အဆောင်ရှေ့က သရဲ (ဇာတ်သိမ်းပိုင်း)

in #myanmar6 years ago (edited)

https://steemit.com/myanmar/@suhlaing/aesaangeyaw-k-thyae-1-6f8fd31cb7ffa

လမင်းကြီးက ထိန်ထိန်သာလျှက်ရှိပါသည်။ တိမ်တစ်မျှင်မျှကောင်းကင်ပြင်တွင်မရှိပါ။ ကျောင်းရှေ့ရှိ လေယာဉ်ပြေးလမ်းဟောင်းကြီးသည် ကတ္တရာ လမ်းမသဖွယ် ဖြောင့်ဖြူးနေပါသည်။ မိန်းဆောင်ကြီး လွန်လာသော အခါ သရဲအင်မတန်ခြောက်သည်ဟု မည်ကြီးသည့် ဆွမ်ပရာဘွမ် အဆောင်ကို ဖြတ်ကျရပါသည်။ အဆောင်ရှေ့တွင် မယ်ဇလီပင်တန်းများကို စိုက်ပျိုးထားပြီး ပင်ပျိုများဖြစ်ကာ ၁၅ပေခန့်သာရှိမည်ဟု ခန့်မှန်း မိပါသည်။ ထို အပင်တန်းရှေ့တွင် ဓာတ်မီးတိုင်များကို စိုက်ထူထားပါသည်။

သူငယ်ချင်းတစ်စု လသာသာထဲတွင် စက်ဘီးကလေးများတဖြည်းဖြည်းစီးကာ ထိုအဆောင်ရှေ့မှ ဖြတ်လာကျစဉ် မတ်မတ်စုသည် မိမိတို့နှင့် ရင်ဘောင်တန်း လိုက်လာသော အရိပ်ရှည်ရှည်ကြီးအား စက်ဘီးနောက်ခုံတွင် ထိုင်နေသူဖြစ်သဖြင့် ပထမဆုံး မြင်တွေ့လိုက်ရပါသည်။ ထို အရိပ်သည် မယ်ဇလီဇပင်တန်းထက်လည်း ရှည်ကာ ဓာတ်မီးတိုင်ထက်လည်း ပိုရှည်လေသည်။ မိမိမှာ မယ်ဇလီပင်က ထိုးထွက်နေခြင်းလား ဓာတ်မီးတိုင်က ရှည်ထွက်နေခြင်းလားဆိုသည်ကို သေချာစွာပြန်ကြည့်မိပါသည်။ ထို အရိပ်သည် သစ်ပင်နှင့် ဓာတ်တိုင် မဟုတ်တာ သေချာပြီဆိုမှ သူငယ်ချင်းအားလုံးကို အသိပေးလိုက်သည်။

image
credit image source

ထိုနောက် သူငယ်ချင်းအားလုံးအား ရပ်စေပါသည်။ ထိုနောက် ပြန်သွားစေပါသည်။ ထို အရိပ်သည် မိမိတို့ ရပ်လျှင် ရပ်၍ မိမိတို့ သွားလျှင်သွားပါသည်။ မိမိတစ်ယောက်တည်း မဟုတ် အယောက် ၂၀လုံးမြင်ရပါသည်။ အရပ်မှာ ရှည်လွန်းလှပြီး လရောင်အောက်တွင် သစ်ပင်နှင့် ဓာတ်တိုင်များထက် အဆမတန်ရှည်ထွက်နေပါသည်။ မဲမဲနှင့် ပိန်ရှည်ရှည်ကြီး ဖြစ်လေသည်။ အဖွဲ့များ၍ မကြောက်လန့်ကျသော်လည်း ကြက်သီးများက တဖြန်းဖြန်းနှင့် ထကျလေသည်။ ကြားဖူးနားဝ စကားများအရ ထို အရိပ်သည် တဖြည်းဖြည်း ရှည်လာမည်ဖြစ်ပြီး လိုက်၍ မော့ကြည့်ပါက သေတက်သည်ဟု ပြောဆိုကျရာ လိုက်မကြည့်စေဖို့ အချင်းချင်းသတိပေးပြီး စက်ဘီးများပေါ်မှာ အားလူံးဆင်းကာ ခဲများနှင့် ဝိုင်းပေါက်ကျလေသည်။

image
credit image source
ထို အခါ ထို အရိပ်သည် မျက်စိရှေ့တွင်ပင် တဖြည်းဖြည်း ဝေဝါး ပျောက်ကွယ်သွားလေသည်။ ထို အရိပ်အရှည်ကြီး ပျောက်ကွယ်သွားသည်နှင့် စက်ဘီးများအား ဒုန်းစိုင်းစီးကာ အဆောင်သို့ အမြန်ပြန်ပြေးခဲ့ကျလေသည်။ အဆောင်ရှေ့ အရောက်တွင် ကျောင်းသူများသည် ကြောက်လန့်တကြားဖြင့် ထိုင်ခုံရှည်ပင်မလိုဘဲ လွှားကနဲ လွှားကနဲ ကျော်တက်ကျလေသည်။ မတ်မတ်စု တစ်ယောက်လည်း ထိုနည်းအတိုင်း ခုန်တက်လိုက်ရာ ဝတ်ထားသော လေထီးစကတ်သည် ခြံစည်းရိုးပေါ်တွင် အလံတလူလူဖြင့် တင်ကျန်ရစ်ခဲ့လေသတည်း။

@suhlaing
msc 175

Sort:  

အံမလေး...အဲ့လိုမျာကြုံရရင် ငုတ်တုတ်ကြီးများအသက်ထွက်မလားမသိ

အခြောက်ခံရတုန်းကတော့ လူများလို့ သိပ်မကြောက်မိဘူး ညီမရေ တစ်ယောက်တည်းသာဆို အသက်ထွက်လောက်တယ်

အာ့လိုကြီး ကိုယ်​တိုင်​​တော့ကြုံးဖူး​သေးဘူး

ဘဝမှာ အခု အရွယ်အထိ သရဲ ၃ကြိမ် ခြောက်ခံဖူးတယ် နောက် ၂ကြိမ်ကျန်သေးတယ် အောင်ကြီးရေ

အ​ဖော်​​တေနဲ့မို့​ပေါ့တစ်​​ယောက်​ထဲဆိုရင်​​တော့

၂ယောက်လောက်ဆိုရင်တောင် သေပြီ ဆရာ

လန့်​ပြီးအသက်​ထွက်​သွားမှာမမ​ရေ။

ဟုတ်တယ်ဆို အခုချိန်ပြန်တွေးမိတာ ကြောက်စရာကြီး

နောက်ဆုံးခန်းက ပိုကြောက်ဖို့ ကောင်းတယ် မတ်မတ်စုရဲ့ ကိုယ်ဖော့သိုင်းစွမ်း အံ့မခန်းပါလား ဟားဟား

လာလေရော့ဆိုပြီး ဝှစ်ကနဲ ပျံတက်လိုက်တာ ဦးဇင်းရေ 😊😊

voteထားပြီ ညီမလေး

Congratulations! This post has been upvoted from the communal account, @minnowsupport, by suhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

အော် သမီးလည်းဒါမျိုးကျ တယ်အပြေးသွက်ပါလား

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63277.26
ETH 2570.12
USDT 1.00
SBD 2.82