SPG1 Supporting Plan - Contest #7

in #myanmar6 years ago (edited)

image.png


@steempowergroup1 ၏ contest#6 တွင် ပါဝင်ပြိုင်ဆိုင်သူ ၃ဦးသာ ရှိခဲ့ပြီး ၄င်းတို့ ၃ဦးစလုံးကလည်း စည်းကမ်းနှင့် ညီညွတ်သောကြောင့် winner များအဖြစ် ရွေးချယ်လိုက်ရပါသည်။

@moewaikamawet သည် လိုအပ်ချက်များကို အတတ်နိုင်ဆုံးပြုပြင်ထားပြီး ပြိုင်ဆိုင်ထားသည်ကို တွေ့မြင်ရသည့်အတွက် ချီးကျူးမိပါသည်။ ယခုပြိုင်ပွဲတွင် ၄င်းယှဉ်ပြိုင်သော content သည် အောင်မြင်သော ယုံကြည်မှုဆီသို့ ခေါင်းစဉ်နှင့်လိုက်အောင် အောင်မြင်အောင် မည်သို့ယုံကြည်မှုတည်ဆောက်ရမည့်အကြောင်း ရေးသားထားပါသည်။

  • အဆောင်ယတြာအားကိုးရန်
  • ချီးကျူးစရာများကို မှတ်စုထားရန်
  • စိတ်ဓာတ်တက်ကြွစွာနေထိုင်ရန်
    ဤသုံးချက်ဖြင့် အဓိကထားပြီး ရေးသားထားပါသည်။ သို့သော်လည်း တစ်ခု မိမိ၏အဆိုကို ခိုင်မာအောင် တည်ဆောက်ထားခြင်း မရှိသည်ကို တွေ့ရှိရသည်မှာ သဘောမကျစရာပင် ဖြစ်သည်။ ၄င်း၏ထင်မြင်ချက်သာ ဖြစ်နေပြီး ထိုအဆိုမှန်ကန်ကြောင်း ပြသသည့် သက်သေများ မပါရှိပါ။ စာကို ခိုင်မာအောင် တည်ဆောက်ရာတွင် အားထုတ်မှုနည်းပါးနေပြီး အခြား မိမိထက် ကောင်းသည့်သူရှိပါက ကျန်ရစ်ခဲ့နိုင်သည့် အနေအထားဖြစ်ပါသည်။ ထို့ပြင် စာတစ်ပုဒ်လုံးတွင် အဆိုပါ ၃ချက်ကိုသာ တွေ့သော်လည်း ၄င်းအချက်များသည် ရောယှက်ရေးသားထားခြင်းမျိုးဖြစ်နေပါသည်။ တစ်ချက်စီ ရှင်းလင်းအောင် ရေးသားထားခြင်းမျိုး ရှိသင့်ပါသည်။ ထို့ပြင် စကားပြေနှင့် စကားပြော ရောစပ်နေသည့် အနေအထားလည်း ဖြစ်နေပါသည်။ image credit ပေးရာတွင် coding သုံးသည့်အခါမှာလည်း လေးထောင့်ကွင်းအဆုံးနှင့် လက်သည်းကွင်းအစကို space bar မခံဘဲ ကပ်ရေးမှ မိမိလိုချင်သည့်အနေအထားကို ရရှိမည် ဖြစ်ပါသည်။

@nweoomon သည် မိမိစိတ်တွင် တဒင်္ဂဖြစ်သွားသော အတွေးတစ်စကို စာတစ်ပုဒ်ဖြစ်အောင် ဖွဲ့နွဲ့ရေးဖွဲ့ထားသည်ဟု ယူဆရပါသည်။ ၄င်းကြုံတွေ့နေရသည့် အခြေအနေကို screenshot များဖြင့် ပြသကာ နောင်တွင် မည်သို့ ဖြစ်လာမည်မှန်း မသိနိုင်သည့်အကြောင်း မျှော်တွေးပုံနှင့် အဆုံးသတ်ထားပါသည်။ သို့သော် နိဒါန်းအစကတော့ ခေါင်းစဉ်နှင့် မကိုက်ညီသလို ခံစားမိပါသည်။ မှတ်သားရသော Password များဟု ခေါင်းစဉ်တပ်ထားသော်လည်း ခံစားချက်ကိုယ်စီရှိကြောင်းနှင့် ဇာတ်လမ်းစထားပါသည်။ ပြီးမှ password အကြောင်း ခုန်ကူးသွားပါသည်။ အတိတ်က ခံစားချက်ကို စာရွက်ပေါ်မှာ ရေးမှတ်ထားပြီး ယခုတော့ password ကို ရေးမှတ်တာမျိုး ရှိလာတာလားဟု မသဲမကွဲမြင်မိစေပါသည်။


