ခင်မင်မှုပျက်ပြား သံသယစိတ်ထား

in #myanmar6 years ago (edited)

https://steemit.com/myanmar/@suhlaing/khngmngm-atkyapa-thanthyasittaa-4c2dd97c175a
https://steemit.com/myanmar/@suhlaing/khngmngm-atkyapa-thanthysittaa-6b47ef9f6c3ed
လှပတဲ့ရောင်စုံမီးများကြားမှာ စန္ဒယားသံငြိမ့်ငြိမ့်လေးက ထွက်ပေါ်လို့နေပါတယ်။ စည်းချက်ညီညီနဲ့ ဘယ်ညာယိမ်းနွဲ့ရင်း စုံတွဲကနေတဲ့ အတွဲအချို့ကိုလည်း တွေ့မြင်ရပါတယ်။ ညနက်လာပေမဲ့ မိတ်ရင်းတွေသာများတာကြောင့် ပွဲလာသူတွေဟာ အနည်းငယ်သာလျော့သွားပါတယ်။ အေးချမ်းလာပြီမို့ အိမ်ထဲမှာပင်ဆက်လက်ဆင်နွဲနေကျပါတယ်။ ဒီချိန်မှာဘဲ အန်တီနီတာရဲ့ သူငယ်ချင်းဖြစ်သူ ဟန်နီက သူငယ်ချင်းဖြစ်သူရဲ့ လက်ဆောင်ထုတ်တွေကို သိလိုတာကြောင့် ဖွင့်ဖောက်ဖို့ အကြံပေးခဲ့ပါတယ်။ ဟန်နီရဲ့ အကြံပေးချက်ကို နီတာက လက်ခံပြီး လက်ဆောင်ထုတ်တွေ ဖွင့်ဖောက်ဖို့ သဘောတူလိုက်ပါတယ်။

လက်ဆောင်တွေကတော့ ပုံစံမျိုးစုံ ပစ္စည်းမျိုးစုံပါဘဲ။ လက်ပတ်နာရီ သိုးမွေးအကျီင်္ စားပွဲတင်နာရီ ကြွေပန်းကန်များ ကျမ်းစာအုပ် ဂါဝန်အရှည် ပွဲတက်ဝတ်စုံ လျှပ်စစ်ပေါင်းအိုး စသည်ဖြင့် စုံလင်လှတဲ့ လက်ဆောင်ပစ္စည်းတွေကို ဖွင့်ဖောက်အပြီးမှာတော့ ဂျွန်ရဲ့လက်ဆောင်ဖြစ်တဲ့ ဖြစ်တဲ့ သားရေလက်အိပ်လေးအတွက် အန်တီ နီတာမှ ကျေးဇူးတင်ကြောင်းပြောပါတယ်။ အဲ့နောက်မှာတော့ ဂျော်နီ့ လက်ဆောင်လေးကို ဖွင့်ဖောက်လိုက်တဲ့အခါ အန်တီနီတာရဲ့ မျက်နှာတစ်ခုလုံး ဖြူလျှော်သွားပါတယ်။ မလှုပ်မယှက် ရပ်နေခြင်းနဲ့ အတူ မျက်လုံးအိမ်ကလည်း ပြူးကျယ် ဝိုင်းစက်သွားပါတယ်။ ပြီးနောက်မှာတော့ စူးစူးဝါးဝါးအော်ဟစ်လိုက်ပြီး အရုပ်ကြိုးပျက်လဲကျသွားပါတော့တယ်။

ပွဲလာသူအပေါင်းလည်း ကြောင်အမ်းအမ်းနဲ့ ရပ်ကြည့်နေပြီးမှ အန်တီ နီတာကို ပွေ့ထူသူကထူ ဆေးရုံကားကို ဖုန်းဆက်သူက ဆက်နဲ့ ခဏအတွင်း တစ်အိမ်လုံး ဆူညံသွားပါတော့တယ်။ ဂျော်နီကိုလည်း စူးစူးဝါးဝါး မုန်းတီးတဲ့ မျက်လုံးတွေနဲ့ ကြည့်ရှုလိုက်ကျပါတယ်။ ဂျော်နီလည်း နားမလည်ခြင်းတွေနဲ့ ပြန်ကြည့်နေတုန်းဘဲ ဟယ်လင်ရဲ့ ဖခင်ထံမှ လက်သီးဒဏ်ကို ခံလိုက်ရပါတယ်။ အိမ်ထဲမှ မောင်းထုတ်သံတွေနဲ့အတူ ဂျော်နီဟာ ရှက်ခြင်း နားမလည်ခြင်းနဲ့အတူ လှည့်ထွက်ခဲ့ရပါတယ်။ အနောက်မှာတော့ ဟယ်လင့်ဖခင်နဲ့ ဂျော်နီ့ ဖခင်တို့ အပြန်အလှန်စကားများနေသံကို ကြားလိုက်ရပါတယ်။ ဂျော်နီဟာ အိမ်ပြန်ရောက်တာနဲ့ နှုတ်ခမ်းထောင့်က သွေးစကို သုတ်လိုက်ရင်း သူ ဘာမှားလည်းဆိုတာ ပြန်တွေးနေမိပါတယ်။

