အိန္ဒိယပြည်ရှိ ကျိန်စာသင့် ခံတပ်ကြီး ၊(The most haunted place in India)

in #myanmar6 years ago (edited)

မိတ်တွေ သင် သည် သဘာဝလွန်ဖြစ်ရပ်ဆန်းများကို စိတ်ဝင်စားပါသလား ?

အကယ်၍ လျှို့ဝှက်ဆန်းကြယ်သည့် ဖြစ်ရပ်များကို စိတ်ဝင်စားသူ မဟုတ်ပါက ယခု ဆောင်းပါးကို ကျော်လွှားသွားနိုင်ပါသည်။ သို့တည်းမဟုတ် စာရေးသူ မယ်စပ်စုလိုပဲ ဆန်းဆန်းပြားပြား ဖြစ်ရပ်များကို စိတ်ဝင်စားတတ်သူဖြစ်ပါက ယခုဆောင်းပါးက သင့်ကို ရသတစ်မျိုးမျိုးတော့ ပေးနိုင်ပါလိမ့်မည်။ မယ်စပ်စု ကျွန်မကတော့ မိုးအေးအေးနှင့် ကော်ဖီခါးခါးလေး တစ်ခွက်သာက်ရင်း လျှို့ဝှက်ဆန်းကြယ်သော သဘာဝလွန်ဖြစ်ရပ်ဆန်းများကို ဖတ်ရှုရတဲ့ အရသာကို အလွန်ကြိုက်တတ်တာမို့ ကမ္ဘာ့နိုင်ငံအသီးသီးက ပြောစမတ်တွင်လောက်တဲ့ ဆန်းကြယ်သော ဖြစ်ရပ်များကို လိုက်ရှာဖတ်လေ့ရှိပါတယ်။

maxresdefault.jpg
Most haunted place in India -img-src

အဲ့လိုဖတ်ရင်းနဲ့ အိန္ဒိယနိုင်ငံမှာရှိတဲ့ ခြောက်ခြားဖွယ်ရာ သတင်းများနဲ့ ကျော်ကြားတဲ့ Bhangarh ခံတပ် အကြောင်းကို သွားတွေ့ပါတယ် ။ ဘန်းဂ့ါ ခံတပ်ဟာ အိန္ဒယပြည်ရဲ့ အကြီးဆုံး မြို့တော်ဖြစ်တဲ့ ရာဂျက်စ်တန် မြို့မှာ တည်ရှိပါတယ်။ ဒီ ဘန်းဂါ့ ခံတပ်ကြီးဟာ မျိုးစုံသော တစ္ဆေဇာတ်လမ်းများနဲ့ ကျော်ကြားတဲ့ ခံတပ်ပျက်ကြီးဖြစ်ပါတယ်။ ဒီခံတပ်ကို အေဒီ ၁၇ ရာစုခန့်က ရာဂျာ မန်ဟိုဆင့် က ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ ယခုအချိန်မှာတော့ ခံတပ်ကြီးရဲ့ အ၀င်ဂိတ်တံခါးရယ် ၊ ဘုရားကျောင်းအချို့ရယ် ၊ နံရံအပျက်အစီးအချို့ရယ်၊ ဂူသချို င်္င်းနဲ့  အဲ့ဒီ့ခံတပ်ကြီးတည်ကတည်းက ပါခဲ့တဲ့ ဈေးတန်းနေရာရယ် သာကျန်ပါတော့တယ်။ နန်းတော်ကြီးရှိခဲ့စဉ်အခါက ခုနှစ်ဆောင်ပြိုင် အဆောင်ကြီးဖြစ်ခဲ့ပေမယ့် ယခုအခါမှာ တော့ နန်းဆောင်လေးဆောင်သာ ကျန်တော့တယ်လို့ သိရပါတယ်။

1495884039_1495884028148.jpg
Crd-img-src

ခုလို သမိုင်းတန်ဖိုးမြင့်မားလှတဲ့ အဆောက်အဦးကြီးဟာ ဘယ်လို ပျက်သုန်းသွားခဲ့ရသလဲဆိုတဲ့ အကြောင်းအရာသည်ပင်လျှင် ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်ရာ နေရာတစ်ခု အဖြစ် တည်ရှိနေတာဖြစ်ပါတယ်။ အထူးသဖြင့် လျှို့ဝှက်ပြီးခြောက်ခြားစရာ နေရာတွေကိုမှ စိတ်ဝင်စားလေ့လာလည်ပတ် ကြတတ်တဲ့ ကမ္ဘာလှည့်ခရီးသည်တွေအတွက် အိန္ဒိယရဲ့ နံပါတ်တစ် သွားလည်ပတ်စရာ နေရာတစ်ခု ဖြစ်နေခြင်းပါပဲ။ ဒါဆိုရင် ဒီခံတပ်ကြီးရဲ့ ဒဏ္ဍာရီဆန်ဆန် ပုံပြင်က ဘယ်လိုများဖြစ်မလဲ ။

