ပုံပြောပြမယ် နားထောင်

in #myanmar6 years ago (edited)

ပုံပြင်လေးတစ်ပုဒ်ပြောပြမယ်နော်။ ဘယ်သူမှ မပြောသေးတဲ့ ကိုယ်ပိုင်ပုံပြင်လေးတစ်ပုဒ်ပေါ့။ ပြောပြမယ် ပြောပြမယ်နဲ့ အချိန်တွေသာ အတော်ကြာသွားတယ် မပြောပြဖြစ်ခဲ့ပါဘူး။ အခုတော့ အချိန်အခါသင့်တာမို့ ရင်ထဲမှာ သိမ်းမထားတော့ဘဲ ဖွင့်ပြောလိုက်ပါတော့မယ်။ စာဖတ်သူက ထင်မှာဘဲနော်။ ဒီလောက်အစချီနေတာ မတ်မတ်စုတစ်ယောက်တော့ ဘယ်လိုပုံပြင်တွေကို ပြောမှာလည်းလို့။ အချစ်ပုံပြင်လား အလွမ်းပုံပြင်လား ပျော်စရာလား ကြည်နူးစရာလားပေါ့။ တကယ်တော့ ကျမ ပြောပြမဲ့ပုံပြင်လေးက mscရွာသားတွေ စိတ်ဝင်စားနေကျတဲ့ Steem ဈေးကျတဲ့အကြောင်းလည်း မဟုတ်ပါဘူး။ ဒိုမီလေး မိန်းမခိုးပြေးတဲ့ အကြောင်းလည်း မဟုတ်ပါဘူး။ ကမိုးဇော်ရဲ့ နှုတ်ခမ်းမွှေးအတုအကြောင်းလည်း မဟုတ်ပါဘူး။ မယ်ကြည်ရဲ့ အထည်စက်ရုံအကြောင်းလည်း မဟုတ်ပါဘူး။ ကဲ ဒါဆို ဘာအကြောင်းလည်းပေါ့။ ဟုတ်ကဲ့ ပုံပြင်လေးကတော့...

IMG_20180922_211822.png
source

ဟိုးရှေးရှေးတုန်းကပေါ့ကွယ်...mscဆိုတဲ့ ရွာလေးတစ်ရွာရှိသတဲ့။ ဒီရွာလေးဟာ ပတ်ဝန်းကျင်ရေမြေတောတောင်တွေနဲ့ အင်မတန်သာယာတာကြောင့် တခြားသော ရွာကနေ အခြေချလာရောက်နေထိုင်သူတွေကော ရွာတည်စကနေ နေထိုင်သူတွေနဲ့ပါ ပေါင်းပြီး ရွာလေးဟာ တဖြည်းဖြည်း စည်ကားလာပါတော့တယ်။ msc ရွာလေးဟာ မြေသြဇာ အင်မတန်ကောင်းတာကြောင့် စိုက်ပျိုးသမျှသီးနှံတွေဟာ ဖြစ်ထွန်းပြီး အရသာထူးကဲတာကြောင့် ရွာနီးက ဝယ်ယူသူတွေဟာ ဈေးကောင်းပေးဝယ်သတဲ့ကွယ်။ mscရွာလေးဟာ စည်းကမ်းလည်း အင်မတန်ကြီးတယ်။ ရွာစားမင်းနဲ့ ရွာအုပ်ချုပ်ရေး အဖွဲ့ဝင်တွေက ထုတ်ပြန်ထားတဲ့စည်းမျဉ်း စည်းကမ်းတွေကို ရွာသူရွာသားတွေဟာ တိကျစွာ လိုက်နာ ရသတဲ့ကွယ်။ မလိုက်နာနိုင်သူတွေကိုလည်း ရွာပြင်ထုတ်စေပြီး ရွ
ာထဲမှာ နေခွင့် မပေးတော့ဘူးတဲ့ကွယ်။