ယခု winner ၃ဦးအထဲတွင် @zarmanizawlinn ဇာမဏီဇော်လင်းသည် စာကို အရှည်ဆုံးရေးသားထားသည့်အပြင် ဇာတ်လမ်းဇာတ်ကွက်ကလည်း မထင်မှတ်သည့် ရှုထောင့်ဖြင့် အချိတ်အဆက်မိအောင် ရေးသားနိုင်ခဲ့ပါသည်။ ထို့ပြင် ဖတ်ရှုသူကို ဂရုဏာဒေါသ ... ၀မ်းနည်းစိတ်မကောင်းမှု ... အားရကျေနပ်စေမှု စသဖြင့် အမျိုးမျိုးသော ရသများ ပေးစွမ်းနိုင်ခဲ့ပါသည်။ ပုံစံအမျိုးမျိုးဖြင့် စာကို ရေးသားသော်လည်း မိမိဖြစ်ချင်သည့်အတိုင်း ဖြစ်အောင် အားထုတ်ထားမှုကို ၄င်း၏စာများတွင် တွေ့ရှိရသောကြောင့် ချီးကျူးမိပါသည်။ သို့သော်လည်း ပညာရှိ သတိဖြစ်ခဲ ဆိုသလိုပင် image credit ပေးရာတွင် လိုအပ်ချက်များရှိနေပါသည်။ မူရင်း link ကို ရောက်အောင် မပေးဘဲ search engine ဖြစ်သော google ၏ link ဖြင့်သာ ပေးထားပါသည်။ အဆိုပါအားနည်းချက်ကို ပြင်ဆင်ဖို့ အကြံပြုလိုပါသည်။


ယခင် contest#5 တွင် ပြောခဲ့သည့် အတိုင်းပင် winner ၃ဦးမှ ထိုက်တန်သူ တစ်ဦးသည် MSC ၏ Leader @kachinhenry ထံမှ upvote ကို ၄င်း၏အားထုတ်မှုနှင့် လျော်ညီစွာ ရရှိမည် ဖြစ်ပါသည်။


ထို့ကြောင့် newbies များကို ကလောင်သွေးရင်း လက်ရည်စမ်းရာ ရောက်သည့်အပြင် မိမိတို့ တက်လမ်းအတွက်ပါ အထောက်အပံ့တစ်ခခုဖြစ်အောင် ပါဝင်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ပါရစေ ...


ယနေ့ contest#7 အတွက် ပြိုင်ပွဲဝင် post များကို ယခု post အောက်တွင် ည၈နာရီမတိုင်ခင် အချိန်အတွင်း မန့်နိုင်ပြီဖြစ်ပြီး 6.6.2018 တွင် နောက်ထပ် contest တစ်ခုနှင့်အတူ winner ဖြစ်သူ ၃ဦးကို ကြေညာပေးမည် ဖြစ်ပါသည်။

အသေးစိတ်စည်းကမ်းချက်များကို သိရှိလိုပါက အောက်ပါ link တွင် ၀င်ရောက်ဖတ်ရှုနိုင်ပါသည်။


https://steemit.com/myanmar/@steempowergroup1/rules-of-our-supporting-plan


@steempowergroup1 ဖြစ်လာအောင် ထောက်ပံ့ကူညီသူအားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။

image(1).png


@steempowergroup1

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.034
BTC 64140.77
ETH 3133.36
USDT 1.00
SBD 4.15