စာပေ ရေစီး
ငယ်ငယ်က စာအုပ်တွေ အများကြီးဖတ်ဖြစ်တယ်။ ရွှေသွေးတေဇစာစောင်တွေကနေစလို့ မိုးသောက်ပန်း မင်္ဂလာမောင်မယ် အဆုံးတွေ့ရာဖတ်တာဘဲ။ ဒါနဲ့ ၁၀ကျော်သက်အရွယ်လေးရောက်လာတော့ အချစ်ဆိုတာကို သိချင် တက်ချင်လာပြီ။ အိမ်က ဆူပူတဲ့ကြားကနေ လစ်ရင်လစ်သလို အချစ်ဝတ္တု တွေ ခိုးဖတ်တက်လာတယ်။ လမင်းမိုမို စောပြည့်မာလာ ခင်ဦးခင်ခင် နွမ်ဂျာသိုင်း ခင်သူဇာတို့ကတော့ ကျမတို့ ခေတ်က ရေပန်းစားလူကြိုက်များတဲ့ အချစ်ဝတ္တု စာရေးဆရာတွေပေါ့။ သူတို့တွေနဲ့ ဇာတ်အိမ် ဇာတ်ကြောင်းကွဲပြီး ထွက်လာသူက စာရေးဆရာမ ဂျူးပါ။ ကျမရဲ့ အနှစ်သက်ဆုံး စာရေးဆရာမကြီးလည်း ဖြစ်ပါတယ်။ ချစ်သူလား စကားတစ်ပွင့်ပွင့်ခဲ့တယ်။ မြစ်တို့၏ မာယာ။ ကြာတော့သည်လည်း မောင့်စကား။ ဒီဝတ္တု တွေဟာ ကျမ အသည်းစွဲတွေ ဖြစ်လာတယ်။
ဂျူးစာအုပ်တွေ လက်က မချနိုင်လောက်အောင် စွဲလမ်းသွားပြီး ဇာတ်ကောင်တွေနေရာကနေ ဟိုလှည့်တွေးဒီလှည့်တွေးနဲ့ ဇာတ်ကောင်စရိုက်တွေကိုတောင် စွဲလမ်းတဲ့အထိ ဖြစ်လာပါတယ်။ ဇာတ်ကောင်တွေရဲ့ စရိုက် ဝတ်စားဆင်ယဉ်မှုစတာတွေကအစ အပြင်မှာ လိုက်ဝတ်မိတဲ့အထိ စွဲလမ်းခဲ့ဘူးပါတယ်။ ကျမဟာ ယောက်ျားဝါဒီတစ်ယောက် မဟုတ်ပါဆိုတဲ့ စကားကိုလည်း ပါးစပ်က မချ ပြောတက်လာပါတယ်။ ကျမ ပြောချင်တာက ဆယ်ကျော်သက်အရွယ်မှာ ကိုယ်ဖတ်တဲ့စာဟာ ဘယ်လောက်အရေးကြီးလည်းဆိုတာပါဘဲ။ ဆယ်ကျော်သက်တွေဟာ ဇာတ်ကောင်တွေ ဇာတ်လမ်းထဲက စရိုက်တွေကို စွဲလမ်းတဲ့ သဘောရှိပါတယ်။ အဲ့အတိုင်းနေထိုင်ပြုမူတက်ကျပါတယ်။ တစ်ချို့ဆယ်ကျော်သက်တွေဆိုရင် အချစ်ဝတ္တု နုနုရွရွတွေထဲက မထွက်ကျတော့ဘဲ စိတ်ကူးယဉ်ဆန်ဆန်နဲ့ ဘဝကို ဆုံးဖြတ်သွားတဲ့သူတွေလည်း တွေ့ရပါတယ်။
ကျမလည်း စောစောစီးစီး ဂျူးရဲ့ စာပေတွေနဲ့ ထိတွေ့လိုက်ရတာ ကံကောင်းတယ်ဆိုရမှာပါဘဲ။ သူ့ရဲ့ ဇာတ်ကောင်စရိုက်တွေအတော်များများမှာ တွေ့ရတက်တဲ့ ထုသားပေသားကျပြီး လောကဓံကို ကြံ့ကြံ့ခံနိုင်တဲ့ အချစ်ကို မကိုးကွယ်တဲ့ ခပ်ပေပေ မိန်းကလေး စရိုက် ယောက်ျားတွေနဲ့ ရင်ဘောင်တန်းနိုင်တဲ့ စိတ်ဓာတ်ခိုင်မာတဲ့ မိန်းကလေးစရိုက် ဒီစရိုက်တွေဟာ ကျမကို အတော်လေး လွှမ်းမိုးထားနိုင်ခဲ့ပါတယ်။ အခုထိလည်း ဂျူး စာအုပ်တွေကို စွဲစွဲလမ်းလမ်းဖတ်နေဆဲပါဘဲ။ စာဖတ်တဲ့ အခါမှာ ကိုယ့်ဘက်က အချိန်ရယ် မျက်လုံးရယ် ငွေကြေးရယ် ရင်းနှီးကျရတာပါ။ ဒါကြောင့် ဘာစာကိုဘဲ ဖတ်ဖတ် ထိုက်တန်တဲ့ တစ်ခုခုတော့ ပြန်ရမှ ဖြစ်မယ်လို့ ကျမတော့ ခံယူပါတယ်။ ဒါကြောင့် ကိုယ်ဖတ်မဲ့စာအုပ်ဟာ ဘာပြန်ရမလည်း ကြည့်ပါတယ်။ စိတ်ကူးယဉ်လို့သာကောင်းပြီး လက်တွေ့နဲ့ အတော်ကွာခြားတဲ့ စာအုပ်မျိုးဆိုရင် ရှောင်သင့်တယ်လို့ ကျမတော့ မြင်မိပါတယ်။
စာဖတ်သူကို ဘာအကျိုးမှ မရစေပေမဲ့ စိတ်အပန်းဖြေမှုသက်သက်စာအုပ်စာပေတွေဟာ တစ်ခါတစ်လေအတွက်ဘဲ ကောင်းပါတယ်။ မိမိစာကြောင့် အတုခိုးမှားသွားခဲ့မယ်ဆိုရင် စာရေးသူမှာ တာဝန်မကင်းနိုင်ပါဘူး။ ဒါကြောင့် စာဖတ်သူကော စာရေးသူပါ နှစ်ဦးနှစ်ဖတ် အကျိုးရှိစေမဲ့ စာတွေကို ရွေးချယ် ဖတ်သင့် ရေးသင့်ပါတယ်။ အခု အသက်အရွယ်ပိုင်းရလာတဲ့ အခါမှာ စာပေ အစုံဖတ်ဖြစ်လာပါတယ်။ ဆရာတော်ကြီးတွေရဲ့စာတွေ နဲ့ ဘာသာပြန်စာပေတွေ ဘဝအောင်မြင်ရေးစာပေတွေ စုံနေအောင်ဖတ်ပါတယ်။ တကယ်တော့ ဘဝအောင်မြင်ရေး စာပေတွေဟာ ၁၀ကျော်သက်မှာ ဖတ်ဖို့ အသင့်တော်ဆုံးစာပေတွေ ဖြစ်ပါတယ်။ ကျမ ဖတ်ဖြစ်တဲ့ အချိန်ဟာ နှောင်းနေပြီလို့ ဆိုနိုင်ပါတယ်။ သူ့ အရွယ်နဲ့ သူ့စာပေ ထိုက်သင့်အောင်ဖတ်မှလည်း ပိုအကျိုးရှိစေပါတယ်။ ဒါကြောင့် စာပေကို ရွေးချယ်ဖတ်ပါ။ သူ့အရွယ်နဲ့ ထိုက်သင့်တဲ့စာကို ဖတ်ပါ။ စာဖတ်ပြီး စိတ်ကူးယဉ်မနေဘဲ လက်တွေ့အသုံးချပါလို့ လူငယ်များကို စာဖတ်ကျပါလို့ တိုက်တွန်းရေးသားအပ်ပါတယ်။
@suhlaing
msc 175
Posted using Partiko Android
မယ်ကြည်လဲ ဂျူး ကြိုက်တယ် ကြွေတယ်လေ 😁
Posted using Partiko Android
ဂျူး ပရိတ်သက် တစ်ယောက်ပါ မယ်ကြည်ရေ ရှိတ်
Posted using Partiko Android
စာဖတ်ခြင်းကဗဟုသုတလည်းရပြီးကောင်းတဲ့အလေ့အကျင့်ပါ...စာဖတ်တာနှစ်သက်ပါတယ်...
