နှင်း၏ စေညွှန်ရာ ( ၄)

in #myanmar6 years ago

ကျွန်တော်အကြံပေးသည့်အတိုင်း အလင်းရောင်ရသည်နှင့် တောင်ခြေရွာသို့ စခန်းပြန်ချရန် ဖြစ်လေသည်။ သို့သော် လက်တွေ့တွင် အပြန်ခရီးအတွက်ပင်ခက်ခဲကြောင်း တွေ့ရလေသည်။ နံနက် ၈နာရီကျော်သည့်တိုင် နှင်းများ အခဲလိုက်ကျဆင်းလျှက်ရှိပြီး ဂူ အပြင်ထွက်ရန်ပင် ခက်ခဲလေသည်။ လောင်စာအဖြစ် ထင်လည်း ပြန်လည်လိုအပ်နေပေပြီ။ ကျွန်တော်တို့သည် အပြန်ခရီးအတွက်ပင် အနည်းငယ် စိုးရိပ်စိတ်ဝင်မိလေသည်။ သည်အတိုင်းဆိုလျှင် နောက်ထပ်ရက်အနည်းငယ်များထပ်နေရမည်လောဟု ကျွန်တော်တို့ တွေးပူသွားသည်။ ထိုအခါ အဓိက ပြဿနာသည် ရိက္ခာဖြစ်လာမည်။

image
source

ဂူအပြင်ဘက်တွင် ဆီးနှင်းများသည် မိုးသီးမိုးပေါက်များကဲ့သို့ တဖွဲဖွဲကျဆင်းထားမှုကြောင့် တောအုပ်များပင်ပျောက်ကွယ်နေကာ ရေခဲပြင်ကြီးပမာ ဖြစ်နေလေသည်။ လမ်းဟူသည် ဝေးစွ။ ရေခဲတောင်ထိပ်ပင် ပျောက်ကွယ်နေလေသည်။ ရေမြေဒေသကျွမ်းကျင်သူများ ဖြစ်လျှင်တော့ သည် ရေခဲပြင်ကြီးထဲတွင် အပြန်လမ်းကို ရှာဖွေနိုင်ကောင်းပေသည်။ ကျွန်တော်တို့သည် ဂူပေါက်တွင် အခြေအနေကို ထိုင်ကြည့်ကာ အေးလွန်းလှသဖြင့် ဂူထဲသို့ ပြန်လည်ဝင်ရောက်လာကျလေသည်။ လောင်စာ ထင်းတုံးကြီးသည်လည်း ဒီညအထိဆိုလျှင် မလောက်ငနိုင်ဟု ခန့်မှန်းမိသည်။ ဆရာရန်နှင့် ဆရာပိုင်တို့သည် ခေါင်းချင်းဆိုင် တီးတိုးတိုင်ပင်နေကျဟန်ရှိသည်။ ထို့နောက် ဆရာရန်မှ ကျွန်တော်နှင့် ကျောင်းသား လေးငါးယောက်ခန့်ကို ခေါ်ယူကာ အစီအစဉ်တစ်ချို့ကို ချအြလေသည်။ ဆရာ့ အစီအစဉ်မှာ ရာသီဥတုအနည်းငယ်ကောင်းလာသည်နှင့် အမြန်ဆုံးထွက်ခွာကျရန်နှင့် အကယ်၍ သည်အတိုင်းဆက်လက်ဆိုးရွားနေသည်ရှိသော် နှစ်ယောက်ဖြစ်စေ သုံးယောက်ဖြစ်စေ ဖုန်းလိုင်းအဆက်အသွယ် ရစေမည့် နေရာအထိ သွားကျရန်ဖြစ်သည်။ ထို့နောက် မိခင်ဌာနမှတဆင့် ကဟ်ဆယ်ရေးယာဉ်များ ခေါ်ကျရန် ဖြစ်သည်။

ကျွန်တော်တို့ အဖွဲ့တွင် အမျိုးသမီးများလည်း ပါဝင်သည် ဖြစ်ရာ စိတ်ဓာတ်မကျဆင်းရန်လည်း လိုပေသည်။ ထို့ကြောင့် ဆရာရန်က

'' တပည့်တို့အားလုံး ဒီပုံအတိုင်းဆိုရင် ဆရာတို့ ဒီထဲမှာ နာရီအနည်းငယ်လောက်အထိ ထပ်နေရမဲ့သဘောဖြစ်နေတယ်။ နှင်းကျတာ ရပ်ပြီဆိုနဲ့ ဆရာတို့ အဆက်အသွယ်ရအောင် ကြိုးစားမယ် အဲ့တော့ အားလုံးစိတ်ဓာတ်တွေ ခိုင်ခိုင်ထားပြီး အချိန်တစ်ခုကိုစောင့်ပေးကျပါလို့ ဆရာပြောချင်ပါတယ်''

အားလုံးသည် ဆရာ့စကားကို ထောက်ခံကာ စိတ်ဓာတ်မကျကြောင်းပြောကျလေသည်။ ညီညီညွှတ်ညွှတ်နှင့် ခရီးဆုံးထိ အောင်မြင်အောင်သွားချင်ပါသည်ဟု ဆိုကျလေသည်။ ကျွန်တော်တို့သည် ယခု အလိုအပ်ဆုံးအရာမှာ ထင်းဖြစ်နေလေသည်။ ထို့ကြောင့် ထင်းရှာထွက်ရန်လည်း လိုအပ်လာသည်။ သို့သော် နှင်းထုကြီးက ထူထပ်စွာကျဆင်းထားမှုကြောင့် မြေပြင်ဟူသည် မမြင်နိုင်တော့ပေ။

image
source

ဆက်ရန်...
@suhlaing
msc 175

Sort:  

နှင်းတောင်ကြီးလှချက်

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

အခက်​အခဲ​တွေဘယ်​လို​ဖြေရှင်းပြီး၊ခရီးဆက်​ကြမလဲဆိုတာစိတ်​၀င်​စားစွာအား​ပေး​နေပါ့မယ်​....စာဖတ်​ရင်းပုံကြည့်​ရတာလိုက်​ဖက်​ပါတယ်​....

Posted using Partiko Android

အခက်အခဲတွေနဲ့ ဘယ်လို ခရီးဆက်မယ်ဆိုတာ ကြိုးစားပြီး ဆက်ရေးပါ့မယ် ညီမရေ

Congratulations! This post has been upvoted from the communal account, @minnowsupport, by suhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

စိတိကူးကောင်းပါတယ်ခင်ဗျာ။စာဖတ်သူကို စိတ်ဝင်စားအောင် ဆွဲဆောင်ထားနိုင်ပါတယ်ခင်ဗျာ။စောင့်မျှော်အားပေးပါ့မယ်အစ်မ။

ဟုတ်ကဲ့ လာဖတ်ပေးတဲ့အတွက် ကျေးဇူးပါရှင် ဆက်လက်ကြိုးစားနေပါတယ်

ဖတ်ရတာစိတ်ဝင်စရာကောင်းလွန်နေပါတယ်မမစုရေ. ခေးဆက်ပြီးစောင့်ဖတ်နေပါ့မယ်. 😃😃😃

Posted using Partiko Android

ကျေးဇူးပါ ညီမလေးရေ

Coin Marketplace

STEEM 0.15
TRX 0.12
JST 0.026
BTC 56443.25
ETH 2493.88
USDT 1.00
SBD 2.23