နှင်းဆီ ဓာတ်စာ

in #myanmar6 years ago (edited)

https://steemit.com/myanmar/@suhlaing/wngsaiyakhantho-alnytsekhak-d93f20bfa5e34

https://steemit.com/myanmar/@suhlaing/wngsai-daatsa-8073ebe077067

အဲ့နောက်မှာတော့ နှင်းဆီ စိုက်ပျိုးပုံစိုက်ပျိုးနည်းများကို ခြံရှင် ဦးကြီးက ဆက်လက်ရှင်းပြရာမှာ မြေပြင်ထားတဲ့ ပေါ်မှာ နှင်းဆီ ပင်တွေ စိုက်ပျိးတော့မယ်ဆိုရင် ကျင်းနက်နက်ကလေးတူးရပါတယ်။ မိမိစိုက်ပျိုးမဲ့ အပင်ရဲ့ အမြစ်ကိုလိုက်ပြီး မြေကျင်းအနက်ကို ခန့်မှန်းရပါတယ်။ အမြစ်တွေ အနည်းငယ်ရှည်နေလျှင် ဖြတ်တောက်နိုင်ပြီးတော့ ကျင်းထဲကို ထည့်စိုက်တော့မယ်ဆိုရင် အပင်အောက်က မြေကြီးကို လေမခိုအောင် ဂရုစိုက်သင့်ကြောင်းနဲ့ ရေကို ဗွက်ထအောင် တခါတည်း လောင်းမထည့်ဘဲ မြေဖြည့်လိုက် ရေနည်းနည်းထည့်လိုက်နဲ့ စိုက်ပျိုးသင့်ပါတယ်လို့ အကြံပေးပါတယ်။
IMG_20180224_064211.png

စိုက်ပျိုးပြီးသွားရင်တော့ ထိန်းသိမ်းရမဲ့ အပိုင်းက ပါလာပြီပေါ့ရှင်။မနက်တိုင်းရေလောင်းပေးရပါမယ်။ အဲ့လိုလောင်းတဲ့ အခါမှာ အပင်အောက်ခြေ အနည်းဆုံး ၁၀ပေကျော်လောက်အထိ ရေစိမ့်ဝင်နိုင်အောင် လောင်းပေးရပါတယ်။ ဒါပေမဲ့ ရေမဝပ်အောင်တော့ ဂရုစိုက်ပေးသင့်ပါတယ်။ အဲ့နောက်မှာတော့ အတက်လေးတွေနဲ့ အရွက်နုလေးတွေ ထွက်လာပြီဆိုရင် ကိုင်းခြောက်တွေကို နှင်းဆီဖြတ် ကတ်ကြေးလေးနဲ့ ဖြတ်တောက်ပေးခြင်း အရွက် အခြောက်များရှင်းလင်းပေးခြင်းများ ပြုလုပ်ပေးပြီး ဖြတ်တောက်လိုက်တဲ့ အကိုင်းထိပ်ကလေးကို ပိုးမဝင်နိုင်ရန် ဓာတုအရည် သုတ်လိမ်းပေးသင့်ပါတယ်လို့ အကြံပေးရှင်းပြပါတယ်။ အကိုင်းတွေ ဖြတ်တောက်ခြင်းဟာ ပထမအကြိမ် အပွင့်ပွင့်ပြီးမှသာလျှင် ပြုလုက်သင့်ကြောင်းနဲ့ နှင်းဆီပိုးမွားများနှိမ်နင်းရန် ပိုးသတ်ဆေး ဖြန်းခြင်း အပွင့်အားဆေး အပင်အားဆေးနဲ့တကွ အပင်ငယ်တလအတွင်း သင့်လျှော်တဲ့ အော်ဂဲနစ်များ ကြွေးပေးသင့်ကြောင်း ရှင်းလင်း ပြောပြပေးခဲ့ပါတယ်။
IMG_20180224_064228.png

ကျမရဲ့အိမ် အပြန်လမ်းမှာတော့ နှင်းဆီတွေ တပွေ့တပိုက်နဲ့ နှင်းဆီ ပုံပြင်လေးတွေကို မှတ်သားရင်း နှင်းဆီခင်းကြီးနဲ့ ကျမရဲ့ အနာဂတ် ပုံရိပ်လေးကို တွေးမိရင်း နှင်းဆီကဗျာလေးကို စိတ်မှန်းနဲ့စပ်ဆိုကြည့်ရင်း ကြည်ကြည်နူးနူး ပြုံးလိုက်မိပါတော့တယ်ရှင်။
IMG_20180224_064244.png

သတ္တဝါအားလုံး ကျန်းမာ ချမ်းသာကျပါစေ..
@suhlaing
msc-175
credit google image

Sort:  

အမကြီးစုလည်း နှင်းဆီပန်းတွေနက် စီးပွားဖြစ်နေတာနော် အားကျတယ်ဗျာ။

နှင်းဆီတွေ ဓာတ်စာကျနေလို့ ခုတလော

နှင်းဆီပန်း​တွေ လှထာဗျာ

လှလည်း လှတယ် ထက်လည်း ထက်မြတ်တယ်

နှင်းဆီတွေမြင်တော့ အတိတ်ကအကြောင်းလေးတစ်ခုကို သတိရသွားတယ်ဗျာ

လွမ်းစေသတည်း

နှင်းဆီပင်သာစိုက်ထားတာ ဘာမှသိဝူးရယ် 😁
Thanks.

အမလည်း မသိဘူး အပင်မဖြစ်လို့ စပ်စုကြည့်တာ

မွှေးနေမှာပဲနော်မမစုရေ။

အနံ့လေးက သင်းသင်းလေး ကိုဇာ

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.028
BTC 64021.36
ETH 3150.26
USDT 1.00
SBD 2.54