ခင်မင်မှု ပျက်ပြား သံသယစိတ်ထား

in #myanmar6 years ago (edited)

ချစ်သူနှစ်ဦး ကြားမှာဘဲ ဖြစ်ဖြစ် မိတ်ဆွေတွေကြားမှာဘဲ ဖြစ်ဖြစ် သူငယ်ချင်းတွေ ကြားမှာဘဲ ဖြစ်ဖြစ် သံသယအတွေး သံသယစိတ် ထားခြင်းဟာ အချစ်စိတ်ကို ပျက်ဆီးစေသလို မိတ်ဆွေများကိုလည်း လျော့ပါး ဆုံးရှုံးရတက်တယ်ပါတယ်။ မည်သူ့အပေါ်မှာဖြစ်ဖြစ် သံဒယစိတ်ထားပြီး ပေါင်းသင်းဆက်ဆံကြည့်ပါက မိမိကော မိမိ သံသယဝင်သူပါ နှစ်ဦးစလုံးအတွက် အကျိုးမဲ့သော ဆက်ဆံရေးနှင့်သာ အဆုံးသတ်ရတက်ကြောင်းကို ဥပမာလေးနဲ့ ပြောပြချင်ပါတယ်။

ဂျော်နီနဲ့ ဂျွန်ဆိုတဲ့ ကောင်လေး ၂ယောက်ဟာ အရမ်းကို ခင်မင်ကျတဲ့ သူငယ်ချင်းလေးတွေ ဖြစ်ကျပါတယ်။ အိမ်နီးနားခြင်းဖြစ်ကျတဲ့အပြင် မိဘအချင်းချင်းလည်း ခင်မင်ရင်းနှီးတာကြောင့် သူတို့သူငယ်ချင်းနှစ်ယောက်ဟာ စားအတူ သွားအတူပါ။ တခြားအိမ်နီးနားခြင်း သူငယ်ချင်းတွေ ရှိကျပေမဲ့ သူတို့နှစ်ယောက်သာ ပေါင်းသင်းလေ့ စော့ကစားလေ့ရှိပါတယ်။ ဒါပေမဲ့ သူငယ်ချင်း ၂ယောက်ဟာ စရိုက်တော့ မတူကျပါဘူး။ ဂျွန်က သံဒယထားတက်ပြီးလျှို့လျှို့ဝှက်ဝှက် နေတက်သလို အနိုင်ယူတက်တဲ့စရိုက်လေးရှိပါတယ်။ ဂျော်နီကတော့ ယုံကြည်စိတ်နဲ့ ပေါင်းသင်းတက်သူ ပွင့်လင်းလွတ်လပ်စွာနေတက်သူပါ။ မှန်းဆကြည့်ပါ စာဖတ်သူ။ ဘယ်သူက အမြဲသည်းခံရပြီးတော့ ဘယ်သူက အနိုင်ယူမယ်ဆိုတာ။
image
ဒီလိုနဲ့ ခင်မင်လာကျတာ မူလတန်းလွန်လို့ အလယ်တန်းကို ရောက်ရှိလာကျပါတယ်။ ဂျွန်နဲ့ ဂျော်နီကတော့ အမြဲတတွဲတွဲပါဘဲ။ တနေ့တော့ ဂျော်နီရဲ့ အိမ်ဘေးကို ဟယ်ရီလင်းဆိုတဲ့ ကောင်မလေးတို့မိသားစု ပြောင်းရွှေ့လာတဲ့ အချိန်မှာတော့ ဒါဟာ ဂျွန်နဲ့ ဂျော်နီတို့ရဲ့ ခင်မင်မှုကို ပျက်ပြားစေလိမ့်မယ်လို့ အဲ့အချိန်ကတော့ ၂ယောက်လုံးမသိခဲ့ကျပါဘူး။ လူပျိုပေါက်စလေး ဂျွန်ဟာ ဟယ်ရီလင်းအပေါ်မှာ မြင်မြင်ချင်းကို ချစ်သက် ဝင်ခဲ့ပါတယ်။ အပေါ်ထပ် ပြတင်းပေါက်ကနေ ဟယ်ရီ့အရိပ်ကလေးကို လိုက်ကြည့်နေခဲ့ရင်း ရင်ခုန်နေသူပါ။ ဂျွန်က ဟယ်ရီ့ကို သူကြွေနေတယ်ဆိုတဲ့အကြောင်းနဲ့ ဂျော်နီ့ကို ကင်းကင်းနေပေးဖို့ သတိပေးထားပါတယ်။ ဂျော်နီက လူကောင်သာကြီးပေမဲ့ စိတ်က ကလေးသာသာမို့ ဂျွန်ပြောတာကို သဘောမပေါက်ခဲ့ပါဘူး။
image

