နှင်းဆီ သွေးစက် ( ၃ )
https://steemit.com/myanmar/@suhlaing/wngsaundefinedthysk-1
https://steemit.com/myanmar/@suhlaing/wngsai-ethysk-2
မင်းကြီးကတော်လည်း မိမိများ အမြင်မှားလေသလားဟု သေချာစွာစိုက်ကြည့်နေလေသည်။ သေချာစွာကြည့်သော အခါမှ ထိုသဏ္ဍာန်သည် ပိုမိုပီပြင်လာကာ ဂါဝန်အဖြူ ဝတ်ထားပြီး မိန်းမငယ်သဏ္ဍာန်ပိုမိုထင်ရှားလာလေသည်။ မင်းကြီးကတော် နှုတ်မှလည်း '' ဘုရားသခင်ရေ သမီးလေး နယ်လီ'' ဟု ရေရွတ်ကာ မင်းကြီးထံ အပြေးအလွှားသွားကာ '' ဒါလင် ထပါအုံး သမီးလေး ပြန်လာပြီ ကျမတို့ သမီးလေး နယ်လီ မသေဘူး ကျမတို့ဆီ ပြန်လာပြီ တော်သေးတာပေါ့ ဒီတိုင်းမြှပ်ခဲ့လို့ သမီး ပြန်ထလာနိုင်တာ'' ဟုလည်း ပါးစပ်မှ ရေရွတ်ကာ မင်းကြီးကို နှိုးလည်းနှိုး လှေကားအတိုင်းလည်း အောက်ထပ်သို့ ပြေးဆင်းကာ အိမ်ဖော်များကိုလည်း အော်ခေါ်လေသည်။ '' ဒေါ်ကျင်တို့ မသီတို့ ထကျ ထကျ ကျမ သမီးလေး ပြန်လာတယ် တံခါးဖွင့်ပေးလိုက်ကျစမ်း သူပင်ပန်းလာမှာ ရေနွေးနွေးစိမ်ရအောင် ရေနွေးတည်ကျပါ ကော်ဖီဖျော်ကျပါ ပါမုန့် ဖုတ်ကျပါ မြန်မြန်လေး'' မင်းကြီးကတော်၏ အသံကြောင့် တစ်အိမ်လုံးရှိ အလုပ်သမားများမှာ ကြောက်လန့်ကာ ထလာကျလေသည်။ မင်းကြီးသည်လည်း လှေကားမှ အပြေးဆင်းလာကာ အိမ်တံခါးဖွင့်တော့မည့် မင်းကြီးကတော်ကို တားဆီးရလေသည်။
'' စိတ်ကို ထိန်းပါ ဟန်နီ တို့ သမီးလေးက တကယ်ဆုံးသွားတာပါ မင်းစိတ်တွေ ထင်ယောင်ထင်မှားဖြစ်နေတာ ထိုင်ပါအုံး ဟန်နီရယ်''
'' တံခါးဖွင့် ပေးလိုက်ကျပါ ကျမသမီးလေး ခြံထဲ ဝင်လာတာကို ကျမ သေချာမြင်လိုက်တာပါ သူ့ကို ဝတ်ပေးလိုက်တဲ့ ဂါဝန် အဖြူလေးနဲ့ ပါဘဲ ကျမ သမီးလေး မောပန်းနေရှာပြီ တံခါးဖွင့်ပေးလိုက်ကျပါ'' ဟု ငိုယိုကာ ပြောလေတော့သည်။ မင်းကြီးလည်း
'' ok ဟန်နီ ကိုယ်တံခါးဖွင့်ပေးလိုက်မယ် မင်း သေချာကြည့်ထားပါ တကယ်လို့ မရှိဘူးဆိုရင် သမီးလေးဆုံးသွားပြီဆိုတာ ဟန်နီ လက်ခံရလိမ့်မယ်''
မင်းကြီးသည် ပြောပြောဆိုဆိုနှင့် အိမ်ရှေ့တံခါးမကြီးအား ဖွင့်လိုက်လေသည်။ ခြံမီးများ အိမ်မီးများ အားလူံးကိုလည်း ဖွင့်စေသည်။
'' ကဲ တွေ့လား ဟန်နီ သမီးကလေး ကောင်းရာ မွန်ရာရောက်ဖို့ ဒို့တွေ ဆုတောင်းပေးကျတာပေါ့ စိတ်ကို ဖြေပါ မိန်းမရယ်''
မင်းကြီးကတော်လည်း မျက်ရည်တွေတွေစီးကျကာ ရှိုက်ကြီးတငြင်ငိုကြွေးလေတော့သည်။
