရပ်ကို​တော့ငါ၏သား​တော်​​လေးကို​စေလွှတ်လိုက်ပြီ။သား​တော်ဟိုမှာ​နေရထိုင်ရတာအဆင်​​ကော​ပြေပ့မလား။အစားအ​သောက်​​တွေအ​နေအထိုင်​​တွေကနန်းတွင်းကလိုပြည့်​ပြည့်​စုံစုံမဟုတ်​​တော့ငါ့သား​လေးအဆင်​​ပြေပါ့မလား။သူ့​နောင်​​ရေး​ကောင်းစားဖို့အတွက်​​ကြောင့်​သာ​စေလွှတ်လိုက်ရတာငါ့သား​တော်​​လေးနဲ့ငါတစ်စက္ကန့်​လေး​တောင်ခွဲ၍​နေနိုင်တာမဟုတ်ဘူး။အို....ငါ့သား​လေး​ကောင်းစား​ရေးအတွက်​ပဲငါဘာလို့​မ​နေနိုင်​ရမှာလည်း။ငါဟာတိုင်းသူပြည်​သား​တွေကိုအုပ်ချုပ်​​နေတဲ့ဘုရင်တစ်ပါးဖြစ်သည့်​အပြင်​​ယောကျာ်သားတစ်​​ယောက်လည်းဖြစ်​​ပေတယ်။ငါဘာလို့မ​နေနိုင်​ရမှာလည်းငါ​နေနိုင်​​အောင်​​နေမယ်​။ငါ့သား​တော်​​လေးပညာ​တွေစုံလို့ပြန်လာမှအလွမ်းတည်မယ်ခု​တော့ပြည်သူ​တွေ​အေးချမ်းဖို့အ​ရေးအတွက်​ငါကြိုးစားရအုန်းမယ်​!"

ဆိုပြီးသား​တော်ကိုချစ်တဲ့စိတ်၊လွမ်းတဲ့စိတ်​​တွေကိုမျိုသိပ်ရင်းတိုင်းပြည်​​ရေးရာအတွက်ကိုကြိုးစား၍​တွေး​တောကြိုးစား​နေထိုင်​​လေ​တော့သည်။တစ်​​နေ့မှာ​တော့အရှင်မင်းကြီးစီကိုသူ၏ချစ်လှစွာ​တောသား​တော်​​မောင်ရဲ့ပထမဆုံး​သောစာလွှာကိုဘုရင်ကြီးလက်ခံရရှိခဲ့သည်​။

["သို့

ဖေကြီးသား​တော်​​လေးဆရာ့စီကပညာ​တွေကို​ဖေကြီးဖြစ်​​စေချင်တဲ့အတိုင်းကြိုးစားသင်ယူ​နေပါတယ်။အကုန်​လုံးမတတ်ကျွမ်း​သေး​ပေမဲ့စာ​ပေ​ရေးရာဘက်​မှာ​တော့အ​တော်အတင့်​ကျွမ်းကျင်​​နေပါပြီ။သိုင်းပညာမှာလည်း​လေးအတတ်၊ဓားအတတ်တို့ကိုလည်းအ​တော်အသင့်​တတ်ကျွမ်း​နေပါပြီ​ဖေကြီး။ဆရာက​နောက်ကျရင်​​မြေလျိုး၊မိုးပျံနိုင်​​အောင်သင်ကြားပြသ​ပေးအုန်းမှာတဲ့။ဖေကြီးသား​တော်ကိုစိတ်မပူပါနဲ့။သား​တော်ဒီမှာအရာရာအဆင်​​ပြေပါတယ်။ဖေကြီးကိုလွမ်းလို့စာလွှာ​လေးပို့လိုက်တာပါ။ဖေကြီး​ကော​နေ​ကောင်းရဲ့လား၊ကျန်းမာ​ရေးဂရုစိုက်​​တော်မှုပါအုန်း​နော်။အလုပ်​​တွေကြည့်​ဖိမလုပ်နဲ့အုန်း။နားနား​နေ​နေ​နေပြီးမှလုပ်​​နော်။ဆရာက​ပြောတယ်(တန်​​ဆေးလွန်​​ဘေး)တဲ့ဘယ်​အရာမှာမဆိုအ​တော်​အတင့်​ပဲ​ကောင်းတယ်​တဲ့အလွန်အကျွံပြုလုပ်ရင်ဆိုးကျိုး​တွေရရှိနိုင်တယ်တဲ့။ထို့​ကြောင်​​ဖေကြီးနားနား​နေ​နေအလုပ်လုပ်ပါ​နော်​။သား​တော်​ဒီ​လောက်​ပဲ​ရေး​တော့မယ်​။သား​တော်​မှာတာ​တွေကိုမ​မေ့ပါနဲ့။

ဖေကြီးကိုချစ်​တဲ့သား​တော်​"]

ဆက်​ရန်​.....

နောက်အပိုင်း​တွေမှာ​မောင်စံ​ပေါင်နန်း​ဆောင်ကိုပြန်​​ရောက်ပြီးဘယ်လိုအခက်အခဲ​တွေကိုဘယ်လိုရင်ဆိုင်မလည်း​စောင့်​​မျှော်ကြည့်​ရှု့​ပေးကြပါအုန်းခင်ဗျ။ခု​တော့ဒီ​လောက်​ပါပဲ😁။

Photo Credit;Google Image


MSC.119
@thantzinwin
Thant Zin Win

Sort:  

ကိုရီးယားကားလို ကုန်းကုန်းလဲ ပါတာပဲဟ😄

မသိဘူးအ​တွေးထဲ​ရောက်​လာသမျှအကုန်​ချ​ရေးပစ်​တာပဲ😂

မျော်နေပါတယ် အပိုင်းဆက်လေး

ဟုတ်​​မျှော်​​နေ​ပေးပါအုန်းbro​ရေ

ဘုရင့်သားတော်လေး ဘာဆက်ဖြစ်မလဲ အားပေးနေမယ် အစ်ကိုရေ ။

ဟုတ်​ဆက်​လက်​ဖတ်​ရှု​ပေးပါအုန်းအစ်​ကို​ရေ

မျှော်နေပါမယ် bro

ဟုတ်​​မျှော်​​နေ​ပေးပါအုန်း​ဗျ

စိတ်ဝင်စားဖို့ကောင်းလာပြီ မျှော်နေမယ်ဗျာအဆက်ကို

ဟုတ်​​မျှော်​​နေ​ပေးပါအုန်း

Next one please 😁

Wait for a while bro😅

ပုံပြင်လေးကကောင်းတယ်ဗျ ကလေးတွေကိုပြန်ပြောလို့ရတာပေါ့ဗျာ

က​လေး​တွေမင်းသားဖြစ်​ချင်​သွား​စေရမယ်​😝

အပိုင်းဆက်လေးမျော်နေတယ်ဗျ

ဟုတ်​​မျှော်​​နေ​ပေးပါအုန်း​ဗျ

နောက်တစ်ပိုင်း မျှော်နေမယ်

ဟုတ်​ကဲ့​မျှော်​​နေ​ပေးပါအုန်း​ဗျ

You got a 15.15% upvote from @upmewhale courtesy of @thantzinwin!

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.029
BTC 58522.98
ETH 3089.61
USDT 1.00
SBD 2.41