အဆောင်ရှေ့က သရဲ (၁)

in #myanmar6 years ago (edited)

ခိုခိုဇာရဲ့ အရှည်ကြီး ဝတ္တုတိုလေးကို ဖတ်ပြီး မတ်မတ်စုလည်း ကျောင်းတက်ခဲ့စဉ်က သရဲ အတွေ့ အကြုံလေးကို ပြန်လည် အမှတ်ရသွားခဲ့ပါတယ်။ ဒါကြောင့် ကိုယ်တွေ့ ဖြစ်ရပ်မှန် သရဲဇာတ်လမ်းလေးတစ်ပုဒ်ကို အခုလို ပြန်ပြောင်းပြောပြချင်ပါတယ်။

မြစ်ကြီးနား တက္ကသိုလ်မှာ ကျောင်းတက်ခဲ့စဉ်အချိန်က ဖြစ်ပါသည်။ မတ်မတ်စုတို့ ကျောင်းတက်စဉ်အချိန်က အတွင်းဆောင်များ ပိတ်ထားသော အချိန်ကာလဖြစ်သည်။ ကျောင်းသူ ကျောင်းသားများသည် နီးစပ်ရာ ကျောင်းပတ်ဝန်းကျင် အဆောင်များတွင် နေထိုင်ကျရလေသည်။ အပြင်ဆောင်များသည် အတွင်းဆောင်များလောက်တော့ စည်းကမ်း မတင်းကျပ်သည်မှာ အမှန်ပင်။ အဆောင်တိုင်းတော့ မဆိုလိုပါ။ မတ်မတ်စု နေသောအဆောင်သည် အဆောင်ခြံစည်းရိုးအားကျော်၍ ခိုးဝင် ခိုးထွက် ပြုလုပ်နိုင်လေသည်။

image
credit image source

ဧည့်သည် တွေ့ရန် ချထားပေးသော ထိုင်ခုံအရှည်အား ခြံစည်းရိုးတွင်ထောင်ကာ လှေကားသဖွယ်အသုံးပြုပြီး ညအချိန် ခိုးထွက် ခိုးဝင် ပြုလုပ်နိုင်လေသည်။ အဆောင်ရှင် လင်မယားမှာ အသက်အရွယ် ကြီးရင့်သူများဖြစ်ကာ ညဘက်တွင် အဆောင်အား ကြည့်ရှုသည် ဟူ၍ မရှိဘဲ အဆောင်တဖက်ခြမ်းတွင် ဆောက်လုပ်ထားသော နေအိမ်အတွင်း၌သာ နေလေသည်။ အဆောင်ပိတ်ချိန်မှာ ည ၇နာရီဖြစ်သော်လည်း အလယ်လွန်သော အဆောင်သူများသည် ထိုသည်ကို အခွင့်ကောင်းယူကာ ညအချိန်တွင် ဆိုင်ထိုင်ခြင်ုးရုပ်ရှင်ကြည့်ခြင်းများကို ပြုကျလေသည်။

မတ်မတ်စုတို့ သူငယ်ချင်း တသိုက်သည်လည်း တခါတရံ ကျူ တိုရီရယ် ပရယ်ရီကယ် မရှိသော နေ့များနှင့် ဇာတ်ကားအသစ်ရုံတင်ချိန် တိုက်ဆိုင်ပါက ရုပ်ရှင်ကြည့်တက်ကျလေသည်။ ထိုသို့သော ရက်များတွင် အဆောင်ဝင်ချိန်နောက်ကျတက်ကာ ခြံစည်းရိုးကို ကျော်၍ ထိုနည်းအတိုင်း အဆောင်သို့ ဝင်တက်လေသည်။ မတ်မတ်စုတို့ အဆောင်နှင့် မြို့ထဲရှိ ရုပ်ရှင်ရုံသည် အလယ်တွင် ကျောင်းတော်ကြီးနှင့် စီတာပူရပ်ကွက်ခြားလေသည်။ ခန့်မှန်းခြေ မြို့ထဲနှင့် တက္ကသိုလ်ကျောင်းသည် ၄မိုင်ခန့် ဝေးမည်ထင်ပါသည်။

image
image credit source

ထိုညက မှတ်မှတ်ရရ ဘယ်သူ့ကို ချစ်နိုးနိုးဆိုသည့် ကုလားကား ရုံတင်သည့် နေ့ဖြစ်ပါသည်။ မတ်မတ်စုတို့ သူငယ်ချင်းတစ်စုသည် ရုပ်ရှင်ကြည့်ရန် ချိန်းဆိုကျပြီး ယောက်ျားလေးသူငယ်ချင်းများက လက်မှတ်များကြိုတင်ဝယ်ယူထားကျလေသည်။ ယောက်ျားလေး မိန်းကလေး စုစုပေါင်း အယောက် ၂၀ခန့်ရှိပေသည်။ ကုလားကားတို့မည်သည် ပေအလွန် ရှည်ရကား မတ်မတ်စုတို့ အဆောင်ပြန်ချိန်သည် ည ၁၂နာရီ ကျော်ပေပြီ။ ထိုခေတ်သည် စက်ဘီးခေတ်ဖြစ်ကာ စက်ဘီးလေးတွေနှင့် တပျော်တပါး ဇာတ်လမ်းအကြောင်း စမြှပ်ပြန်ကာ ပြန်ခဲ့ကျလေသည်။

ဆက်ရန်...
@suhlaing
msc 175

Sort:  

သူငယ်​ချင်း​တေနဲ့ရုပ်​ရှင်​ကြည်ရ့​တာ​ပျော်​စရာပါ

ဘဝမှာ အပျော်ဆုံး အချိန်တွေပါဘဲ

တရဲဆိုကျောက်ဆယ်😋😋😋

ကြောက်တက်သူများ မဖတ်ရ😋

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63330.55
ETH 2645.93
USDT 1.00
SBD 2.82