နိဗ္ဗာန်ဈေး ( ၁ )

in #myanmar5 years ago (edited)

ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်ထားရာ နေ့ထူးနေ့မြတ် ဖြစ်ပေသည်။ ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘုရားရှင် ဖွားမြင်ခဲ့သည့်နေ့ ပရိနိဗ္ဗာန်စံသည့်နေ့ ဗျာဒိတ်တော်နေ့ နှင့် ဘုရားဖြစ်တော်မူသည်နေ့ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့အတွက် ထိုလပြည့်နေ့သည် အထူးမြတ်ဆုံး နေ့တစ်နေ့ ဖြစ်လေသည်။ ကဆုန်လသည် ပူပြင်းခြောက်သွေ့သည့် လရာသီ ဖြစ်သောကြောင့် သစ်ပင် ပန်းပင်တို့သည် သေကျေပျက်စီး ကျရပေသည်။ ဗောဓိညောင်ပင်သည် မြတ်စွာ ဘုရားရှင် ပွင့်တော်မူရာ အပင်ဖြစ်သည့်အပြင် ဖွားဖက်တော်လည်း ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် အပေါင်းတို့သည် ထို ဗောဓိညောင်ပင်တွင် ရေစင်သွန်းလောင်း၍ ကုသိုလ်ယူကျလေသည်။

MYXJ_20190518070737_fast.jpg
photo by me

သည်နှစ် ကဆုန်လပြည့်နေ့သည် ရုံးပိတ်ရက်နှင့် တိုက်ဆိုင်နေပေသည်။ ထိုကြောင့် နေထိုင်ရာမြို့နှင့် ၂၇မိုင်ခန့် ဝေးသော မြို့သစ်မြို့လေးရှိ လွယ်မုံမိန်းတောင် ရပ်တော်မူစေတီတော်တွင် ပြုလုပ်ကျင်းပသော နိဗ္ဗာန်ဈေးသို့ သွားရောက်ရန် စီစဉ်ကျလေသည်။ ထိုမြို့သည် ဗန်းမော်မြို့နှင့် သိပ်မဝေးသော်လည်း မိမိအဖို့ ရောက်ရန် ခဲယဉ်းပေသည်။ မရောက်တာကြာပြီ ဖြစ်သဖြင့် ထိုမြို့လေး၏ တိုးတက်မှုကို တွေ့မြင်ချင်သည်က တစ်ကြောင်း မရောက်ဖူးသေးသော နိဗ္ဗာန်ဈေး၏ မြင်ကွင်းကို တွေ့မြင်ချင်လှလှသည်က တစ်ကြောင်းကြောင့် နွေနေပူပူ၌ အပူချိန် ၄၀ဒီဂရီခန့်ကို အံတုကာ အရောက်သွားခဲ့လေသည်။ နံနက်အစော ထွက်ဖြစ်မည်ဟု ထင်သော်လည်း လူစုံအောင်စောင့်ကျရင်း နံနက် ၆နာရီကျော်မှပင် စုရပ်အဖြစ် သတ်မှတ်ထားသော တာမိုင်းလုံရွာလေးရှိ သူငယ်ချင်းအိမ်မှ စထွက်ဖြစ်လေသည်။

IMG_20190518_081605.jpg
photo by me

ယခင်က ဗန်းမော်မြို့မှ မြို့သစ်မြို့သို့ သွားလိုလျှင် ဗန်းမော် မိုးမောက် ၁၇မိုင် လမ်းမှ သွားကျရသော်လည်း ယခုလမ်းအသစ်သည် ဗန်းမော်မှ မိမိတို့ ဗန်းမော်တက္ကသိုလ်ရှေ့လမ်းမကြီးမှ တာမိုင်းလုံ မိုးဖိန်း သာစည် မလူလာ နောင်လိုက်ရွာများကို ဖြတ်ကာ နောင်လိုက်ရွာ အလွန် ၁၇မိုင် အနီးတွင် ယခင် လမ်းဟောင်းနှင့် ပေါင်းကာ မြစ်ကြီးနားလမ်းအတိုင်း ဆက်သွားရလေသည်။ ကားလမ်းသည် အဖြောင့်အတိုင်းသွားသည်ကများပြီး မြို့သစ်ရောက်ခါနီးတွင် ကုန်းဆင်း ကုန်းတက်အတိုင်းသွားကျရလေသည်။ လမ်းဘေးဝဲယာရှိ သာယာလှသော ပြောင်းခင်းများကို ငေးကာ မြို့သစ်ကြိုးတံတားကြီးကို မြင်မှပင် အသိဝင်လာလေသည်။ ယခင်က ဤ တံတားကြီးသည် သစ်လွင်လှပကာ တာပိန်မြစ်၏ အလှနှင့် အလွန် ပနံရလေသည်။ ယခုအခါတွင် သစ်လွင်မှုများကင်းမဲ့ကာ တိတ်ဆိတ်ခြောက်သွေ့လျှက် ရှိပေသည်။ သစ်သွင်သော တံတားအသစ်သည် ထိုကြိုးတံတားကြီးနှင့် မနီးမဝေးတွင် တည်ရှိပေသည်။

ဆက်ရန်...

@suhlaing
msc 175

Sort:  

ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here

ကျေးဇူးပါရှင့်

ဒီမှာတော့မကြာခဏ နိဗ္ဗာန်ဈေးပွဲတွေလုပ်ကြတယ်

ကျမတို့ဆီတော့ အဲ့လိုပွဲရှားတယ်

Congratulations! This post has been upvoted from the communal account, @minnowsupport, by suhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 61733.68
ETH 2481.63
USDT 1.00
SBD 2.63