Bhangarh-Fort.jpg
Crd-imd-src

ရာနာဝတီ

1458334831_b.jpg
သူမပေါ့ crd-img-src

သူမဟာ ဘန်ဂါ့ရဲ့ ရတနာ တစ်ပါးသဖွယ် တင်စားရတဲ့ မင်းသမီးလေး တစ်ပါးဖြစ်ပါတယ်။ သူမဟာ ရုပ်အဆင်း အင်မတန် လှပသလို ၊ စိတ်ထားလည်း ကောင်းမွန်လှတဲ့အတွက် သူမရဲ့ နာမည်သတင်းဟာ အလွန်ပဲ ကျော်ကြား ပါသတဲ့။ မင်းသမီးလေးကို လက်ထပ်ချင်လို့ အတိုင်းတိုင်း အပြည်ပြည်က သ၀န်လွှာတွေကလည်း တဖွဲဖွဲ ရောက်လာလေ့ရှိ တာပေါ့။ အဲ့ဒီ့အချိန်မှာပဲ အောက်လမ်း ဆန်ဆန် မှော်အတတ်ကို တတ်တဲ့ ခရစ်ယာန် ဘုန်းကြီးတစ်ပါးဟာ မင်းသမီးလေးကို မေတ္တာသက်ဝင် ချစ်ခင်စုံမက် မိပါလေရော..။ သို့သော်လည်း သတင်းကြီးလှတဲ့ မင်းသမီးလေးနဲ့ သူ့ဘ၀ဟာ ဘယ်လိုမှ မဆုံစည်းနိုင်မှန်း သိနေလေတော့ သူဟာ သူတတ်ထားတဲ့ မှော်အတတ်ကို အသုံးချခဲ့တယ်လေ။

57ba82_2bb531a3886e435194e569fc33b4551c~mv2.jpg
ကျောချမ်းလိုက်တာနော်..img-src

ဘယ်လို လုပ်ခဲ့သလဲဆိုတော့... မင်းသမီးလေးက အိန္ဒိယမင်းသမီးလေးမဟုတ်လား ၊ ဒီတော့ အမွှေးနံ့သာ လိမ်းကျံတတ်တဲ့ ဓလေ့ရှိတာမို့ ၊ အချွေအရံတွေဟာ အမွှေးနံ့သာကို မကြာခဏသွားဝယ်ရလေ့ရှိတာပေါ့ ၊ အဲ့ဒါကို သိတဲ့ မှော်ဆရာ ဘုန်းကြီးဟာ မင်းသမီးလေး အသုံးပြုမယ့် အမွှေးဆီထဲကို မှော်အတတ်နဲ့ ပြုစား စီမံလိုက်ပါသတဲ့ ။ ဒီအမွှေးဆီကို အသုံးပြုမိလိုက်တာနဲ့ မင်းသမီးလေးက မှော်ဆရာကို မေတ္တာသက်ဝင်လာအောင် စီမံထားတာပေါ့။ ဒါကို မင်းသမီးလေးက မျက်စိကြီး နားကြီးတဲ့ လက်တန်ရှည်အသိုင်းအ၀ိုင်းက မဟုတ်လား မှော်ဆရာရဲ့ အကြံအစည်ကို တစ်နည်းနည်းနဲ့ သိသွားပုံပါပဲ။ မင်းသမီးလေးဟာ စိတ်ဆိုး မာန်ဆိုးနဲ့ အဲ့ဒီ့ အမွှေးဆီပုလင်းကို ပစ်ပေါက်လိုက်တယ်တဲ့ ။ ပစ်ပေါက်လိုက်တဲ့ အမွှေးဆီပုလင်းဟာ ကျောက်တုံးကြီးတစ်တုံးကို ထိမှန်ပြီး အဲ့ဒီ့ ကျောက်တုံးကြီးဟာ မှော်ဆရာဆီကိုလှိမ့်ဆင်းသွားပြီး မှော်ဆရာကို ဖိကြိတ်သွားပါလေရောတဲ့လားဗျာ။ အဲ့ဒီမှာပဲ မှော်ဆရာဟာ သေဆုံးသွားပါသတဲ့။ လူကိုတောင် ကြိတ်သွားနိုင်တဲ့ ကျောက်တုံးကြီးက ဘယ်လိုလုပ်များ ပုလင်းလေးထိတာနဲ့ ရွေ့သွားရပါလိမ့်နော။ ဒါကလည်း အောက်လမ်းအတတ်ရဲ့ တန်ပြန်သက်ရောက်ခြင်းများလားလို့ စပ်စုစိန် ကျွန်မတွေးမိပါရဲ့ ။

