နှင်းဆီ ဓာတ်စာ

in #myanmar8 years ago (edited)

https://steemit.com/myanmar/@suhlaing/wngsaiyakhantho-alnytsekhak-d93f20bfa5e34

နှင်းဆီပင်မျိုးစေ့ များစွာရှိကြောင်းနဲ့ ကျမတို့ ဒေသမှာ စီးပွားဖြစ်အစိုက်များတဲ့ နှင်းဆီတွေကတော့ နိုင်ငံခြားနှင်းဆီခေါ် မော်ဒန်နှင်းဆီပင်များနဲ့ အိုးနဲ့ထည့်စိုက်တဲ့ တော်ဝင်နှင်းဆီများဖြစ်ပါတယ်။ အစိမ်းရောင်လေးတွေ ပွင့်တက်တဲ့ ကျောက်နှင်းဆီနဲ့ တရုတ်နှင်းဆီလို့ ခေါ်တဲ့ အပင်ပုပုလေးနဲ့ အပွင့်သေးသေးလေးတွေ ပွင့်တဲ့ နှင်းဆီတွေကိုလည်း အိမ်တစ်ချို့မှာ အလှ စိုက်ပျိုးထားတာ တွေ့ရပါတယ်။ ဒါပြင် ကျမ စိုက်တဲ့ ဗမာနှင်းဆီပင်လေးတွေကိုလည်း အိမ်တိုင်းလိုလိုမှာ တွေ့မြင်ရမှာပါ။
image
ခြံရှင် ဦးကြီးရဲ့ ရှင်းပြချက်အရ နှင်းဆီပင်တွေဟာ မြေအမျိးမျိးမှာ စိုက်ပျိးဖြစ်ထွန်းပေမဲ့ သူအကြိုက်ဆုံးမြေအမျိုးအစားကတော့ စိုစွတ်ပြီး ရေမဝပ်တဲ့ မြေမျိုးမှာ စိုက်ပျိုးဖြစ်ထွန်းပါတယ်တဲ့။ မစိုက်ပျိုးမီ မြေကို ထွန်ယက်ထားရပါတယ်။ သင့်တော်တဲ့ မြေသြဇာနဲ့အတူ မြေဆွေး သစ်ဆွေးတို့ကိုလည်း ရောပြီး မြေပြင်ထားရပါမယ်။ ဒါဆိုရင်တော့ နှင်းဆီ စိုက်ပျိးဖို့ အသင့်ဖြစ်ပါပြီ။ ကျမ မနှစ်က စိုက်ပျိုးတဲ့မြေဟာ အနည်းငယ်ကျစ်ပြီးတော့ မိုးရွာပြီးရင် ရေအနည်းငယ် ဝပ်တက်ကြောင်းပြောပြလိုက်တော့ ခြံရှင်ဦးကြီးက ရေဆင်းကောင်းစေရန် သဲမြေကို ၆လက်မခန့်အောက်ကနေထည့်ခင်းပေးဖို့နဲ့ စိုစွတ်ပြီး ရေမဝပ်စေဖို့ ဆောင်ရွက်ပေးသင့်ကြောင်း အကြံပေးခဲ့ပါတယ်။

ဆက်ရန်...
image
@suhlaing
msc 175
credit google image

Sort:  

ကျေးဇူးပါ
အခုလို ဗဟုသုတတဲ့အတွက်

ဟုတ်ကဲ့ပါရှင့်

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.104
BTC 64285.60
ETH 1870.70
USDT 1.00
SBD 0.36