မှော်ဆန်သော အပ်ချုပ်စက်လေး ( ၅ )
အလုပ်အားသောနေ့တစ်နေ့တွင် မအေးလှသည် ငယ်သူချင်းဖြစ်သူ မနောမယကိုသက်ခိုင်ဆီသို့ ထွက်လာခဲ့လေသည်။ ကိုသက်ခိုင်အိမ်သည် မြို့စွန်ဘက်ကျပြီး ခြံဝန်းမှာ ကျယ်ဝန်းလှပေသည်။ နှစ်ရှည်သီးနှံများကို စိုက်ပျိုးထားရာ ငယ်စဉ်အခါက မကြာခဏ အဝင်အထွက်ရှိသော်လည်း ယခုတော့ဖြင့် မရောက်တာကြာပေပြီ။ ကိုသက်ခိုင်သည် ထိုပညာများကို ၄င်း၏ ဖခင်ထံမှ အမွေရခဲ့ဟန်တူပါသည်။ ကိုသက်ခိုင်၏ ဖခင်သည်လည်း လက္ခာဏာကြည့်ခြင်း ရှေးဖြစ်ဟောခြင်းများ ပြုလုပ်သည်ကို ငယ်စဉ်က တွေ့ဖူးကြုံဖူးခဲ့ပါသည်။ မအေးလှကိုပင် လက္ခဏာပင်ကိုကြည့်၍ သမီးလေး အပျိုကြီးလုပ်နော်ဟု သတိပေးခဲ့သည်ကို ယခုတိုင်မှတ်မိနေသေးတယ်။ ငယ်စဉ်က ဘာရယ်ဟု နားမလည်သော်လည်း အိမ်ထောင်ရေးကံမကောင်းသောကြောင့် သတိပေးခြင်းဟု ယခုတော့ဖြင့် နားလည်ခဲ့ပါပြီ။ ယခုတော့ဖြင့် ကိုသက်ခိုင်၏ ဖခင်ကြီးကော မိခင်ကြီးပါ ကွယ်လွန်ပြီဖြစ်ရာ တစ်ဦးတည်းသော သား ကိုသက်ခိုင်သာ ကျန်ရစ်လေသည်။
မအေးလှသည် အေးချမ်းဆိတ်ငြိမ်သော ခြံကြီးရှေ့တွင် ဆိုင်ကယ်လေးကို ရပ်လိုက်သည်နှင့် လူငယ်လေးတစ်ယောက်ပြေးလာကာ ခြံတံခါး ဖွင့်ပေးလေသည်။ မအေးလှသည် ကိုသက်ခိုင်နှင့်တွေ့ချင်ကြောင်းပြောပြသောအခါ တုံကင်ယူထားလား အမဟု မေးလေသည်။ မအေးလှလည်း ကြောင်အန်းအန်းဖြစ်သွားကာ မယူထားကြောင်းနှင့် ကိုသက်ခိုင်နှင့်သာ တွေ့ချင်ကြောင်းပြောဆိုလေသည်။ ထိုကောင်လေးမှလည်း သူ့ဆရာသည် တုံကင် ကြိုမယူထားပါက တွေ့ခွင့်မပေးပါဟု ပြောလေသည်။ မအေးလှတို့ အခြေအတင်ပြောနေစဉ် လူခေါ်ခေါင်းလောင်းသံကြားလိုက်ရလေသည်။ ကောင်လေးလည်း အမ ခဏနော်ဟုဆိုကာ အိမ်ထဲသို့ ပြေးဝင်သွားလေသည်။ ခေတ္တစောင့်ဆိုင်းပြီးသောအခါ ကိုသက်ခိုင်သည် ဝတ်ဖြူ စင်ကြယ်နှင့် အိမ်ထဲမှ ထွက်လာကာ ခရီးဦးကြိုပြုလေသည်။
source
'' အေးလှရယ် နင့်မလဲ အခုမှ ပေါ်လာတော့တယ် အဖေဆုံးတုန်းက ရက်လည်လေး တွေ့လိုက်ပြီး ပျောက်သွားလိုက်တာ ငါ့ အထင် နင် ဒီမြို့မှာ မနေဘူးတောင်နေတာ''
'' နင်ကော ဘာထူးသေးတုန်း သက်ခိုင်ရဲ့ အိမ်ထဲက အိမ်ပြင်ကော ထွက်လို့လား ငါကမှ ငါဆိုင်နဲ့ဈေး ပြေးနေသေးတယ်''
'' ဟားးး ဟားးး နင်ကတော့ အရင်လိုဘဲ အေးလှရေ ကတ်ကတ်လန်အောင် ပြန်ပတ်လိုက်ရမှဆိုတဲ့ အထဲက ကဲ လာ လာ ဘာကိစ္စတုန်း ငါ့ဆီ''
'' နင် မနောမယဆို ကြိုမသိဘူးလား''
'' မနောမယလည်း လူဟ မနောချင်းဆက်မိမှ သိမှာပေါ့''
