"တုနှိုင်းမဲ့တဲ့​မောင်​စံ​ပေါင်း(၁)"

in #myanmar6 years ago

grand-palace-bangkok.jpg

Steemit Social Media Platform ​ပေါ်မှာရှိကျတဲ့ Steemit User ညီကို​မောင်​နှမအားလုံးမင်္ဂလာပါခင်​​ဗျာ။ကျွန်​​တော်ရဲ့​ရောက်တက်ရာရာ​ပေါက်ကရအ​တွေး​လေးနဲ့​ရေးဖွဲ့ထားတဲ့"တုနှိုင်းမဲ့တဲ့​မောင်စံ​ပေါင်း"ဆိုတဲ့ဝတ္ထုတိုက​လေးတင်​ပြခွင့်​ပြုပါ​ဗျ။

ဟိုးးးရှေးတုန်းကဗာရာဏသီပြည်ကြီးကိုအုပ်စိုးမင်းမှု​လေတဲ့ကံ​ကောင်းအမည်ရှိတဲ့ကံ​ကောင်းဘုရင်ကြီးမင်းမှု​လေသည်။ကံ​​ကောင်းဘုရင်ကြီးတွင်မိဖုရားသလင်း၊မိဖုရား​စောလွန်း၊မိဖုရား​ခေတ္တရာ၊မိဖုရားမယ်​မဒီနဲ့မိဖုရား​ကေသုနဒီဆိုတဲ့မိဖုရားငါးပါးရှိ​လေသည်။အဲ့ထဲမှာမှမိဖုရားမယ်မဒီသည်ကံ​ကောင်းဘုရင်ကြီး၏အ​လေး​ပေးယုယမှုကိုခံရသည်။ဘုရင်ကြီးနှင့်​မိဖုရားမယ်မဒီတို့ဥယျာဉ်​​တော်ထဲ၌အပန်း​ဖြေထွက်​​နေတုန်းမိဖုရားသည်မှုးလဲ​လေသည်။ထိုသို့မှုးလဲ​လေရာဘုရင်​ကြီးသည်​​ခြေမကိုင်​မိလက်​မကိုင်​မိသတိလက်​လွတ်​ဖြစ်ကာစိုးရိမ်ပူပြင်းပြီးအနီးနားရှိအ​စောင့်​အ​ရှောက်ရဲမက်တို့အား​အော်​​ခေါ်လျက်နန်းတွင်းသမား​တောကြီးကိုအလျင်အမြန်​​ခေါ်ခိုင်း​လေသည်။ခေါ်ခိုင်းပြီး​နောက်မိဖုရားအားဘုရင်ကြီးမှ​ပွေ့ချီပြီးမိဖုရားကြီး၏အိပ်​​ဆောင်​သို့သယ်​​ဆောင်​သွား​လေသည်​။

"မိဖုရားမယ်မဒီမိဖုရားမယ်မဒီမိဖုရားမယ်မဒီသတိ​လေးဘာ​လေးထားပါအုန်းမျက်လုံး​လေးဖွင့်​ပါအုန်းဘယ်​လိုဖြစ်​ရတာလည်းမိဖုရားရဲ့ထပါအုန်း"

ဘုရင်ကြီးသူမြတ်​နိုးချစ်ခင်ရဆုံးမိဖုရားဤသို့မူးလဲသဖြင့်​စိုးရိမ်ပူပန်ကြီးစွာဖြင့်​နိုး​လေသည်။ထိုအချိန်နန်းတွင်းသမား​တော်​​ရောက်​လာ​လေသည်​။

"သမား​တော်ကြီးစစ်​​ဆေးကြည့်​ရှု့ပါအုန်းငါကိုယ်​​တော်ချစ်ရတဲ့မိဖုရားကြီးဘယ်လိုဖြစ်တာလည်းမသိဘူးမူးဥယျာဉ်​​တော်ထဲလမ်း​လျှောက်ထွက်​​နေတုန်းမူးလဲလို့မြန်​မြန်​စစ်​စမ်းပါအုန်းကွဲ့"

"မှန်​လှပါဘုရား ကျွန်​​တော်​မျိုးစစ်​​ဆေးကြည့်​ရှု့​တော်​မှုပါ့မယ်​ဘုရား"