Posted using Partiko Android
ဝါသနာတူပါတယ် ညီမရေ စာဖတ်တာတောင် စာအုပ်လိုက်ကိုင်ဖတ်ရမှ
ဟုတ်တယ်...စာအုပ်ကိုင်ဖတ်မှကြိုက်တာ...
Posted using Partiko Android
ကျုတ်တို့ကတော့ မြသန်းတင့် ဒဂုံရွှေမြားက စတာပဲ
Posted using Partiko Android
အမျိုးသားအမျိုးသမီး စာရေးဆရာ အကြိုက်ခြင်းတော့ နည်းနည်းကွဲမှာပေါ့ ကျမတော့ အမျိုးသမီးစာရေးဆရာတွေကို ပိုနှစ်သက်တယ်
Posted using Partiko Android
နွမ်ဂျာသိုင်းလောက်ဖတ်ဖူးရင် အသက်မငယ်တော့ဘူး ၊၄၀ ကျော်လောက်ပြီ ထင်တာပဲ
Posted using Partiko Android
တကယ်တော့ နွမ်ဂျာသိုင်းက ကျမတို့ခေတ် စာရေးဆရာတော့ မဟုတ်ဘူး တွေ့သမျှဖတ်ခဲ့လို့သာ ဖတ်ဖူးတာ ကျမက ဂျူးတို့ လွန်းထားထားတို့နဲ့ ကြီးခဲ့တာ
Posted using Partiko Android
ဂျာနယ်တွေထဲမှာတော့ ငယ်ငယ်က ရွှေသွေးဂျာနယ်အကြိုက်ဆုံးဘဲ သူက မြန်မာလို အင်္ဂလိပ်လို နှစ်မျိုးပါတော့ ကလေးတွေအတွက်အကောင်းဆုံးဘဲ
အင်္ဂလိပ်လိုတော့ မဖတ်ဖြစ်ဘူး မြန်မာလိုဘဲဖတ်တာ မောင်နှမတွေ လုပြီးတော့
Posted using Partiko Android
ကိုယ်တွေတော့ သိုင်း ကျင့်စဉ်နဲ့ စတာပဲ 😃😄
Posted using Partiko Android
သိုင်းလည်း ဖတ်တယ် ဒါပေမဲ့ အပိုင်းဆက်တွေ လိုက်ရှာရတာ စိတ်မရှည်လို့ အဖတ်တော့ နည်းတယ်
Posted using Partiko Android
ဟုတ်တယ် အပိုင်းတွေများတယ် 😁😁
အရင်ကဆို အကုန်ဖတ်တယ် ခုတော့ တန်ဖိုးရှိတဲ့ စာပေတွေသာ ရွေးဖတ်တော့တယ် ဒါတောင် တစ်ခါတစ်လေ ဝန်ဇင်းကနေ ဘိုဘိုကာတွန်းစာအုပ် ငှားဖတ်မိနေတုန်းပဲ ကလေးဘဝထဲက ကြိုက်တာဆိုတော့လေ
ဘိုဘို ကာတွန်းလေးက ချစ်စရာကောင်းတယ် ဦးဇင်း ခေါင်းကြီကြီး မျက်လုံးဝိုင်းဝိုင်းလေးနဲ့ လျှာထိုး ဦးထုတ်လေးဆောင်းလို့
Posted using Partiko Android
Congratulations! This post has been upvoted from the communal account, @minnowsupport, by suhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
thanks
စာဖတ် ခြင်းဟာ တိုးတက်စေတယ်ဆိုတာ သာဓကတွေ အများကြီးပါ ။မစုေ ပြာသလို တန်ဘိုးရှိသောစာပေများကို ရွေးဖတ်သင့်တ်ယ်ဆိုတာကိုလည်း ထောက်ခံပါတယ် ။မစုက ဒါဆို အသည်းမာမယ့်ပုံစံ ပေါ့နော် ဟဲ ဟဲ။ဂျူးကြိုက်တယ်ဆိုလို့ပါ။
ဂျူးရဲ့ ဇာတ်ကောင်တွေ ဇာတ်အိမ်တွေကို အရမ်းကြိုက်တယ် အသည်းကတော့ မာသလားမနေနဲ့ စိန်နဲ့စပ်ထားသလားမှတ်ရတယ် ဟီး ဟီး
Posted using Partiko Android
Congratulations @suhlaing! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOP
Do not miss the last post from @steemitboard:
thanks