စိတ္တဇ ဒဏ်ရာ... (၁၂ )
'' ဘာပြောတယ် သီရိ ''
ကျမသည် အလန့်တကြားထအော်သော စစ်မင်းကို တချက်မျှကြည့်ပြီး မျက်နှာလွှဲလိုက်ကာ ပြောလက်စ စကားကို ဆက်လိုက်လေသည်။
'' ဒါက လွယ်ပါတယ် သေသွားတဲ့ ကောင်းဇေ အပေါ်ကို အပြစ်အားလုံးပုံချလိုက်ကျရုံပေါ့ တကယ်လို့ အမှုပေါ်လာမှပါလေ အပေါ်လာရင်လည်း ဒို့အားလုံးအေးဆေးပေါ့''
ဝင့်ဝါသည် မာကျောကျောလေသံဖြင့်
'' နင် ပြောတာ သိပ်လွယ်တယ် သီရိ ဟုတ်ပါပြီ ငါတို့ အားလုံး အပြစ်က လွတ်ပါပြီတဲ့ ညတိုင်း အိပ်မရဘဲ ခြောက်လန့်နေတဲ့ ညနေအတွက် ဘယ်လိုရင်ဆိုင်ရမလဲ''
ဝင့်ဝါ၏ စကားကို ယွန်းကလည်း ဝင်၍ ထောက်ခံလိုက်သည်။
'' မှန်တယ် သီရိ ငါလည်း ထောက်ခံတယ် အမြဲခြောက်လန့်နေလို့ ညဘက်တွေ အိပ်မပျော်တာများပြီ ဒီ ဝိညာဉ်က ငါတို့ကို လက်စားများချေနေသလားလို့ တွေးမိတယ်''
စစ်မင်းမှလည်း တွေးဆဟန်ဖြင့်
'' တကယ်ဆို ငါတို့ သတ်တာ မဟုတ်ဘူးနော် သီရိ ဒီ ကိစ္စ နင် အသိဆုံးဘဲ တရားခံအစစ်က နင် ငါတို့က ကြံရာပါ အဆင့်ဘဲ''
ကျမလည်း ဒေါသထွက်လာကာ စစ်မင်း၏ မျက်နှာကို သေချာစွာကြည့်လိုက်ရင်း
'' ငါက တရားခံဆိုပေမဲ့ သေစေဖို့ အထိ မရည်ရွယ်ဘူး စစ်မင်း ပညာပေးရုံဘဲ လုပ်ခဲ့တာ ဒီလို အကြံပေးတဲ့ အဓိက တရားခံက နင်ဘဲ''
ကျမနှင့် စစ်မင်း၏ တင်းမာသွားသောအခြေအနေကို ယွန်းမှ ဝင်၍ ဖြန်ဖြေပါသည်။
'' ကဲ တော်ကျပါတော့ဟာ လိုရင်းကို မရောက်တော့ဘူး အခု ငါတို့ ဘယ်လို ဆကိလုပ်ကျမလဲ ရဲ ဘက်က စစ်လားဆေးလားလုပ်လာရင် ငါတို့ ဘယ်လိုထွက်ချက်ပေးမလဲ''
ဝင့်ဝါမှ ပုခုံး နှစ်ဖက်တွန့်ပြကာ
'' လောလောဆယ်တော့ ဘာမှ မတွေးတက်သေးဘူးဆိုတော့ သီရိအပြောကို လက်ခံရမလိုဘဲ နင်တို့ကော ဘယ်လိုသဘောရလည်း ယွန်းနဲ့ စစ်မင်း''
ယွန်းမှလည်း စိတ်ရှုပ်ထွေးဟန်ဖြင့်
'' အေးလေ ဒါဆိုလည်း သီရိပြောသလို လုပ်ကျတာပေါ့ နောက်မှ တခြားအကြံရှိရင်လည်း ထပ်တိုင်ပင်ကျမယ်''
ကျမသည် အောင်မြင်သူ၏ လေသံဖြင့်