"​အေးကွဲ့ မြန်​မြန်​ကြည့်​ရှု့စစ်​​ဆေးစမ်းပါအုန်းကွယ်​ ငါကိုယ်​​တော်​ရင်​​တွေပူလှပြီကွဲ့"

"မှန်​လှပါဘုရား"

နန်းတွင်းသမား​တော်စစ်​​ဆေး​နေတုန်းကံ​ကောင်းဘုရင်ကြီးမိဖုရားကြီးရဲ့အိပ်​​ဆောင်အပြင်သို့ထွက်ကာအ​ဆောင်​​ရှေ့၌​ရှေ့​လျှောက်​လိုက်​​​နောက်​​လျှောက်​လိုက်​ဖြင့်​စိုးရိမ်ပူပန်ကာ​နေမထိမထိုင်သာဖြစ်​​နေ​လေသည်​။ထိုအချိန်​မှာပဲ-

"ကျွီးးးးချိန်း...ကလပ်​....."

နန်းတွင်းသမား​တော်​မိဖုရားကြီး၏အိပ်​​ဆောင်​ကထွက်​လာ​လေပြီ။

"သမား​တော်ကြီးမိဖုရားကြီးအ​ခြေအ​နေဘယ်လိုရှိလဲဘယ်လို​ကြောင့်​ဒီလိုဖြစ်ရတာလဲအမြန်တင်​​လျှောက်​စမ်းသမား​တော်​ကြီးကိုယ်​​တော်​ရင်​​တွေပူလှပြီ"

"သိပ်​ပြီးစိုးရိမ်​မ​နေပါနဲ့ဘုရင်ကြီး၊​ဘုရင်​ကြီးအတွက်​သတင်း​ကောင်းတစ်ပုဒ်​ဖြစ်​​တော်မူ​ကြောင်းပါဘုရား။အရှင်​မင်းကြီး၏ချစ်​ဇနီးမိဖုရားမယ်​မဒီသည်​အရှင်​မင်းကြီး၏သားဦး​လေးလွယ်​ထားရ​ကြောင်းပါဘုရား"

"​ဟေ........​ငါကိုယ်​​တော်​သားဦးချီရ​တော့မယ်​!ဟုတ်​ကဲ့လားသမား​တော်ကြီးရဲ့​မောင်မင်း​ပြောတာသာအမှန်ဆိုရင်​​တော့ငါကိုယ်​​တော်ဝမ်းသာမဆုံးဖြစ်ရ​လေပြီ။အထိန်း​တော်ကြီး​ရေသမား​တော်ကြီးကိုဆုလက်​​ဆောင်​​ငွေသား​တွေချီးမြှင့်​ဖို့အသင့်​ပြင်ထားစမ်း။ငါကိုယ်​​တော်​ကိုယ်​တိုင်​ချီးမြှင့်​မယ်​ကွဲ့"

