နှင်း၏ စေညွှန်ရာ ...( ၅ )

in #myanmar6 years ago

အချိန်အားဖြင့် နံနက် ၈နာရီကျော်လာသော်လည်း နှင်းထုသည် မသဲကွဲဘဲ ဖြစ်နေလေသည်။ နှင်းမိုးများထပ်မကျတော့သော်လည်း မပြင်ဘက်တွင် နှင်းပြင်ကြီးသာ ကြီးစိုးထားဆဲဖြစ်သည်။ ဒီအတိုင်းဆိုလျှင်တော့ ကျွန်တော်တို့၏ အပြန်လမ်းသည် ဝေဝါးနေဆဲဖြစ်သည်။ ကျွန်တော်သည် အဆက်အသွယ် ရလိုရငြား အပြင်ထွက်ကာ စုံစမ်းကြည့်မည် စိတ်ကူးလေသည်။ ထို အကြံကို ဆရာရန်က ကန့်ကွက်လေသည်။ အကြောင်းမှာ နယ်မြေ မကျွမ်းကျင်မှုကြောင့် ဖြစ်လေသည်။ မြေပြင်ဟူသည် မတွေ့ရခြင်းကြောင့် အန္တရာယ်ဖြစ်နိုင်သည်ဟု ဆရာရန်က ပြောပါသည်။ ကျွန်တော်အပါအဝင် ကျောင်းသားများသည် ရာသီဥတု အခြေအနေကို ဒီအတိုင်း ထိုင်စောင့်နေရသည်ကို ငြီးငွေ့လာကျလေသည်။ အပြင်ဘက်ထွက်ကာ လေ့လာကြည့်ချင်နေကျသည်။ သို့သော် ဆရာများက တားမြစ်သောကြောင့် သည်အတိုင်းပင် စောင့်ဆိုင်းနေကျရလေသည်။

'' ဒီအတိုင်းဆိုရင် ကျွန်တော်တို့ အပြန်ခရီးကို ဒီနေ့ စနိုင်မယ် မထင်ဘူး ဆရာ''

တိတ်ဆိတ်ခြင်းကို ကျွန်တော်က စတင်ကာ စကား စ လိုက်သည်။ ရွက်ဖျင်တဲအတွင်း အအေးဒဏ်ခံနိုင်ရန် ဝင်နေကျသော မိန်းကလေး တချို့လည်း ကျွန်တော့ စကားသံကြောင့် အပြင်ထွက်လာကျသည်။ ဆရာရန်သည် သောက်လက်စ စီးကရက်တိုကို ဂူကြမ်းပြင်တွင် ထိုးခြေလိုက်ရင်းက

'' တစ်ထစ်ချတော့ ပြောမရသေးဘူး သားရေ ဒီအတိုင်း ဆီးနှင်းထပ်မကျရတော့ မွန်းတည့်ချိန်လောက်မှာ နှင်းတွေ အရည်ပျော်ကောင်းပါရဲ့ ''

image
source

image
source

ကျွန်တော်တို့အတွက် မျှော်လင့်ချက်လေးသည် ချက်ချင်းဆိုသလိုပင် လင်းလက်လာလေသည်။ ကြောက်စိတ်မရှိသော်လည်း စိုးရိမ်စိတ်ကြောင့် မျက်နှာမကောင်းလှပေ။ သူငယ်ချင်း အချင်းချင်းပင် စ နောက်သံများ တိတ်ဆိတ်သွားကျပြီ။ ကျွန်တော်တို့ ပိတ်မိနေသည်မှာ ၁၂နာရီ ကျော်ပြီ မဟုတ်ပါလား။ နေ့ဘက် အအေးဒဏ်သည် သိပ်မသိသာလှသော်လည်း ညဘက်ထပ်နေရလျှင် မီးဖိုမရှိလျှင် မလွယ်လှပေ။ ရာသီ ဥတုသည် ငြိမ်သွားသည် ဆိုသေည်လည်း အခြေအနေ အကောင်းဘက်သို့ကာ မရောက်လာသေးပေ။ ဒီတစ်ည ထပ်အိပ်ရမည်ကို ကျွန်တော်တို့အားလုံး စိုးရွံ့နေကျသည်တော့ အမှန် ဖြစ်ပေသည်။

'' ကျွန်တော်တို့ အပြင်ခဏ ထွက်ကြည့်ချင်တယ် ဆရာရန်''

@suhlaing
msc 175

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Congratulations! This post has been upvoted from the communal account, @minnowsupport, by suhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ဂူထဲဒီတိုင်းငြိမ်​​နေတာထက်​အပြင်​ထွက်​ပြီးအ​ခြေအ​နေကြည့်​ရမှာပါ....လှုပ်​ရှားမှလွတ်​​မြောက်​ဖို့လမ်း​တွေ့မယ်​ထင်​ပါတယ်​....ဆက်​လက်​အား​ပေးပါ့မယ်​....

Posted using Partiko Android

အပြောင်းအလဲလေးပေါ့ ညီမရေ အားပေးတဲ့အတွက် ကျေးဇူးပါ

မ​ရေးတာကြာ​တော့ ကွင်းဆက်​ပြတ်​ကုန်​ပြီ အဟိ ။

ဟုတ်ပ ဦးယုရေ

အအေးဒဏ်ကတော့ ခံနေရဆဲ ဆက်လက်ခံစရာအကြောင်းလေးတွေလည်း ရှိဆဲ အေးတယ် ချမ်းတယ်သဘောမှာမပေါက် ဒို့မှာ ကိုယ်စီခမောက် ☺

အသံကောင်းပ ဘစိုးရေ

အပြင် ထွက်ကြည့်လိုက်ပါ ဆရာမရယ်

ထွက်မှာပါအေ

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 62685.52
ETH 2436.42
USDT 1.00
SBD 2.51