''ဒါဆို ok နော် စစ်လားဆေးလားလုပ်လာရင် ကောင်းဇေနဲ့ ဒီစော်ကြီး ဇာတ်လမ်းတွေရှိခဲ့တယ် အဲ့ညက သူတို့ ပြဿ နာဖြစ်ကျရင်း လက်လွန်သွားတာဖြစ်မယ် ကျွန်တော်တို့ ကျမတို့က သူတို့နဲ့လမ်းခွဲပြီး ပြန်လာတာမို့ နောက်ပိုင်း ကိစ္စ မသိပါဘူးလို့ ထွက်ကျတာပေါ့ ဒါဆိုရင် တို့အားလုံး အေးဆေးလွတ်တယ် ညီဖို့တော့လိုမယ်နော်''
စစ်မင်းသည် သောက်လက်စ စီးကရက်ကို ပြာခွက်ထဲထိုးချေရင်း
'' ရဲက ယုံရင်ပေါ့''
ကျမလည်း စစ်မင်းကို သေချာစွာကြည့်ပြီး
'' နင့် ယွန်းကို ထိန်း စစ်မင်း နှစ်ခါမအစ်ရဘဲ ပေါ်လို့ကတော့ နင်တို့လည်း လွတ်မယ်မထင်နဲ့''
ယွန်းသည် တစ်ချက်မဲ့ပြုံးပြုံးလိုက်ရင်း
'' စိတ်ချ သီရိ ကိုယ့်လည်ပင်းကိုတော့ ဘယ်တော့မှ ကြိုးကွင်းထပ်မစွတ်တော့ဘူး''
'' okလေ ဒါဆိုလည်း ငါ သွားတော့မယ် အရင်လို သူငယ်ချင်းတွေ ဆုံချင်ပါသေးတယ် တကယ်ပါ ဒီကိစ္စတွေ အေးဆေးတဲ့တစ်နေ့ ထပ်တွေ့ကျတာပေါ့''
ကျမလမ်းထိပ်ရောက်လို့ ၁၅မိနစ်ခန့်စောင့်ကြည့်နေသည့်တိုင် စစ်မင်းနှင့် ဝင့်ဝါ၏ ကားများ ထွက်လာခြင်းမရှိပါ။ ကျမသည် သူတို့ ၃ယောက်လုံးကို မယုံနိုင်ပါ။ ကျမ ထွက်လာသည်နှင့် ဘာတွေဆက်ပြီးတိုင်ပင်နေကျသလဲ။ ကျမ အပေါ် ဘာတွေ ဖုံးကွယ်ထားသလဲ။ ရဲစခန်းတွင် ထွက်ချက်ပေးပြီး ကျမ အပေါ် အပြစ်ချကာ ကိုယ်လွတ်ရုန်းကျမည်လား။ ကျမ သတ်သည်ကို မြင်သော မျက်မြင်သက်သေသည် ထို ၃ယောက်သာ ရှိတော့သည်။ ကျမသည် အစီအစဉ် နောက်တစ်မျိုးထပ်ဆွဲရန် တွေးရင်းဖြင့် ထိုညက အဖြစ်အပျက်များကို ပြန်လည်မြင်ယောင်လာပါတော့သည်။
source
ဆက်ရန်...
@suhlaing
msc 175
Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq
thanks
လျို့ဝှက်ချက်၊စဉ်းစားစရာများနှင့်စိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်လမ်းတစ်ပုဒ်ပါ...သီရိတော့သူငယ်ချင်းတွေအပေါ်သံသယစိတ်များပြီးဆက်မှားမလားစိုးရိမ်မိတယ်....
Posted using Partiko Android
သံသရစိတ်ဟာ အရာရာကို ဖျက်ဆီးစေတော့တာဘဲ
လာလယ်သွားတယ်နော် မစု။
အေးပါအေ ကျေးဇူး
ဝင်အားပေးသွားပါကြောင်း 😁😁
Posted using Partiko Android
ဝမ်းသာမိပါကြောင်း