ဒီလိုနဲ့ကံ​ကောင်းဘုရင်ကြီးဟာသူသားဦးချီရ​တော့မည်​ဖြစ်​​သော​ကြောင့်​သူအုပ်ချုပ်ရတဲ့နယ်​​မြေတစ်ခုလုံးကိုဖိတ်ကြား၍ပွဲ​တော်ကြီးခင်းကျင်းပြီး​အောင်ပွဲခံ​ပျော်​ရွှင်​​နေ​လေသည်​။သူအုပ်​ချုပ်​​နေသမျှကာလပတ်​လုံးတိုင်းပြည်ကြီး​အေးချမ်းသာယာလျက်ရှိသည်။ပြည်သူ​တွေ​အေး​အေးချမ်းချမ်း​နေရသဖြင့်​ပြည်သူအားလုံးကလည်းကံ​ကောင်းဘုရင်ကြီးကိုချစ်ခင်​​လေးစားကျသည်။တိုင်းသူပြည်သားအားလုံး​ကောကံ​ကောင်းဘုရင်ကြီး​ကော​ပျော်ပွဲရွှင်ပွဲအား​ပျော်​​ပျော်ရွှရွှင်ဆင်​နွဲခဲ့ကျ​လေသည်။မိဖုရားမယ်မဒီအ​ပေါ်တစ်​ခြားမိဖုရား​တွေထက်အကြင်နာပိုခဲ့​သောဘုရင်ကြီိးသည်သူ့ရဲ့သားဦး​လေးကိုလွယ်ထားတဲ့မိဖုရားအ​ပေါ်အရင်ကထက်​ပို၍ကြင်​နာဂရုစိုက်​လာသည်​။ထိုသို့ဂရုစိုက်​သည်​ကိုတစ်​ခြား​သောမိဖုရားများက​တော့အမြင်​မကြည်ကျပါ။မိဖုရားမယ်မဒီကိုအပုပ်ချဖို့အခွင့်​​ကောင်းကို​စောင့်​​မျှော်​​နေကျသည်။မိဖုရားရင်​​သွေး​လေးကိုလွယ်​ထားတဲ့အချိန်​ကာလ ဆယ်​လ​မြှောက်​​လေပြီ။ဗိုက်​ထဲကရင်​​သွေးငယ်​​လေးလူ့​လောကသို့​ခြေဆန့်​ရန်ရုန်းကန်​​နေ​လေပြီ။ဒီလိုနဲ့ညဆယ့်​နှစ်နာရီအတိမှာပဲဘုရင်​ကြီးအတွက်​သားဦး​လေး​မွေး​လေသည်​။မနက်​ခင်းအချိန်​အခါသို့​ရောက်​​သောအခါဘုရင်​ကြီးသည်​သူ၏သားဦး​လေးကိုအမည်​​ပေးဖို့ေ​ဗဒင်​နက္ခပညာရှင်အားသူ၏နန်း​ဆောင်သို့​ခေါ်​ဆောင်​​လေသည်​။

"ကဲ​မောင်မင်းငါကိုယ်​​တော်၏သားဦး​လေးကိုအမည်​​ပေး​ရေးအတွက်​​မောင်​မင်းကိုဆင့်​​ခေါ်လိုက်​ရခြင်းဖြစ်​သည်။အကျွန်ုပ်၏သား​လေးရဲ့လက္ခနာတို့ကိုကြည့်​ရှုပြီးသူုရဲ့အနာဂတ်ကိုလည်း​ဟော​ပြော​ပေးစမ်းပါအုန်း​မောင်​မင်းရဲ့"

"မှန်လှပါကံ​ကောင်ဘုရင်ကြီးခင်ဗျာကျွန်​​တော်မျိုးတတ်သိသမျှပညာကုန်သုံးပြီးအရှင်ဘုရင်ကြီးရဲ့သားဦး​လေးရဲ့အနာဂတ်ကိုဖတ်ရှု​ဟောကြား​ပေးပါ့မယ်ဘုရား"

"​ကောင်း​လေစွ ​ကောင်း​လေစွငါကိုယ်​​တော်၏သားရတနာ​လေးရဲ့လက္ခနာအရပ်ရပ်တို့ကိုအလျင်အမြန်ပဲကြည့်​ရှုပြီးအနာဂတ်​မှာဘယ်​လိုလူဖြစ်​လာလိမ့်​မည်​ဆိုတာကိုအလျင်​အမြန်​​ဟော​ပြော​စေ​မောင်​မင်း"

"မှန်​လှပါဘုရား "

ဗေဒင်နတ်ခက်ဆရာကြီးကံ​ကောင်းဘုရင်ကြီးရဲ့သား​တော်​၏လက္ခဏာအရပ်​အရပ်​တို့ကိုဖတ်​ရှုပြီး​နောက်​မင်းကြီးအား​လျှောက်​တင်​​လေသည်​။

"အရှင်​မင်းကြီိးဘုရာ....
အရှင်မင်းကြီး၏သား​တော်​​လေးဟာအင်မတန်ထူးရှားလှတဲ့နတ်ခက်လက္ခဏတို့ဖြင့်​​မွေးဖွားလာ​ကြောင်းပါဘုရား"

"​ဟေ.....ဟုတ်ကဲ့လား!ငါကိုယ်​​တော်ကိုအမြန်ဆုံး​လျှောက်​တင်​စမ်း"