'' ဒေါ်သီ တံတားပိတ်လိုက်ပါ ခင်ဗျားတို့လည်း နားကျတော့ ဟန်နီလည်း အနားယူလိုက်နော်'' ဟု ဖျောင်းဖျကာ မင်းကြီးသည် မင်းကြီးကတော်အား ဖျောင်းဖျကာ အပေါ်ထပ်သို့ တက်သွားလေငည်။ ထိုအချိန်တွင် တံခါးပိတ်ရန်သွားသော မသီ၏ လက်ကို အေးစက်သော အထိအတွေ့က ဖမ်းဆွဲထားလေသည်။ မသီလည်း ကြောက်လန့်တကြား လန့်အော်ကာ ဒေါ်ကျင့်ထံပြေးလေသည်။
'' ကျမကို လက်အေးအေးကြီးနဲ့ အပြင်က...လှမ်းဆွဲလို့...''
မသီသည် ကြောက်လန့်တကြားဖြင့် အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်လေသည်။ မင်းကြီးသည် လှေကားထပ်မှ ပြန်ဆင်းလာကာ
'' လေအေးတိုက်တာ နေမှာ မသီ ကျုပ်သမီးလေးက ကောင်းရာမွန်ရာရောက်နေပါပြီ စိတ်အေးအေးထားပြီး အိပ်ကျပါတော့ဗျာ''
မင်းကြီးသည် အိမ်ရှေ့တံခါးကို ဖြည်းညှင်းစွာ ဆွဲပိတ်လိုက်ရင်း အိမ်ပေါ်ထပ်သို့ ပြန်လည်တက်သွားပါတော့သည်။ ပတ်ဝန်းကျင် တစ်ခုလုံးသညလည်း ပြန်လည်တိတ်ဆိတ်သွားကာ ညဉ့်သည် အားဖျော့လာလေတော့သည်။
ဒေါ်ကျင်နှင့် ဒေါ်သီသည် ညက အဖြစ်ကို မင်းကြီးကတော်နှင့် မင်းကြီးကိုလည်း မပြောရဲ သည်အိမ်ကြီးတွင် ဆက်၍ နေလိုစိတ်လည်း မရှိ ဖြစ်နေကျလေသည်။ သူမတို့ ၂ဦးနှင့် ခြံစောင့် ကုလားလေး မွတ်တားတို့သည် ခေါင်းချင်းဆိုင်မတက် အကြောင်းအရာတစ်ခုကို ပြောဆိုနေကျလေသည်။ မင်းကြီးကတော်ကြားမည်လည်း စိုးသောကြောင့် တိုးတိုးတိတ်တိတ် ပြောဆိုနေကျခြင်းဖြစ်လေသည်။ မွတ်တားမှ
'' ကုလားလေးနော် မညာဘူး အမ ညက တကယ့်ကို ကြောက်သွားခဲ့တာ အမလေး နယ်လီနော် ခြံထဲကို ဝင်လာပြီး နှင်းဆီပင်တွေနားမှာ ရပ်နေတာ နောက်တော့နော် ကုလားလေးကို လှည့်ကြည့်သွားတယ် မျက်လုံးနော် အရမ်းနီတယ်''
'' ဟုတ်တယ် မွတ်တားရေ ညက ငါတို့လည်း ညနက်မှ အိပ်ရတယ် သခင်မကြီးအတွက် ကြက်ပေါင်းလုပ်ပေးနေတာနဲ့ ကြက်ပေါင်းရည်ကို သခင်မကြီး အခန်းမှာပို့ပြီး ပြန်ဆင်းမယ် အလုပ်မှာ မမလေး အခန်းက တံခါးဟနေတာတွေ့လို့ သွားပိတ်မယ် အလုပ်မှာ အပုပ်နံ့ကြီး ရလိုက်တာဘဲ''
'' ကျမလည်း တံခါးသွားပိတ်တဲ့ညက အပြင်ကနေ လက်အေးအေးကြီးနဲ့ ကျမကို ဆွဲထားတာ သခင်ကြီးကို ကြောက်တာနဲ့ မပြောရဲဘူး''
'' ဒီအတိုင်းဆို ဘယ်လိုလုပ်ကျမလဲ အလုပ်ပြုတ်လို့ကလည်း မဖြစ် ငါတို့ကို မီခိုနေတဲ့ မိသားစုကလည်းရှိပြန် ဆက်နေရင်လည်း ကြောက်တာနဲ့ ဘယ်နေ့ အသက်ထွက်မလဲ ခက်လှချည်ရဲ့အေ''