သူငယ်ချင်းနှစ်ယောက် စကားပြောရင်း ကိုသက်ခိုင်သည် သူ၏ အလုပ်ခန်းသို့ ဝင်လိုက်လေသည်။ အလုပ်ခန်းအတွင်း ဘုရားစင်တွင် ကြေးဆင်းတုကြီးကို ကိုးကွယ်ထားပြီး ကြေးပန်းအိုးများနှင့် ဘုရားဆင်းတုတော် သေးသေးမွှားမွှားများကိုလည်း တွေ့ရလေသည်။ အမွှေးတိုင်များ ဖယောင်းတိုင်များကို ထွန်းညှိထားပြီး ထွက်ရပ်ပေါက် အဘများကိုလည်း စင်များနှင့် ကိုးကွယ်ထားလေသည်။ ထူးခြားသည်က ကုလားဘိုးတော်ဟု ခေါ်လေမလား မအေးလှ မသိပါ ကုလားရုပ်ထုတစ်ခုကိုလည်း မအေးလှ တွေ့ရလေသည်။ ထိုရုပ်ထုကို မအေးလှသည် စိတ်ဝင်စားမိလေသည်။
ကိုသက်ခိုင်သည် မအေးလှ ရှေ့တွင် တပျဉ်ခွေထိုင်ကာ
'' ကဲ အေးလှ နင့် လက်ချောင်းနဲ့ ထိဆက်ကြည့်မယ် စိတ်ကို ဘုရားတရား အာရုံပြုထား''
မအေးလှလည်း ကိုသက်ခိုင် ခိုင်းသည့် အတိုင်းပင် စိတ်တည်ငြိမ်စွာနှင့် ဘုရားရှင်ထံ အာရုံပြုထားလေသည်။ ကိုသက်ခိုင်သည် မအေးလှ လက်ချောင်းထိပ်နှင့် သူ၏ လက်ချောင်းထိပ်များ ထိစပ်ထားကာ မျက်လုံး အစုံမှိတ်လျှက် ငြိမ်သက်နေလေသည်။ အခန်းတွင်း တိတ်ဆိတ်နေကာ အမွှေးတိုင်အငွေ့တို့သည် ပျံ့လွှင့်နေလေသည်။
@suhlaing
msc 175
ကုလားတွေကော မနောမယတွေတွေကော လျို့ဝှက်လွန်းနေတယ်ကွယ် ။
ဆန်းကြယ်မှုတွေ ဖြေချတော့မယ် ဘရွှေရေ
As a follower of @followforupvotes this post has been randomly selected and upvoted! Enjoy your upvote and have a great day!
thanks
မနောမယ အကြားအမြင်ဟောဆရာ အခန်း ၊ ကုလားရုပ်ထု
ဘယ်လိုဆက်စပ်ပါလဲ စိတ်ဝင်စားစရာပါပဲ
ဆာဒူးရုပ်ထုထည့်ရေးတာက နောက်တပိုင်းအတွက် ဇာတ်လှုပ်ချင်လို့ပါ
ကလေးတွေလို ပြောပြ ပြောပြ လို့ ပူဆာလို့ ရရင်လည်း ကောင်းသားလား မမရယ်... သိချင်ပါဘီဆို 😄😄
ဆက်ရေးပါ့မယ် ညိမရေ ဇာတ်ကွက်ကလေးတွေ ချနေသေးလို့ပါ ကိုးရီးယားကားတွေလို ဇာတ်သိမ်းညံ့နေမှာစိုးလို့
Wow.. စိတ်ဝင်စားမိ မတ်မတ်စုရေ😯😯
စောင့်ဖတ်ပါအုံး မတ်မတ်ကြည်ရေ
စိတ်ဝင်စားအောင်ရေးတတ်ပ တော်ပမတ်စု
ဒီထက်ပိုကောင်းအောင် ဖြည်းဖြည်းချင်း ကြိုးစားသွားပါ့မယ် ဦးထွေးရေ
တစ်ခါတည်း ပြီးထားရင် chat box ကနေ ကြိုဖတ်ချင်မိတယ်ဗျာ ဟုတယ် တစ်ကယ် ။
ပြီးသေးဘူးအေ ဒီည ကလေး အိပ်မှ ဆက်ရေးရမှာ😊😊
ဇာတ်လမ်းကကောင်းနေပြီ
ဆက်လက်အားပေးပါအုံး
မှော်နဲ့ပတ်သက်တာရေးရင် ကုလားပါမှ အဆင်ပြေတာလူမျိုးတစုရဲ့
ယုံကြည်မှူ့ပြောရမလားဘဲ တော်ပါတယ် အရေးအသားကောင်းပါတယ် မစု
များသောအားဖြင့်တော့ ကုလားဇာတ်လမ်းတွေမှာ ပါတာဘဲ ကိုယုရေ
အပ်ချုပ်စက်ရဲ့နောက်ကြောင်းကဘယ်လိုပတ်သက်ဆက်နွယ်တာတွေရှိနေဦးမလဲ....စိတ်ဝင်စားစရာပါ....
နောက်အပိုင်းတွေ ဆက်လက်စောင့်မျှော်ဖတ်ရှု့ပေးပါနော်