IMG_20180922_212004.png
source

ရွာရဲ့စည်းကမ်းတွေထဲမှာ အဖြစ်မနေလိုက်နာကျရတဲ့ စည်းကမ်းတစ်ခုရှိတယ်။ ဒီစည်းကမ်းကို ချိုးဖောက်တာနဲ့ ရွာပြင်တန်းထုတ်ကျတော့တာပေါ့ကွယ်။ အဲ့ဒီစည်းကမ်းကို မပြောပြခင် mscရွာသားတွေရဲ့ ဝင်ငွေတိုးစေတဲ့ စိုက်ပျိုးနည်းအကြောင်းကို ရှင်းပြပါ့မယ်။ msc ရွာသားတွေဟာ ကိုယ်တိုင် အပင်တွေကို စိုက်ပျိုးကျပြီး တစ်ဦးနဲ့တစ်ဦး စိုက်ပျိုးနည်းလည်း မတူကျပါဘူးတဲ့ ။ တစ်ယောက်စိုက်သလို တစ်ယောက်က လိုက်စိုက်တာဘဲဖြစ်ဖြစ် တခြားသော ရွာက စိုက်ပျိုးနည်းကို ကူးယူလာတာဘဲ ဖြစ်ဖြစ် ဒါကို copyကူးတယ်လို့ သတ်မှတ်ပြီး msc ရွာလူကြီးများက အပြင်းထန်ဆုံး ဒဏ်ပေးလေ့ရှိပါတယ်။ ဒါကတော့ ရွာပြင်ထုတ်ခြင်း ဖြစ်ပါတယ်။ mscရွာသူ ရွာသားတွေဟာ ဒီစည်းကမ်းကို အလွန်လေးစားစွာ လိုက်နာရပါတယ်။ ဒီစည်းကမ်းကို လိုက်နာတဲ့ ရွာသူရွာသားတွေဟာ ကို်ယ်ပိုင်စိုက်ပျိုးနည်းတွေ တီထွင်ကျပြီး msc ရွာလေးမှာ ပျော်ရွှင်စွာနေထိုင်ကျတာပေါ့။

ဆက်ရန်...

@suhlaing
msc 175

Sort:  

ဝိုး...ချစ်တာသိအောင် ပြောဖို့တာဝန်က ကိုယ့်တာဝန်ပဲ ဆိုတဲ့
တင်း ရယ် ...သနားတတ်ပြီး လှတဲ့ ထရေဇီရယ် တွေ့ကြလေသောအခါ...

ပုံပြင်လေးက ပိုပြီး အသက်ဝင်လာပါတယ်

@resteemator is a new bot casting votes for its followers. Follow @resteemator and vote this comment to increase your chance to be voted in the future!

Congratulations! This post has been upvoted from the communal account, @minnowsupport, by suhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

MSCရွာရဲ့ ကွမ်း‌တောင်‌ကိုင်‌က ဘယ်‌သူလဲဗျို့။

နာဘဲ နာဘဲ နာဘဲ

သာယာလှပMSCရွာက​လေး...😍

နေချင်စဖွယ် လူချမ်းသာရွာလေး အမြန်ဆုံး ဖြစ်ချင်ပြီကွယ်

Allah has created all beautiful men & women, and ugly ones also.If not created ugly then we had couldn't evaluate,justify, praise beautiful ones. But we shouldn't ignore or insult them. As we didn't create those so we have no authority to underestimate.
all island, hill, mountain, forest,ocean everything is made by Allah, seeing it we become fascinate, but very few we ever think who made it? Why made? He is Allah, we have to back again to Him. He is one ,He has no offspring & free from all partnership. We very few talk about our creators or hear about Him, never mind.Thank you very much for your good post.

Posted using Partiko Android

Coin Marketplace

STEEM 0.17
TRX 0.14
JST 0.028
BTC 58097.21
ETH 2581.79
USDT 1.00
SBD 2.41