၃ယောက်သား ခေါင်းချင်းဆိုင် တီးတိုး ပြောနေချိန်တွင် မင်းကြီးကတော်မှ
'' ဒေါ်ကျင်ရေ ဒေါ်ကျင် ဒရိုင်ဘာကြီးကို သွားပြောပါ ကျမ သမီးလေးဆီ သွားမလို့ ကားအဆင်သင့် ပြင်ထားပါလို့'' ဒေါ်ကျင်မှလည်း '' ဟုတ်ကဲ့ သခင်မကြီး ကျမ အခုသွားပြောလိုက်ပါမယ်''ဟု ပြောကာ လူစုခွဲကျလေသည်။
@suhlaing
msc 175
ရေးတတ်ပါပေတယ်ဗျာ စီးမျောသွားအောင်
နောက်အပိုင်းတွေလည်း အားပေးပါအုံး ကိုစောရေ
ကြောက်မက်ဖွယ်ဇာတ်လမ်းလေးတွေ ဖန်တီးတတ်တာ လေးစားတယ်ဗျာ
သိပ်ကြောက်သွားသလား လူကလေး😊😊😊
Congratulations @suhlaing! You have completed the following achievement on Steemit and have been rewarded with new badge(s) :
Award for the number of comments received
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOP
Do not miss the last post from @steemitboard:
SteemitBoard and the Veterans on Steemit - The First Community Badge.
thanks
ကြောက်သာအေ မမ
ညကျ တခါပြန်လာဖတ် နပြည့်
Congratulations! This post has been upvoted from the communal account, @minnowsupport, by suhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
thanks
Congratulations @suhlaing! You have completed the following achievement on Steemit and have been rewarded with new badge(s) :
Award for the number of upvotes received
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOP
Do not miss the last post from @steemitboard:
SteemitBoard and the Veterans on Steemit - The First Community Badge.
thanks
လက်အေးအေကြီး အမငီးကြောက်ထာ
ဦးထွေးဆီ ဒီညလာမယ်တဲ့
ကြောက်တတ်သူများအဖို့မလွယ်ပါ
တကယ် ထိပ်လန့်စရာနဲ့ကြုံပြီဆိုရင် သတ္တိကောင်းတဲ့သူတွေတောင် ပြေးကျရတာ အမရေ
ဝထ္ထု က ဖတ်ရင်းဖတ်ရင်းနဲ့ ကြောက်လာပြီ
ရေးထားတာအသက် ဝင်ပါတယ်ဗျာ
ရေးတဲ့လူကိုယ်တိုင်လည်း ကြောက်နေတာ ညဘက် replyပြန်စရာရှိရင် ပုံတွေ စာတွေ မကြည့်တော့ဘူး ဖုန်းစခရင်ကို အမြန်ဆွဲချပြီး ပြန်ရမဲ့နေရာလေးတင်ကြည့်ရေးတာ😂😂😂
ဝတ္ထုကောင်းလွန်းလို့ ချိတက်တောင်အားပေးသွားတယ် 😁 ငမူးချိတက်
ဟုဒယ်ဆို ရမ်းသမ်းလုပ်နာ