image
image
သူ့ရဲ့လက်ဆောင် မိန်းမပတ်နာရီလေးဟာ နယ်သာလန်မှာရှိတဲ့ သူ့အန်တီ ခရစ္စတီးနားထံ တကူးတက မှာယူထားခြင်းဖြစ်ပြီး နာရီဘေးမှာ ရုရှားစိန်ပွင့်လေးများနဲ့ အင်မတန်လှပပါတယ်။ မိမိလက်ဆောင်အတွက် အန်တီ နီတာတစ်ယောက် အပျော်လွန်လို့ မေ့လဲသွားတာလား။ အန်တီ နီတာ မေ့သွားလို့ သူ့ကို အန်ကယ်ပီတာက ထိုးတာလား။ ဘာကြောင့်လည်း သေသေချာချာတွေးမရနိုင်တော့ပါ။ ဝမ်းနည်းခြင်းတွေကတော့ ဂျော်နီ့ ရင်ထဲမှာ ပြည့်နေခဲ့ပါတယ်။ ပါးပြင်ထက် ကျလာတဲ့ မျက်ရည်တွေကို သုတ်လိုက်စဉ်မှာဘဲ ဂျော်နီ့ ဖခင်နဲ့ မိခင် အိမ်ပြန်ရောက်လာပါတယ်။

ဇာတ်သိမ်းပိုင်းမျှော်...
@suhlaing
msc 175
credit google image

Sort:  

ငိုပါနဲဂျော်နီရယ် ခိုခိုဇာရင်ထဲဘယ်ကောင်းမလဲ။ဇာတ်သိမ်းပိုင်းတော့မငိုနဲ့တော့ကောင်းကောင်းရေးပေးပါ။အဟင့်။

ဂျော်နီရှေ့နေ ကိုကိုဇာ မယ်စုကလည်း ရက်စက်တက်ပါဘူးအေ

ဇာတ်​လမ်းတွဲပိုစ်​​တွေ g4 အဖွဲ့​တော်​​တော်​​ရေးကြတယ်
ေးရနိုင်​ကြတာ အားကျတယ်​ဗျာ

ဦးထွေးလည်း အားကျမခံရေးလိုက်တော့ဗျို့

ဟင့်​ .. အရင်​ပတ်​ကတည်းက သိချင်​တဲ့ လက်​​ဆောင်​ထုပ်​​လေး ... ခုထိမ​ပြောပြ​သေးပုစ်​ .. ​စောင့်​​မျှော်​​နေသူကို မကြီး ရက်​စက်​တယ်​ .. ဟင့်​ .. 😥

နောက်တစ်ပိုင်းသိရပါပြီအေ ကြာတော့ပါဘူး

အယ် မစုကတော့ လုပ်ပြီ မျှော်တလင့်လင့်ဖြစ်ပီ ဇာတ်လမ်းပိုင်း အမြန်ရေးပါဗျို့ သိချင်လှပြီ

ဖတ်သူတွေ စိတ်လှုပ်ရှားအောင်လုပ်ထားတာ အမြန်ဆုံးတင်ပါ့မယ်ရှင့်

အေးဟယ် ဘာလို့ပါလိမ့်

ရင်ခုန်အောင် လုပ်ထားတာ ဟိဟိ

ဟာဂျာ...ဘာပြောရမှန်းမသိတော့ဘူး။ကောင်းခန်း
ရောက်မှ မီးပျက်ပြန်ပီ။ဂျွန်က ဘာနဲ့လဲလိုက်ပါလိမ့်။

တစ်ခုခုနဲ့တော့လဲထည့်တာ သေချာတယ်

မျှော်​ရတာလဲ လည်​ပင်းက ရှည်​​နေပြီ😁😁

နောက် proဆို ဇာတ်သိမ်းပါပြီ

ဘာ​တွေဆက်​ဖြစ်​လာမှာလည်း သိချင်​မိတယ်​အမ​ရေ ဇာတ်​သိမ်း​လေး ​စောင့်​​မျော်​ဖတ်​မယ်

နောက် pro ဇာတ်သိမ်းပြီ အောင်ကြီးရေ

မျှော်ဆိုတော့လည်း မျှော်ရမှာပေါ့ ဇာတ်လမ်းတွဲလေးတွေရေးရင် ကောင်းမယ်လို့ တောင် စဉ်းစားမိတယ် တို့ g4 မိသားစုက ဇာတ်လမ်းတွဲလေးတွေနဲ့ လာကြတာဆိုတော့ ☺ ☺ ☺

ကိုးရီးယားတွေ အားကျလို့ ဦးဇင်းရေ

ဂျော်နီလေးကို သနားတော့ ဂျောနီဝေါကား သောက်ချင်လာသလိုလို

ဝမ်းလျှောနေအူးမယ်.. :( :(

Coin Marketplace

STEEM 0.28
TRX 0.11
JST 0.031
BTC 69020.66
ETH 3731.25
USDT 1.00
SBD 3.65