SvedkaVodka_CurseBannerAds17.jpg
crd-img-src

ဇာတ်လမ်းက အဲ့ဒီမှာတင် မပြီးသေးဘူး အဲ့ဒီ့ မှော်ဆရာက သူမသေခင် သေအံ့မူးမူးဖြစ်နေချိန်မှာတောင် ဒီအတိုင်းမနေဘဲ ကျိန်စာတိုက်သွားသေးပါသတဲ့ ။ အညှိုးအတေးကြီးပုံများနော်။ သူ့ကျိန်စာကတော့ မင်းသမီးနဲ့တကွ ခံတပ်အ၀န်းအ၀ိုင်း နယ်နိမိတ်အတွင်း နေထိုင်သူတွေ အကုန်လုံး အသေဆိုးနဲ့ သေပါစေ ၊ ဒီခံတပ် နန်းတော်ကြီးလည်း ပျက်သုဉ်း ပါစေ ဆိုပြီး ကျိန်စာတိုက်ခဲ့ပါတယ်။ အဲ့လို နဲ့ သူသေဆုံးသွားပြီး နောက်နှစ်မှာပဲ ဘန်ဂါ့ နဲ့ အဂျက်ဂါ့ ဟာ စစ်ဖြစ်ခဲ့တယ်။ အဲ့ဒီ့စစ်ပွဲကြောင့် မင်းသမီးလေး ရာနာဝတီနဲ့ စစ်သည်တွေ အကုန်လုံးနီးပါး သေဆုံးသွားခဲ့ကြတယ်။ ဒီကျိန်စာကြောင့်ပဲ အနီးနားက ကျေးရွာတွေထဲမှာရော ၊ ခံတပ်ထဲမှာပါ ပြန်လည်မွေးဖွားခြင်းဆိုတာ မရှိတော့တာ အခုထိပါတဲ့။ ဒါကြောင့် ထိုအချိန်ကတည်းက အဲ့ဒီ့နေရာကို စွန့်ပစ်ထားပြီး လူသူကင်းမဲ့နေတာမို့လို့ နာနာဘာဝတွေရဲ့ နေရာအဖြစ်နဲ့သာ ကျန်ရှိနေတော့ တာဖြစ်တယ်လို့ ဒေသခံတွေက ယုံကြည်ကြပါတယ်။ အဲ့ဒီ့နေရာမှာ အိမ်ဆောက်နေဖို့ ကြိုးစားသူတိုင်း အသေဆိုးနဲ့ သေခဲ့ကြလို့ မည်သူမှ မနေထိုင်ရဲတော့တာလဲ ပါပါသတဲ့။

3215.jpg
Crd-img-scr

နောက်ထပ် ဒီခံတပ်ပျက်ကြီးရဲ့ ထူးခြားချက်ကတော့ အိန္ဒယ အစိုးရရဲ့ တရားဝင်ထုတ်ပြန်ထားတဲ့ တားမြစ်ချက်ပဲဖြစ်ပါတယ်။ ဒါကတော့ ဒီခံတပ်ပျက်ကြီးထဲကို နေမထွက်ခင်နဲ့ နေ၀င်ချိန်တွေမှာ ၀င်ခွင့်မရှိ တားမြစ်ထားခြင်းပါပဲ။ နေ့အလင်းရောင် အောက်မှာသာ ၀င်ရောက်လည်ပတ်နိုင်ပြီး နေ၀င်ခါနီးတာနဲ့ ကိုယ့်ရဲ့ တည်းခိုရာ နေရာကို ပြန်သွားဖို့ သတိပေးထားပါတယ်။ အဲ့ဒီ သတိပေး တားမြစ် ဆိုဒ်းဘုတ်ကိုလည်း ဒီ ခံတပ်ကြီးရဲ့ ရှေ့မှာပဲ မြင်သာထင်သာ ထားရှိထားတာကို တွေ့ရပါတယ်။

main-qimg-fc198a25d9e5bd83689568a025716cc1-c.jpg
That signboard warned to the visitors not to enter the premises before sunrise and after sunset !
Crd-img-scr

အချို့စူးစမ်းလေ့လာချင်သူ နောက်ပြီး ကျိန်စာတွေကို မယုံကြည်သူ ၊ ညဘက်ကို ခိုးဝင်ကြည့်ကြသူတိုင်း အသက်ရှင်လျက် ပြန်ထွက်လာရလေ့မရှိဘူးလို့ လည်း ဆိုပြန်ပါတယ်။ တခါက လူငယ်လေး တစ်ယောက်က စွန့်စားပီး ညဘက်ကို အဲ့ဒီ့ခံတပ်ပျက်ကြီးထဲ ၀င်သွားခဲ့တယ် ။ သူ့သူငယ်ချင်းတွေက ဒီအကြောင်းလည်းသိရော အသည်းအသန် သွားပြန်ခေါ်တဲ့အချိန်မှာ ၀င်သွားတဲ့ လူငယ်လေးက အသက်ငင်နေတဲ့ အခြေအနေဖြစ်နေတာမို့ အရေးပေါ် ဆေးရုံပို့ဖို့ ကားနဲ့ခေါ်ဆောင်ရာ လမ်းမှာ ကားမှောက်ပြီး အားလုံး ဆုံးပါးကြရတဲ့ အဖြစ်အပျက်လည်း ရှိခဲ့ဖူးတယ်လို့ ဆိုပါတယ်။

