နှင်း၏ စေညွှန်ရာ ( ၃ )

in #myanmar5 years ago

'' ဆရာတို့ရဲ့ ခရီးစဉ်အတိုင်းဆိုရင်တော့ တောင်ထိပ်အထိ ရောက်အောင်တက်ကျဖို့ဘဲ ဒါပေမဲ့ အခုလို ရုတ်တရက် ရာသီဥတုက စိုးလာတဲ့အခါ မူလခရီးစဉ်အတိုင်း အတိအကျ ဆွဲမရတော့ဘူး ဖြစ်သွားတယ် ဒီတော့ တပည့်တို့ အနေနဲ့ တောင်ထိပ်အထိ ဆက်တက်မလား နောက်ကြောင်းပြန်လှည့်မလားဆိုတာ အကြံပေးကျပါ''

ဆရာပိုင်သည် ပြောပြီးသည်နှင့် တပည့်များ၏ အဖြေကို စောင့်နေလေသည်။ ဆရာရန်မှလည်း

'' ဒီခရီးကို ဆရာတို့ ထွက်လာဖို့အတွက် အချိန်အတော်ယူခဲ့ရတယ် ရေခဲတောင် ပရောဂျက် လုပ်မယ်ဆိုတာနဲ့ ဆရာတို့အားလုံး အတော်ပြင်ဆင်ခဲ့ကျရတယ် တောင်တက်လေ့ကျင့်ရတယ် ရေခဲတောင်မှာ ဖြစ်နိုင်ခြေရှိတဲ့ အန္တရာယ်တွေအတွက် ကြိုတင်ပြင်ဆင်ရတယ် လေ့လာမှုတွေ အများကြီး လုပ်ပြီးမှ ဆရာတို့ ထွက်လာရတာ ဒါပေမဲ့ တပည့်တို့ ဆန္ဒအရဘဲ ဆရာတို့ ဆက်သွားကျမယ်''

ကျွန်တော်သည် တွေးဆပြီးမှ စကားဝင်ပြောလိုက်လေသည်။

'' ကျွန်တော် တစ်ခု ပြောချင်ပါတယ် ဆရာ''

image
source

ဆရာ နှစ်ယောက်နှင့် အဖွဲ့သားအားလုံးသည် ကျွန်တော့ထံ အကြည့်ရောက်လာကာ ဆရာရန်မှ

'' ပြောလေ မောင်နေလ''

'' ဒီလိုပါ ဆရာ ကျွန်တော်တို့ အခု ဖြစ်စဉ်အရဆိုရင် ပြန်လှည့်မလား ဆက်တက်မလား ဒီ၂ခုထဲက တစ်ခုပေါ့ ဒါပေမဲ့ ကျွန်တော်တွေးမိတာက ဒီအတိုင်းတော့ ကျွန်တော်တို့ ဆက်သွားလို့ မရဘူးလို့ တွေးမိတယ်။ အခုက ခရီးစဉ်ရဲ့ ၃ပုံ ၁ပုံဘဲရောက်သေးတယ် မထင်မှတ်တဲ့ အန္တရာယ်နဲ့ ကျွန်တော်တို့ ကြုံခဲ့ရတယ်။ ကျွန်တော်တို့ မလာခင်ကတည်းက ရာသီဥတုကို တွက်ချက်ပြီးသား။ ဒီရာသီ ဥတုဟာ မုန်တိုင်းတိုက်လေ့တိုက်ထမရှိတဲ့ ရာသီဥတုမျိုး။ ဒါပေမဲ့ ကျွန်တော်တို့ ကြုံလိုက်ရတယ်။ ကျွန်တော်တို့ ရှေ့ဆက်သွားလို့ နောက်ထပ်ကြုံလိုက်ရရင် ဒီလို ကံကောင်းနိုင်ပါ့မလား။ ဒါက တွေးစရာတစ်ချက်။ နောက်တစ်ချက်က ကျွန်တော်တို့ဟာ ခေတ်မီ ပစ္စည်းတွေ ပါတယ်ဆိုပေမဲ့ အခု လောလောဆယ် ဖုန်းလိုက်းတောင် မမိတဲ့ အနေအထား။ ဒါကြောင့် ကျွန်တော်တို့ ဒါတွေကို သိပ်တော့ အားကိုးလို့ မရဘူး။ သေချာတာတစ်ခုက လမ်းပြကောင်းတစ်ယောက်လောက် အားမကိုးရဘူးလို့ ကျွန်တော် ဆိုလိုချင်တာပါ။ ဒါကြောင့် အလင်းရောင် ရတာနဲ့ ကျွန်တော်တို့ ဒီကနေထွက်ပြီး လာလမ်းအတိုင်း တောင်ခြေရွာကို ပြန်ကျမယ် အခြေအနေစောင့်ကြည့်ပြီး လမ်းပြကောင်းတစ်ယောက်ရှာမယ်။ ပြီးရင် ထပ်တက်မယ် ဒီလိုဆိုရင် လာရကြိုးလည်း နပ်မယ်လို့ ကျွန်တော်ထင်ပါတယ် ဆရာ''

