ရည်စားဦး

in #myanmar6 years ago

အချစ်ဦးဆိုတာမျိုးက ငယ်ငယ်တုန်းက ရင်ခုန်သံနဲ့ ချစ်ခဲ့ရသူလေ။ ငယ်ရွယ် နုနယ်တဲ့အချိန်မှာ အဖြူ စင်ဆုံး နုလုံးသားနဲ့ အရိုးသားဆုံး ချစ်ခဲ့ရတာ။ ပထမဆုံးချစ်ရသူမို့ ရူးခါနေအောင်လည်း ချစ်ခဲ့ဖူးတယ်။ ငွေတွေ ဂုဏ်တွေ ပကာသနတွေဆိုတာ ဘာမှကို ထည့်မတွက်ဘဲ အဖြူ ထည်လေးနဲ့ ချစ်တာ။ ချစ်သူရဲ့ အရိပ်ကလေး အသံကလေး ကိုယ်သင်းရနံ့လေးက အစ ဘယ်အသက်အရွယ်ရောက်ရောက် မမေ့နိုင်အောင်ကို စွဲလမ်းခဲ့ရတာ။ ပထမဆုံး ရင်ခုန်သံမို့လည်း ရင်ခုန်နှုန်းတွေ ပိုမြန်ခဲ့တာ ထင်ပါတယ်။ ချစသူရဲ့ အရိပ်ကလေး မြင်လိုက်ရရင်ကို ရင်တွေခုန်ပြီး ခြေဖျားလက်ဖျားတွေ အေးနေပြီ။ ချစ်ရသူနဲ့ မျက်လုံးချင်းဆုံလိုက်ရရင်ကို အယောင်ယောင် အမှားမှားနဲ့ ရှက်ရွံ့နေခဲ့ပြီ။

image
source

၁၀ကျော်သက်အရွက် ရည်စားဦးနဲ့ ဆုံရတဲ့ ခံစားချက်ပေါ့။ အဲ့ဒီအရွယ်မှာ ချစ်ရတာလေးက အရမ်းကို အနုစိတ်ဆန်တယ်လေ။ ဒီအရွယ်မှာ ချစ်ရသူက မင်းသားလေးတစ်ပါးဘဲ။ သူဘာလုပ်လုပ် ကိုယ့်အတွက်က သူရဲကောင်းဘဲ။ ကျောင်းဘောလုံးလက်ရွေးစင်ဘဲဖြစ်ဖြစ် ကျောင်းကပွဲတွေမှာ ပြဇာတ်ခေါင်းဆောင်ဘဲဖြစ်ဖြစ် ကျောင်းသားခေါင်းဆောင် ECဘဲ ဖြစ်ဖြစ်။ အဲ့လိုအောင်မြင်လေးတွေကတောင် ကိုယ့်အတွက်တော့ သူက ဟီးရိုးတစ်ယောက်ပါဘဲ။

ဒါပေမဲ့ အချစ်ဦးနဲ့ ပေါင်းရတယ်ဆိုတာလည်း ရှားပြန်ရော။ ဘာကြောင့် ပေါင်းဖက်ရဖို့အထိ ရေစက်မဆုံခဲ့လည်းဆိုတာ ကိုယ်ပြန်တွေးကြည့်တော့ ရေရာတဲ့ အဖြေလည်း မရှိခဲ့ပါဘူး။ ကိုယ်တို့ဝေးကျတာကတော့ တမင်လုပ်ဇာတ်မဟုတ်ခဲ့ဘူးနော်။ ကိုယ့်ရဲ့ ရည်းစားဦးလေးက သူ့အဖေတာဝန်ကျရာ ကိုယ်တို့မြို့လေးကို ရောက်လာတယ်။ ကိုယ်တို့ သိပ်ချစ်တဲ့ ချစ်သူတွေ ဖြစ်လာခဲ့ကျတယ်။ မိဘတွေကလည်း သဘောတူကြည်ဖြူ ခဲ့ကျတယ်။ နောက်တော့ ချစ်ရသူလေးက သူ့ဖေဖေ တာဝန်ကျတဲ့ နောက်ထပ်ဒေသတစ်ခုကို လိုက်သွားရပြန်တယ်။ အစပိုင်းတော့ စာတွေရေး ဖုန်းတွေဆက်နဲ့။ ကိုယ်တို့ခေတ်က သိပ်မတိုးတက်သေးတော့ အခုလို Fbတွေ ဘာတွေလည်း မရှိသေးဘူးလေ။ ဖုန်းဆိုတာကလည်း အော်တိုအိတ်ချိန်းမှာ သွားဆက်ရတာ။ ဒီတော့ အဓိကက စာရေးဆက်သွားကျရတယ်ပေါ့။

image
source

ဆက်ရန်...

@suhlaung
msc 175

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

သိတ်​မှန်​တာ​ပေါ့ဗျာ အချစ်​ဦး ဆိုတာ​မေ့​ပြောက်​ဖို့အခက်​သား

သတိရစရာလေးတွေနဲ့ လှပတဲ့ အိမ်မက်ပေါ့ ဦးယုရေ

Congratulations! This post has been upvoted from the communal account, @minnowsupport, by suhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ဘယ်ချိန်ဘယ်ခါ မပြောင်းလဲတဲ့သဘောထား
ရည်စားဦး အပိုတွေကို မပြောတတ်ဘူး

သီချင်းလားဗျ အန်ကယ်

မခိုင် သိမယ်ထင်ပ

အသက်ထက်ဆုံး ချစ်နေမှာ ရည်းစားဦး

Posted using Partiko Android

ရည်းစားဦးဇာတ်​လမ်း​လေးဆက်​ရန်​​မျော်​​နေပါ့မယ်​....ခု​ခေတ်​မှာ​တော့ဆက်​သွယ်​​ရေးမြန်​ဆန်​လွန်းပါတယ်​....

Posted using Partiko Android

ဒီခေတ်တော့ အသက်သွယ်မကောင်းလို့ ပျက်တာတော့ ရှားသွားပြီ ညီမရေ

Posted using Partiko Android

အချစ်ဦး နဲ့ ကျွန်တော်လည်း လွဲခဲ့ရပါပြီကော အမရယ်

ရည်းစားဦးနဲ့ ရတယ်ဆိုတာ ရှားပါတယ် ဖြစ်နေပြီ

Posted using Partiko Android

ကိုယ်တွေဆို ၂ တန်းကျောင်းသားဘဝကတည်းကရင်ခုန်တတ်ခဲ့တာ 😁😁

Posted using Partiko Android

ဒါတော့ နည်းနည်းများသွားပြီ

ကိုယ်တွေ့ လား ဝတ္ထုလား မတ်မတ်စု။

ရောသမမွှေပါရှင့်

အချစ်ဦး မြေးဦးရတောင် မေ့ဘူးဗျာ

အမှန်ပေါ့ကွယ်

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.029
BTC 76024.68
ETH 2926.23
USDT 1.00
SBD 2.60