လုပ်ငန်းခွင်မှ ဖိအားများ ( ၂)

in #myanmar5 years ago

လုပ်ငန်းခွင်ကို သွားရောက်ဖို့ သူမဟာ စိတ်မပါတော့ သလို အလုပ်တွေမှာလည်း စိတ်ဝင်စားမှုလျော့နည်းလာပါတယ်။ ဒီ အခြေအနေကနေ ရုန်းထွက်ဖို့ သူမဟာ တွေးတောခဲ့ပေမဲ့ စွန့်ခွာရဲတဲ့ သတ္တိလည်း နည်းနေခဲ့ပါတယ်။ အဓိကကတော့ သူမဟာ အပြောင်းအလဲကို လက်ခံနိုင်တဲ့ စိတ်ခွန်အားနည်းလို့ပါဘဲ။ ဒုတိယတစ်ချက်အနေနဲ့ လုပ်ငန်းခွင်ရဲ့ဖိအားဆိုတဲ့ နေရာမှာ ဒေါ်မေသက်လို လုပ်ငန်းခွင်မှာ ကြုံတွေ့ရတဲ့ လူတွေကြောင့် ဖိအားတွေ ရှိသလို တစ်ခြားဖိအားတွေလည်း ရှိပါသေးတယ်။ ဒါတွေကတော့ အလုပ်တွေ အစမတန်များပြီး ရလာတဲ့ အလုပ်ဖိအားနဲ့ အထက်လူကြီးရဲ့ ဆူပူအော်ဟစ်နေမှုကြောင့် ရတဲ့ ဖိအားများဘဲ ဖြစ်ပါတယ်။

ဦးခင်မောင်တစ်ယောက်ဟာ အလုပ်ကို အင်မတန်ကြိုးစားလုပ်ကိုင်တဲ့သူဖြစ်ပါတယ်။ လူကြီးခိုင်းသမျှကို မငြီးမငြူ ဘဲ လုပိလေ့ရှိပြီး သူနဲ့ မဆိုင်သော်လည်း အကူအညီတောင်းတာနဲ့ လုပ်ပေးလေ့ရှိပါတယ်။ ရုံးမှန်မှန်တက်ပြီး အလုပ်တွေ မနိုင်မနင်းနဲ့ နောက်ကျမှ ပြန်တက်သူပါ။ အဲ့လို လုပ်လာရင်းနဲ့ သူဟာ တဖြည်းဖြည်း ဒီအလုပ်တွေကို ငြီးငွေ့စပြုလာပါတယ်။ ကိုယ်တိုင်က အနေအေးပြီး အားနာတက်တဲ့စိတ်ကြာင့် သူဟာ ခံစားချက်တွေကို ဖွင့်မထုတ်ဘဲ အလုပ်ခွင်မှာလည်း တကုတ်ကုတ်နဲ့ လုပ်နေလေ့ရှိပါတယ်။ အချိန်ကြာလေ အလုပ်ရဲ့ဖိအားတွေ များလာလေ သူဟာ မပျော်ပိုက်လေ ဖြစ်လာပါတယ်။ လုပ်ငန်းခွင်လာရမှာကို ရေခဲတိုက်ထဲ သွားရသလို သူကြောက်လာပါတယ်။ ဒါပေမဲ့ ပြန်ပြောရဲတဲ့ သတ္တိ လွန်ဆန်နိုင်တဲ့သတ္တိသူ့မှာ အားနည်းတဲ့အတွက် သူဟာ ကျန်းမာရေး ချို့ယွင်းလာတဲ့အထိ အလုပ်ရဲ့ ဖိစီးမှုကို ခံလိုက်ရပါတယ်။