ဆရာပိုင်သည် ခေါင်းတစ်ဆက်ဆက်ညိမ့်ကာ

'' မောင်နေလ ပြောတာ ဖြစ်သင့်တဲ့လမ်းကြောင်းပါ။ တစ်ခုစဉ်းစားရမှာက ဆရာတို့ရဲ့ ပရောဂျက်ကာလက အသွားအပြန် ၁၀ရက်တည်းရတာ အဲ့တော့ တောင်ခြေရွာကနေ ဘယ်နှစ်ရက်လောက် စောင့်ကြည့်ကျမလဲ ဒါကို ချိန်ဆဖို့တော့လိုတယ် ကဲ ကျန်တဲ့ သားတို့ သမီးတို့ကော ဘယ်လို သဘောရလည်း''

ဆရာရန်သည် မိန်းကလေးများကို ဆန္ဒခံယူပြီး ကျွန်တော်တို့ ယောက်ျားလေးများကို မေးမြန်းပါသည်။ ထို့နောက် ခရီးစဉ်အတွက် planတစ်ခုကို ချမှတ်လိုက်လေသည်။

image
source

ဆက်ရန်...
@suhlaing
msc 175

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Wow! ခါကာဘိုရာဇီ တတ်တာလား စိတ်ဝင်သားဖို့ အရမ်းကောင်းပြီ

Posted using Partiko Android

ဂန်လန်ရာဇီတောင်ကို အခြေခံစိတ်ကူးပုံဖော်ထားပါတယ်

ရေးသားထားတာ အဆင့်အတန်း မြင့်တယ်ဗျာ။ တကယ်ပြောတာပါ။ ဆွဲဆောင်မှု ရှိသလို စာရေးဆရာမ လက်ရာပါ။အမြဲအားပေးလျက်

ဖြည်းဖြည်းချင်းလေ့ကျင့်ရင်းနဲ့ ရည်မှန်းချက်ပြည့်ဖို့ ကြိုးးစားနေပါတယ် ကိုမဟော်ရေ

တောင်​တက်​ခရီးစဉ်​ကအ​ခြေအ​နေ​တွေမှန်းဆမရလို့ဘယ်​လိုအစီအစဉ်​ဆွဲပြီး၊ဆက်​သွားမလဲစိတ်​၀င်​စားမိပါတယ်​....

Posted using Partiko Android

ဆက်လက်အားပေးပါအုံး ညီမရေ

ဒါမျိုး​လေး​တွေ​ရေးတပ်​တာ အားကြမိတယ်​ မတ်​မတ်​စုရာ

ကြိုးစားရေးရတာဘဲ ဦးယုရေ

Congratulations! This post has been upvoted from the communal account, @minnowsupport, by suhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

နောက်အပိုင်းတွေကို ဆက်လက်စောင့်မျှော်နေပါတယ်

Posted using Partiko Android

ကျေးဇူပါ ကိုစောရေ

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 63672.27
ETH 3126.79
USDT 1.00
SBD 3.87