02-dummy.jpg
Crd-img-src

ဒါတွေဟာ တိုက်ဆိုင်မှုလည်း ဖြစ်နိုင်သလို မမြင်နိုင်တဲ့ အန္တရာယ်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အချို့သော မယုံကြည်သူ ခရီးသွားဘလော့ဂါ များကတော့ ဒီနေရာဟာ ကျားတွေကို ဘေးမဲ့ပေးထားတဲ့ နယ်မြေနဲ့ တစ်စပ်တည်း ရှိနေတာဖြစ်တဲ့အတွက် ညဘက်ကို ကျားတွေရဲ့ သားရဲတွင်းလို ဖြစ်နေတဲ့အတွက် တားမြစ်ထားတာ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ ဒေသခံတွေအတွက် ဒီနေရာဟာ tourist attraction ဖြစ်တာမို့ ၀င်ငွေရလမ်းတစ်ခု ဖြစ်တာကြောင့် သွယ်ဝိုက်ပြီးတော့သာ သတိပေးထားခြင်း ဖြစ်နိုင်တယ်လို့ ယုံကြည်သူများလည်း ရှိပါတယ်။ သားရဲတွင်းလို ဖြစ်နေတတ်တာမို့ တခါတရံ အသားပုပ် အနံ့တွေလည်း ရနေနိုင်တာကို ထောက်ပြသူတွေလည်းရှိပါတယ်။

222.jpg
Crd-img-src

ဘယ်လိုပဲဖြစ်ဖြစ် အဆိုပါ ဘန်ဂါ ခံတပ်ပျက်ကြီးဟာ တစ္ဆေသရဲ ၀ိညာဉ်တွေ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သွားရောက်လည်ပတ်ဖို့ ထိုက်တန်တဲ့နေရာတစ်ခု ဖြစ်နေတာကတော့ အမှန်တရားတစ်ခုပါပဲ။ ရှေးခေတ် အခါက အဆောက်အဦးတွေ နဲ့ ရှေးခေတ်အခါက ဈေးတည်ဆောက်ပုံတွေကို လေ့လာနိုင်ပြီး လှပတဲ့ နေရာတစ်ခု လွမ်းမောစရာ ၊ ခြောက်ခြားစရာ နေရာတစ်ခုအဖြစ်နဲ့ သူ့ရဲ့ တည်ရှိမှုကိုတော့ ဘယ်သူမှ မငြင်းဆန်နိုင်တဲ့ အမှန်တရား ဖြစ်တာမို့လို့ ယနေ့တိုင်လည်း လာရောက်လည်ပတ်သူတွေ များပြား လျှက်ရှိနေဆဲပါပဲ။ ဒါကြောင့် စာဖတ်သူတို့လည်း အခါအခွင့် ကြုံကြိုက်ခဲ့ရင် သွားရောက်လည်ပတ် နိုင်ကြစေရန် အလို့ငှာ ရေးသားဖော်ပြလိုက်ရပါတယ်။
map.jpg
ဒါကတော့ အဲ့ဒီ့ခံတပ်ရဲ့ မြေပုံပါ [crd-img-src] (https://www.inditales.com/most-haunted-bhangarh-fort-india/)

Ref Links 1
Ref Links 2
Ref Links 3

နောက်ထပ် ဒီပို့စ်နဲ့ ခပ်ဆင်ဆင် တစ်ပုဒ် ရေးခဲ့ဖူးတာလေး ပြန်ဖတ်ချင်သူများအတွက်
The Ghost town

Written and translated by @suhtetaung
12:39am 6.7.2018
MSC 264

Sort:  

ကြောက်ဖို့ကောင်းတယ်
အလည်မသွားရဲပါဘူး 😁

အင်း နေ့ခင်းဘက်တော့ ဘာမှဖြစ်ဘူးပြောတာပဲ

ကျိန်စာဖြစ်နိုင်တယ်
ကြောက်စရာပဲ

ဟုတ်အန်တီ စိတ်ဝင်စားစရာတော့ ကောင်းတယ်နော်။

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.029
BTC 63324.37
ETH 2452.85
USDT 1.00
SBD 2.69