စိတ္တဇ ဒဏ်ရာ... ( ၂ )

in #myanmar5 years ago

ကျမမှာ မေမေ မရှိတော့ပါဘူး။ ကျမ မူလတန်းအရွယ်ထဲက ဆုံးပါးသွားခဲ့ပါတယ်။ ကျမ ဖေဖေက ကျမကို လူလားမြောက်တဲ့အထိ နောက်အိမ်ထောင်မပြုဘဲ စောင့်ရှောက်ခဲ့ပါတယ်။ ဖေဖေဟာ ကုမ္ပဏီပိုင်ရှင် သူဌေးကြီးဖြစ်ပြီး ကျမ လိုသလောက်ငွေကို ရက်ရက်ရောရောပေးလေ့ရှိပါတယ်။ လူလတ်ပိုင်း အရွယ် ဖေဖေဟာ ပွေခဲ့ရှုပ်ခဲ့ပေမဲ့ အတည်တကျ ဘယ်အမျိုးသမီးကိုမှ လက်မထပ်ခဲ့ပါဘူး။ ဒါဟာ ကျမ မျက်နှာကြောင့်လို့ ဖေဖေအမြဲပြောလေ့ရှိပါတယ်။ ကျမ လိုချင်တာမှန်သမျှ ဖေဖေဟာ ဖြည့်စည်းပေးခဲ့ပါတယ်။ ဒါပေမဲ့ ကျမ လိုချင်ခဲ့တာ ဖေဖေ့ဆီက ရုပ်ဝတ္တုပစ္စည်းတွေ မဟုတ်ပါဘူး။ ဖခင်တစ်ယောက်လိုကော မိခင်တစ်ယောက်လိုပါ ယုယကြင်နာမှုအပြည့်နဲ့ မေတ္တာတရားတစ်ခုပါ။ ကျမ ငယ်ငယ်လေးထဲက ဖေဖေပြန်အလာကို စောင့်ရင် ငိုရင်းနဲ့ အိပ်ခဲ့ရတဲ့ ရက်တွေ များပါတယ်။ တစ်ခါတစ်လေ ဖေဖေ့ကို ပူဆာမိတယ်။ ကျောင်းပိတ်ရက်မှာ ဖေဖေနဲ့ လျှောက်လည်ချင်တယ်ပေါ့။ ဒါပေမဲ့ အလုပ်များတဲ့ ဖေဖေဟာ ကျမ အတွက် အချိန်မပေးနိုင်ခဲ့ပါဘူး။ ကျမ မွေးနေ့ကိုတော့ ဖေဖေဟာ မှတ်မှတ်ရရရှိတက်ပေမဲ့ ကျမနဲ့အတူတူ ရှိနေပေးဖို့တော့ ပျက်ကွက်ခဲ့ပါတယ်။

image
source

ကျမ အရွယ်ရောက်လာတော့ ဖေ့ဖေ့ကို နားလည်အောင်ကြိုးစားပေးခဲ့ပါတယ်။ ဒါနဲ့ဘဲ ကျမကို ချစ်တဲ့ ခင်တဲ့ သူငယ်ချင်းတွေဟာ ကျမရဲ့ အချိန်တွေတိုင်းမှာ အရေးပါသူတွေ ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ ဖေဖေနဲ့ ကျမဟာ အိမ်မှာ တွေ့ဆုံချိန်တောင် မရှိသလောက် ရှားလာပါတယ်။ ညနက်မှ ပြန်လာတဲ့ ဖေဖေ့ထက် ပိုပြီး နောက်ကျအောင် ကျမ အပြင်မှာနေတက်လာပါတယ်။ မိန်းကလေးတစ်ယောက်အတွက် အပြင်မှာ ညနက်အထိ နေနိုင်တဲ့နေရာဟာ clubဖြစ်တာကြောင့် ကျမတို့ သူငယ်ချင်း တစ်စု clubမှာ အချိန်ဖြုန်းတက်လာပါတယ်။ ကျမ သူငယ်ချင်းတွေရဲ့ မိဘတွေကလည်း ရာထူးကြီးရင်ကြီး မကြီးရင် ငွေကို ရေလိုသုံးနိုင်ပြီး clubထဲမှာ ကျမတို့ ပြဿ နာရှာတိုင်း လိုက်ရှင်းပေးတဲ့ နောက်ခံက ရှိနေတော့ ထင်တိုင်းကျဲနိုင်တာပေါ့ရှင်။