"မှန်လှပါဘုရားဘုရင်ကြီး၏သား​တော်​​လေးသည်အနာဂတ်မှာပြသည်သူပြည်သားအားလုံး၏​လေးစားချစ်ခင်မှုကိုရရှိပြီးအားလုံးရဲ့စံနမှုနာထားရ​လောက်​​အောင်ဥာဏ်ပညာမှာသာမကလက်ရုံးရည်မှာပါထူးချွန်တဲ့လူဖြစ်လာပါလိမ့်​မည်ဘုရား။ဒါတင်မက​သေးပဲအရှင့်​သားသည်တိုင်​ပြည်ကြီးရဲ့​အေးချမ်းမှုကို​ရှေးရှုပြီးနိုင်ငံအားလုံးကို​ပေါင်းစည်း​ပေးမဲ့ကြံရည်လက္ခဏာမျိုးနဲ့ပြည့်​စုံ​နေပါတယ်​အရှင်​မင်းကြီး"

"​မောင်​မင်း​လျှောက်​တင်​တာအမှန်​ပဲလားကွဲ့"

"မှန်လှပါအရှင်မင်းကြီးကျွန်​​တော်မျိုးအရှင်မင်းကြီးအားလိမ်ညာ၍​လျှောက်တင်မဝံ့​ကြောင်းပါအရှင်မင်းကြီး"

"အိမ်!....​ကောင်း​လေစွ​ကောင်း​လေစွငါကိုယ်​​တော်ဒီလိုသားမျိုးကိုရရှိထားတဲ့အတွက်ဂုဏ်ယူဝမ်းသာလို့မဆုံး​ပေဘူး။ငါကိုယ်​​တော်​၏သား​တော်​​လေးကိုပြည်​သူပြည်သားအားလုံး၏​လေးစားအားထားရတဲ့သူ၊စံနာမှုနာအဖြစ်ထားရတဲ့သူဖြစ်သည့်​အ​လျှောက်တိုင်းပြည်​​တွေ​ပေါင်းစည်းပြီးငြိမ်းချမ်းမှုကိုယူ​ဆောင်လာ​ပေးမည့်​သား​လေးဖြစ်သဖြင့်​ငါကိုယ်​​တော်၏သား​တော်​​လေးကို `စံ​ပေါင်း´ဟုအမည်​​ပေး​တော်​မှုတယ်​"

"သင့်​မြတ်​လှ​ကြောင်းပါဘုရား...."

ဆက်​ရန်​.......

Photo Credit;Google Image


MSC.119
@thantzinwin
Thant Zin Win

Sort:  

ကောင်းတယ်ဗျာ မောင်စံပေါင်းလေး ဆက်ပါဦး

ဟုတ်​​စောင့်​​မျှော်​​ပေးပါအုန်းအစ်​ကို​ရေ

ပုံပြင်ဇာတ်လမ်းလေး ဖန်တီးတော့မည်ပေါ့
စောင့်မျှော်နေပါသည်ခင်ဗျ😁

ဟုတ်​ကဲ့​စောင့်​​မျှော်​​ပေးပါအုန်း​ဗျ😁

ရမ်းgood ဆက်ဦးနော့

ဟုတ်​ဆက်​လက်​​စောင့်​​မျှော်​​ပေးပါအုန်း​ဗျ

ကိုးရီးယားကား ကြည့်နေရသလိုဘဲ

ကိုးရီးယားနန်းတွင်းကား😁😂

ဖက်လို့ ကောင်းပါတယ်

ဟုတ်​​ကျေးဇူးအစ်​ကို​ရေ

စောင့်မျော်နေမယ် ဆက်ရေးပါနော်

ဟုတ်​ဆက်​လက်​​စောင့်​​မျှော်​​ပေးပါအုန်း​ဗျ

တော်ပါပေတယ် ရေးထားတာ အားပေးသွားပါတယ်ဗျ

ဟုတ်​​ကျေးဇူးပါအစ်​ကို​ရေ

အပိုင်းဆက်လေးမျှော်နေမယ်ဗျာ

ဟုတ်​မကြာမှီလာပါမည်​​ဗျ

ဖတ်လို့ကောင်းတယ်

ကျေးဇူးပါ​ဗျ

ကလေးတွေကို ပြန်ပြောပြလို့ရပြီဗျာ

ဟီး​ပေါက်​ကရပုံပြင်​​လေး😁

Coin Marketplace

STEEM 0.27
TRX 0.11
JST 0.030
BTC 70958.91
ETH 3798.27
USDT 1.00
SBD 3.46