ဂျော်နီ့ အိမ်နဲ့ ဂျွန့်အိမ်ကြားမှာ ဟယ်ရီအိမ် တည်ရှိတာကြောင့် အရိပ်အခြေအားလုံးကို ဂျွန်က မြင်နေရပါတယ်။ တနေ့တော့ အိမ်နောက်ဖက် သစ်ခွပန်းပင်တွေကို ရေလောင်းရင်း ခလုတ်တိုက်လဲသွားတဲ့ ဟယ်လင့်ကို ဂျော်နီက လှမ်းမြင်တာကြောင့် သွားရောက်ထူပေးပြီး ရီရီမောမော စနောက်နေကျတာကို ဂျွန်က မြင်တွေ့သွားပါတယ်။ မနာလိုခြင်းနဲ့ သံဒယစိတ်ဟာ ဂျွန့် နုလုံးသားတစ်ခုလုံးကို ဆုတ်ကိုင်ဆွဲဖြဲလိုက်သလိုပါဘဲ။ အချစ်ဆုံးသူငယ်ချင်းဆိုတဲ့အသိမရှိတော့သလောက်ပျောက်သွားခဲ့ကာ ဂျော်နီ့ကို သူတို့ကစားနေကျ ဝက်သစ်ချပင်ဆီလာဖို့ ဖုန်းဆက်ခေါ်လိုက်ပါတယ်။
image
ဆက်ရန်...
@suhlaing
msc-175
credit google image

Sort:  

အဲ့ဒီစာရေးဆရာတွေပေါ့ စာဖတ်လို့ကောင်းပြီဆို ဆက်ရန်တို့ကြေငြာတို့ကဝင်ပြီ 😢😢😢😖😖😫

အားပေးတာ ကျေးဇူးအထူးပါလို့ ကိုမိုးဇော်

အမ်​ ချ ကျ​တော့မဗာလားမသိဘူး အမ​ရေ ဇာတ်​သွား​တော့ ​ကောင်းပါ့အမ​ရေ

ချဘူး မောင်လေး ဂျော်နီက စိတ်ရှည်တယ်

သံသယဆိုတာကအတွေးထဲဝင်လာတာနဲ့တစ်ကိုယ်လုံးကိုလှိုက်စားနေတာ။မထားသင့်ဘူးပွင့်ပွင့်လင်းလင်းမေးချလိုက်။ကျနော့်တော့လာမလုပ်နဲ့နော်မမစု။ပွင့်ပွင့်လင်းလင်းလာမေး။သူငယ်ချင်းသံယောဇဉ်တော့အပျက်မခံနိုင်ဘူး အလဲ့လဲ့လဲ့လဲ့လဲ့လဲ့

မေးဘူး ကိုကိုဇာရေ အငြိုးတကြီးနဲ့ တသက်လုံးမှတ်သွားမှာ အလားးလားးး

ဂျော်​နီ နဲ့ ဂျွန်​ ဖက်​​ကောင်းတုန်းရှိ​သေးတယ်​ အရှိန်​ပျက်​သွားပြီ ​စောင့်​​မျှော်​​နေပါ့မယ်​ခင်​ဗျ

မကြာခင်လေးတင်ပါ့မယ် ဇာတ်ကရှည်တော့ ၃ပိုင်းလောက် ခွဲတင်ရမယ်ထင်ပါတယ်

သံသယ ဝင်လာပြီဆိုတာနဲ့ စိတ်ကအဆိုးဘက်ကို အတွေးများသွားကြတယ် သူဘာလုပ်လုပ် အကောင်းမမြင်နိုင်တော့ဘူးလေ

တင်ပါ့ ဘုရား

သံသယ ဆိုတာ ထားသူမှာလည်း အရမ်းပင်​ပမ်းရပါတယ်​ ဗျာ

အထားခံရသူကလည်း စိတ်ဓာတ်မလုံခြုံသလို ခံစားရတယ်

သေချာတယ် သူငယ်ချင်းဘဝက အကြီးဆုံး ရန်သူတွေဖြစ်တော့မှာ

ဟုတ်တယ်ဆို

အယ် မဆု ရန်တေဖြစ်ကုန်တော့မယ်ထင်တယ်

အမကတော့ ရန်မတိုက်ပေးဘူးနော် သူ့တို့ဟာသူတို့ဖြစ်ကျတော့မှာ

ငမ်းးးးး ဆက်ရေးပါ ဘိုဖစ်မလဲကြည်မြယ်

တတ်​နိုင်​ဘူး​လေ ​ဘဝ​ပေးက Admin ဖြစ်​လာ​တော့
ဟား ဒါကြီး copyကြီးလားလုပ်​​နေရတာပဲ

adminတာဝန်ကလည်း ရှိသေးတာကို ကိုသက်ရဲ့

Coin Marketplace

STEEM 0.27
TRX 0.11
JST 0.031
BTC 67863.38
ETH 3708.58
USDT 1.00
SBD 3.65