DJတီးလုံးတွေနဲ့ အပြိုင် က ကျမယ်။ ပြီးရင် ခဏနားမယ်။ ဘီယာသောက်မယ်။ ဒါမှ မဟုတ် အချိုရည်လေးနဲ့ အရက်နည်းနည်းရောပြီး ရေခဲလေးနဲ့ မျောလိုက်မယ်။ ပြီးရင် ဆက်ကမယ်။ ဒါက ရေရှည်တော့ သိပ်အမောမခံနိုင်ဘူးပေါ့ရှင်။ ဒါကြောင့် နောက်ပိုင်းတော့ ကျမတို့ ဆေးပြားတွေ သုံးလာကျတယ်။ ဆေးပြားဝင်သွားတာနဲ့ အရမ်းကို လန်းဆန်းလာပြီးတော့ မြူးကြွလာတော့တာပါဘဲ။ ကလည်း အရမ်း က နိုင်သလို အမောလည်း အရမ်းခံနိုင်တော့ ကျမတို့အဖွဲ့လည်း ဆေးပြားသုံးတက်လာပါတယ်။ ဆေးရှိန်ပျယ်သွားရင်တော့ အရမ်းဝမ်းနည်းပြီး ငိုချင်လာသလိုလို နောင်တရသလိုလိုနဲ့ ဝေခွဲရခက်တဲ့ ခံစားချက်ကြီးပါ။ ဒီလိုနဲ့ တစ်နေ့တော့ ကျမတို့ သွားနေကျ We Dance Clubကို ညဘက် ကျမတို့သူငယ်ချင်းတွေ ပြိုင်ကားလေးနဲ့ထွက်လာခဲ့ကျတယ်။ အဲ့အချိန်တုန်းကတော့ ကျမတို့ဟာ ဒီလို အရိပ်မဲကြီး ထင်ကျန်မဲ့ ကိစ္စတစ်ခုကို ပါဝင်ပတ်သက်မိကျမယ်လို့ ဘယ်သူမှ မထင်ခဲ့မိဘူးပေါ့လေ။

image
source

ဆက်ရန်...

@suhlaing
msc 175

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by suhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

စိတ်​ဒါဏ်​ရာ ရပြီဆိုလျှင်​ တခြား​သော ခန္တာကိုယ်​ဒါဏ်​ ရာနှင့်​မတူပါ
အ​တော်​ခံစားရခက်​တဲ့​ဝေဒနာတခုပါ

စိတ်ဒဏ်ရာဆိုတာ ဘဝသေသလိုပါဘဲ

Posted using Partiko Android

သမီးအ​ပေါ်အချိန်​မ​ပေးနိုင်​တဲ့အ​ဖေနဲ့​ပျော်​ရွင်​မှု​တွေမသင့်​​တော်​တဲ့​နေရာရှာမိတဲ့သမီးကဘယ်​လိုအရိပ်​မည်းထင်​တဲ့ကိစ္စဖြစ်​လာမလဲ....သိချင်​စိတ်​များ​နေပြီ....ဆက်​ရန်​​မျော်​​နေပါ့မယ်​...

Posted using Partiko Android

စိတ်ဝင်တစားစောင့်မျှော်နေတဲ့အတွက် ကျေးဇူးပါ ညီမရေ

Posted using Partiko Android

‌စောင့်‌‌မျှော်‌‌နေပါတယ်‌၊ထွက်‌‌ပေါက်‌ရှာ ခြင်းရဲ့ အကျိုးဆက်‌‌ပေါ့‌နော်‌။

လူငယ်တွေရဲ့ ထွက်ပေါက်အမှားဆိုပါတော့ ဦးမဟော်

Posted using Partiko Android

ဇတ်​ရှိန်​တက်​ရင်​ လုပ်​ပီ😁

Posted using Partiko Android

ဟီး ဟီး ဒါမှ နောက်တစ်ပိုင်း စိတ်ဝင်စားအောင်

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

ဆေးပြားက ဘာဆေးပြားတုံး ဘာတွန်မီ တို့ စီရာပါတမော တို့လား ☺

ဂျဲလမတ်ပါ ဦးစိုး
လေအောင့်ရင် သောက်တာလေ
အစာကြေတာပေါ့
😂

😂😂😂 ဟုဒယ်ဆို

Posted using Partiko Android

အော်အော် ပန်းရောင်လေးတွေလား ☺

wyစာတန်းလေးလည်းပါတယ် ဘစိုး

Posted using Partiko Android

အဲ ကယ်ကြီးလား မဆု

ဂယ်ဟုတ်ပါဘူးအေ

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.034
BTC 63423.51
ETH 3252.70
USDT 1.00
SBD 3.91