image
source

နောက်တစ်ချက် အနေနဲ့ အမြဲ အပြစ်တင် ဆူပူတက်တဲ့ အထက်လူကြီးနဲ့ အလုပ်လုပ်ကျရတဲ့ ဝန်ထမ်းတွေမှာ ဖြစ်လေ့ရှိတဲ့ စိတ်ဖိစီးမှုတစ်မျိုးပါ။ ဘာလုပ်လုပ် အကောင်းမမြင်တက်သလို အမြဲ မျက်စိ ဒေါက်ထောက်ကြည့်ပြီး အပြစ်မြင်တက်တဲ့ အထက်လူကြီးမျိုး ဖြစ်ပါတယ်။ ဝန်ထမ်းတွေဟာ စိတ်ကျဉ်းကျပ်စွာခံစားရပြီး ငါ့တော့ ဘယ်အချိန် လူကြားထဲ ဆူမလဲ ငေါက်မလဲနဲ့ တွေးကြောက်နေရတက်ပါတယ်။ ဒါကြောင့် အချိန်ကြာလာတဲ့အခါ ဝန်ထမ်းတွေဟာ လုပ်ငန်းခွင်ထဲမှာ မပျော်မွေ့တော့ဘဲ တစ်ခြားအလုပ်ကို ပြောင်းလိုစိတ်ပေါ်လာပါတော့တယ်။ အချုပ်အားဖြင့်ဆိုရသော် လုပ်ငန်းခွင်မှ စိတ်ဖိစီးမှုများဟာ ( ၁) လုပ်ငန်းခွင်မှာ ဆက်ဆံရတဲ့ လူတွေကြောင့် ဖြစ်ခြင်း ( ၂) အလုပ်ကြောင့် ဖြစ်ခြင်း( ၃ ) အထက်လူကြီးကြောင့် ဖြစ်ခြင်းတို့ဘဲ ဖြစ်ပါတယ်။ ဒီလို အခြေအနေတွေကို ကိုယ်တိုင် ရင်ဆိုင်ကျရပြီဆိုရင်

( ၁) ကိုယ့်ဟာကို မေးခွန်းတစ်ခုမကမေးပါ။ ငါရဲ့ တန်ဖိုးထားမှုဟာ ဒီလုပ်ငန်းခွင်ဖြစ်တယ်ဆိုတာ သေချာရဲ့လား။
( ၂) ပြောင်းလဲခြင်းကို ရင်ဆိုင်နိုင်သလား
( ၃) ပြောင်းလဲရင် ဖြစ်လာမဲ့ ကောင်းကျိုးဆိုးကျိုးတွေကို တွက်ချက်ပါ
(၄) မပြောင်းလဲရင်ကော ငါ့ ဘဝတစ်ခုလုံးအတွက် ခံနိုင်ရည်ရှိမလား
စတဲ့ မေးခွန်းတွေ အပြင် အရာတစ်ခုကို သေချာဆုံးဖြတ်ပြီးတာနဲ့ ကိုယ်တန်ဖိုးထားရာကို သွားဖို့အတွက် planတစ်ခု ခိုင်ခိုင်မာမာချနိုင်ကျပါစေလို့ လုပ်ငန်းခွင်မှ ဖိအားများအတွက် အကြံပေးရေးသားအပ်ပါသည်။

image
source

@suhlaing
msc 175

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

အလုပ်ထဲမှာ ဝင်ငွေကြောင့် ထွက်ဖြသ်ကြတာများပါတယ်

မိသားစုစားဝတ်နေရေးက မမီတော့လည်းး

ကြားပေါက်ရတဲ့ ဌာနတွေ ပိုဆိုးပါတယ်

အလုပ်ကို အလုပ်မှာပဲ ထားခဲ့နိုင်အောင် လေ့ကျင့်ရအုံးမယ်ဗျာ

အကောင်းဆုံး စိတ်ထားပါဘဲ

ကောင်းမွန်တဲ့ post လေးပါ။
လုပ်ငန်းခွင်ထဲတွင် ဖြစ်ပျက်နေတာတွေ၊ ကောင်းမွန်သော
အကြံပေးများအတွက် ကျေဇူးပါ။

လာဖတ်ပေးတဲ့အတွက် ကျေးဇူးပါ

တာဝန်ယူစိတ်ရှိသူမှာ အလုပ်တာဝန်ဖိအားတွေ ပိုများတာပ ခုခေတ်စတိုင်လ်

အမှန်ဘဲ ဘထွေးရေ ခိုင်းကောင်းတဲ့ နွား ဘာဆိုလား

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.032
BTC 60345.08
ETH 2986.57
USDT 1.00
SBD 3.81